Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 25, 2017

ေသခါနီးမွာ"ေဝဒနာ"ကို ဘယ္လိုရႈ႕မွတ္သင့္ပါသလဲ


ေသခါနီးမွာ"ေဝဒနာ"ကို ဘယ္လိုရႈ႕မွတ္သင့္ပါသလဲ ???

 တရားအားထုတ္ေနဆဲ ဓမၼမိတ္ေဆြမ်ား သာမက၊ တရားအားမထုတ္ျဖစ္ေသးေသာ ဗုဒၶဘာသာဝင္ မ်ားပါ သိသင့္ေသာ ေမးခြန္းေလး ျဖစ္သည့္အတြက္-
ဓမၼာနႏၵဝိဟာရေက်ာင္း တရားစခန္းတစ္ခု မွ ေယာကီ(ေဒၚခိုင္ခိုင္)က သူသိခ်င္ေသာ ေမးခြန္းကို တရားျပသူအား ေမးျမန္းျခင္းျဖင့္ -

(ခိဓမၼာနႏၵဝိဟာရေက်ာင္းဘိညာ သဒၶမၼရံသီရိပ္သာ ပဓါနနာယက, ကမၼ႒ာနာစရိယ ဆရာေတာ္ ဦးဥကၠံသ) ေျဖၾကားထားေသာ အေျဖကို ကုသိုလ္ျပဳပါသည္။

ေမးခြန္း -
"ဆရာေတာ္ဘုရား... ေသခါနီး ေဝဒနာေတြ အျပင္းအထန္ ခံစားရတဲ့အခါ ေဝဒနာကို .....
"တိုက္ရိုက္ရွဳရမလား"
"ခြာျပီးရွဳ ရမလားဘုရား "

တပည့္ေတာ္ဆိုလိုတဲ့ ေဝဒနာ ကို ခြာျပီးရွဳတယ္ဆိုတာ ေဝဒနာေပၚမွာ တိုက္ရိုက္မရႈ႕ဘဲ ဝင္ေလ ထြက္ေလမွာျဖစ္ျဖစ္၊ အရင္က ျပဳခဲ့ဖူးတဲ့ ဒါန, သီလ အစရွိတဲ့ ကုသိုလ္ေကာင္းမႈ အာရံုတစ္ခုခုမွာျဖစ္ျဖစ္ ၊အာရံုကို ထားထားတာ ကို ဆိုလိုတာပါ။

တပည့္ေတာ္ ဆိုလိုတဲ့ ေဝဒနာ ကို တိုက္ရိုက္ရႈတယ္ ဆိုတာ တပည့္ေတာ္တို႔ အခု တရားစခန္းမွာ ရႈေနရသလို ေဝဒနာရဲ႕သေဘာေတြ၊ ျဖစ္ပ်က္ေနတာေတြကို တိုက္ရိုက္ရႈတာကို ဆိုလိုတာပါဘုရား။

အေျဖ -
"ဝိပႆ နာ ျဖစ္ေစမည့္တစ္ခုခုကို ထားႏိုင္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ ေဝဒနာကို ခြာျပီး တျခား ကုသိုလ္အာရံုေတြမွာ စိတ္ကိုထားတာကေတာ့ နည္းနည္းသက္သာတာေပါ့ေလ။

ဒါေပမယ့္ ေဝဒနာ ကို ခြာထားရံုနဲ႔ မရေသးဘူး၊ကိုယ့္ေဘးမွာ ငိုေန၊ ပူေလာင္ေနၾကမယ့္ သူေတြရဲ႕အာရံုေတြ၊ တျခားအာရံုေတြကလဲ ရွိေသးတယ္။ ျပီးေတာ့ ဒါနအာရံုနဲ႔ေသရင္ နတ္ျပည္ ေရာက္ႏိုင္တယ္။ သီလ နဲ႔ေသလဲ အတူတူပဲ။ ဒီ့ထက္ မပိုဘူး။

ေဝဒနာေတြရဲ႕ ျဖစ္မႈပ်က္မႈ၊သေဘာေတြကို တိုက္ရိုက္ရႈေနမယ္ဆိုရင္ေတာ့ ဝိပႆနာအာရံုျဖစ္ေနတယ္။ ဒီလိုအခ်ိန္မွာ ပါရမီလဲရွိလို႔ ဥာဏ္ရင့္က်က္ခဲ့မယ္ဆိုရင္ ေသခါနီးမွကပ္ျပီး
တစ္မဂ္, တစ္ဖိုလ္ လည္း ဆိုက္သြားႏိုင္တယ္။

