Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 18, 2016

ေအာင္လအန္ဆန္ နာမည္ႀကီးခ်ဳပ္ကြက္ျဖင့္ ၿပိဳင္ဘက္ကို ႏွစ္မိနစ္ေက်ာ္မွာပင္ အႏိုင္ယူ

ေအာင္လအန္ဆန္၏ နာမည္ႀကီးခ်ဳပ္ကြက္(Python Choke)ျဖင့္ အလီ၏လည္ပင္းကုိ အပုိင္ခ်ဳပ္ေနစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
 ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္က အီဂ်စ္ႏိုင္ငံ သား မုိဟာမက္အလီကို One Championship (MMA) ၿပိဳင္ပြဲ ပထမအခ်ီ ႏွစ္မိနစ္ႏွင့္ ၃၈ စကၠန္႔တြင္ အႏိုင္ရရွိခဲ့ကာ ျမန္မာပရိသတ္ေရွ႕ေမွာက္၌ ေအာင္ပြဲခံခဲ့သည္။

မတ္လ ၁၈ ရက္က ရန္ကုန္ ၿမိဳ႕ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ံု (၁) သု၀ဏၰတြင္ က်င္းပခဲ့သည့္ ကိုယ္ခံပညာေပါင္းစံု အသံုးျပဳ ယွဥ္ၿပိဳင္ေသာ အဆုိပါၿပိဳင္ပြဲသို႔ ပရိသတ္ကြင္းလံုးျပည့္နီးပါး လာ ေရာက္ၾကည့္႐ႈခဲ့ၿပီး ျမန္မာ့စပါးအံုးဟု နာမည္ေက်ာ္ၾကားသည့္ ျမန္မာျပည္ဖြား ေအာင္လအန္ဆန္ကို အားေပးခဲ့ၾကသည္။

ပြဲအၿပီး ေအာင္လအန္ဆန္ ေအာင္ပြဲခံေနစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
ၿပိဳင္ပြဲ၏ အဓိကပြဲစဥ္ျဖစ္ ေသာ မစ္ဒယ္လ္၀ိတ္တန္းတြင္ ေအာင္လႏွင့္ အီဂ်စ္ႏိုင္ငံသား မို ဟာမက္အလီတို႔ ယွဥ္ၿပိဳင္ခဲ့ရာ အစပိုင္း၌ အလီ၏ လက္သီးခ်က္ အခ်ိဳ႕ ေအာင္လကို ထိမွန္ၿပီး အခက္ေတြ႕ခဲ့သည္။ သို႔ေသာ္ ေအာင္လက တည္တည္ၿငိမ္ၿငိမ္ ျဖင့္ပင္ အေကာင္းဆံုး ကာကြယ္ ထိုးသတ္ရင္း ပထမအခ်ီ ႏွစ္မိနစ္ ေက်ာ္တြင္ ေအာင္လ၏ ညာ၀ိုက္ လက္သီးကို အလီ တိမ္းေရွာင္စဥ္ ေအာင္လက ညာလက္ျဖင့္ပင္ အလီ၏လည္ပင္းကို အပိုင္ခ်ဳပ္ခဲ့ သည္။ ေအာင္လ၏ နာမည္ႀကီး ခ်ဳပ္ကြက္ Python Choke ေၾကာင့္ အလီ အ႐ံႈးေပး၍ ႏွစ္မိနစ္ႏွင့္ ၃၈ စကၠန္႔ျဖင့္ပင္ အႏိုင္ရခဲ့ ျခင္းျဖစ္သည္။
‘‘အိမ္ရွင္ပရိသတ္ ေရွ႕မွာ ကစားရတာ ဖိအားလံုး၀မရွိပါ ဘူး။ လူေတြ ဘယ္ေလာက္ပဲ အမ်ားႀကီးရွိရွိ ႀကိဳး၀ိုင္းေလွာင္အိမ္ထဲမွာ ၿပိဳင္တဲ့သူ ႏွစ္ေယာက္ပဲ ရွိတယ္ေလ။ ဒါေပမဲ့ ဒီေန႔ ဒီေန ရာကို ေရာက္လာၿပီး ကြၽန္ေတာ့္ ကို အားေပးခဲ့ၾကသူအားလံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အားလံုးကို ခ်စ္ပါတယ္။ ေနာက္ လည္း ကြၽန္ေတာ့္ကို ဆက္ၿပီးအားေပးပါေနာ္’’ဟု ပြဲအၿပီးတြင္ ေအာင္လအန္ဆန္က ေျပာၾကား ခဲ့သည္။

