Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 25, 2017

မေပါ့သင့္သည့္ ဗိုက္ ျပႆနာ

ဗိုက္မက်န္းမာ၊ အစာအိမ္ မက်န္းမာျခင္းကိစၥသည္ ဘ၀မွာ မျဖစ္မေန ရင္ဆိုင္ေနရသည့္ ျပႆနာဟုပင္ ဆိုႏုိင္သည္။ ကံေကာင္းသည့္ တစ္ခ်က္မွာ ကိုင္တြယ္နည္းသိလွ်င္ အလြယ္တကူ ကုစားႏုိင္ျခင္း ျဖစ္သည္။ အမ်ားစုသည္ ဗိုက္မေကာင္းလွ်င္ တစ္ေယာက္တည္း က်ိတ္ခံေနတတ္ၾကသည္။ ထိုသို႔မလုပ္ပါႏွင့္။ မိမိႏွင့္ နီးစပ္သူမ်ားကို ဖြင့္ေျပာပါ။ သူတို႔ဆီက အႀကံဉာဏ္ေကာင္းမ်ား ရလာႏုိင္သည္။

ေအာက္တြင္ လူအေတာ္မ်ားမ်ား ႀကံဳရတတ္သည့္ ဗိုက္ျပႆနာအခ်ဳိ႕ကို ေဖာ္ျပသြားပါမည္။

မၾကာမၾကာ ၀မ္းသြားျခင္း

ဗိုင္းရပ္စ္၀င္ျခင္း၊ အရက္ေသာက္လြန္ျခင္း၊ စိတ္ဖိစီးျခင္း၊ ကိုယ္နဲ႔မတည့္တာ တစ္ခုခု စားမိျခင္းတို႔ေၾကာင့္ ၀မ္းသြားတတ္သည္။ တစ္လလွ်င္ ႏွစ္ခါသံုးခါေလာက္ေတာ႔ လူတိုင္းလိုလို ၀မ္းသြားတတ္ၾကသည္။ ထိုႏႈန္းသည္ ပံုမွန္ႏႈန္းသာ ျဖစ္သည္။ ထို႔ထက္မ်ားလာလွ်င္ေတာ့ မူမမွန္ ၀မ္းသြားသည့္ ပံုစံျဖစ္သည္။ ဆရာ၀န္ထံ ျပသ၍ေသာ္ လည္းေကာင္း၊ ေဆးဆိုင္မွာ ခြင့္ျပဳခ်က္ ရထားသည့္ ၀မ္းပိတ္ေဆးမ်ဳိး ၀ယ္ေသာက္ျခင္းျဖင့္ေသာ္ လည္းေကာင္း ေျဖရွင္းႏုိင္သည္။

ေဆးေသာက္႐ံုႏွင့္ေတာ့ ျပႆနာမၿပီး။ ၀မ္းသြားလွ်င္ ခႏၶာကိုယ္ထဲက ေရဓာတ္ႏွင့္ ဆားဓာတ္မ်ားစြာ ဆံုး႐ံႈးသျဖင့္ ဓာတ္ဆားေရ ေသာက္ေပးဖို႔လိုသည္။ အာဟာရစံုလင္စြာ ျပန္ျဖည့္ႏုိင္ရန္ အတြက္ အသားငါး သာမက ဟင္းသီးဟင္းရြက္ႏွင့္ အသီးအႏွံမ်ားလည္း အားစိုက္ၿပီး စားေပးဖို႔လိုသည္။

ဗိုက္ပြျခင္း

ဗိုက္ပြလွ်င္ လူက ေနမထိထိုင္မသာ ျဖစ္ရသည္။ ဗိုက္ထဲမွာ ေလေတြ ျပည့္ေနျခင္းသည္ ဗိုက္ပြေစသည့္ အေၾကာင္းရင္း ျဖစ္ၿပီး ဗိုက္သည္လည္း ပံုမွန္ထက္ ပိုစူထြက္ေနတတ္သည္။ ထိုသို႔ျဖစ္လွ်င္ ေလကြဲ ေဆးေသာက္ေပးဖို႔ လိုသည္။ ဗိုက္ပြေစသည့္ အစားအစာမ်ားလည္း ေရွာင္ၾကဥ္ဖို႔ လိုသည္။

