Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 18, 2016

ပြန်ကြားရေးဝန်ကြီးဌာနတစ်ချိန်ချိန်တွင် ပျောက်ကွယ်သွားနိုင် သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြောကြား



နေပြည်တော် ၊ မတ် ၁၈


“ပြန်ကြားရေးဝန်ကြီးဌာနဟာ ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီးတွေမှတော့ မရှိတော့ပါဘူး ကျွန်တော်တို့ဆီမှာတော့တချိန်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။



အရိပ်
china.com Myanmar
..............


နေပြည်တော် ၊ မတ် ၁၈

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်တချိန်ချိန် ပျောက်ကွယ်သွားနိုင်သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က မတ် ၁၈ ရက်က ပြောကြားခဲ့သည်။

“ပြန်ကြားရေးဝန်ကြီးဌာနဟာ ဖွ့ံဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီးတွေမှတော့ မရှိတော့ပါဘူး ကျွန်တော်တို့ဆီမှာတော့တချိန်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

မတ်လ ၁၈ရက်နေ့ (ယနေ့) ပြည်ထောင်စုလွှတ်တော်အပြီးတွင် သတင်း မီဒီယာများ၏ မေးမြန်းချက်အား ဒေါက်တာဇော်မြင့်မောင်က အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ် သည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနအားထပ်မံထားရှိခြင်းသည် ၀ါဒဖြန့်ချီရန် အတွက် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
“ဘာပဲပြောပြော ပြည်သူလူထု သိအောင်ပြောရမယ် ဆိုရမယ်တွေတော့ ရှိသေးတာပေါ့ အဲ့ဒီတော့ ဒီကဏ္ဍကတော့ ထားရမှာပေါ့ ၀ါဒဖြန့်ချီရေး အတွက်မဟုတ်ဘူး အစိုးရလုပ်ငန်းတွေအားလုံး ဖော်ပြသွားမှာပေါ့”လို့ ၎င်းက ဆိုသည်။

အရိပ်
china.com Myanmar
https://www.facebook.com/china.com.mm/

No comments:

Post a Comment