Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 22, 2016

ျမန္မာ့ဒီမုိကေရစီေရး အေမရိကန္ အခုိင္အမာ ဆက္ေထာက္ခံ


ကန္ႏုိင္ငံျခားေရး၀န္ႀကီး ျမန္မာခရီးစဥ္
သမၼတအိုဘားမားရဲ႕ ႏိုင္ငံျခားေရးမူဝါဒမွာ အာရွအေရးကို ဦးစားေပးအျဖစ္သတ္မွတ္ခဲ့ၿပီး ျမန္မာႏိုင္ငံဟာ ဗဟိုျပဳ အာ႐ံုစိုက္ခဲ့ရတဲ့ႏိုင္ငံျဖစ္ပါေၾကာင္း၊ သမၼတဦးထင္ေက်ာ္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရတက္လာတာကို ႀကိဳဆိုလိုက္ၿပီး ဒီမိုကေရစီေရး အတြက္ ဆက္လက္ပံ့ပိုးကူညီသြားမွာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး John Kerry က ေျပာဆို လိုက္ပါတယ္။ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ က်င္းပတဲ့ ပူးတြဲသတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုလိုက္တာပါ။ သတင္းစာရွင္းလင္းပြဲကို ကုိယ္တိုင္တက္ခဲ့တဲ့ ဗီြအိုေအ ရန္ကုန္႐ံုးခြဲတာ၀န္ခံ ေဒၚခင္စိုး ၀င္းက တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံကို ေန႔ခ်င္းျပန္ခရီးေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry က ျမန္မာႏိုင္ငံျခား ေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီကေန႔ ေတြ႔ဆံုေဆြးေႏြးၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။ သမၼတအိုဘားမားအစိုးရရဲ႕ အာရွအေရး ဦးစားေပးတဲ့ ႏိုင္ငံျခားေရးမူ၀ါဒမွာ ျမန္မာ့အေရးကို ဗဟိုျပဳ အာ႐ံုစိုက္ ခဲ့ရတာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry က အခုလိုေျပာဆိုလိုက္ပါတယ္။

“သမၼတအိုဘားမားက သူ႔ရဲ႕ သမၼတသက္တမ္းတေလွ်ာက္ အာရွအေရးကို ဦးစားေပးအျဖစ္သတ္မွတ္ခဲ့ၿပီး ျမန္မာႏိုင္ငံဟာ အေမရိကန္အတြက္ ဗဟိုျပဳ အာ႐ံုစိုက္ခဲ့ရတဲ့ မူဝါဒျဖစ္ပါတယ္။ သူဟာ ဒီႏိုင္ငံကို ၂ ႀကိမ္လာေရာက္ခဲ့တာဟာ သိသိသာသာ ထူးျခားပါတယ္။ ေရြးေကာက္ခံအစိုးရပိုင္းနဲ႔ေရာ၊ ဥပေဒျပဳလႊတ္ေတာ္နဲ႔ပါ တိုင္ပင္ၿပီး ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔မွႈေတြ ကို ျပန္လည္ျပင္ဆင္လိုက္ပါၿပီ။ ဒီမိုကေရစီေရး၊ အားလံုးသာတူညီမွ် စီးပြားေရးတိုးတက္ေရး၊ အရပ္သားအစိုးရ လက္ထက္မွာ ႏိုင္ငံျခားကရင္းႏွီးျမႇဳပ္ႏွံမႈေတြ ၀င္ေရာက္လာေရးအတြက္ ပိတ္ဆို႔မႈေတြကို ႐ုပ္သိမ္းေပးခဲ့တာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာ တခ်ဳိ႕ ပိတ္ဆို႔မႈေတြကိုေတာ့ ဆက္ၿပီး ထိန္းထားေနရဆဲျဖစ္ပါတယ္။ ရင္းႏွီး ျမႇဳပ္ႏွံသူေတြ၊ ဌာနအသီးသီး၊ အရပ္ဘက္အဖြဲ႔အစည္းေတြအပါအဝင္၊ လူ႔ေဘာင္အသိုင္းအဝိုင္းအေနနဲ႔ အရပ္သားအစိုးရ ျပဳျပင္ေျပာင္းလဲမႈဆက္လက္ႀကိဳးစားႏိုင္ေရးနဲ႕ အရပ္သား ဦးေဆာင္တဲ့ ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္ စုေပါင္း ေဆာင္ၾကဥ္းၾကဖို႕ ေထာက္ခံႏိုင္ေအာင္ အားေပး ေနတာျဖစ္ပါတယ္။”