ဗိုက္ၾကြက္သားေအာင့္ျခင္း

ဗိုက္ႂကြက္သားတင္းၿပီး ေအာင့္လာၿပီဆိုလွ်င္ လူသည္ ႐ံႈ႕မဲ့ေနေအာင္ ခံရသည္။ ေ၀ဒနာသည္ ၾကာၾကာေတာ့ မခံရ။ သို႔ေသာ္ မၾကာမၾကာ ျဖစ္တတ္သည္။ ဗိုက္ကို ပ႐ုတ္ဆီ လိမ္းေပးျခင္းျဖင့္ ၀မ္းဗိုက္ကို ပူေစကာ ႂကြက္သားမ်ား ေပ်ာ့အိၿပီး ႂကြက္သားတင္းနာျခင္းမ်ဳိး မျဖစ္ေအာင္ ကာကြယ္ႏိုင္သည္။

၀မ္းခ်ဳပ္ျခင္း

၀မ္းခ်ဳပ္ျခင္းသည္ လူတိုင္း အသက္မရြယ္မေရြး ႀကံဳရတတ္သည့္ ဗိုက္ျပႆနာ ျဖစ္သည္။ သံုးရက္ေနမွ တစ္ခါေလာက္သာ ၀မ္းသြားသည္ဆိုလွ်င္ က်ိန္းေသသည္ ၀မ္းခ်ဳပ္ၿပီလို႔ ေျပာလို႔ရႏိုင္သည္။ ၀မ္းခ်ဳပ္ျခင္း ေျဖရွင္းဖို႔ ေဆးေသာက္႐ံု သာမက ဘ၀ေနမႈပံုစံပါ ျပင္ဆင္ဖို႔ လိုသည္။ ၀မ္းထဲက စြန္႔ပစ္ အစိုင္အခဲမ်ား မာေက်ာသြားျခင္းသည္ ၀မ္းခ်ဳပ္ေစျခင္း အခ်က္တစ္ခ်က္ ျဖစ္သည္။

ေရမ်ားမ်ား ေသာက္ေပးျခင္းျဖင့္ စြန္႔ပစ္အစိုင္အခဲမ်ား ေပ်ာ့ေျပာင္းကာ ၀မ္းမွန္မွန္သြားလိမ့္မည္။ လႈပ္ရွားတက္ႂကြစြာ ေနျခင္းျဖင့္လည္း လူသည္ ဆီးမွန္ ၀မ္းမွန္ေနလိမ့္မည္။ လတ္ဆတ္ေသာ ဟင္းသီးဟင္းရြက္ အသီးအႏွံမ်ား စားျခင္းျဖင့္လည္း ၀မ္းမွန္ေနလိမ့္မည္။ ေနာက္ထပ္တစ္ခ်က္မွာ အိမ္သာသြားဖို႔ မပ်င္းရန္ ျဖစ္သည္။

အခ်ဳိ႕လူမ်ားသည္ အလုပ္ဖိစီး၊ စိတ္ဖိစီးကာ အေလာသံုးဆယ္ အလုပ္ လုပ္ရသျဖင့္ ၀မ္းသြားခ်င္လာလွ်င္ပင္ ေအာင့္ထားလိုက္တတ္ရာ ၾကာလာေတာ့ ၀မ္းခ်ဳပ္သြားတတ္သည္။ အလြန္အမင္း ၀မ္းခ်ဳပ္ေနလွ်င္ ၀မ္းခ်ဴပစၥည္းနဲ႔လည္း ၀မ္းခ်ဴယူႏိုင္သည္။ အေကာင္းဆံုးကာ ၀မ္းမခ်ဳပ္ေအာင္ ဆင္ျခင္ေနထိုင္ဖို႔ ျဖစ္သည္။

ရင္ပူရင္ဆာ ျဖစ္ျခင္း

ရင္ေခါင္းထဲမွာ ပူခနဲ ျဖစ္သြားျခင္းမ်ဳိးသည္ အစာအိမ္ထဲက အက္စစ္ရည္မ်ား ေျပာင္းျပန္စီးကာ ရင္ေခါင္းထဲ ေရာက္လာေသာေၾကာင့္ ျဖစ္သည္။ ထိုျပႆနာမ်ဳိး မျဖစ္ပြားေစလိုပါက ခႏၶာကိုယ္ အေလးခ်ိန္ကို က်န္းမာေသာ ေဘာင္အတြင္း ရွိေနေအာင္ ထိန္းထားရမည္။ ရင္ျပည့္ေစေသာ အစားအစာမ်ဳိးကို ေရွာင္ရမည္။ ညႀကီးအခ်ိန္မေတာ္ ဗိုက္၀ေအာင္ စားေသာက္ျခင္းမ်ဳိးလည္း ေရွာင္ရမည္။

၀မ္းသြားေသြးပါ

လူသား (၅၀) ရာခိုင္ႏႈန္းေလာက္သည္ ဘ၀မွာ အနည္းဆံုး တစ္ႀကိမ္ေတာ့ ၀မ္းသြားေသြးပါ ျပႆနာ ႀကံဳဖူးၾကသည္ဟု ေလ့လာမႈ စစ္တမ္းတစ္ရပ္က ဆိုလိုက္သည္။

အထူးသျဖင့္ အမ်ဳိးသမီးမ်ားသည္ ကိုယ္၀န္လြယ္ထားရခ်ိန္မ်ဳိးတြင္ အမ်ားဆံုးႀကံဳရသည္။ တင္ပါးတစ္၀ိုက္ ေသြးေၾကာမ်ား က်ယ္လာျခင္းေၾကာင့္ ၀မ္းသြားသည့္အခါ ေသြးပါလာျခင္း ျဖစ္သည္။ ေနာက္ထပ္ ျဖစ္ႏုိင္ေျခ အခ်က္မ်ားမွာ ခႏၶာေအာက္ပိုင္းကို ဖိအားျဖစ္ေစေသာ အေလးအပင္မျခင္း၊ ေရအိမ္ကမုတ္ေပၚမွာ အခ်ိန္ၾကာၾကာထိုင္ျခင္း၊ ၀မ္းမာေစေသာ အစားအေသာက္ေတြ စားလြန္းျခင္း တို႔ေၾကာင့္လည္း ၀မ္းသြားေသြးပါ ျပႆနာ ႀကံဳရတတ္သည္။

ခဏခဏ ေလလည္ျခင္း

ကိုယ္က ခဏခဏ ေလလည္တတ္သူမ်ဳိး ျဖစ္ေနလွ်င္ လူၾကားထဲ သြားရမွာပင္ မ်က္ႏွာပူရတာမ်ဳိး ႀကံဳရတတ္သည္။ ထိုျပႆနာက ရွင္းရေတာ့မခက္။ စားေသာက္မႈပံုစံ၊ ေနထိုင္မႈပံုစံေလးေတြ ျပင္လိုက္႐ံုနဲ႔ ေျပလည္ႏိုင္သည္။ ဥပမာ ပဲကဲ့သို႔ေသာ ေလပြေစသည့္ အစားအေသာက္မ်ဳိးေတြ အစားမ်ားလွ်င္ ဗိုက္ထဲ ေလေတြမ်ားၿပီး မၾကာမၾကာ ေလလည္တတ္သည္။ ထိုအစားအစာမ်ဳိးေတြ ေရွာင္လိုက္လွ်င္ ေလလည္သည့္ ျပႆနာပါ ေျပလည္သြားတတ္သည္။

ေနာက္ထပ္ တိုက္႐ိုက္လက္သည္မွာ ေလေတြ မ်ဳိခ်မိျခင္းျဖစ္သည္။ စားေသာက္ရာတြင္ အေလာတႀကီး စားတတ္သူတို႔သည္ အစာမေက်ညက္မီ မ်ဳိခ်ရင္းေလေတြပါေရာၿပီး မ်ဳိခ်မိတတ္သည္။ ဗိုက္ထဲေရာက္သည့္အခါ အစာအိမ္ထဲမွာ ထိုေလေတြ ပိတ္မိေနကာ မၾကာမၾကာ ေလလည္ေနေတာ့သည္။

အစာကို ေက်ေက်ညက္ညက္ ၀ါးစားၿပီး ျဖည္းျဖည္းခ်င္း မ်ဳိခ်ျခင္းျဖင့္ ေလလည္သည့္ ျပႆနာကိုပါ ေျပလည္ေစႏုိင္သည္။

ပ်ဳိ႕ခ်င္ခ်င္ အန္ခ်င္ခ်င္

ပ်ဳိ႕ခ်င္ခ်င္ အန္ခ်င္ခ်င္ ျဖစ္ေနတာေလာက္ ေနရခက္တာမရွိ။ ေၾကာက္လို႔၊ စိတ္ဖိစီးလို႔၊ ကားမူး သေဘၤာမူးလို႔ ပ်ဳိ႕ခ်င္အန္ခ်င္လည္း ျဖစ္တတ္သည္။ သို႔ေသာ္ ထိုသို႔မဟုတ္ဘဲ ပ်ဳိ႕ခ်င္ခ်င္ ျဖစ္လာၿပီ ဆိုလွ်င္ေတာ့ ကိုယ့္ဗိုက္က ကိုယ့္ကို သတိေပးေနၿပီဆိုတာ သတိရပါ။

ဘာအရည္မွ မ်ဳိခ်မရႏုိင္ေလာက္ေအာင္ ပ်ဳိ႕အန္ေနလွ်င္၊ ပ်ဳိ႕အန္လြန္းလို႔ လူက ေရဓာတ္ခန္း ေျခာက္သည့္ အဆင့္မ်ဳိးကိုပါ ေရာက္ေနလွ်င္ ကၽြမ္းက်င္ဆရာ၀န္ထံ ျပသသင့္သည္။ ပ်ဳိ႕ခ်င္ခ်င္ အန္ခ်င္ခ်င္ အေနအထားမ်ဳိး လူတိုင္း ႀကံဳရတတ္သည္။

ထိုသို႔ျဖစ္လာလွ်င္ သက္သက္သာသာ ထိုင္ေနလို႔ရမည့္ တစ္ေနရာရွာကာ ထုိင္ေနၿပီး ေပ်ာက္သြားသည္ အထိ ၿငိမ္ၿငိမ္ေနသင့္သည္။ အကယ္၍ အခ်ိန္ၾကာျမင့္စြာ ထိုသို႔ျဖစ္ေနလွ်င္ေတာ့ ဆရာ၀န္ထံ ျပသသင့္သည္။
Credit: messenger

#Unicode Version

ဗိုက်မကျန်းမာ၊ အစာအိမ် မကျန်းမာခြင်းကိစ္စသည် ဘဝမှာ မဖြစ်မနေ ရင်ဆိုင်နေရသည့် ပြဿနာဟုပင် ဆိုနိုင်သည်။ ကံကောင်းသည့် တစ်ချက်မှာ ကိုင်တွယ်နည်းသိလျှင် အလွယ်တကူ ကုစားနိုင်ခြင်း ဖြစ်သည်။ အများစုသည် ဗိုက်မကောင်းလျှင် တစ်ယောက်တည်း ကျိတ်ခံနေတတ်ကြသည်။ ထိုသို့မလုပ်ပါနှင့်။ မိမိနှင့် နီးစပ်သူများကို ဖွင့်ပြောပါ။ သူတို့ဆီက အကြံဉာဏ်ကောင်းများ ရလာနိုင်သည်။

အောက်တွင် လူအတော်များများ ကြုံရတတ်သည့် ဗိုက်ပြဿနာအချို့ကို ဖော်ပြသွားပါမည်။

မကြာမကြာ ဝမ်းသွားခြင်း

ဗိုင်းရပ်စ်ဝင်ခြင်း၊ အရက်သောက်လွန်ခြင်း၊ စိတ်ဖိစီးခြင်း၊ ကိုယ်နဲ့မတည့်တာ တစ်ခုခု စားမိခြင်းတို့ကြောင့် ဝမ်းသွားတတ်သည်။ တစ်လလျှင် နှစ်ခါသုံးခါလောက်တော့ လူတိုင်းလိုလို ဝမ်းသွားတတ်ကြသည်။ ထိုနှုန်းသည် ပုံမှန်နှုန်းသာ ဖြစ်သည်။ ထို့ထက်များလာလျှင်တော့ မူမမှန် ဝမ်းသွားသည့် ပုံစံဖြစ်သည်။ ဆရာဝန်ထံ ပြသ၍သော် လည်းကောင်း၊ ဆေးဆိုင်မှာ ခွင့်ပြုချက် ရထားသည့် ဝမ်းပိတ်ဆေးမျိုး ဝယ်သောက်ခြင်းဖြင့်သော် လည်းကောင်း ဖြေရှင်းနိုင်သည်။

ဆေးသောက်ရုံနှင့်တော့ ပြဿနာမပြီး။ ဝမ်းသွားလျှင် ခန္ဓာကိုယ်ထဲက ရေဓာတ်နှင့် ဆားဓာတ်များစွာ ဆုံးရှုံးသဖြင့် ဓာတ်ဆားရေ သောက်ပေးဖို့လိုသည်။ အာဟာရစုံလင်စွာ ပြန်ဖြည့်နိုင်ရန် အတွက် အသားငါး သာမက ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများလည်း အားစိုက်ပြီး စားပေးဖို့လိုသည်။

ဗိုက်ပွခြင်း

ဗိုက်ပွလျှင် လူက နေမထိထိုင်မသာ ဖြစ်ရသည်။ ဗိုက်ထဲမှာ လေတွေ ပြည့်နေခြင်းသည် ဗိုက်ပွစေသည့် အကြောင်းရင်း ဖြစ်ပြီး ဗိုက်သည်လည်း ပုံမှန်ထက် ပိုစူထွက်နေတတ်သည်။ ထိုသို့ဖြစ်လျှင် လေကွဲ ဆေးသောက်ပေးဖို့ လိုသည်။ ဗိုက်ပွစေသည့် အစားအစာများလည်း ရှောင်ကြဉ်ဖို့ လိုသည်။

ဗိုက်ကြွက်သားအောင့်ခြင်း

ဗိုက်ကြွက်သားတင်းပြီး အောင့်လာပြီဆိုလျှင် လူသည် ရှုံ့မဲ့နေအောင် ခံရသည်။ ဝေဒနာသည် ကြာကြာတော့ မခံရ။ သို့သော် မကြာမကြာ ဖြစ်တတ်သည်။ ဗိုက်ကို ပရုတ်ဆီ လိမ်းပေးခြင်းဖြင့် ဝမ်းဗိုက်ကို ပူစေကာ ကြွက်သားများ ပျော့အိပြီး ကြွက်သားတင်းနာခြင်းမျိုး မဖြစ်အောင် ကာကွယ်နိုင်သည်။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းသည် လူတိုင်း အသက်မရွယ်မရွေး ကြုံရတတ်သည့် ဗိုက်ပြဿနာ ဖြစ်သည်။ သုံးရက်နေမှ တစ်ခါလောက်သာ ဝမ်းသွားသည်ဆိုလျှင် ကျိန်းသေသည် ဝမ်းချုပ်ပြီလို့ ပြောလို့ရနိုင်သည်။ ဝမ်းချုပ်ခြင်း ဖြေရှင်းဖို့ ဆေးသောက်ရုံ သာမက ဘဝနေမှုပုံစံပါ ပြင်ဆင်ဖို့ လိုသည်။ ဝမ်းထဲက စွန့်ပစ် အစိုင်အခဲများ မာကျောသွားခြင်းသည် ဝမ်းချုပ်စေခြင်း အချက်တစ်ချက် ဖြစ်သည်။

ရေများများ သောက်ပေးခြင်းဖြင့် စွန့်ပစ်အစိုင်အခဲများ ပျော့ပြောင်းကာ ဝမ်းမှန်မှန်သွားလိမ့်မည်။ လှုပ်ရှားတက်ကြွစွာ နေခြင်းဖြင့်လည်း လူသည် ဆီးမှန် ဝမ်းမှန်နေလိမ့်မည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံများ စားခြင်းဖြင့်လည်း ဝမ်းမှန်နေလိမ့်မည်။ နောက်ထပ်တစ်ချက်မှာ အိမ်သာသွားဖို့ မပျင်းရန် ဖြစ်သည်။

အချို့လူများသည် အလုပ်ဖိစီး၊ စိတ်ဖိစီးကာ အလောသုံးဆယ် အလုပ် လုပ်ရသဖြင့် ဝမ်းသွားချင်လာလျှင်ပင် အောင့်ထားလိုက်တတ်ရာ ကြာလာတော့ ဝမ်းချုပ်သွားတတ်သည်။ အလွန်အမင်း ဝမ်းချုပ်နေလျှင် ဝမ်းချူပစ္စည်းနဲ့လည်း ဝမ်းချူယူနိုင်သည်။ အကောင်းဆုံးကာ ဝမ်းမချုပ်အောင် ဆင်ခြင်နေထိုင်ဖို့ ဖြစ်သည်။

ရင်ပူရင်ဆာ ဖြစ်ခြင်း

ရင်ခေါင်းထဲမှာ ပူခနဲ ဖြစ်သွားခြင်းမျိုးသည် အစာအိမ်ထဲက အက်စစ်ရည်များ ပြောင်းပြန်စီးကာ ရင်ခေါင်းထဲ ရောက်လာသောကြောင့် ဖြစ်သည်။ ထိုပြဿနာမျိုး မဖြစ်ပွားစေလိုပါက ခန္ဓာကိုယ် အလေးချိန်ကို ကျန်းမာသော ဘောင်အတွင်း ရှိနေအောင် ထိန်းထားရမည်။ ရင်ပြည့်စေသော အစားအစာမျိုးကို ရှောင်ရမည်။ ညကြီးအချိန်မတော် ဗိုက်ဝအောင် စားသောက်ခြင်းမျိုးလည်း ရှောင်ရမည်။

ဝမ်းသွားသွေးပါ

လူသား (၅၀) ရာခိုင်နှုန်းလောက်သည် ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ဝမ်းသွားသွေးပါ ပြဿနာ ကြုံဖူးကြသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

အထူးသဖြင့် အမျိုးသမီးများသည် ကိုယ်ဝန်လွယ်ထားရချိန်မျိုးတွင် အများဆုံးကြုံရသည်။ တင်ပါးတစ်ဝိုက် သွေးကြောများ ကျယ်လာခြင်းကြောင့် ဝမ်းသွားသည့်အခါ သွေးပါလာခြင်း ဖြစ်သည်။ နောက်ထပ် ဖြစ်နိုင်ခြေ အချက်များမှာ ခန္ဓာအောက်ပိုင်းကို ဖိအားဖြစ်စေသော အလေးအပင်မခြင်း၊ ရေအိမ်ကမုတ်ပေါ်မှာ အချိန်ကြာကြာထိုင်ခြင်း၊ ဝမ်းမာစေသော အစားအသောက်တွေ စားလွန်းခြင်း တို့ကြောင့်လည်း ဝမ်းသွားသွေးပါ ပြဿနာ ကြုံရတတ်သည်။

ခဏခဏ လေလည်ခြင်း

ကိုယ်က ခဏခဏ လေလည်တတ်သူမျိုး ဖြစ်နေလျှင် လူကြားထဲ သွားရမှာပင် မျက်နှာပူရတာမျိုး ကြုံရတတ်သည်။ ထိုပြဿနာက ရှင်းရတော့မခက်။ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံလေးတွေ ပြင်လိုက်ရုံနဲ့ ပြေလည်နိုင်သည်။ ဥပမာ ပဲကဲ့သို့သော လေပွစေသည့် အစားအသောက်မျိုးတွေ အစားများလျှင် ဗိုက်ထဲ လေတွေများပြီး မကြာမကြာ လေလည်တတ်သည်။ ထိုအစားအစာမျိုးတွေ ရှောင်လိုက်လျှင် လေလည်သည့် ပြဿနာပါ ပြေလည်သွားတတ်သည်။

နောက်ထပ် တိုက်ရိုက်လက်သည်မှာ လေတွေ မျိုချမိခြင်းဖြစ်သည်။ စားသောက်ရာတွင် အလောတကြီး စားတတ်သူတို့သည် အစာမကျေညက်မီ မျိုချရင်းလေတွေပါရောပြီး မျိုချမိတတ်သည်။ ဗိုက်ထဲရောက်သည့်အခါ အစာအိမ်ထဲမှာ ထိုလေတွေ ပိတ်မိနေကာ မကြာမကြာ လေလည်နေတော့သည်။

အစာကို ကျေကျေညက်ညက် ဝါးစားပြီး ဖြည်းဖြည်းချင်း မျိုချခြင်းဖြင့် လေလည်သည့် ပြဿနာကိုပါ ပြေလည်စေနိုင်သည်။

ပျို့ချင်ချင် အန်ချင်ချင်

ပျို့ချင်ချင် အန်ချင်ချင် ဖြစ်နေတာလောက် နေရခက်တာမရှိ။ ကြောက်လို့၊ စိတ်ဖိစီးလို့၊ ကားမူး သင်္ဘောမူးလို့ ပျို့ချင်အန်ချင်လည်း ဖြစ်တတ်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ပျို့ချင်ချင် ဖြစ်လာပြီ ဆိုလျှင်တော့ ကိုယ့်ဗိုက်က ကိုယ့်ကို သတိပေးနေပြီဆိုတာ သတိရပါ။

ဘာအရည်မှ မျိုချမရနိုင်လောက်အောင် ပျို့အန်နေလျှင်၊ ပျို့အန်လွန်းလို့ လူက ရေဓာတ်ခန်း ခြောက်သည့် အဆင့်မျိုးကိုပါ ရောက်နေလျှင် ကျွမ်းကျင်ဆရာဝန်ထံ ပြသသင့်သည်။ ပျို့ချင်ချင် အန်ချင်ချင် အနေအထားမျိုး လူတိုင်း ကြုံရတတ်သည်။

ထိုသို့ဖြစ်လာလျှင် သက်သက်သာသာ ထိုင်နေလို့ရမည့် တစ်နေရာရှာကာ ထိုင်နေပြီး ပျောက်သွားသည် အထိ ငြိမ်ငြိမ်နေသင့်သည်။ အကယ်၍ အချိန်ကြာမြင့်စွာ ထိုသို့ဖြစ်နေလျှင်တော့ ဆရာဝန်ထံ ပြသသင့်သည်။

Credit: messenger

No comments:

Post a Comment