Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 2, 2016

လူမင်းမှ ၀ိုင်းသို့ရေးတဲ့စာ



ဝိုင်း ရေ
မင်းပြောတဲ့ ရုပ်ရှင်လောက ဆိုတာကြီးအတွက်
တခွဲသားနဲ့ ငါ့မာနတွေ မြေခ လည်းငါမမှု ၊
ငါ့အလုပ်က လူချစ်အောင်လုပ်ရတဲ့သရုပ်ဆောင်
လူမုန်းများလည်း ငါ့ရှေ့ဆက်ခဲ့ ၊
လှတ ပ တ နဲ့ နုရွအောင်နေဖို့လိုပေမယ့်လည်း
ခု ငါ့ရုပ်ကြီး အိုစာကျ ၊
ရှုတင်ကိုအမြဲအချိန်မှန် ခဲ့တဲ့ လူမင်း ခု အမြဲနောက်ကျနေရတာ ငါ ၊
မင်းပြောတဲ့ ခေါင်းဆောင် တယောက်
ငါ ဖြစ်ချင်ခဲ့တာမဟုတ်ဘူး ၊
( ဒီခေတ် ဒီအခြေအနေမျိုး မှာ )
တာဝန်ယူမယ့် သူ
တာဝန်ယူရဲ သူ
တာဝန်ယူနိုင်မယ့် သူ မရှိလို့ ငါ ဝင် ရင်းတာ ၊
အခု ကိုမျိုးမင်း ကိုနို့တစ် စာပို့ရတဲ့ ကိစ္စ
ဒီလိုတွေ မဖြစ်ချင်လို့  ငါ ဘယ်လောက်အထိ
သည်းခံခဲ့တယ်ဆိုတာ မင်းအသိဆုံးပါ
မီဒီယာပေါင်းစုံမှာကြိမ်ဖန်များစွာပြောလိုက်တာ ဆိုတာ ရစရာ မရှိဘူး
ငါ့အစား ပေါက်ကွဲချင်တဲ့ သူတွေကိုတောင် ငါ
ထိန်းခဲ့တာ ၊
ပြီးခဲ့တဲ့ အကယ်ဒမီ ပွဲ ဂယက်တုန်းကလဲ
မီဒီယာ စုံညီရှေ့မှာ သူ့ကို ငါဖြေရှင်းခဲ့တယ်လေ
အဲဒီနောက်ပိုင်း အစည်းအရုံးကလုပ်တဲ့ဆွေးနွေးပွဲတိုင်းမှာလည်း သူ့ကိုအမြဲ ဂရုတစိုက်ဖိတ်ကြားပြီး ငါကိုယ်တိုင်လက်ဆွဲနှုတ်ဆက်လို့ လောကအရေး အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြတယ်လေ
ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကြီးတောင်
အတူတူလုပ်ခဲ့ကြသေးတာဘဲ ၊
ဒီလို အခြေအနေ နဲ့ အခုလိုဒို့လောကကိုဝိုင်းပြီးပြစ်တင်ရှုတ်ချခံနေရတဲ့ အချိန်အခါမျိုးမှာ (မင်းပြောသလို)
လုပ်သင့် မလုပ်သင့် နဲ့ ချင့်ချိန်တွေးဆနိုင်မှု
သူ့ဘက်က ဘာလို့အားနည်းခဲ့ရတာလဲ ၊
အပြာကား ဆိုတာဘယ်လိုဟာကိုခေါ်တယ်
တဏှာရူး ဆိုတဲ့စကားဟာဘယ်လိုအဓိပ္ပါယ်သက်ရောက်တယ်ဆိုတာ လူတိုင်းနားလည်တယ်
အဲဒီတော့ နှုတ်တစ်ရာ စာတစ်လုံးဖြစ်သွားပီ
ငါ့ရဲ့ လူပုဂ္ဂိုလ် ဂုဏ်သိက္ခာ ၊
နှစ်ပေါင်း ၂၀ ကျော် တည်ဆောက်လာခဲ့ရတဲ့
ငါ့ရဲ့ အနုပညာ သိက္ခာ ၊
ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဂုဏ်ဒြပ်သိက္ခာ တွေ
အတိအကျ ထိပါးစော်ကားခံလိုက်ရပီသူငယ်ချင်း
သည်းခံခြင်းဆိုတာ အဆုံးမဲ့မဟုတ်ဘူး
ပြီးတော့ အစဉ်အလာကောင်းခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဂုဏ်ဒြပ်သိက္ခာကို ကာကွယ်ဖို့ ဥက္ကဌတစ်ယောက်မှာတာဝန်အပြည့်ရှိတယ်
လက်ရှိအမှုဆောင် အဖွဲ့ဆိုတာကလည်း လောကသားတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ လူတွေဘဲလေ
( ငါတို့ကမဲပေးတဲ့အထဲမှာ မပါလို့ ငါတို့တင်မြှောက်ထားတာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင်လည်း
မဲပေးဖို့ပျက်ကွက်သူရဲ့တာဝန်မကင်းပါဘူး )
ဒီအစည်းအရုံးကြီးရဲ့ ကောင်းသောဂုဏ်သတင်းကို ကျဆင်းစေရန်အတွက် ပြုမှုပြောဆိုရေးသား လှူုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါက တည်ဆဲစဉ်းမျဉ်းများအရလည်းကောင်း တည်ဆဲဥပဒေများအရလည်းကောင်း
အရေးယူဆောင်ရွက်သွားမယ်လို့ ကိုဇင်ဝိုင်း လက်ထက်က ဒို့တွေအားလုံး အများသဘောတူ ကြေငြာချက်ထုတ်ပြီးဖြန့်ဝေခဲ့ကြတယ်လေ အခုလည်းဒီအတိုင်းတည်ဆဲပါပဲ ၊
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာအကြောင်း ငါတို့တိုင်းပြည်မှာ ပြောလို့ရပြီ ဆိုရင်
ဥက္ကဌတစ်ယောက်အနေနဲ့ မဟုတ်ရင်တောင် ၊
ထပ်ဆင့်အကယ်ဒမီ လူမင်း အနေနဲ့မဟုတ်ရင်တောင်
ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ငါ့အခွင့်အရေးနဲ့
ငါ့ ဂုဏ်သိက္ခာကို တရားဥပဒေအရ
မှန်ကန်တဲ့နည်းလမ်းနဲ့ ငါကာကွယ်ပါရစေ သူငယ်ချင်း
မင်းကိုအခုလို တိုင်တည်ပြီးရေးလိုက်ရပေမယ့်
သတင်းအချက်အလက် မြန်ဆန်လွန်းတဲ့ခေတ်ကြီးမှာ
အပြောများ အမှန် ဆိုသလိုဖြစ်နေမှာ စိုးလို့
ပရိသတ်တွေလည်း သိအောင် ငါရင်ဖွင့်လိုက်တာပါ ၊
မင်းရဲ့စေတနာကို နားလည်ပါတယ် ၊
ကျေးဇူးပါ ဝိုင်း ။ ။
လူမင်း



  • လူမင်းရဲ့နို့တစ်စာပေးပို့လာမှုအပေါ် ဦးမျိုးကတော့ရင်ဆိုင်သွားမယ်
  • အိမ်ထောင်ဦးမှာ လကမ္ဘာကို ဟန်းနီးမွန်းမသွားဖြစ်ခဲ့တဲ့ ချမ်းမီမီကို တရားစခန်းမှ အေးငြိမ်းရာလမ်းသို့သွားနေ
  • ရုပ်ရုင်သရုပ်ဆောင် မိုးယုစံနဲ့ စွမ်းသူမိုးတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ အခမ်းအနား 
  • ကိုစွမ်းသူမိုးနှင့် မင်းသမီး မိုးယုစံမင်္ဂလာပွဲအကြို
  •  ဝေဖန်မှုတွေရှိပေမယ့်မင်္ဂလာပွဲကိုစိတ်တိုင်းကျကျင်းပသွားမယ် မိုးယုစံ
  • ကွာရှင်းထားတာ မှန်ကန်ကြောင်း အတည်ပြုလိုက်တဲ့ ဝိုင်းစုခိုင်သိန်း
  • ကွာရှင်းပြီးပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ အောင်လ
  • နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီး ကြောင်း(၀ိုင်းစုခိုင်သိန်း)
  • ဘရာစီယာမ၀တ်တဲ့ လုလုအောင် ကို comment ၀င်ပေးရင်း comment ပါ ပြန်ဖျက်သွားခဲ့ရတဲ့ အဆိုတော်ကြီးတစ်ယောက်
  •  လွှတ်တော်ကိုယ်စားလှယ် နောက်မိန်းမနဲဖောက်ပြန်နေမှု ဇနီးဖြစ်သူက အမှုဖွင့်သော်လဲ ပြန်လွှတ်
  •  Novotel ဟိုတယ်မှာကျင်းပတဲ့ ကိုစွမ်းသူမိုးနဲ့ မင်းသမီးမိုးယုစံတို့ရဲ့ ညစာစားပွဲ
  •  တေးသံရှင်နီနီခင်ဇော်မှ အများသိစေရန်ကြေညာခြင်း
  • သိန်း ၄၀၀၀ ဂရန် အတုဖြစ်နေ သရုပ်ဆောင်မေသန်းနု ဖြေရှင်းပေးဖို့  ၀ယ်သူကြေညာ
  • ရုပ်ရှင်သရုပ်ဆောင် မေသန်းနုကို လိမ်လည်မှုဖြင့် အမှုဖွင့်
  •   နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင် ပြန်လည်ရှင်းလင်းထားတဲ့ သူတို့နှစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း အပြည့်အစုံ
  • အဆိုတော် နီနီခင်ဇော် ဂုဏ်သိက္ခာကို ထိခိုက်လိုခြင်းမဟုတ်ဘဲ မိမိဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဖြေရှင်းလိုက်တဲ့ ဦးမျိုးမြင့်သိန်း
  • ဘန်ကောက်မှမန္တလေး နောက်ဆုံးနေ့ရိုက်ကွင်း_Final Shooting of Bangkok To Mandalay
  • Bangkok To Mandalay ဇတ်ကားမှဝတ်မှုန်ရွှေရည်နှင့် ထိုင်းမင်းသမီးလေး
  • မခိုင်လေးရဲ့ ချစ်စရာ LIVE!!
  •  သရဲသင်္ဘောပေါ်မှာ ယောက်ျားရှာလေးအဖြစ်မြင်တွေ့ရမည့် သွန်းဆက်
  • မင်းသမီးချောလေး ဆုဝတီ Live!
  • ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူနှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲ
  • မင်းသမီးခိုင်နှင်းဝေ lIVE!!
  •  အရှုပ်ဇတ်ကားရိုက်ကွင်းတွင် အိချောပို
  • လရောင်ဖြာတဲ့အင်းလေးမှာ ရိုက်ကွင်းမှ ၀တ်မှုန်ရွှေရည်
  •   ရွှေမင်းသမီးလေး ရွှေမှုန်ရတီ



  • No comments:

    Post a Comment