ေအာင္လအန္ဆန္ႏွင့္ အလီ ယွဥ္ၿပိဳင္ေနစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
 ေအာင္လအန္ဆန္သည္ MMA ၿပိဳင္ပြဲတြင္ မစ္ဒယ္လ္၀ိတ္ တန္း၌ ယခုပြဲစဥ္အပါအဝင္ ၂၆ ပြဲယွဥ္ၿပိဳင္ခဲ့ရာ ၁၇ ပြဲ ႏိုင္၊ ကိုးပြဲ႐ႈံးမွတ္တမ္း ရရွိထားသည္။ အႏိုင္ရရွိေသာပြဲမ်ားတြင္ ဆယ္ပြဲအလဲ ထိုးျဖင့္ အႏိုင္ရရွိထားျခင္းျဖစ္ သည္။ ၿပိဳင္ပြဲသို႔ ဘရာဇီး၊ အီဂ်စ္၊ ဖိလစ္ပိုင္၊ ျမန္မာ၊ စင္ကာပူ၊ နယူးဇီလန္ႏိုင္ငံတို႔မွ MMA ကစား သမားမ်ား ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ ၿပီး ျမန္မာလက္ေ၀ွ႔သမားမ်ား အ ခ်င္းခ်င္း ယွဥ္ၿပိဳင္ခဲ့သည့္ ပြဲစဥ္ ငါးပြဲ ပါ၀င္ခဲ့သည္။ လိုက္၀ိတ္ တန္းတြင္ ယွဥ္ၿပိဳင္ခဲ့သည့္ပြဲ၌ ရဲရင့္ေအာင္က ဆန္းသူဦးကို ပထမအခ်ီ ေလးမိနစ္ႏွင့္ ၅၁ စကၠန္႔တြင္ အလဲထိုးျဖင့္ အႏိုုင္ရရွိခဲ့သည္။ ဘန္တန္၀ိတ္တန္းတြင္ သားအသည္းတစ္ပြင့္က ေက်ာ္ ၾကားကို ပထမအခ်ီ ႏွစ္မိနစ္ႏွင့္ ၁၅ စကၠန္႔၌ အလဲထိုးျဖင့္ အႏိိုင္ ရရွိခဲ့ၿပီး ဖယ္သာ၀ိတ္တန္းတြင္ ဖိုးေသာ္က ေစာအယ္လ္ေလးကို ပထမအခ်ီ ႏွစ္မိနစ္ႏွင့္ ၂၇ စကၠန္႔ ၌ အလဲထိုးျဖင့္ အႏိုင္ရရွိခဲ့သည္။ လိုက္၀ိိတ္တန္းတြင္ လက္ရွိ ခ်န္ပီယံ ေသြးသစ္ေအာင္ႏွင့္ ၾကယ္လင္းေအာင္တို႔ ယွဥ္ၿပိဳင္ခဲ့သည္။ ယင္းပြဲတြင္ ယွဥ္ၿပိဳင္သည့္ စင္ေပၚသို႔ အဓိက မီးအားေပးထားသည့္ ဆလုိက္မီးမ်ား စကၠန္႔အနည္းငယ္ ျပတ္ေတာက္သြားခဲ့ေသာ္လည္း ဒိုင္က ဆက္လက္ ယွဥ္ၿပိဳင္ေစခဲ့သည္။ မီးျပတ္သြားခ်ိန္တြင္ ပရိသတ္မ်ား၏ လက္ကိုင္ဖုန္းမ်ားမွ မီးအလင္းေရာင္ျဖင့္ ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ၿပီး ေနာက္ဆံုးအခ်ီ ၿပီးဆံုးရန္ စကၠန္႔ပိုင္းအလိုတြင္ ဆလိုက္မီးျပန္လည္ရရွိခဲ့သည္။ ယင္းပြဲတြင္ ၾကယ္လင္းေအာင္က အမွတ္ျဖင့္ အႏိုင္ရရွိခဲ့သည္။
ဖယ္သာ၀ိတ္တန္းတြင္ ဖိ လစ္ပိုင္ႏိုင္ငံသား ကယ္လ္လီက ၾသစေၾတးလ်ႏိုင္ငံသား လူးကပ္စ္ ကို ပထမအခ်ီ သံုးမိနစ္ႏွင့္ ၄၇ စကၠန္႔တြင္ အလဲထိုးအႏိုင္ရရွိခဲ့ သည္။ စေတာ၀ိတ္တန္းတြင္ ဘရာဇီးႏိုင္ငံသား အဲလက္စ္က ဖိလစ္ပိုင္ႏိုင္ငံသား ေရာ္ဘင္ကတ္တာလန္ကို ပထမအခ်ီ ေလးမိနစ္ႏွင့္ ၃၂ စကၠန္႔တြင္ အလဲထိုး  ျဖင့္ အႏိုုင္ရရိွိခဲ့သည္။

ေအာင္လအန္ဆန္ႏွင့္ အလီ ယွဥ္ၿပိဳင္ေနစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
ကတ္၀ိတ္တန္းတြင္ စင္ကာ ပူႏိုင္ငံသား ခရစၥတီရန္လီက နယ္သာလန္ႏိုင္ငံသား အန္သိုနီကို ပထမအခ်ီ ေလးမိနစ္ႏွင့္ ၁၄ စကၠန္႔တြင္ အလဲထိုးျဖင့္ အႏိုင္ရရွိ ခဲ့သည္။ ဘန္တန္၀ိတ္တန္းတြင္ သေျပညိဳက ၾကယ္စင္ၿဖိဳးကို တတိယအခ်ီ ႏွစ္မိနစ္ႏွင့္ ၃၆ စကၠန္႔၌ အလဲထိုးျဖင့္ အႏိုင္ရရွိခဲ့သည္။ ဖလိုင္း၀ိတ္တန္းတြင္ ဘရာဇီး ႏိုင္ငံသား အက္ဒရီယာႏိုက ဖိလစ္ပိိုင္ႏိုင္ငံသား ယူဂ်ီတိုကြာ႐ိုကို ပထမအခ်ီၿပီးခါနီး၌ အလဲထိုးျဖင့္ အႏိုင္ရရွိသည္။
ရန္ကုန္ၿမိဳ႕တြင္ ဒုတိယအ ႀကိမ္ေျမာက္ ျပဳလုပ္သည့္ One Championship ၿပိဳင္ပြဲ၌ ႏိုင္ငံ ျခားတြဲဆိုင္းမ်ားကို အားရေက်နပ္ မႈရွိခဲ့ေသာ္လည္း ျပည္တြင္းလက္ ေ၀ွ႔သမားမ်ား ယွဥ္ၿပိဳင္သည့္ တြဲ ဆိုင္းမ်ားမွာ အားရေက်နပ္မႈမရွိခဲ့ ေၾကာင္း၊ ယခင္ႏွစ္က ယွဥ္ၿပိဳင္ခဲ့ သည့္ ျပည္တြင္းတြဲဆိုင္းပြဲစဥ္မ်ား မွာ ပိုမိုၾကည့္ေကာင္းၿပီး အားရ ေက်နပ္မႈရွိခဲ့ေၾကာင္း ပြဲၾကည့္ ပရိသတ္တစ္ဦးကေျပာသည္။
7daydaily
.....................
By
ဘိုဘိုမင်း
ချစ်ဝိုင်း
On  
Sat, 2016-03-19 06:30
Location
ရန်ကုန်
Issue No.
No.1043 Saturday, March 19, 2016

အောင်လအန်ဆန်၏ နာမည်ကြီးချုပ်ကွက်(Python Choke)ဖြင့် အလီ၏လည်ပင်းကို အပိုင်ချုပ်နေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 ကချင်တိုင်းရင်းသား အောင်လအန်ဆန်က အီဂျစ်နိုင်ငံ သား မိုဟာမက်အလီကို One Championship (MMA) ပြိုင်ပွဲ ပထမအချီ နှစ်မိနစ်နှင့် ၃၈ စက္ကန့်တွင် အနိုင်ရရှိခဲ့ကာ မြန်မာပရိသတ်ရှေ့မှောက်၌ အောင်ပွဲခံခဲ့သည်။

မတ်လ ၁၈ ရက်က ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပခဲ့သည့် ကိုယ်ခံပညာပေါင်းစုံ အသုံးပြု ယှဉ်ပြိုင်သော အဆိုပါပြိုင်ပွဲသို့ ပရိသတ်ကွင်းလုံးပြည့်နီးပါး လာ ရောက်ကြည့်ရှုခဲ့ပြီး မြန်မာ့စပါးအုံးဟု နာမည်ကျော်ကြားသည့် မြန်မာပြည်ဖွား အောင်လအန်ဆန်ကို အားပေးခဲ့ကြသည်။

ပွဲအပြီး အောင်လအန်ဆန် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ် သော မစ်ဒယ်လ်ဝိတ်တန်းတွင် အောင်လနှင့် အီဂျစ်နိုင်ငံသား မို ဟာမက်အလီတို့ ယှဉ်ပြိုင်ခဲ့ရာ အစပိုင်း၌ အလီ၏ လက်သီးချက် အချို့ အောင်လကို ထိမှန်ပြီး အခက်တွေ့ခဲ့သည်။ သို့သော် အောင်လက တည်တည်ငြိမ်ငြိမ် ဖြင့်ပင် အကောင်းဆုံး ကာကွယ် ထိုးသတ်ရင်း ပထမအချီ နှစ်မိနစ် ကျော်တွင် အောင်လ၏ ညာဝိုက် လက်သီးကို အလီ တိမ်းရှောင်စဉ် အောင်လက ညာလက်ဖြင့်ပင် အလီ၏လည်ပင်းကို အပိုင်ချုပ်ခဲ့ သည်။ အောင်လ၏ နာမည်ကြီး ချုပ်ကွက် Python Choke ကြောင့် အလီ အရှုံးပေး၍ နှစ်မိနစ်နှင့် ၃၈ စက္ကန့်ဖြင့်ပင် အနိုင်ရခဲ့ ခြင်းဖြစ်သည်။
‘‘အိမ်ရှင်ပရိသတ် ရှေ့မှာ ကစားရတာ ဖိအားလုံးဝမရှိပါ ဘူး။ လူတွေ ဘယ်လောက်ပဲ အများကြီးရှိရှိ ကြိုးဝိုင်းလှောင်အိမ်ထဲမှာ ပြိုင်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်လေ။ ဒါပေမဲ့ ဒီနေ့ ဒီနေ ရာကို ရောက်လာပြီး ကျွန်တော့် ကို အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးကို ချစ်ပါတယ်။ နောက် လည်း ကျွန်တော့်ကို ဆက်ပြီးအားပေးပါနော်’’ဟု ပွဲအပြီးတွင် အောင်လအန်ဆန်က ပြောကြား ခဲ့သည်။

အောင်လအန်ဆန်နှင့် အလီ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတွင် မစ်ဒယ်လ်ဝိတ် တန်း၌ ယခုပွဲစဉ်အပါအဝင် ၂၆ ပွဲယှဉ်ပြိုင်ခဲ့ရာ ၁၇ ပွဲ နိုင်၊ ကိုးပွဲရှုံးမှတ်တမ်း ရရှိထားသည်။ အနိုင်ရရှိသောပွဲများတွင် ဆယ်ပွဲအလဲ ထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ် သည်။ ပြိုင်ပွဲသို့ ဘရာဇီး၊ အီဂျစ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူ၊ နယူးဇီလန်နိုင်ငံတို့မှ MMA ကစား သမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး မြန်မာလက်ဝှေ့သမားများ အ ချင်းချင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ငါးပွဲ ပါ၀င်ခဲ့သည်။ လိုက်ဝိတ် တန်းတွင် ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ရဲရင့်အောင်က ဆန်းသူဦးကို ပထမအချီ လေးမိနစ်နှင့် ၅၁ စက္ကန့်တွင် အလဲထိုးဖြင့် အနိုုင်ရရှိခဲ့သည်။ ဘန်တန်ဝိတ်တန်းတွင် သားအသည်းတစ်ပွင့်က ကျော် ကြားကို ပထမအချီ နှစ်မိနစ်နှင့် ၁၅ စက္ကန့်၌ အလဲထိုးဖြင့် အနိိုင် ရရှိခဲ့ပြီး ဖယ်သာဝိတ်တန်းတွင် ဖိုးသော်က စောအယ်လ်လေးကို ပထမအချီ နှစ်မိနစ်နှင့် ၂၇ စက္ကန့် ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ လိုက်ဝိိတ်တန်းတွင် လက်ရှိ ချန်ပီယံ သွေးသစ်အောင်နှင့် ကြယ်လင်းအောင်တို့ ယှဉ်ပြိုင်ခဲ့သည်။ ယင်းပွဲတွင် ယှဉ်ပြိုင်သည့် စင်ပေါ်သို့ အဓိက မီးအားပေးထားသည့် ဆလိုက်မီးများ စက္ကန့်အနည်းငယ် ပြတ်တောက်သွားခဲ့သော်လည်း ဒိုင်က ဆက်လက် ယှဉ်ပြိုင်စေခဲ့သည်။ မီးပြတ်သွားချိန်တွင် ပရိသတ်များ၏ လက်ကိုင်ဖုန်းများမှ မီးအလင်းရောင်ဖြင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအချီ ပြီးဆုံးရန် စက္ကန့်ပိုင်းအလိုတွင် ဆလိုက်မီးပြန်လည်ရရှိခဲ့သည်။ ယင်းပွဲတွင် ကြယ်လင်းအောင်က အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဖယ်သာဝိတ်တန်းတွင် ဖိ လစ်ပိုင်နိုင်ငံသား ကယ်လ်လီက သြစတြေးလျနိုင်ငံသား လူးကပ်စ် ကို ပထမအချီ သုံးမိနစ်နှင့် ၄၇ စက္ကန့်တွင် အလဲထိုးအနိုင်ရရှိခဲ့ သည်။ စတောဝိတ်တန်းတွင် ဘရာဇီးနိုင်ငံသား အဲလက်စ်က ဖိလစ်ပိုင်နိုင်ငံသား ရော်ဘင်ကတ်တာလန်ကို ပထမအချီ လေးမိနစ်နှင့် ၃၂ စက္ကန့်တွင် အလဲထိုး  ဖြင့် အနိုုင်ရရှိိခဲ့သည်။

အောင်လအန်ဆန်နှင့် အလီ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကတ်ဝိတ်တန်းတွင် စင်ကာ ပူနိုင်ငံသား ခရစ္စတီရန်လီက နယ်သာလန်နိုင်ငံသား အန်သိုနီကို ပထမအချီ လေးမိနစ်နှင့် ၁၄ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ဘန်တန်ဝိတ်တန်းတွင် သပြေညိုက ကြယ်စင်ဖြိုးကို တတိယအချီ နှစ်မိနစ်နှင့် ၃၆ စက္ကန့်၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖလိုင်းဝိတ်တန်းတွင် ဘရာဇီး နိုင်ငံသား အက်ဒရီယာနိုက ဖိလစ်ပိိုင်နိုင်ငံသား ယူဂျီတိုကွာရိုကို ပထမအချီပြီးခါနီး၌ အလဲထိုးဖြင့် အနိုင်ရရှိသည်။
ရန်ကုန်မြို့တွင် ဒုတိယအ ကြိမ်မြောက် ပြုလုပ်သည့် One Championship ပြိုင်ပွဲ၌ နိုင်ငံ ခြားတွဲဆိုင်းများကို အားရကျေနပ် မှုရှိခဲ့သော်လည်း ပြည်တွင်းလက် ဝှေ့သမားများ ယှဉ်ပြိုင်သည့် တွဲ ဆိုင်းများမှာ အားရကျေနပ်မှုမရှိခဲ့ ကြောင်း၊ ယခင်နှစ်က ယှဉ်ပြိုင်ခဲ့ သည့် ပြည်တွင်းတွဲဆိုင်းပွဲစဉ်များ မှာ ပိုမိုကြည့်ကောင်းပြီး အားရ ကျေနပ်မှုရှိခဲ့ကြောင်း ပွဲကြည့် ပရိသတ်တစ်ဦးကပြောသည်။
7daydaily

No comments:

Post a Comment