Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 28, 2016

သက်ငယ်မုဒိမ်းမှုတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းရေးဆွဲ


( လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို နိုဝင်ဘာလ ၂၈ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရစဉ် )Photo: Win Ko Ko Latt/ RFA
သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက် တကျွန်း အထိအပြစ်ပေးနိုင်မယ့်ဥပဒေကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာသမားတွေကို ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့တာဖြစ်ပါတယ်။

၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအသစ်ပြန်လည်ရေးဆွဲပြီး သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ ပြစ်မှုပြစ်ဒဏ် တွေကို ထည့်သွင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

ရှေ့နေချုပ်ရုံးကနေ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့အခါ အဲဒီဥပဒေကြမ်းကို လွှတ်တော်ထံ မကြာမီ တင်သွင်းသွားမယ်လို့လည်း ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိပေးဖို့နဲ့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • မိုးကုတ်ချမ်းသာကြီးဘုရားပေါ်မဖွယ်မရာလုပ်ကြတဲ့စုံတွဲ
  • No comments:

    Post a Comment