အဲဒီလိုမွ... တစ္မဂ္, တစ္ဖိုလ္လည္း မဆိုက္ဘူး, စ်ာန္လဲ မရဘူးဆိုရင္ - "လူ႔ျပည္, နတ္ျပည္" ေရာက္ႏိုင္တယ္။

ခုနက ကုသိုလ္အာရံုတစ္ခုခုနဲ႔ ေသရင္လဲ " လူ ့ျပည္, နတ္ျပည္"ေရာက္ႏိုင္တာပဲ။

ဒါေပမယ့္ ဘာကြာသြားလဲဆိုေတာ့ "ကုသိုလ္အာရံုေလာက္" နဲ႔ နတ္ျပည္ေရာက္သြားတဲ့သူက နတ္ျပည္မွာ ေပ်ာ္စရာနဲ႔ေတြ႔ရင္ ေပ်ာ္စရာေတြဘက္ ပါသြားျပီး တရားအားမထုတ္ျဖစ္ေတာ့ဘူး။

"ဝိပႆနာအာရံု" နဲ႔ ရႈမွတ္ျပီး ေသခဲ့တဲ့သူက လူ႔ဘံု, နတ္ဘံုေတြေရာက္တဲ့အခါမွာလဲ ေမ့ေမ့ေလ်ာ့ေလ်ာ့မျဖစ္ဘဲ "ဝိပႆနာတရား" ကို ဆက္ျပီးပြားမ်ားအားထုတ္လိုက္တဲ့အခါ "တရားထူး, တရားျမတ္" ေတြ "မဂ္ဥာဏ္, ဖိုလ္ဥာဏ္" ေတြ ရသြားႏိုင္တယ္။ အဲဒီလို ကြာျခားမႈရွိတယ္။

ငါတို႔ေတြ အခု တရားစခန္းမွာ ေဝဒနာေတြ ရႈ႕ေနတာလဲ အေသက်င့္ေနတာနဲ႔ အတူတူပဲေပါ့။

ဒါေပမယ့္ သတိထားရမယ့္အခ်က္က...
အရင္က ေဝဒနာေတြ ရႈမွတ္ပြားမ်ားျပီး ေဝဒနာေတြကို လႊမ္းမိုးေအာင္ ရႈတတ္, မွတ္တတ္ဖူးေပမယ့္ ပံုမွန္အျမဲတမ္း ဆက္တိုက္ေလ့က်င့္မႈမရွိဘူး။ ၾကားမွာ အားထုတ္ျဖစ္မထားဘူးဆိုရင္ေတာ့ " ေသခါနီး" အခါမွာ ႏိုင္ႏိုင္နင္းနင္း "ရႈမွတ္ႏိုင္ဖို႔ "ခက္ခဲပါမယ္။ ဒါေၾကာင့္ အျမဲတမ္းလိုလို အေလ့အက်င့္ျဖစ္ေနေအာင္ ေန႔စဥ္နဲ႔အမွ် ရႈမွတ္ပြားမ်ားေပးေနသင့္ပါတယ္။

ဒါဆိုရင္ေတာ့

အေသေလ့က်င့္ရာလဲေရာက္သလို ေသျပီးတဲ့ ေနာက္ဘဝမွာလည္း မေမ့မေလ်ာ့နဲ႔ ဝိပႆနာတရားေတြ ဆက္လက္ပြားမ်ားအားထုတ္ရင္း "မဂ္ဥာဏ္ဖိုလ္ဥာဏ္" ေတြ ရရွိသြားႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ရရွိသြားမွာပါ။

ခႏၶာ - ငါးပါး မွ

............................................................................................

` ေသခါနီးျဖစ္တဲ့ စိတ္ ´
~~~~~~>><<~~~~~~
ေသခါနီးျဖစ္တဲ့ စိတ္ဟာ အရမ္းကို အေရးၾကီးပါတယ္ ။
လားရာသုဂတိကို ခ်က္ခ်င္းအက်ိဳးေပးနုိင္ပါတယ္ ။ ဒီအေၾကာင္းတရားကိုျမတ္စြာဘုရားရွင္က ယခုလိုေဟာၾကားခဲ့ပါတယ္ ။

ႏြားေက်ာင္းသားဟာ ေန၀င္လို႕ ႏြားေတြကို ျခံထဲသြင္းတဲ့အခါမွာ
ႏြားပ်ိဳ ႏြားေပါက္စေလးေတြက ေရွ့ဆံုးကေန တိုးေ၀ွ႕ျပီး ၀င္ၾကတယ္ ။
ဒါေပမယ့္ မသန္မစြမ္းေတာ့တဲ့ ႏြားအိုၾကီးေတြကေတာ့ ဘယ္ေလာက္ပဲ ရိုက္နွက္ေျခာက္လွန္႕သည္ျဖစ္ေစ ျဖည္းျဖည္းခ်င္းပဲ ေနာက္ဆံုးကေန ၀င္ၾကတယ္။ေနာက္ဆံုး ႏြားျခံကို ပိတ္လိုက္တဲ့ အခ်ိန္မွာေတာ့ ႏြားအိုၾကီးေတြကျခံေပါက္၀မွာပဲ အိပ္ၾကရတယ္ ။ ဒါေပမယ့္ ေနာက္တစ္ေန႕ ႏြားေတြကို ျခံထဲက ျပန္ထုတ္တဲ့အခါမွာေတာ့ ျခံ၀မွာ အိပ္ေနတဲ့ ႏြားအိုၾကီးေတြကပဲအရင္ထြက္ခြင့္ရပါတယ္ ။ ႏြားပ်ိဳႏြားငယ္ ေတြကေတာ့ ေနာက္ဆံုးမွပဲထြက္ၾကရပါတယ္ ။ အဲ့ဒီလိုပဲ ေသခါနီး ခိုကိုးရာမဲ့ေနတဲ့ အခ်ိန္မွာ ျဖစ္တဲ့စိတ္ဟာအရင္ဆံုးအက်ိဳးေပးပါတယ္ လို႕ ျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့ပါတယ္ ။

၀ိပႆနာအသိ မရွိတဲ့ လူ႕ပတ္၀န္းက်င္မွာ ေသရရင္ျဖင့္ အရမ္းကို ေၾကာက္ဖို႕ေကာင္းပါတယ္ ။ ၾကည့္ေလရာ ျမင္ေလရာက ကိုယ္တစ္ဘ၀လံုး စြဲခဲ့တဲ့အရာေတြခ်ည္းပါပဲ ။ အိမ္ေတြ အသံုးအေဆာင္ေတြ အ၀တ္အစားေတြ သား သမီး လင္မယားေတြ အိမ္ေမြးတိရစာၦန္ေတြ ။ ကိုယ့္ပတ္၀န္းက်င္မွာ ရွိတာေတြအကုန္လံုးက ကိုယ့္ကို အပါယ္ဆြဲခ်မယ့္ အရာေတြခ်ည္းပဲ ။ ဒါေၾကာင့္ တစ္ခ်ိဳ႕ နားလည္သေဘာေပါက္တဲ့ လူေတြဟာ သူေတာ္ေကာင္းေနရာ ေမတၱာဓါတ္လႊမ္းျခံဳတဲ့ေနရာ ဆိတ္ျငိမ္တဲ့ ေနရာေတြမွာ ၾကိဳတင္စီစဥ္ျပီး ေသဆံုးေလ့ ရွိၾကပါတယ္။ ေသမယ့္အခ်ိန္ကိုၾကိဳမသိနုိင္ေပမယ့္ အဲ့လိုေနရာမ်ိဳးမွာပဲ ဘ၀ရဲ့ ေနာက္ဆံုးအခ်ိန္ေတြကို ျဖတ္သန္းသြားၾကပါတယ္ ။ ေၾကာက္လည္း ေၾကာက္စရာပါပဲ။အပါယ္က်သြားလို႕ ဘြာေတး လုပ္လုိ႕ မရပါဘူး ။
အကုသိုလ္ အစြဲအလန္းေတြ အားၾကီးလြန္းလို႕ ေသခါနီး ၀ိဥာဥ္မခ်ဳပ္နုိင္ပဲဆန္႕တငင္ငင္ ျဖစ္ေနတဲ့ ပုဂၢိဳလ္ေတြရွိပါတယ္ ။ တစ္ခ်ိဳ႕ကလည္းအကုသိုလ္ေစတနာ ကုသိုလ္ေစတနာ သိပ္ၾကီးၾကီးမားမား မရွိ.. ၀ိပႆနာဥာဏ္ကလည္းမရွိေတာ့ သူ႕ ကံက သူ႕ကို ဘယ္ပို႕ရမွန္း မသိပဲ ဟိုစိတ္ေရာက္လိုက္ ဒီစိတ္ေရာက္လိုက္နဲ႕ ၾကာေနတာေတြ ရွိပါတယ္။ ဒါကိုပဲ ေဘးကလူက ဟိုလူ႕ေစာင့္သလိုလို ဒီလူ႕ ေစာင့္သလိုလို သားကိုပဲ ေမွ်ာ္သလိုလို သမီးကိုပဲေမွ်ာ္သလိုလိုထင္ေတာ့တာပါပဲ ။ သားေလး ေရာက္လာျပီ သမီးေလး ေရာက္လာျပီထၾကည့္ပါဦး လို႕ ေဘးကမ်ား ကုန္းေအာ္လိုက္လို႕ကေတာ့ ေသတဲ့သူ တစ္ခါတည္း သြားေရာ့ ငရဲအိုးပဲ .. အပါယ္ေလးဘံုကို တန္းေနေအာင္ ေျပးပါေတာ့တယ္ ။ေသတဲ့သူကို ဆြဲခါ လႈပ္ယမ္း ဖက္ ျပီး ေအာ္ငိုတာကေတာ့ အဆိုးဆံုးပါပဲ ။က်လုက်ခင္ ျဖစ္ေနတဲ့သူကို ခ်စ္သလိုလိုနဲ႕ ေဆာင့္ကန္ခ်လိုက္တာပါပဲ ။

ဒါေၾကာင့္ ငါေသရင္ မငိုၾကနဲ႕ ဆူဆူညံညံလည္း မလုပ္ၾကနဲ႕… ငါ့ေဘးနားလည္းမေနၾကနဲ႕ ငါ့တရားနဲ႕ငါ နွလံုးသြင္းျပီး ျငိမ္းျငိမ္းခ်မ္းခ်မ္း ေသမယ္လို႕အဲ့လို ၾကိဳတင္ျပီး မိသားစုကို မွာထားရမယ္...
အေဖရယ္ အေမရယ္ နိမိတ္မရွိေသစကားမေျပာပါနဲ႕ အဲ့လို ေျပာလာရင္ ဟဲ့ နိမိတ္မရွိ မလုပ္နဲ႕ ..ငါက ေသရင္ ဒီနိမိတ္နဲ႕ပဲ သြားရမွာ ... အဲ့လို ျပတ္ျပတ္သားသား မွာထားရမယ္လို႕မိုးကုတ္ဆရာေတာ္ဘုရားၾကီးက အထပ္ထပ္အခါခါ သတိေပးသြားခဲ့တာပါ ။

တစ္ခ်ိဳ႕က ကုသိုလ္ေကာင္းမႈေတြေတာ့ လုပ္ခဲ့ပါရဲ့ ဒါေပမယ့္ ေသခါနီးက်ေတာ့လွဴတုန္းကျဖစ္ခဲ့တဲ့ ေစတနာကို ျပန္မစြဲပဲ ေက်ာင္းစြဲ ဘုရားစြဲ ဇရပ္စြဲအဲ့လို စြဲေတာ့ ေက်ာင္းေစာင့္ ဘုရားေစာင့္ ေစတီေစာင့္ေတြပဲ ျဖစ္ၾကရတယ္ ။ရိပ္သာမွာ အားထုတ္ခဲ့ေပမယ့္ ၀ိပႆနာစိတ္ မျဖစ္ပဲ ရိပ္သာစြဲေသေတာ့ရိပ္သာေစာင့္ ျဖစ္ရျပန္တယ္ ။ ေစတနာကို ျပန္စြဲမိရင္ေတာင္မွ အစြဲျဖစ္တဲ့အတြက္ ကံရွိသေလာက္ အက်ိဳးေပးျပီး ကံကုန္တာနဲ႕ ျပန္ဆင္းရမွာပါပဲ။ ဒါေၾကာင့္ အပါယ္လြတ္ရာလမ္း တစ္လမ္းပဲ ရွိပါတယ္။ အဲ့ဒါကေတာ့ အသက္ရွင္ ေနထိုင္တုန္းမွာ ၀ိပႆနာကို ျမင့္ျမတ္စြာက်င့္ၾကံအားထုတ္ျပီး အေသတတ္ေအာင္ ၾကိဳးစားဖို႕ပါပဲ ။

သစၥာတရားကို နွလံုးသားမွာ ယံုမွားသံသယမရွိေအာင္ က်င့္ၾကံသြားနုိင္တဲ့ အရိယာပုဂၢိဳလ္ကေတာ့ ပတ္၀န္းက်င္ဘယ္လိုပဲ ျဖစ္ျဖစ္ မတုန္လႈပ္ေတာ့ပါဘူး ။အရိယာတို႕ရဲ့ လားရာသုဂတိဟာ ျမဲသြားျပီ ျဖစ္တဲ့အတြက္ သူသြားရမယ့္ လမ္းကိုေျဖာင့္ေျဖာင့္တန္းတန္းပဲ သြားပါတယ္ ။ ဒါေပမယ့္ အဲ့လိုမွ မက်င့္ၾကံနုိင္တဲ့ သာမာန္ ပုဂၢိဳလ္မ်ားအတြက္ကေတာ့ ေသခါနီးအခ်ိန္နဲ႕ပတ္၀န္းက်င္ဟာ ကိုယ့္အတြက္ ေနာက္ဆံုးအခြင့္အေရး ေနာက္ဆံုးက်ည္ဆန္ျဖစ္တဲ့အတြက္ အလြန္အင္မတန္မွ အေရးၾကီးလွပါတယ္လို႕ ေစတနာအရင္းခံျပီး သတိေပးလိုက္ရပါတယ္ ။
Credit:အနႏၲေမတၱာ

#Unicode Version
တရားအားထုတ်နေဆဲ ဓမ္မမိတ်ဆွေများ သာမက၊ တရားအားမထုတ်ဖြစ်သေးသော ဗုဒ္ဓဘာသာဝင် များပါ သိသင့်သော မေးခွန်းလေး ဖြစ်သည့်အတွက်-
ဓမ္မာနန္ဒဝိဟာရကျောင်း တရားစခန်းတစ်ခု မှ ယောကီ(ဒေါ်ခိုင်ခိုင်)က သူသိချင်သော မေးခွန်းကို တရားပြသူအား မေးမြန်းခြင်းဖြင့် -

(ခိဓမ္မာနန္ဒဝိဟာရကျောင်းဘိညာ သဒ္ဓမ္မရံသီရိပ်သာ ပဓါနနာယက, ကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဥက္ကံသ) ဖြေကြားထားသော အဖြေကို ကုသိုလ်ပြုပါသည်။

မေးခွန်း -
"ဆရာတော်ဘုရား... သေခါနီး ဝေဒနာတွေ အပြင်းအထန် ခံစားရတဲ့အခါ ဝေဒနာကို .....
"တိုက်ရိုက်ရှုရမလား"
"ခွာပြီးရှု ရမလားဘုရား "

တပည့်တော်ဆိုလိုတဲ့ ဝေဒနာ ကို ခွာပြီးရှုတယ်ဆိုတာ ဝေဒနာပေါ်မှာ တိုက်ရိုက်မရှု့ဘဲ ဝင်လေ ထွက်လေမှာဖြစ်ဖြစ်၊ အရင်က ပြုခဲ့ဖူးတဲ့ ဒါန, သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှု အာရုံတစ်ခုခုမှာဖြစ်ဖြစ် ၊အာရုံကို ထားထားတာ ကို ဆိုလိုတာပါ။

တပည့်တော် ဆိုလိုတဲ့ ဝေဒနာ ကို တိုက်ရိုက်ရှုတယ် ဆိုတာ တပည့်တော်တို့ အခု တရားစခန်းမှာ ရှုနေရသလို ဝေဒနာရဲ့သဘောတွေ၊ ဖြစ်ပျက်နေတာတွေကို တိုက်ရိုက်ရှုတာကို ဆိုလိုတာပါဘုရား။

အဖြေ -
"ဝိပဿ နာ ဖြစ်စေမည့်တစ်ခုခုကို ထားနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝေဒနာကို ခွာပြီး တခြား ကုသိုလ်အာရုံတွေမှာ စိတ်ကိုထားတာကတော့ နည်းနည်းသက်သာတာပေါ့လေ။

ဒါပေမယ့် ဝေဒနာ ကို ခွာထားရုံနဲ့ မရသေးဘူး၊ကိုယ့်ဘေးမှာ ငိုနေ၊ ပူလောင်နေကြမယ့် သူတွေရဲ့အာရုံတွေ၊ တခြားအာရုံတွေကလဲ ရှိသေးတယ်။ ပြီးတော့ ဒါနအာရုံနဲ့သေရင် နတ်ပြည် ရောက်နိုင်တယ်။ သီလ နဲ့သေလဲ အတူတူပဲ။ ဒီ့ထက် မပိုဘူး။

ဝေဒနာတွေရဲ့ ဖြစ်မှုပျက်မှု၊သဘောတွေကို တိုက်ရိုက်ရှုနေမယ်ဆိုရင်တော့ ဝိပဿနာအာရုံဖြစ်နေတယ်။ ဒီလိုအချိန်မှာ ပါရမီလဲရှိလို့ ဉာဏ်ရင့်ကျက်ခဲ့မယ်ဆိုရင် သေခါနီးမှကပ်ပြီး
တစ်မဂ်, တစ်ဖိုလ် လည်း ဆိုက်သွားနိုင်တယ်။

အဲဒီလိုမှ... တစ်မဂ်, တစ်ဖိုလ်လည်း မဆိုက်ဘူး, ဈာန်လဲ မရဘူးဆိုရင် - "လူ့ပြည်, နတ်ပြည်" ရောက်နိုင်တယ်။

ခုနက ကုသိုလ်အာရုံတစ်ခုခုနဲ့ သေရင်လဲ " လူ့ပြည်, နတ်ပြည်"ရောက်နိုင်တာပဲ။

ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ "ကုသိုလ်အာရုံလောက်" နဲ့ နတ်ပြည်ရောက်သွားတဲ့သူက နတ်ပြည်မှာ ပျော်စရာနဲ့တွေ့ရင် ပျော်စရာတွေဘက် ပါသွားပြီး တရားအားမထုတ်ဖြစ်တော့ဘူး။

"ဝိပဿနာအာရုံ" နဲ့ ရှုမှတ်ပြီး သေခဲ့တဲ့သူက လူ့ဘုံ, နတ်ဘုံတွေရောက်တဲ့အခါမှာလဲ မေ့မေ့လျော့လျော့မဖြစ်ဘဲ "ဝိပဿနာတရား" ကို ဆက်ပြီးပွားများအားထုတ်လိုက်တဲ့အခါ "တရားထူး, တရားမြတ်" တွေ "မဂ်ဉာဏ်, ဖိုလ်ဉာဏ်" တွေ ရသွားနိုင်တယ်။ အဲဒီလို ကွာခြားမှုရှိတယ်။

ငါတို့တွေ အခု တရားစခန်းမှာ ဝေဒနာတွေ ရှု့နေတာလဲ အသေကျင့်နေတာနဲ့ အတူတူပဲပေါ့။

ဒါပေမယ့် သတိထားရမယ့်အချက်က...
အရင်က ဝေဒနာတွေ ရှုမှတ်ပွားများပြီး ဝေဒနာတွေကို လွှမ်းမိုးအောင် ရှုတတ်, မှတ်တတ်ဖူးပေမယ့် ပုံမှန်အမြဲတမ်း ဆက်တိုက်လေ့ကျင့်မှုမရှိဘူး။ ကြားမှာ အားထုတ်ဖြစ်မထားဘူးဆိုရင်တော့ " သေခါနီး" အခါမှာ နိုင်နိုင်နင်းနင်း "ရှုမှတ်နိုင်ဖို့ "ခက်ခဲပါမယ်။ ဒါကြောင့် အမြဲတမ်းလိုလို အလေ့အကျင့်ဖြစ်နေအောင် နေ့စဉ်နဲ့အမျှ ရှုမှတ်ပွားများပေးနေသင့်ပါတယ်။

ဒါဆိုရင်တော့

အသေလေ့ကျင့်ရာလဲရောက်သလို သေပြီးတဲ့ နောက်ဘဝမှာလည်း မမေ့မလျော့နဲ့ ဝိပဿနာတရားတွေ ဆက်လက်ပွားများအားထုတ်ရင်း "မဂ်ဉာဏ်ဖိုလ်ဉာဏ်" တွေ ရရှိသွားနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိသွားမှာပါ။

ခန္ဓာ - ငါးပါး မှ

............................................................................................

` သေခါနီးဖြစ်တဲ့ စိတ် ´
~~~~~~>><<~~~~~~
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကိုမြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။

နွားကျောင်းသားဟာ နေဝင်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ
နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ဝင်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ဝင်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ် တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာအရင်ဆုံးအကျိုးပေးပါတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။

ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘဝလုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အဝတ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။ သေမယ့်အချိန်ကိုကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ဝိဉာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ဝိပဿနာဉာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့… ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ဝိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိသလောက် အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ အသက်ရှင် နေထိုင်တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။
Credit:အနန္တမေတ္တာ

No comments:

Post a Comment