Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 22, 2016

ရိုဟင္ဂ်ာ၊ ဘဂၤလီ အမည္သံုးစဲြမႈနဲ႔ ပတ္သက္ၿပီး အားလံုးလက္ခံႏိုင္တဲ့ အေျဖရွာမည္


အေမရိကန္နုိင္ငံျခားေရးဝန္ႀကီး John Kerryနဲ႔ ျမန္မာနိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္တို႔ ေမလ ၂၂ ရက္ေန႔ က ေနျပည္ေတာ္ နိုင္ငံျခားေရး ဝန္ႀကီးဌာနရံုးမွာ ပူးတဲြသတင္းစာရွင္းလင္းေနစဥ္။ Photo: Myo Thant Khaing/ RFA
ရိုဟင္ဂ်ာ၊ ဘဂၤလီ အမည္ေခၚေ၀ၚသံုးစဲြမႈနဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔ အေကာင္းဆံုး ျဖစ္နုိင္မယ့္ အေျဖကို ရွာေဖြေနေၾကာင္းနဲ႔ အဲဒီအေျဖဟာ လူ႔အဖဲြ႔အစည္း ၂ ခုစလံုးက လက္ခံႏိုင္ေလာက္မယ့္ အေျဖမ်ိဳးျဖစ္ဖို႔ ႀကိဳးစားေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ ေျပာပါတယ္။

အေမရိကန္နုိင္ငံျခားေရး၀န္ႀကီး John Kerry နဲ႔ ေနျပည္ေတာ္ ႏိုင္ငံျခားေရးဝန္ႀကီးရံုးမွာ က်င္းပတဲ့ ပူးတဲြသတင္း စာရွင္းလင္းပဲြမွာ RFA က ရိုဟင္ဂ်ာကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္သတင္းစာေတြက ေ၀ဖန္ေရးသားေနတဲ့ အေပၚ မွတ္ခ်က္ျပဳေပးဖို႔ေမးျမန္းရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

"ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေျဖရဖို႔ ကြ်န္မတို႔ႀကိဳးစားေနပါတယ္။ ကြ်န္မတို႔ရဲ႕ မိတ္ေဆြေတြကို ပန္ၾကားလိုတာက ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေျဖရွာႏိုင္ဖို႔ အကူအညီေပးတာမ်ိဳးသာ ျဖစ္ေစလိုပါတယ္။ ကြ်န္မတို႔အေနနဲ႔ ဘယ္လူ႔အဖဲြ႔အစည္း တစ္ခုခုကိုမွ ထိခိုက္နစ္နာေစလိုတာ မဟုတ္ပါဘူး။ လူ႔အဖဲြ႔အစည္း ၂ ခုက လက္ခံနုိင္ၿပီး ေရွ႕ဆက္ေလ်ွာက္လွမ္းနုိင္မယ့္ အေျဖမ်ိဳးကို ရွာေဖြရမွာ ျဖစ္ပါတယ္။ ဒါဟာ အင္မတန္ခက္ခဲလြန္းတယ္ဆိုတာကို ကြ်န္မတို႔သိပါတယ္။ သေဘာရိုးနဲ႔ ေျပာဆိုေနၾကသူေတြ အေနနဲ႔ ကြ်န္မတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ခ်င္စိတ္မရိွဘူးဆိုရင္ အေျဖရွာနုိင္ဖို႔ ပိုၿပီးအခက္အခဲရိွလာမွာ ျဖစ္ေၾကာင္း၊ အဲဒီလိုခက္ခဲတယ္ဆိုလို႔ ဒီကိစၥကေန ေသြဖီသြားမွာ မဟုတ္ေၾကာင္း" ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္နုိင္ငံျခားေရးဝန္ႀကီး John Kerry က ေဒၚေအာင္ဆန္းစုၾကည္ ရွင္းျပတဲ့ အခ်က္ေတြဟာ ျမန္မာနုိင္ငံ အတြက္ အေရးႀကီးေၾကာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ စိန္ေခၚမႈ အခက္အခဲကို ရင္ဆိုင္ၿပီးသတိၱရိွရိွ ေျဖဆို သြားတာျဖစ္ေၾကာင္း ေထာက္ခံေျပာပါတယ္။

Mr. Kerry က အေမရိကန္အစိုးရအေနနဲ႔ ျမန္မာနုိင္ငံဖံြ႔ၿဖိဳးတိုးတက္မႈအတြက္ကိုသာ အကူအညီေပးလိုတာ ျဖစ္ ၿပီး ျပႆနာေတြ ပိုႀကီးထြားေစမွာကို မလိုလားေၾကာင္းလည္းေျပာပါတယ္။

အေမရိကန္နုိင္ငံျခားေရးဝန္ႀကီးဟာ ဒီကေန႔မနက္က ေနျပည္ေတာ္ကို ေရာက္ရိွၿပီး ေဒၚေအာင္ဆန္း စုၾကည္နဲ႔ သီးသန္႔ေတြ႔ဆံုေဆြးေႏြးခဲ့သလို ညေနပုိင္းမွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲဲ့ပါတယ္။ Mr. Kerry ဟာ ဒီကေန႔ ညေနပိုင္းမွာ ေနျပည္ေတာ္ကေန ဗီယက္နမ္နုိင္ငံကို ထြက္ခြာသြားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerryနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၂၂ ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းနေစဉ်။ Photo: Myo Thant Khaing/ RFA
ရိုဟင်ဂျာ၊ ဘင်္ဂလီ အမည်ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် အဖြေကို ရှာဖွေနေကြောင်းနဲ့ အဲဒီအဖြေဟာ လူ့အဖွဲ့အစည်း ၂ ခုစလုံးက လက်ခံနိုင်လောက်မယ့် အဖြေမျိုးဖြစ်ဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ RFA က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာတွေက ဝေဖန်ရေးသားနေတဲ့ အပေါ် မှတ်ချက်ပြုပေးဖို့မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရဖို့ ကျွန်မတို့ကြိုးစားနေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ပန်ကြားလိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အကူအညီပေးတာမျိုးသာ ဖြစ်စေလိုပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လူ့အဖွဲ့အစည်း တစ်ခုခုကိုမှ ထိခိုက်နစ်နာစေလိုတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း ၂ ခုက လက်ခံနိုင်ပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် အဖြေမျိုးကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်ခက်ခဲလွန်းတယ်ဆိုတာကို ကျွန်မတို့သိပါတယ်။ သဘောရိုးနဲ့ ပြောဆိုနေကြသူတွေ အနေနဲ့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘူးဆိုရင် အဖြေရှာနိုင်ဖို့ ပိုပြီးအခက်အခဲရှိလာမှာ ဖြစ်ကြောင်း၊ အဲဒီလိုခက်ခဲတယ်ဆိုလို့ ဒီကိစ္စကနေ သွေဖီသွားမှာ မဟုတ်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့ အချက်တွေဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန်ခေါ်မှု အခက်အခဲကို ရင်ဆိုင်ပြီးသတ္တိရှိရှိ ဖြေဆို သွားတာဖြစ်ကြောင်း ထောက်ခံပြောပါတယ်။

Mr. Kerry က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာ အကူအညီပေးလိုတာ ဖြစ် ပြီး ပြဿနာတွေ ပိုကြီးထွားစေမှာကို မလိုလားကြောင်းလည်းပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က နေပြည်တော်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲဲ့ပါတယ်။ Mr. Kerry ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment