Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 18, 2016

သမၼတႏွင့္ ဒုတိယသမၼတႏွစ္ဦး၏ ပိုင္ဆိုင္မႈမ်ား ထုတ္ျပန္ေၾကညာၾကမလား



ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ဒုတိယအၾကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ႏိုင္ငံ သမၼတေရြးခ်ယ္တင္ေျမွာက္ပဲြအစီအစဥ္ကို မတ္ ၁၅ ရက္က ျပည္ေထာင္စုလႊတ္ေတာ္၌ က်င္းပခဲ့ျပီး NLD က ေရြးခ်ယ္ေသာ ဦးထင္ေက်ာ္ကို ႏိုင္ငံေတာ္သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခဲ့သည္။

ျပည္ေထာင္စုလႊတ္ေတာ္တြင္ မဲေပးသူ စုစုေပါင္း ၆၅၂ ဦးရိွရာ ဦးထင္ေက်ာ္က မဲ ၃၆၀ ျဖင့္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခံရသည္။ ဦးျမင့္ေဆြက ၂၁၃ မဲျဖင့္ ဒုတိယသမၼတ (၁) အျဖစ္လည္းေကာင္း၊ ဦးဟင္နရီ ဗန္ထီးယူက ၇၉ မဲျဖင့္ ဒုတိယသမၼတ (၂) အျဖစ္လည္းေကာင္း အသီးသီး ေရြးေကာက္ခံရသည္။

သမၼတအျဖစ္ ေရြးေကာက္တင္ေျမွာက္ခံရသူ ဦးထင္ေက်ာ္သည္ ၁၉၇၅ မွ ၁၉၈၀ အထိ ဌာနခဲြမွဴး အၾကီးစားစက္မႈေကာ္ပိုေရးရွင္း အမွတ္ (၂) စက္မႈ၀န္ၾကီးဌာန၊ ၁၉၈၀ မွ ၁၉၉၂ ထိ ဒုတိယညႊန္ၾကားေရးမွဴး၊ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဦးစီးဌာန (FERD) စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ၾကီးဌာနတြင္ တာ၀န္ထမ္း ေဆာင္ခဲ့သည္။ ၁၉၉၂ ခုနွစ္တြင္ ဒုတိယ ညႊန္ၾကားေရးမွဴးရာထူးမွ မိမိဆႏၵအေလ်ာက္ ႏုတ္ထြက္ခဲ့သည္။ ၂၀၁၂ ခုနွစ္မွ ယေန႔ထိ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတြင္ အလုပ္အမႈေဆာင္ အဖဲြ႕၀င္အျဖစ္ တာ၀န္ယူေနသူ ျဖစ္သည္။

ဒု-သမၼတ(၁) ဦးျမင့္ေဆြသည္ တပ္မေတာ္တြင္ ဒုတိယဗိုလ္ခ်ဳပ္ၾကီးအဆင့္ထိ တာ၀န္ထမ္းေဆာင္သူျဖစ္သည္။ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးအျဖစ္တာ၀န္ထမ္းေဆာင္ခဲ့ျပီး လက္ရိွတြင္ ရန္ကုန္တိုင္းေဒသၾကီး အစိုးရအဖဲြ႕ ၀န္ၾကီးခ်ဳပ္အျဖစ္ တာ၀န္ယူထားသည္။
ဒု-သမၼတ (၂) ဦးဟင္နရီဗန္ထီးယူသည္ တပ္မေတာ္သား ေဟာင္းတဦးျဖစ္ျပီး ဗိုလ္မွဴးရာထူးျဖင့္ တပ္မေတာ္မွ အျငိမ္းစားယူခဲ့သည္။ ဗာဂီ်းနီးယားစက္ရံုမွဴး (မႏၱေလး) ၊ ဒုတိယအေထြေထြ မန္ေနဂ်ာ (စက္မႈ-၁)၊ အရက္ခ်က္ စက္ရံုမွဴး (ဘီးလင္း) အျဖစ္ တာ၀န္မ်ား ထမ္းေဆာင္ခဲ့သည္။