အိမ္ရွင္ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးလည္းျဖစ္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ပိတ္ဆို႔မႈေတြကို မေၾကာက္ပါဘူးလို႔ အခုလိုေျပာဆိုလိုက္ပါတယ္။

“က်မတို႔ပိတ္ဆို႔မႈေတြကို မေၾကာက္ပါဘူး။ ထိန္းခ်ဳပ္တာ ခ်ဳပ္ကိုင္တာေတြကိုလည္းမေၾကာက္ပါဘူး။ က်မတို႔လမ္းမွန္ကို ဆက္ေလွ်ာက္သြားမယ္ဆိုရင္ အခ်ိန္ကာလအတိုင္းအတာတခုမွာ ရွိသမွ်ပိတ္ဆို႔မႈေတြအားလံုး ရုပ္သိမ္းသြားမယ္လို႔ ယံုၾကည္ပါတယ္။ ဒီလိုပိတ္ဆို႔မႈေတြကို ေက်ာ္လႊားႏိုင္ဖို႔လည္း အခက္အခဲမရွိပါဘူး။ က်မနားလည္ပါတယ္။ ခံႏိုင္ရည္လည္းရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ တကယ္ေတာ့ မိတ္ေဆြႏိုင္ငံပါ။ က်မတို႔ကို ထိခိုက္နစ္နာေအာင္လုပ္တာမဟုတ္ပါဘူး။ က်မတို႔ကို ကူညီႏိုင္မယ့္ နည္းလမ္းျဖစ္တယ္လို႔ ယံုၾကည္လို႔ အခုလိုပိတ္ဆို႔မႈေတြလုပ္တာပါ။” လို႔ေျပာဆိုသြားပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာ့ဒီမိုကေရစီအေရး ၊ လူ႔အခြင့္အေရးနဲ႔၊ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္ကူညီပံ့ပိုးသြားမယ့္အေၾကာင္းေျပာရင္း ျပဳျပင္ေျပာင္းလဲေရး ခရီးေရာက္သင့္သေလာက္မေရာက္ရတဲ့ အေၾကာင္းအရင္းကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry ကအခုလို သံုးသပ္လိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအတြက္ အတားအဆီးျဖစ္ေနတာကေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျဖစ္တယ္ဆိုတာ ကြၽန္ေတာ္ အေလးအနက္ေျပာလိုပါတယ္။ ျပည္သူ႕ဆႏၵကို ဘယ္ေလာက္အေလးထားလဲ၊ အာဏာခြဲေ၀မွုမွာေကာ ဘယ္လိုသတ္မွတ္ထားလဲဆိုတာေတြကစ ဒီမိုကေရစီနည္းက်တဲ့အေျပာင္းအလဲေတြျဖစ္ေအာင္ လုပ္ေဆာင္ရပါမယ္။ အတိုင္ပင္ခံပုဂိၢဳလ္ျဖစ္သူ ႏိုင္ငံျခားေရ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီးေတာ့ ဒီသတင္းပတ္ေတြအတြင္းမွာ အေျပာင္းအလဲေတြ ေဖာ္ေဆာင္ေနတာကိုလည္း ကြၽန္ေတာ္တို႕ ႀကိဳဆိုပါတယ္။ ဒီမိုကေရစီေဖာ္ေဆာင္မွုအရွိန္အဟုန္ကိုလိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႕ရဲ႕ ျမန္မာႏိုင္ငံအေပၚ အကူအညီေပးမွုေတြကို တဦးခ်င္းေကာ ၊ ကဣတစ္ခုခ်င္းအလိုက္ပါ ေျပာင္းလဲသြားဖို႕ စီစဥ္သြားမွာပါ။”

တဆက္ထဲမွာပဲ ရခိုင္ျပည္နယ္ေနၾကတဲ့ လူနည္းစု မူဆလင္အသိုင္းအ၀ိုင္းအေခၚအေ၀ၚ အျငင္းပြားတဲ့ျပႆနာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးေဒၚေအာင္ဆန္းစုၾကည္က အခုလိုရွင္းလင္းေျပာဆိုလိုက္ပါတယ္။

“ဒီျပႆနာကို အေျဖရွာဖို႔ က်မတို႔ႀကိဳးစားေနပါတယ္။ က်မတို႔ဒီလိုႀကိဳးစားေနတဲ့အခ်ိန္မွာ က်မတို႔မိတ္ေဆြေတြအေနနဲ႔ အကူအညီေပးေစလိုပါတယ္။ ဘယ္လူ႔အဖြဲ႔အစည္းကိုမွ ေမွးမိွန္ေသးသိမ္ေအာင္လုပ္ဖို႔ႀကိဳးစားေနတာမဟုတ္ဘူးဆိုတာကို နားလည္ေပးေစလိုပါတယ္္။ က်မတို႔ဟာ နည္းလမ္းေတြရွာေနပါတယ္။ ေရွ႕ဆက္လို႔ရမယ့္ နည္းလမ္းကို ရွာေနၾကတာပါ။ အသိုင္းအ၀ိုင္း ၂ ခုစလံုးက လက္ခံႏိုင္မယ့္ အေျဖကို ရွာႏိုင္မယ့္နည္းလမ္း ျဖစ္ပါတယ္။ ဒါဟာ သိပ္ကို ခက္ခဲမယ္ဆိုတာလည္း မျငင္းလိုပါဘူး။ က်မတို႔မိတ္ေဆြေတြက က်မတို႔နဲ႔ပူးေပါင္းဖို႔ အဆင္သင့္မျဖစ္ဘူးဆိုရင္ က်မတို႔အလုပ္လုပ္ဖို႔ ပိုၿပီးခက္ခဲေစပါတယ္။ ဒါေပမယ့္ က်မတို႔ ေနာက္မဆုတ္ပါဘူး။ ဒီကိစၥမွာ က်မတို႔ တာ၀န္ရွိပါတယ္။ ဒီျပႆနာကို အေျဖရွာဖို႔ အေကာင္းဆံုးျဖစ္ေအာင္ အသိုင္းအ၀ိုင္း၂ခုစလံုးအတြက္ အက်ိဳးရွိေအာင္ က်မတို႔ႀကိဳးစားၿပီးအေျဖရွာသြားမွာပါ။” လို႔ေျပာဆိုသြားတာပါ။

ေနျပည္ေတာ္ကို ေန႔ခ်င္းျပန္ခရီးေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry ဟာ ျမန္မာႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သတင္းစာရွင္းလင္းပြဲအျပီးမွာေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔လည္း ေတြ႔ဆံုေဆြးေႏြးခဲ႔ပါတယ္။

 ေဒၚခင္စိုး၀င္း / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........


ကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်
သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်း၊ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာတာကို ကြိုဆိုလိုက်ပြီး ဒီမိုကရေစီရေး အတွက် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆို လိုက်ပါတယ်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုး ၀င်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ သမ္မတအိုဘားမားအစိုးရရဲ့ အာရှအရေး ဦးစားပေးတဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးကို ဗဟိုပြု အာရုံစိုက် ခဲ့ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလိုပြောဆိုလိုက်ပါတယ်။

“သမ္မတအိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်းတလျှောက် အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ အမေရိကန်အတွက် ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့ မူဝါဒဖြစ်ပါတယ်။ သူဟာ ဒီနိုင်ငံကို ၂ ကြိမ်လာရောက်ခဲ့တာဟာ သိသိသာသာ ထူးခြားပါတယ်။ ရွေးကောက်ခံအစိုးရပိုင်းနဲ့ရော၊ ဥပဒေပြုလွှတ်တော်နဲ့ပါ တိုင်ပင်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှှုတွေ ကို ပြန်လည်ပြင်ဆင်လိုက်ပါပြီ။ ဒီမိုကရေစီရေး၊ အားလုံးသာတူညီမျှ စီးပွားရေးတိုးတက်ရေး၊ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရေးအတွက် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ တချို့ ပိတ်ဆို့မှုတွေကိုတော့ ဆက်ပြီး ထိန်းထားနေရဆဲဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေ၊ ဌာနအသီးသီး၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင်၊ လူ့ဘောင်အသိုင်းအဝိုင်းအနေနဲ့ အရပ်သားအစိုးရ ပြုပြင်ပြောင်းလဲမှုဆက်လက်ကြိုးစားနိုင်ရေးနဲ့ အရပ်သား ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် စုပေါင်း ဆောင်ကြဉ်းကြဖို့ ထောက်ခံနိုင်အောင် အားပေး နေတာဖြစ်ပါတယ်။”

