Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 10, 2017

အရက္ကိုစဲြစဲြလမ္းလမ္းေသာက္တတ္သူမ်ား ဒီ post ေလးကိုဖတ္ၾကည့္လိုက္ပါ


အရက္ကိုစဲြစဲြလမ္းလမ္းေသာက္တတ္သူမ်ား ေဒါက္တာခင္မိုးေဝ တင္ေပးထားတဲ့ ဒီ post ေလးကိုဖတ္ၾကည့္ေပးပါ

အရက္ကိုစဲြစဲြလမ္းလမ္းေသာက္တတ္သူမ်ား ေဒါက္တာခင္မိုးေဝ တင္ေပးထားတဲ့ ဒီ post ေလးကိုဖတ္ၾကည့္လိုက္ပါအုန္း ျဖတ္ႏိုင္ေအာင္လဲ က်ိဳးစားၾကပါ


ကြ်န္မ  ကို ခ်စ္တယ္  ခင္ႀကတယ္ဆိုရင္ေလ  –  အရက္  အေႀကာင္း   ကို ဖတ္ႀကေနာ္ – ္
အရက္ဆိုတဲ့ Ethyl Alcohol (အီသိုင္းလ္ အယ္လ္ကိုေဟာ)ဟာ ပ်မ္းမွ်အားျဖင့္ ဘီယာ အေပ်ာ့မွာ ၃ ရာခုိင္ႏႈန္း၊ ဘီယာ အျပင္းမွာ ၆ ရာခုိင္ႏႈန္း၊ ဝိုင္အေပ်ာ့မွာ ၁ဝ ရာခိုင္ႏႈန္းမွ ၁၅ ရာခုိင္ႏႈန္း၊

ရွယ္ရီႏွင့္ ဝုိင္မွာ၁၆ ဒသမ ၂ဝ ရာခုိင္ႏႈန္း၊ ဝီစကီႏွင့္ ဂ်င္မွာ ၄ဝ ရာခိုင္ႏႈန္း၊ ဘရမ္ဒီမွာ ၄၅ ဒသမ ဝ၅ ရာခုိင္ႏႈန္း၊ ရမ္မွာ ၅ဝ ရာခိုင္ႏႈန္းမွ ၆၉ ဒသမ ဝ၅ ရာခုိင္ႏႈန္း၊ ေဗာ့ဒ္ကာမွာ ၆ဝ ရာခုိင္ႏႈန္းမွ ၈ဝ ရာခုိင္ႏႈန္း အထိ အသီးသီး ပါဝင္ ေနပါတယ္။ Ethyl Alcohol ဟာ ဓာတုပစၥည္း တစ္မ်ဳိး ျဖစ္တာေၾကာင့္လည္း ေရေမႊး၊ ေပါင္ဒါမႈန္႔၊ မိတ္ကပ္ စတဲ့ အလွကုန္ ပစၥည္းေတြမွာ သာမက ေဆးဝါး၊ ဆပ္ျပာ၊ ဆပ္ျပာမႈန္႔ စသည္ျဖင့္ လူသုံး ကုန္ပစၥည္း ေတြမွာပါ ထည့္သြင္း ေဖာ္စပ္ေလ့ ရိွပါတယ္။ ျမန္မာႏုိင္ငံ အပါအဝင္ ကမၻာ့ႏုိင္ငံမ်ားမွာ အရက္ေသာက္သုံး မႈနဲ႔ ပတ္သက္၍ ကမၻာ့ က်န္းမာေရး အဖြဲ႕က မၾကာေသးခင္က သုေတသန ျပဳလုပ္ခဲ့ရာမွာ
(က)   တစ္ကမၻာလုံး၏ အရက္ ေသာက္သုံးမႈႏႈန္းမွာ ၂၄ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္ခဲ့ေၾကာင္း၊
(ခ)     ႏွစ္စဥ္ ကမၻာ့လူဦးေရ သန္း ႏွစ္ေထာင္ေက်ာ္ဟာ အရက္ကို စြဲစြဲၿမဲၿမဲ ေသာက္သုံးေနၾကၿပီး သန္း ၈ဝ နီးပါးမွာ အရက္ေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြ ခံစားေနရေၾကာင္း၊
(ဂ)     ကမၻာေပၚတြင္ ႏွစ္စဥ္ အရက္ေၾကာင့္ ေသဆုံးသူဦးေရ ၃ ဒသမ ၃ သန္းခန္႔ ရိွရာ ယင္းအေရ အတြက္ဟာ AIDS ၊ တီဘီႏွင့္ အၾကမ္းဖက္ ခံရမႈမ်ားေၾကာင့္ ေသဆုံးသူဦးေရထက္ ပို၍ မ်ားေနေၾကာင္း ကမၻာ့ က်န္းမာေရး အဖြဲ႕က ထုတ္ျပန္ ထားပါတယ္။
ယေန႔ ျမန္မာႏုိင္ငံမွာ အရက္ ေသာက္သုံးမႈႏႈန္း တစ္ရိွန္ထိုး ျမင့္တက္လာၿပီး ၎အထဲမွာ အမ်ဳိးသမီးမ်ားပါ ေသာက္သုံး လာၾကပါတယ္။ အေၾကာင္းရင္းမွာ
(က)   လူငယ္မ်ား အၾကား အရက္ႏွင့္ ယမကာ အမ်ဳိးမ်ဳိး ေသာက္သုံးလာေစရန္ နည္းမ်ဳိးစုံျဖင့္ ေစ်းကြက္ အတြင္း ထိုးေဖာက္ ဆြဲေဆာင္ျခင္း၊
(ခ)     လူတန္းစားမေရြး ေသာက္သုံးႏုိင္သည့္ ႏုိင္ငံျခား ဘီယာ အရက္မ်ား အျပင္ ေစ်းေပါေပါျဖင့္ ဝယ္ယူ ေသာက္သုံးႏုိင္သည့္ အရက္မ်ားစြာကို လက္တစ္ကမ္းမွာ ဝယ္ရႏုိင္ျခင္း၊
(ဂ)     ေစ်းေပါေပါ အရက္မ်ား ျဖစ္တာေၾကာင့္လည္း အရက္ ေသာက္သုံးသူမ်ား၏ ၇ဝ ရာခိုင္ႏႈန္းမွာ အရည္အေသြး မမီတဲ့ အရက္မ်ားကို ေသာက္သုံးေနရျခင္း၊
(ဃ)   အရြယ္မေရာက္ေသးေသာ ကေလးသူငယ္မ်ား၊ အမ်ဳိးသမီးမ်ားကို အရက္ ဝယ္ခုိင္းျခင္း၊  ေရာင္းခ် ခုိင္းျခင္း စသည့္ လမ္းလြဲမႈမ်ားေၾကာင့္  ျမန္မာႏုိင္ငံမွာ အရက္ ေသာက္သုံးသူ ဦးေရ တစ္စထက္တစ္စ မ်ားျပား ေနပါတယ္။
အရက္က လူကို အားတက္ေစတယ္။ အရက္ေသာက္ရင္ စိတ္ဓာတ္ တက္ၾကြတယ္ဟူ၍ အရက္ႏွစ္သက္သူ မ်ားက အေၾကာင္း အမ်ဳိးမ်ဳိးျဖင့္ ေသာက္သုံး ေနၾကေသာ္လည္း တကယ္တမ္း မွာေတာ့ အရက္က လူကို ေႏွးေကြး ေလးလံထုိင္းမိႈင္း ေစ႐ုံသာမက အားအင္ ယုတ္ေလ်ာ့ လာေစ ႏုိင္ပါတယ္။ အရက္ အလြန္အကြၽံ ေသာက္သူမ်ားမွာ ကိုယ္ခံအား စနစ္ကို အားနည္း ေစၿပီး ကူးစက္ပိုး ဝင္ႏုိင္ေျခ မ်ားသလို ေရာဂါျဖစ္လြယ္ ေစပါတယ္။ ဒါ့အျပင္ မ်က္ႏွာ အသားအေရ ပြစိစိျဖစ္ကာ နီးျမန္းေနၿပီး ခႏၶာကိုယ္က အၿမဲလိုလို ပူေႏြး ေနပါတယ္။ အရက္က ဦးေႏွာက္ကို ထိေစတာေၾကာင့္လည္း ေသြးထဲကို အယ္လ္ကိုေဟာ ပမာဏ ၂ မီလီဂရမ္ ေရာက္သြားတာနဲ႔ စကားနည္းသူ စကားမ်ား လာပါတယ္။ ေသြးထဲကို ၂ဝ မီလီဂရမ္မွ ၃ဝ မီလီဂရမ္ ေရာက္သြားတာနဲ႔ လမ္းေလွ်ာက္လွ်င္ ယိုင္လာပါတယ္။ ေသြးထဲကို ၁၅ဝ မီလီဂရမ္ ေရာက္သြားတဲ့ အခါ မူးၿပီး ရစ္လာပါၿပီ။ အရက္ေသာက္ၿပီးေနာက္ ရစ္တတ္သူဟာ မိမိကိုယ္ကိုေရာ၊ သူတစ္ပါးကိုပါ အသက္ အႏၲရာယ္ ျဖစ္ေစတတ္ပါတယ္။
အကယ္၍ ေသြးထဲကို ၄ဝဝ မီလီဂရမ္ ေရာက္သြားၿပီ ဆုိရင္ေတာ့ သတိေမ့ၿပီး ေသေစ ႏုိင္ပါတယ္။ စီးကရက္ လုိပဲ အယ္လ္ကိုေဟာက လူကို စြဲလမ္းမႈ ျဖစ္ေစပါတယ္။ အရက္ကို လြန္ကြၽံ စြဲလမ္းစြာ ေသာက္သုံးတဲ့ အခါ
(၁)     အသည္းႀကီး၊ အသည္းေရာင္၊ အသည္းေျခာက္၊ အသားႏွင့္ မ်က္လုံးဝါျခင္း၊ အသည္းကင္ဆာ စတဲ့ အသည္းေရာဂါမ်ား၊
(၂)     ေသြးအန္ျခင္း၊
(၃)     အစာေျခတဲ့ လမ္းေၾကာင္း ေသြးယိုစိမ့္ျခင္းႏွင့္ အစာအိမ္ေရာဂါ၊
(၄)     ခံတြင္းကင္ဆာ၊ အစာေရမ်ဳိျပြန္ ကင္ဆာ၊
(၅)     ရင္သား ကင္ဆာ၊
(၆)     ႏွလုံးေရာဂါ၊
(၇)     ေသြးတိုးေရာဂါ၊
(၈)     ေလငန္း၊
(၉)     ဝက္႐ူးျပန္ကဲ့သို႔ အတက္ႀကီးျခင္း၊
(၁ဝ)   အသည္းေရာဂါေၾကာင့္ ေက်ာက္ကပ္ ပ်က္စီးျခင္း၊
(၁၁)   အစာ စားခ်င္စိတ္ မရိွေတာ့ဘဲ ကိုယ္အေလးခ်ိန္ ေလ်ာ့က်လာျခင္း၊
(၁၂)   ပ်ဳိ႕၊ အန္၊ ေမာပန္း၊ အားနည္း၊ ၾကြက္တက္ျခင္း၊
(၁၃)   အယ္လ္ကိုေဟာမွာ ကယ္လိုရီ ပါဝင္တာေၾကာင့္ အရက္စြဲသူေတြမွာ အဝလြန္ေရာဂါ၊
(၁၄)   အမ်ဳိးသားမ်ားမွာ ပန္းေသပန္းညိႇဳး ေရာဂါ၊
(၁၅)   ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာမ်ား ထိခိုက္ သြားတာေၾကာင့္ စိတ္ဓာတ္က် စိတ္ေဖာက္ျပန္သြားၿပီး အရက္သမား၊ အမွားတစ္ေထာင္ ဆိုသကဲ့သို႔  မိမိကိုယ္ကို သတ္ေသျခင္း အပါအဝင္ တျခားေသာ ရာဇဝတ္မႈမ်ား က်ဴးလြန္သည္ အထိ ျဖစ္လာ ႏုိင္ပါတယ္။ အကယ္၍ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ား  အရက္ ေသာက္သုံးပါက အယ္လ္ကိုေဟာႏွင့္ သေႏၶသား ထိေတြ႕မႈေၾကာင့္ ဦးေႏွာက္၊ ႏွလုံးႏွင့္ တျခားအဂၤါ အစိတ္အပိုင္း ေတြမွာ ေမြးရာပါ ခ်ဳိ႕ယြင္းခ်က္ ပါတာမ်ဳိး ျဖစ္တတ္ပါတယ္။
အရက္နဲ႔ ဓာတ္မတည့္သူ မ်ားမွာ အယ္လ္ကိုေဟာ အနည္းငယ္မွ် ေသာက္သုံးမိတာနဲ႔ တစ္ၿပိဳင္နက္ မ်က္စိနီ၊ ေသြးခုန္ႏႈန္းျမန္၊ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ကာ ေခြၽးသီးေခြၽးေပါက္ေတြ က်လာၿပီး ေသြးအန္ ေစတတ္ပါတယ္။ အရက္ အလြန္အကြၽံ ေသာက္မိ၍ ေသခါနီး လကၡဏာမ်ားမွာ
(၁)     ခႏၶာကိုယ္ ေအးစက္လာျခင္း၊
(၂)     ႏႈတ္ခမ္းဖ်ား၊ နားရြက္ဖ်ား၊ ေျခသည္း၊ လက္သည္းမ်ား ျပာႏွမ္းလာျခင္း၊
(၃)     သလိပ္ထြက္ျခင္း၊
(၄)     မ်က္စိသူငယ္အိမ္ က်ယ္လာျခင္း၊
(၅)     ေသြးခုန္ႏႈန္း ေလ်ာ့က်လာျခင္း၊
(၆)     အသက္႐ွဴေႏွးၿပီး အသက္ငင္လာျခင္းတို႔ ျဖစ္ပါတယ္။
”ဓားကိုဖ်က္ ဝါးမ်က္၊ လူကိုဖ်က္ အရက္”ဆိုတဲ့ အတုိင္း အရက္ေသာက္သူမ်ား အေနျဖင့္ ဘဝရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ဆီ အေရာက္သြားဖို႔ အရက္က တားဆီး ပစ္ပါတယ္။ အရက္စြဲတဲ့သူေတြ အေနနဲ႔ လုပ္ငန္းခြင္(သို႔) အိမ္မွာ ရန္လိုတတ္ၿပီး စီးပြားေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းမႈ တို႔မွာ ထိခုိက္ လာေစ ႏုိင္ပါတယ္။ ဒါ့အျပင္ အရက္ ေသာက္ၿပီးေနာက္ ခံတြင္း၊ ေခြၽးတို႔မွာ အရက္နံ႔ စြဲက်န္ရစ္ေစတာ ေၾကာင့္လည္း လူမႈေရး နယ္ပယ္မွာ အက်ဳိး ယုတ္ေစပါတယ္။
အရက္ေသာက္နည္း သုံးမ်ဳိးရိွရာ-
(၁) တစ္ခါတစ္ေလမွ ေပါင္းသင္း ဆက္ဆံေရး အတြက္ မလႊဲမေရွာင္သာ၍ ေသာက္ျခင္းကို ”လူက အရက္ကို ေသာက္တယ္”လို႔ ေခၚဆို ႏုိင္ပါတယ္။
(၂)     ညေနေစာင္းရင္ ေလၿပိဳတာ၊ ေလခ်ဥ္တက္တာမ်ဳိးကို ”အရက္က လူကို ေသာက္တယ္”လို႔ ေခၚဆို ႏုိင္ပါတယ္။
(၃)     မုိးလင္း ကတည္းက အရက္နဲ႔ မ်က္ႏွာသစ္ကာ တစ္ေနကုန္ အခ်ိန္ရွိသ၍ ေသာက္ျခင္းကို ”အရက္က အရက္ကို ေသာက္တယ္”လို႔ ေခၚဆို ႏုိင္ပါတယ္။
ရခဲလွတဲ့ လူ႔ဘဝမွာ မိမိ၏ ဘဝကို အၫြန္႔တုံး ေစၿပီး လူမႈတာဝန္ မေက်ပြန္သကဲ့သို႔ မိသားစု အက်ဳိး၊ ဝန္းက်င္ေလာကသားမ်ား၏ ပရဟိတ အက်ဳိးမ်ားကို မ်က္ကြယ္ ျပဳကာ ေသမင္း၏ လက္ကမ္း ႀကိဳဆိုမႈကို ေစာင့္ဆုိင္း ေနၾကသူမ်ား မျဖစ္သင့္ပါဘူး။ မည္သူမွ် ေမြးကတည္းက အရက္ မေသာက္တတ္ၾက ပါဘူး။ ေလာကီ၊ ေလာကုတၱရာ ႏွစ္ျဖာအတြက္ အျပစ္မ်ားေစသည့္ အရက္ကို မေသာက္တတ္ေသးသူမ်ား ကလည္း အစလုပ္ၿပီး မေသာက္ၾကပါရန္ႏွင့္ အရက္ ေသာက္တတ္သူမ်ား အေနျဖင့္လည္း အရက္ကို ႀကိဳးစား ျဖတ္ၾကဖို႔ တိုက္တြန္း ႏိႈးေဆာ္ လိုက္ရပါတယ္ရွင္  –

        ကြ်န္မ ကို ခ်စ္တဲ႔  ခင္တဲ႔  သူငယ္ခ်င္းမိတ္ေဆြမ်ား   အရက္ကို မေသာက္ဖူးေသးရင္  လက္တဲ႔ မစမ္းႀကပါႏွင့္  အရက္ ေသာက္တက္ျပီဆိုရင္လည္း  အခ်ိန္မွီျဖတ္လိုက္ပါ  အေကာင္းဆုံးကေတာ  အရက္ဆိုင္ဆိုရင္  လွည့္မႀကည့္ႀကပါႏွင့္လို ့  ေနာ္  –
                               ေဒါက္တာ ခင္မိုးေဝ


#Unicode Version#


အရက်ကိုစွဲစွဲလမ်းလမ်းသောက်တတ်သူများ ဒေါက်တာခင်မိုးဝေ တင်ပေးထားတဲ့ ဒီ post လေးကိုဖတ်ကြည့်လိုက်ပါအုန်း ဖြတ်နိုင်အောင်လဲ ကျိုးစားကြပါ

ကျွန်မ  ကို ချစ်တယ်  ခင်ကြတယ်ဆိုရင်လေ  –  အရက်  အကြောင်း   ကို ဖတ်ကြနော် – ်
အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် ဘီယာ အပျော့မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်းမှာ ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊

ရှယ်ရီနှင့် ဝိုင်မှာ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်မှာ ၄ဝ ရာခိုင်နှုန်း၊ ဘရမ်ဒီမှာ ၄၅ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ရမ်မှာ ၅ဝ ရာခိုင်နှုန်းမှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ အသီးသီး ပါဝင် နေပါတယ်။ Ethyl Alcohol ဟာ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တာကြောင့်လည်း ရေမွှေး၊ ပေါင်ဒါမှုန့်၊ မိတ်ကပ် စတဲ့ အလှကုန် ပစ္စည်းတွေမှာ သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စသည်ဖြင့် လူသုံး ကုန်ပစ္စည်း တွေမှာပါ ထည့်သွင်း ဖော်စပ်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှာ အရက်သောက်သုံး မှုနဲ့ ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က မကြာသေးခင်က သုတေသန ပြုလုပ်ခဲ့ရာမှာ
(က)   တစ်ကမ္ဘာလုံး၏ အရက် သောက်သုံးမှုနှုန်းမှာ ၂၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊
(ခ)     နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း နှစ်ထောင်ကျော်ဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း ၈ဝ နီးပါးမှာ အရက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားနေရကြောင်း၊
(ဂ)     ကမ္ဘာပေါ်တွင် နှစ်စဉ် အရက်ကြောင့် သေဆုံးသူဦးရေ ၃ ဒသမ ၃ သန်းခန့် ရှိရာ ယင်းအရေ အတွက်ဟာ AIDS ၊ တီဘီနှင့် အကြမ်းဖက် ခံရမှုများကြောင့် သေဆုံးသူဦးရေထက် ပို၍ များနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန် ထားပါတယ်။
ယနေ့ မြန်မာနိုင်ငံမှာ အရက် သောက်သုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး ၎င်းအထဲမှာ အမျိုးသမီးများပါ သောက်သုံး လာကြပါတယ်။ အကြောင်းရင်းမှာ
(က)   လူငယ်များ အကြား အရက်နှင့် ယမကာ အမျိုးမျိုး သောက်သုံးလာစေရန် နည်းမျိုးစုံဖြင့် ဈေးကွက် အတွင်း ထိုးဖောက် ဆွဲဆောင်ခြင်း၊
(ခ)     လူတန်းစားမရွေး သောက်သုံးနိုင်သည့် နိုင်ငံခြား ဘီယာ အရက်များ အပြင် ဈေးပေါပေါဖြင့် ဝယ်ယူ သောက်သုံးနိုင်သည့် အရက်များစွာကို လက်တစ်ကမ်းမှာ ဝယ်ရနိုင်ခြင်း၊
(ဂ)     ဈေးပေါပေါ အရက်များ ဖြစ်တာကြောင့်လည်း အရက် သောက်သုံးသူများ၏ ၇ဝ ရာခိုင်နှုန်းမှာ အရည်အသွေး မမီတဲ့ အရက်များကို သောက်သုံးနေရခြင်း၊
(ဃ)   အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ အမျိုးသမီးများကို အရက် ဝယ်ခိုင်းခြင်း၊  ရောင်းချ ခိုင်းခြင်း စသည့် လမ်းလွဲမှုများကြောင့်  မြန်မာနိုင်ငံမှာ အရက် သောက်သုံးသူ ဦးရေ တစ်စထက်တစ်စ များပြား နေပါတယ်။
အရက်က လူကို အားတက်စေတယ်။ အရက်သောက်ရင် စိတ်ဓာတ် တက်ကြွတယ်ဟူ၍ အရက်နှစ်သက်သူ များက အကြောင်း အမျိုးမျိုးဖြင့် သောက်သုံး နေကြသော်လည်း တကယ်တမ်း မှာတော့ အရက်က လူကို နှေးကွေး လေးလံထိုင်းမှိုင်း စေရုံသာမက အားအင် ယုတ်လျော့ လာစေ နိုင်ပါတယ်။ အရက် အလွန်အကျွံ သောက်သူများမှာ ကိုယ်ခံအား စနစ်ကို အားနည်း စေပြီး ကူးစက်ပိုး ဝင်နိုင်ခြေ များသလို ရောဂါဖြစ်လွယ် စေပါတယ်။ ဒါ့အပြင် မျက်နှာ အသားအရေ ပွစိစိဖြစ်ကာ နီးမြန်းနေပြီး ခန္ဓာကိုယ်က အမြဲလိုလို ပူနွေး နေပါတယ်။ အရက်က ဦးနှောက်ကို ထိစေတာကြောင့်လည်း သွေးထဲကို အယ်လ်ကိုဟော ပမာဏ ၂ မီလီဂရမ် ရောက်သွားတာနဲ့ စကားနည်းသူ စကားများ လာပါတယ်။ သွေးထဲကို ၂ဝ မီလီဂရမ်မှ ၃ဝ မီလီဂရမ် ရောက်သွားတာနဲ့ လမ်းလျှောက်လျှင် ယိုင်လာပါတယ်။ သွေးထဲကို ၁၅ဝ မီလီဂရမ် ရောက်သွားတဲ့ အခါ မူးပြီး ရစ်လာပါပြီ။ အရက်သောက်ပြီးနောက် ရစ်တတ်သူဟာ မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ အသက် အန္တရာယ် ဖြစ်စေတတ်ပါတယ်။
အကယ်၍ သွေးထဲကို ၄ဝဝ မီလီဂရမ် ရောက်သွားပြီ ဆိုရင်တော့ သတိမေ့ပြီး သေစေ နိုင်ပါတယ်။ စီးကရက် လိုပဲ အယ်လ်ကိုဟောက လူကို စွဲလမ်းမှု ဖြစ်စေပါတယ်။ အရက်ကို လွန်ကျွံ စွဲလမ်းစွာ သောက်သုံးတဲ့ အခါ
(၁)     အသည်းကြီး၊ အသည်းရောင်၊ အသည်းခြောက်၊ အသားနှင့် မျက်လုံးဝါခြင်း၊ အသည်းကင်ဆာ စတဲ့ အသည်းရောဂါများ၊
(၂)     သွေးအန်ခြင်း၊
(၃)     အစာခြေတဲ့ လမ်းကြောင်း သွေးယိုစိမ့်ခြင်းနှင့် အစာအိမ်ရောဂါ၊
(၄)     ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန် ကင်ဆာ၊
(၅)     ရင်သား ကင်ဆာ၊
(၆)     နှလုံးရောဂါ၊
(၇)     သွေးတိုးရောဂါ၊
(၈)     လေငန်း၊
(၉)     ဝက်ရူးပြန်ကဲ့သို့ အတက်ကြီးခြင်း၊
(၁ဝ)   အသည်းရောဂါကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊
(၁၁)   အစာ စားချင်စိတ် မရှိတော့ဘဲ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊
(၁၂)   ပျို့၊ အန်၊ မောပန်း၊ အားနည်း၊ ကြွက်တက်ခြင်း၊
(၁၃)   အယ်လ်ကိုဟောမှာ ကယ်လိုရီ ပါဝင်တာကြောင့် အရက်စွဲသူတွေမှာ အဝလွန်ရောဂါ၊
(၁၄)   အမျိုးသားများမှာ ပန်းသေပန်းညှိုး ရောဂါ၊
(၁၅)   ဦးနှောက်နှင့် အာရုံကြောများ ထိခိုက် သွားတာကြောင့် စိတ်ဓာတ်ကျ စိတ်ဖောက်ပြန်သွားပြီး အရက်သမား၊ အမှားတစ်ထောင် ဆိုသကဲ့သို့  မိမိကိုယ်ကို သတ်သေခြင်း အပါအဝင် တခြားသော ရာဇဝတ်မှုများ ကျူးလွန်သည် အထိ ဖြစ်လာ နိုင်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများ  အရက် သောက်သုံးပါက အယ်လ်ကိုဟောနှင့် သန္ဓေသား ထိတွေ့မှုကြောင့် ဦးနှောက်၊ နှလုံးနှင့် တခြားအင်္ဂါ အစိတ်အပိုင်း တွေမှာ မွေးရာပါ ချို့ယွင်းချက် ပါတာမျိုး ဖြစ်တတ်ပါတယ်။
အရက်နဲ့ ဓာတ်မတည့်သူ များမှာ အယ်လ်ကိုဟော အနည်းငယ်မျှ သောက်သုံးမိတာနဲ့ တစ်ပြိုင်နက် မျက်စိနီ၊ သွေးခုန်နှုန်းမြန်၊ ဖြူဖပ်ဖြူရော် ဖြစ်ကာ ချွေးသီးချွေးပေါက်တွေ ကျလာပြီး သွေးအန် စေတတ်ပါတယ်။ အရက် အလွန်အကျွံ သောက်မိ၍ သေခါနီး လက္ခဏာများမှာ
(၁)     ခန္ဓာကိုယ် အေးစက်လာခြင်း၊
(၂)     နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေသည်း၊ လက်သည်းများ ပြာနှမ်းလာခြင်း၊
(၃)     သလိပ်ထွက်ခြင်း၊
(၄)     မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊
(၅)     သွေးခုန်နှုန်း လျော့ကျလာခြင်း၊
(၆)     အသက်ရှူနှေးပြီး အသက်ငင်လာခြင်းတို့ ဖြစ်ပါတယ်။
”ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်”ဆိုတဲ့ အတိုင်း အရက်သောက်သူများ အနေဖြင့် ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီ အရောက်သွားဖို့ အရက်က တားဆီး ပစ်ပါတယ်။ အရက်စွဲတဲ့သူတွေ အနေနဲ့ လုပ်ငန်းခွင်(သို့) အိမ်မှာ ရန်လိုတတ်ပြီး စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှု တို့မှာ ထိခိုက် လာစေ နိုင်ပါတယ်။ ဒါ့အပြင် အရက် သောက်ပြီးနောက် ခံတွင်း၊ ချွေးတို့မှာ အရက်နံ့ စွဲကျန်ရစ်စေတာ ကြောင့်လည်း လူမှုရေး နယ်ပယ်မှာ အကျိုး ယုတ်စေပါတယ်။
အရက်သောက်နည်း သုံးမျိုးရှိရာ-
(၁) တစ်ခါတစ်လေမှ ပေါင်းသင်း ဆက်ဆံရေး အတွက် မလွှဲမရှောင်သာ၍ သောက်ခြင်းကို ”လူက အရက်ကို သောက်တယ်”လို့ ခေါ်ဆို နိုင်ပါတယ်။
(၂)     ညနေစောင်းရင် လေပြိုတာ၊ လေချဉ်တက်တာမျိုးကို ”အရက်က လူကို သောက်တယ်”လို့ ခေါ်ဆို နိုင်ပါတယ်။
(၃)     မိုးလင်း ကတည်းက အရက်နဲ့ မျက်နှာသစ်ကာ တစ်နေကုန် အချိန်ရှိသ၍ သောက်ခြင်းကို ”အရက်က အရက်ကို သောက်တယ်”လို့ ခေါ်ဆို နိုင်ပါတယ်။
ရခဲလှတဲ့ လူ့ဘဝမှာ မိမိ၏ ဘဝကို အညွန့်တုံး စေပြီး လူမှုတာဝန် မကျေပွန်သကဲ့သို့ မိသားစု အကျိုး၊ ဝန်းကျင်လောကသားများ၏ ပရဟိတ အကျိုးများကို မျက်ကွယ် ပြုကာ သေမင်း၏ လက်ကမ်း ကြိုဆိုမှုကို စောင့်ဆိုင်း နေကြသူများ မဖြစ်သင့်ပါဘူး။ မည်သူမျှ မွေးကတည်းက အရက် မသောက်တတ်ကြ ပါဘူး။ လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် အပြစ်များစေသည့် အရက်ကို မသောက်တတ်သေးသူများ ကလည်း အစလုပ်ပြီး မသောက်ကြပါရန်နှင့် အရက် သောက်တတ်သူများ အနေဖြင့်လည်း အရက်ကို ကြိုးစား ဖြတ်ကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်ရှင်  –

        ကျွန်မ ကို ချစ်တဲ့  ခင်တဲ့  သူငယ်ချင်းမိတ်ဆွေများ   အရက်ကို မသောက်ဖူးသေးရင်  လက်တဲ့ မစမ်းကြပါနှင့်  အရက် သောက်တက်ပြီဆိုရင်လည်း  အချိန်မှီဖြတ်လိုက်ပါ  အကောင်းဆုံးကတော  အရက်ဆိုင်ဆိုရင်  လှည့်မကြည့်ကြပါနှင့်လို့  နော်  –
                               ဒေါက်တာ ခင်မိုးဝေ

  • အရက္ကိုစဲြစဲြလမ္းလမ္းေသာက္တတ္
  • တစ္သက္လံုး အသံုးတည့္ေနမယ့္
  • ဦီးခိုင္ထူး အသက္ကိုေခြ်ယူသြားတဲ့ 


  • No comments:

    Post a Comment