နုိင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတအသစ္မ်ား ယခင္တာ၀န္ထမ္းေဆာင္ခဲ့သည့္ ရာထူးတာ၀န္မ်ားကို အက်ဥ္းရံုးေဖာ္ျပျခင္းမွာ လက္ရိွ ၎တို႔ ပိုင္ဆိုင္သည့္ ပစၥည္းဓနဥစၥာမည္မွ်ရိွၾကျပီး ၎တို႔၏ ပိုင္ဆိုင္မႈမ်ားကို လူသိရွင္ၾကား ထုတ္ျပန္ေၾကညာေစခ်င္ေသာေၾကာင့္ ျဖစ္သည္။
သမၼတဦးသိန္းစိန္ အစိုးရတက္ခါစက သမၼတႏွင့္ ဒုတိယသမၼတမ်ား၊ ျပည္ေထာင္စု၀န္ၾကီးမ်ား၏ ဓနဥစၥာပိုင္ဆိုင္မႈမ်ားကို ျပည္သူမ်ားသိေအာင္ ထုတ္ျပန္ေပးခဲ့ျခင္းမရိွေသာေၾကာင့္ ေ၀ဖန္မႈမ်ားရိွခဲ့သည္။ ထို႔ျပင္ သမၼတဦးသိန္းစိန္က ေငြက်ပ္သံုးသိန္းအထိ လက္ေဆာင္ပစၥည္း လက္ခံလွ်င္ လာဘ္ယူမႈမဟုတ္ဟု ေျပာၾကားခဲ့မႈအေပၚ ျပည္သူလူထု အမ်ားစုကေဒါသျဖစ္ခဲ့သည္။

၂၀၁၅ ခုႏွစ္ ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပဲြအၾကိဳ မဲဆြယ္စည္းရံုးေရးကာလတြင္ အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ ခ်ဳပ္ (NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က NLD ကိုယ္စားျပဳကိုယ္စားလွယ္ေလာင္းမ်ားကို ၎တို႔ ပိုင္ဆိုင္မႈစာရင္းတင္ျပေစခဲ့ေၾကာင္း ၾကားသိရပါသည္။
ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖံြ႕ျဖိဳးေရးပါတီကိုယ္စားျပဳကိုယ္စားလွယ္ေလာင္းမ်ား၏ ဓနဥစၥာပိုင္ဆိုင္မႈမ်ားကို ထုတ္ျပန္ေၾကညာမည္မဟုတ္ေၾကာင္း ျပည္ခိုင္ျဖိဳးပါတီပူးတဲြဥကၠ႒ ဦးေ႒းဦးက ၂၀၁၅ ခုနွစ္ ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပဲြမ်ား မတိုင္မီ ေျပာၾကားခဲ့ဖူးသည္။ ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသၾကီး ျပည္ခိုင္ျဖိဳးဥကၠ႒လည္း ျဖစ္သူ ဦးျမင့္ေဆြအေနျဖင့္ ၎ႏွင့္ ၎မိသားစု၏ ပိုင္ဆိုင္မႈဓနဥစၥာအ၀၀ကို ထုတ္ျပန္ေၾကညာဖြယ္ မရိွေပ။

သမၼတ၊ ဒုတိယသမၼတမ်ား တာ၀န္ယူသည့္အခိ်န္တြင္ ၎တို႔၏ ပိုင္ဆိုင္မႈကို ခ်ျပသင့္ပံုႏွင့္ပတ္သက္ျပီး စာေရး ဆရာ ေဒါက္တာခင္ေမာင္ညိဳက ''ဆရာ့ရဲ႕ အျမင္ကေတာ့ ပြင့္လင္းျမင္သာတဲ့ ႏိုင္ငံတႏိုင္ငံမွာေပါ့ေလ။ ဒီမို ကေရစီႏိုင္ငံဆိုရင္ေတာ့ ပိုင္ဆိုင္မႈေတြကိုျပဖို႔ လိုတာေပါ့။ ဦးျမင့္ေဆြလည္း သူ႕ရိွသမွ် ပိုင္ဆိုင္မႈေတြ စြန္႔လႊတ္ လိုက္ရင္ေတာ့ရတာပဲေလ။ သူဘာမွမရိွေတာ့ဘူး။ သူဒီေလာက္ပဲရိွတယ္။ သူဘာမွမပိုင္ဘူး။ သူလာလို႔ရမယ္။ အိႏၵိယက အဗၺဒူကာလမ္ဆိုရင္ သူ႕အိမ္က ပစၥည္းေတြ အကုန္လံုးကို ထားခဲ့တယ္။ သူက ေသတၱာ တလံုးနဲ႔ပဲလာတယ္။ ျပန္ေတာ့လည္း ေသတၱာတလံုးနဲ႔ဲ ျပန္တယ္။ ဒီမွာလည္း သမၼတေတြ၊ ၀န္ၾကီးေတြက ေသတၱာတလံုးနဲ႔ လာလို႔ရပါတယ္။ ျပန္ရင္လည္း ေသတၱာတလံုးနဲ႔ေပါ့''ဟု ေျပာၾကားသည္။

NLD ဗဟိုေကာ္မတီ၀င္ ဦးေအာင္ျမင့္က ''ပြင့္လင္းျမင္သာတဲ့ အစိုးရျဖစ္ေအာင္သြားမယ္ဆိုေတာ့ NLD ရဲ့ သမၼတေတြနဲ႔ ၀န္ၾကီးေတြရဲ့ ပိုင္ဆိုင္မႈေတြကေတာ့ ျပရမွာေသခ်ာတယ္။ ဒါေပမဲ့ NLD ကေတာ့ ဘယ္လိုလုပ္လဲ မသိဘူး။ ဦးျမင့္ေဆြက စစ္တပ္က ေရြးတင္ထားတဲ့ ဒုတိယသမၼတဆိုေတာ့ ေျပာဖို႔ခက္တယ္။ ဒါက NLD အစိုးရရဲ႕ကိုင္တြယ္မႈအေပၚ မူတည္တယ္''ဟု ေျပာၾကားသည္။

ANP ပါတီကိုယ္စားျပဳ ေက်ာက္ျဖဴမဲဆႏၵနယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရိွန္က ''NLD မွာေတာ့ အစိုးရအဖဲြ႕တင္မကဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာင္မွ ပိုင္ဆိုင္မႈစာရင္းေတြေတာင္းလား မသိဘူး။ အဲဒီေတာ့ အစိုးရအဖဲြ႕ပုဂၢိဳလ္ေတြရဲ႕ ပိုင္ဆိုင္မႈေတြကို တင္ျပရမယ္ဆိုတာမွာ ဒီအစိုးရအဖဲြ႕ အသစ္ဖဲြ႕တဲ့အခါ ဘယ္လိုတင္ျပရမယ္၊ ဘယ္လို စိစစ္မယ္ဆိုတာကို သူတို႔ထပ္ေျပာမယ္နဲ႔ တူပါတယ္။ အရင္ပံုစံ အတိုင္းပဲလုပ္မလား၊ အခု အစိုးရသစ္လက္ထက္မွာ ပိုျပီးေတာ့ ပြင့္လင္းျမင္သာတဲ့ ပံုစံမ်ဳိးကို ေဖာ္ေဆာင္ျပီးေတာ့ လုပ္မလား၊ ေရြးခ်ယ္သမၼတ အေျပာင္းအလဲကိုေတာ့ မတ္လ ၃၁ ရက္မွာ ျပည္ေထာင္စု လႊတ္ေတာ္မွာ က်မ္းသစၥာျပဳျပီးမွရမွာ NLD အစိုးရဖဲြ႕ျပီးတဲ့အခါ သမၼတ အပါအ၀င္ အစိုးရအဖဲြ႕ေတြရဲ႕ ပိုင္ဆိုင္မႈ ေတြ စိစစ္မယ္ တင္ျပမယ္ဆိုတဲ့ဟာမွာ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို အမွန္တကယ္ စိစစ္တင္ျပမွာေပါ့။ တင္ျပတဲ့ ပိုင္ဆိုင္မႈက သူအလုပ္လုပ္ေနတဲ့ သက္တမ္းကာလမွာ တိုးပြားမႈမ်ားလာရင္ သူ႕ရဲ႕တရားသျဖင့္ ရရာရေၾကာင္း ဟုတ္၊ မဟုတ္ အျငင္းပြားလာမွာ အခု လက္ရိွမွာေတာ့ ဒီတာ၀န္ကို အသီးသီးယူၾကမယ္၊ ပုဂၢိဳလ္ေတြက ဒီေန႔ ရထားတဲ့ ပိုင္ဆိုင္မႈေတြ ဘယ္ေလာက္ရိွတယ္ဆိုတာကို ဘာေၾကာင့္ရလာတယ္၊ ဘယ္လိုရလာတယ္ဆိုတာကိုေတာ့ စစ္လိမ့္မယ္လို႔ မထင္ပါဘူး။ ဘာေၾကာင့္ ရလာတယ္။ ဘယ္လို ရတယ္ဆိုတာကိုေတာ့ တျခားဥပေဒေငြေၾကးခ၀ါခ်မႈတို႔၊ ဘာတို႔ စသျဖင့္ အဲဒါေတြနဲ႔ပဲ ဆိုင္မယ္''ဟု ေျပာသည္။

မၾကာမီကာလအတြင္း ျမန္မာနိုင္ငံကို အစိုးရသစ္က စီမံအုပ္ခ်ဳပ္ေတာ့မည့္ အစိုးရသစ္၏ ဦးစားေပး လုပ္ငန္းမ်ားတြင္ ျခစားမႈျဖင့္ ျပိဳလဲလုလု ျဖစ္ေနေသာႏိုင္ငံကို ျပန္လည္ထူေထာင္ေရးလည္း ပါ၀င္သည္။ ျခစားမႈကင္းေသာ အစိုးရအဖဲြ႕ မျဖစ္မေန လိုအပ္ေနရာ ယင္းအတြက္ ေရွးဦးစြာ လုပ္သင့္သည့္ ေျခလွမ္းမွာ သမၼတ၊ ဒုတိယသမၼတမ်ား၏ ပိုင္ဆိုင္မႈမ်ားအား လူသိရွင္ၾကား ထုတ္ျပန္ေၾကညာျခင္း ျဖစ္ပါသည္။

ခ်စ္ျမိဳင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
................


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်နိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ်ကို မတ် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်၌ ကျင်းပခဲ့ပြီး NLD က ရွေးချယ်သော ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် မဲပေးသူ စုစုပေါင်း ၆၅၂ ဦးရှိရာ ဦးထင်ကျော်က မဲ ၃၆၀ ဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ဦးမြင့်ဆွေက ၂၁၃ မဲဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဦးဟင်နရီ ဗန်ထီးယူက ရ၉ မဲဖြင့် ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးကောက်ခံရသည်။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထင်ကျော်သည် ၁၉၇၅ မှ ၁၉၈၀ အထိ ဌာနခွဲမှူး အကြီးစားစက်မှုကော်ပိုရေးရှင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ ၁၉၈၀ မှ ၁၉၉၂ ထိ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန (FERD) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဒုတိယ ညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။

