Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 22, 2016

႐ိုဟင္ဂ်ာကိစၥထက္ အေရးႀကီးတဲ့ ျပႆနာမ်ားစြာ ရွိဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

ဧရာ၀တီ၊ ေမ ၂၂၊ ၂၀၁၆

ျမန္မာႏုိင္ငံမွာ ဘဂၤလီ(႐ိုဟင္ဂ်ာ) ကိစၥထက္ အေရးႀကီးတဲ့ ျပႆနာမ်ားစြာ ရွိေနတဲ့အတြက္ အစိုးရအေနနဲ႔ ဒီကိစၥကို အေရးတယူလုပ္ေနလို႔ မရသလို ႐ိုဟင္ဂ်ာဆိုတဲ့ စကားလံုးအေပၚမွာ အျငင္းပြားေနလို႔လည္း ျပႆနာေတြ ေျပလည္သြားမွာ မဟုတ္လို႔ ၂ ဖက္ အဆင္ေျပမယ့္ နည္းလမ္းကိုလည္း ရွာေဖြေနတယ္လို႔ ႏိုင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ဂၽြန္ကယ္ရီနဲ႔ ပူးတြဲျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။

"ဒီျပႆ နာကိုေျဖရွင္းဖို႔ဟာ က်မတို႔မွာ တာဝန္ရွိတယ္ဆိုတာ ကၽြန္မ လက္ခံထားပါတယ္။ ဒါေၾကာင့္ ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႕ သက္ဆိုင္ရာ လူ႔အဖြဲ႕အစည္း ၂ ရပ္လံုးအတြက္ အက်ိဳးျဖစ္ေစမယ့္ အေျဖတစ္ခုကို ရရွိႏိုင္ဖို႔ ကၽြန္မတို႔ အေကာင္းဆံုး ႀကိဳးစားသြားပါ့မယ္"ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေျပာဆိုခ်က္ကို သေဘာတူတယ္လို႔ ကန္ႏိုင္ငံျခားေရး၀န္ႀကီး ဂၽြန္ကယ္ရီက ေျပာဆိုၿပီး သူတို႔ေတာင္မွ ႐ိုဟင္ဂ်ာဆိုတဲ့ ေ၀ါဟာရကို တခါတရံမွသာ သံုးစြဲေတာ့တာလို႔ ဆိုပါတယ္။

ဓာတ္ပံု - ထက္ႏိုင္ေဇာ္/ဧရာ၀တီ
The Irrawaddy (Burmese Version)
.........
ရိုဟင်ဂျာကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဧရာဝတီ၊ မေ ၂၂၊ ၂၀၁၆

မြန်မာနိုင်ငံမှာ ဘင်္ဂလီ(ရိုဟင်ဂျာ) ကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူလုပ်နေလို့ မရသလို ရိုဟင်ဂျာဆိုတဲ့ စကားလုံးအပေါ်မှာ အငြင်းပွားနေလို့လည်း ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်လို့ ၂ ဖက် အဆင်ပြေမယ့် နည်းလမ်းကိုလည်း ရှာဖွေနေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

"ဒီပြဿ နာကိုဖြေရှင်းဖို့ဟာ ကျမတို့မှာ တာဝန်ရှိတယ်ဆိုတာ ကျွန်မ လက်ခံထားပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း ၂ ရပ်လုံးအတွက် အကျိုးဖြစ်စေမယ့် အဖြေတစ်ခုကို ရရှိနိုင်ဖို့ ကျွန်မတို့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို သဘောတူတယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုပြီး သူတို့တောင်မှ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို တခါတရံမှသာ သုံးစွဲတော့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ
The Irrawaddy (Burmese Version)

No comments:

Post a Comment