အိမ်ရှင်မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို မကြောက်ပါဘူးလို့ အခုလိုပြောဆိုလိုက်ပါတယ်။

“ကျမတို့ပိတ်ဆို့မှုတွေကို မကြောက်ပါဘူး။ ထိန်းချုပ်တာ ချုပ်ကိုင်တာတွေကိုလည်းမကြောက်ပါဘူး။ ကျမတို့လမ်းမှန်ကို ဆက်လျှောက်သွားမယ်ဆိုရင် အချိန်ကာလအတိုင်းအတာတခုမှာ ရှိသမျှပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းသွားမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့လည်း အခက်အခဲမရှိပါဘူး။ ကျမနားလည်ပါတယ်။ ခံနိုင်ရည်လည်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တကယ်တော့ မိတ်ဆွေနိုင်ငံပါ။ ကျမတို့ကို ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူး။ ကျမတို့ကို ကူညီနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ယုံကြည်လို့ အခုလိုပိတ်ဆို့မှုတွေလုပ်တာပါ။” လို့ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေးနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမယ့်အကြောင်းပြောရင်း ပြုပြင်ပြောင်းလဲရေး ခရီးရောက်သင့်သလောက်မရောက်ရတဲ့ အကြောင်းအရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကအခုလို သုံးသပ်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုတာ ကျွန်တော် အလေးအနက်ပြောလိုပါတယ်။ ပြည်သူ့ဆန္ဒကို ဘယ်လောက်အလေးထားလဲ၊ အာဏာခွဲဝေမှုမှာကော ဘယ်လိုသတ်မှတ်ထားလဲဆိုတာတွေကစ ဒီမိုကရေစီနည်းကျတဲ့အပြောင်းအလဲတွေဖြစ်အောင် လုပ်ဆောင်ရပါမယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံခြားရေဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဒီသတင်းပတ်တွေအတွင်းမှာ အပြောင်းအလဲတွေ ဖော်ဆောင်နေတာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုအရှိန်အဟုန်ကိုလိုက်ပြီးတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးမှုတွေကို တဦးချင်းကော ၊ ကဣတစ်ခုချင်းအလိုက်ပါ ပြောင်းလဲသွားဖို့ စီစဉ်သွားမှာပါ။”

တဆက်ထဲမှာပဲ ရခိုင်ပြည်နယ်နေကြတဲ့ လူနည်းစု မူဆလင်အသိုင်းအဝိုင်းအခေါ်အဝေါ် အငြင်းပွားတဲ့ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က အခုလိုရှင်းလင်းပြောဆိုလိုက်ပါတယ်။

“ဒီပြဿနာကို အဖြေရှာဖို့ ကျမတို့ကြိုးစားနေပါတယ်။ ကျမတို့ဒီလိုကြိုးစားနေတဲ့အချိန်မှာ ကျမတို့မိတ်ဆွေတွေအနေနဲ့ အကူအညီပေးစေလိုပါတယ်။ ဘယ်လူ့အဖွဲ့အစည်းကိုမှ မှေးမှိန်သေးသိမ်အောင်လုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးစေလိုပါတယ််။ ကျမတို့ဟာ နည်းလမ်းတွေရှာနေပါတယ်။ ရှေ့ဆက်လို့ရမယ့် နည်းလမ်းကို ရှာနေကြတာပါ။ အသိုင်းအဝိုင်း ၂ ခုစလုံးက လက်ခံနိုင်မယ့် အဖြေကို ရှာနိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို ခက်ခဲမယ်ဆိုတာလည်း မငြင်းလိုပါဘူး။ ကျမတို့မိတ်ဆွေတွေက ကျမတို့နဲ့ပူးပေါင်းဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင် ကျမတို့အလုပ်လုပ်ဖို့ ပိုပြီးခက်ခဲစေပါတယ်။ ဒါပေမယ့် ကျမတို့ နောက်မဆုတ်ပါဘူး။ ဒီကိစ္စမှာ ကျမတို့ တာဝန်ရှိပါတယ်။ ဒီပြဿနာကို အဖြေရှာဖို့ အကောင်းဆုံးဖြစ်အောင် အသိုင်းအဝိုင်း၂ခုစလုံးအတွက် အကျိုးရှိအောင် ကျမတို့ကြိုးစားပြီးအဖြေရှာသွားမှာပါ။” လို့ပြောဆိုသွားတာပါ။

နေပြည်တော်ကို နေ့ချင်းပြန်ခရီးရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment