Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 3, 2016

ဥပဒေ ကြောင်းအရ တရားစွဲဆိုမှုများဆက်လက်ပြုလုပ်မည်ဟု ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြား


ဂျာနယ်တစ်စောင်တွင် ဖြေကြားထားသည့် အကြောင်းအ ရာနှင့်ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်းထံ ပေးပို့ထားသည့် နို့တစ်စာသည် ၎င်းထံ အကြောင်း ပြန်ခြင်းမရှိသောကြောင့် ဥပဒေ ကြောင်းအရ တရားစွဲဆိုမှုများက်လက်ပြုလုပ်မည်ဟု ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။
‘‘ဘာလို့ နို့တစ်စာပို့ပြီး ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့ရလဲဆိုတော့ ဒီ တစ်ခါ ဂျာနယ်စာမျက်နှာထက် ပါဝင်တဲ့ ပြောဆိုရေးသားမှုက တကယ့်ကိုပဲ ဥက္ကဋ္ဌတစ်ယောက် ရဲ့ သိက္ခာရော၊ ဥက္ကဋ္ဌဆိုတာ ရုပ် ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဋ္ဌဆို တော့ ရုပ်ရှင်အစည်းအရုံးကြီးကို ထိပါးတာလို့ပဲ အားလုံးက ခံယူ တဲ့အတွက် ဒီလိုကိစ္စသည်လည်း ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကို ကိုယ်တို့အစည်းအဝေးဆုံးဖြတ် ချက်နဲ့ ဆုံးဖြတ်ပြီး နို့တစ်စာပို့ခဲ့ တာပါ’’ဟု ဒါရိုက်တာမောင်မျိုး မင်းထံ နို့တစ်စာပို့သည့်အပေါ် ၎င်းက ပြောသည်။
သို့သော်လည်း နို့တစ်စာ တွင် သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်ကြာမြင့်ချိန်အထိ ဒါရိုက်တာမောင်မျိုးမင်းက အ ကြောင်းပြန်ခြင်းမရှိသောကြောင့် ဥပဒေအရ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးလူမင်းက ပြောကြားသည်။
ဂျာနယ်တစ်စောင်တွင်ပါရှိ သည့် ဒါရိုက်တာမောင်မျိုးမင်း၏ အင်တာဗျူးတွင် အစည်းအရုံး ဥက္ကဋ္ဌ ဂုဏ်သိက္ခာပိုင်းကို ထိခိုက် စေနိုင်သော ဖြေကြားမှုများပါဝင် သောကြောင့် ပြီးခဲ့သည့် တစ်ပတ် အတွင်းက အဆိုပါကိစ္စနှင့်ပတ် သက်၍ အစည်းအရုံးတွင် လာ ရောက်ဝန်ခံတောင်းပန်ရန် ဒါရိုက်တာမောင်မျိုးမင်းထံသို့ နို့တစ်စာ ပေးခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာမောင်မျိုးမင်းဘက်က လည်း တောင်းပန်ရန် အစီအစဉ် မရှိဘဲ ဆက်လက်ရင်ဆိုင်မည်ဟု ပြည်တွင်းသတင်းစာတစ်စောင် ၌ ဖော်ပြထားသည်။
ထို့အပြင် ၎င်းအနေဖြင့် အ ထက်ပါကဲ့သို့ ပြောကြားခြင်းမှာ လည်း အနုပညာလောကသား အားလုံး၏ အကျိုးအတွက် စေတ နာဖြင့် မြင်သည့်အတိုင်း ပြော ကြားခဲ့သည့်အပေါ် အမြင်စောင်း ခြင်းဖြစ်နိုင်သည်ဟု အဆိုပါ အင် တာဗျူးတွင် ရေးသားထားသည်။ဒါရိုက်တာမောင်မျိုးမင်း၏ အင်တာဗျူးတွင် လူမင်းအား ပြောကြားခဲ့သည်ဆိုသည့် အပြာကား ဆန်ဆန်၊ တဏှာရူးကားဆန်ဆန် ဟူသည့် စကားအပေါ် ‘‘ကိုယ်က လိပ်ပြာသန့်စွာပါပဲ။ ကိုယ့်ကို ပြောချင်လို့ ရှာကြံပြောတယ်လို့ပဲ ကိုယ်ခံယူတယ်။ ကိုယ့်ကို အဲဒီလို ခေါင်းစဉ်တပ်ပြီးပြောရင် ဘယ် ကားကိုပြောတာလဲလို့ ပြန်ပြီးမေး ချင်ပါတယ်။ ပြန်ဖြေရှင်းချင်ပါ တယ်။ သိမ်းကျုံးပြီး ပြောတဲ့အခါ ကျတော့ ကိုယ်သည်လည်း သရုပ် ဆောင်တစ်ယောက်ဖြစ်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ်က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတစ် ယောက်ဖြစ်တဲ့အတွက် သရုပ် ဆောင်တစ်ယောက်ရဲ့ ကိုယ်ခံယူ ထားတာတော့ အစည်းအရုံး ဥက္ကဋ္ဌလုပ်တဲ့အတွက် ကိုယ့်ရဲ့ မူလလမ်းကြောင်းဖြစ်တဲ့ ကိုယ့်ရဲ့ အနုပညာလမ်းကြောင်းကိုတော့ လွှမ်းမိုးသက်ရောက်မှုမရှိစေရလို့ ခံယူထားတာ။ ဇာတ်လမ်းထဲမှာ လူကြမ်းကြီးလုပ်ရင် လုပ်မှာပဲ၊ လူသတ်ရင်သတ်မှာပဲ၊ လူယုတ် မာကြီးလုပ်ရင် လုပ်မှာပဲ။ ကိုယ် က သရုပ်ဆောင်တစ်ယောက်ဖြစ် တယ်။ အဲဒီလိုပဲ ခံယူတယ်။ ဒါ ပေမဲ့ အခုတော့ ဒီနှစ်ခုကို ရော ထွေးပြီး ပြစ်တင်ဝေဖန်လာတဲ့ သဘောရှိတယ်’’ဟု လူမင်းက ပြောသည်။
ထို့အပြင် သီတင်းပတ်အ တွင်း ပြန်လည်ဝန်ခံတောင်းပန် ရန် တောင်းဆိုခြင်းမှာ ရုပ်ရှင်အ စည်းအရုံး၏ ဂုဏ်သိက္ခာအတွက် တောင်းဆိုရခြင်းဖြစ်ပြီး လတ် တလော၌ ကြားသိရသည့် သတင်းစကားများအရ ဥပဒေကြောင်းအရသာ ဆက်လက်ရင်ဆိုင်မည် ဖြစ်ကြောင်း လူမင်းက ပြော သည်။

7Day News Journal


  • လူမင်းရဲ့နို့တစ်စာပေးပို့လာမှုအပေါ် ဦးမျိုးကတော့ရင်ဆိုင်သွားမယ်
  • လူမင်းမှ ၀ိုင်းသို့ရေးတဲ့စာ
  • အိမ်ထောင်ဦးမှာ လကမ္ဘာကို ဟန်းနီးမွန်းမသွားဖြစ်ခဲ့တဲ့ ချမ်းမီမီကို တရားစခန်းမှ အေးငြိမ်းရာလမ်းသို့သွားနေ
  • ရုပ်ရုင်သရုပ်ဆောင် မိုးယုစံနဲ့ စွမ်းသူမိုးတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ အခမ်းအနား 
  • ကိုစွမ်းသူမိုးနှင့် မင်းသမီး မိုးယုစံမင်္ဂလာပွဲအကြို
  •  ဝေဖန်မှုတွေရှိပေမယ့်မင်္ဂလာပွဲကိုစိတ်တိုင်းကျကျင်းပသွားမယ် မိုးယုစံ
  • ကွာရှင်းထားတာ မှန်ကန်ကြောင်း အတည်ပြုလိုက်တဲ့ ဝိုင်းစုခိုင်သိန်း
  • ကွာရှင်းပြီးပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ အောင်လ
  • နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီး ကြောင်း(၀ိုင်းစုခိုင်သိန်း)
  • ဘရာစီယာမ၀တ်တဲ့ လုလုအောင် ကို comment ၀င်ပေးရင်း comment ပါ ပြန်ဖျက်သွားခဲ့ရတဲ့ အဆိုတော်ကြီးတစ်ယောက်
  •  လွှတ်တော်ကိုယ်စားလှယ် နောက်မိန်းမနဲဖောက်ပြန်နေမှု ဇနီးဖြစ်သူက အမှုဖွင့်သော်လဲ ပြန်လွှတ်
  •  Novotel ဟိုတယ်မှာကျင်းပတဲ့ ကိုစွမ်းသူမိုးနဲ့ မင်းသမီးမိုးယုစံတို့ရဲ့ ညစာစားပွဲ
  •  တေးသံရှင်နီနီခင်ဇော်မှ အများသိစေရန်ကြေညာခြင်း
  • သိန်း ၄၀၀၀ ဂရန် အတုဖြစ်နေ သရုပ်ဆောင်မေသန်းနု ဖြေရှင်းပေးဖို့  ၀ယ်သူကြေညာ
  • ရုပ်ရှင်သရုပ်ဆောင် မေသန်းနုကို လိမ်လည်မှုဖြင့် အမှုဖွင့်
  •   နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင် ပြန်လည်ရှင်းလင်းထားတဲ့ သူတို့နှစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း အပြည့်အစုံ
  • အဆိုတော် နီနီခင်ဇော် ဂုဏ်သိက္ခာကို ထိခိုက်လိုခြင်းမဟုတ်ဘဲ မိမိဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဖြေရှင်းလိုက်တဲ့ ဦးမျိုးမြင့်သိန်း
  • ဘန်ကောက်မှမန္တလေး နောက်ဆုံးနေ့ရိုက်ကွင်း_Final Shooting of Bangkok To Mandalay
  • Bangkok To Mandalay ဇတ်ကားမှဝတ်မှုန်ရွှေရည်နှင့် ထိုင်းမင်းသမီးလေး
  • မခိုင်လေးရဲ့ ချစ်စရာ LIVE!!
  •  သရဲသင်္ဘောပေါ်မှာ ယောက်ျားရှာလေးအဖြစ်မြင်တွေ့ရမည့် သွန်းဆက်
  • မင်းသမီးချောလေး ဆုဝတီ Live!
  • ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူနှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲ
  • မင်းသမီးခိုင်နှင်းဝေ lIVE!!
  •  အရှုပ်ဇတ်ကားရိုက်ကွင်းတွင် အိချောပို
  • လရောင်ဖြာတဲ့အင်းလေးမှာ ရိုက်ကွင်းမှ ၀တ်မှုန်ရွှေရည်
  •   ရွှေမင်းသမီးလေး ရွှေမှုန်ရတီ
  • No comments:

    Post a Comment