ဒု-သမ္မတ(၁) ဦးမြင့်ဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်သူဖြစ်သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။
ဒု-သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်သား ဟောင်းတဦးဖြစ်ပြီး ဗိုလ်မှူးရာထူးဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး) ၊ ဒုတိယအထွေထွေ မန်နေဂျာ (စက်မှု-၁)၊ အရက်ချက် စက်ရုံမှူး (ဘီးလင်း) အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတအသစ်များ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးတာဝန်များကို အကျဉ်းရုံးဖော်ပြခြင်းမှာ လက်ရှိ ၎င်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းဓနဥစ္စာမည်မျှရှိကြပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာစေချင်သောကြောင့် ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရတက်ခါစက သမ္မတနှင့် ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဓနဥစ္စာပိုင်ဆိုင်မှုများကို ပြည်သူများသိအောင် ထုတ်ပြန်ပေးခဲ့ခြင်းမရှိသောကြောင့် ဝေဖန်မှုများရှိခဲ့သည်။ ထို့ပြင် သမ္မတဦးသိန်းစိန်က ငွေကျပ်သုံးသိန်းအထိ လက်ဆောင်ပစ္စည်း လက်ခံလျှင် လာဘ်ယူမှုမဟုတ်ဟု ပြောကြားခဲ့မှုအပေါ် ပြည်သူလူထု အများစုကဒေါသဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားပြုကိုယ်စားလှယ်လောင်းများကို ၎င်းတို့ ပိုင်ဆိုင်မှုစာရင်းတင်ပြစေခဲ့ကြောင်း ကြားသိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းများ၏ ဓနဥစ္စာပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများ မတိုင်မီ ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးဥက္ကဋ္ဌလည်း ဖြစ်သူ ဦးမြင့်ဆွေအနေဖြင့် ၎င်းနှင့် ၎င်းမိသားစု၏ ပိုင်ဆိုင်မှုဓနဥစ္စာအဝဝကို ထုတ်ပြန်ကြေညာဖွယ် မရှိပေ။

သမ္မတ၊ ဒုတိယသမ္မတများ တာဝန်ယူသည့်အချိန်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုကို ချပြသင့်ပုံနှင့်ပတ်သက်ပြီး စာရေး ဆရာ ဒေါက်တာခင်မောင်ညိုက ''ဆရာ့ရဲ့ အမြင်ကတော့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတနိုင်ငံမှာပေါ့လေ။ ဒီမို ကရေစီနိုင်ငံဆိုရင်တော့ ပိုင်ဆိုင်မှုတွေကိုပြဖို့ လိုတာပေါ့။ ဦးမြင့်ဆွေလည်း သူ့ရှိသမျှ ပိုင်ဆိုင်မှုတွေ စွန့်လွှတ် လိုက်ရင်တော့ရတာပဲလေ။ သူဘာမှမရှိတော့ဘူး။ သူဒီလောက်ပဲရှိတယ်။ သူဘာမှမပိုင်ဘူး။ သူလာလို့ရမယ်။ အိန္ဒိယက အဗ္ဗဒူကာလမ်ဆိုရင် သူ့အိမ်က ပစ္စည်းတွေ အကုန်လုံးကို ထားခဲ့တယ်။ သူက သေတ္တာ တလုံးနဲ့ပဲလာတယ်။ ပြန်တော့လည်း သေတ္တာတလုံးနဲဲ့ ပြန်တယ်။ ဒီမှာလည်း သမ္မတတွေ၊ ၀န်ကြီးတွေက သေတ္တာတလုံးနဲ့ လာလို့ရပါတယ်။ ပြန်ရင်လည်း သေတ္တာတလုံးနဲ့ပေါ့''ဟု ပြောကြားသည်။

NLD ဗဟိုကော်မတီဝင် ဦးအောင်မြင့်က ''ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်အောင်သွားမယ်ဆိုတော့ NLD ရဲ့ သမ္မတတွေနဲ့ ၀န်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကတော့ ပြရမှာသေချာတယ်။ ဒါပေမဲ့ NLD ကတော့ ဘယ်လိုလုပ်လဲ မသိဘူး။ ဦးမြင့်ဆွေက စစ်တပ်က ရွေးတင်ထားတဲ့ ဒုတိယသမ္မတဆိုတော့ ပြောဖို့ခက်တယ်။ ဒါက NLD အစိုးရရဲ့ကိုင်တွယ်မှုအပေါ် မူတည်တယ်''ဟု ပြောကြားသည်။

ANP ပါတီကိုယ်စားပြု ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ''NLD မှာတော့ အစိုးရအဖွဲ့တင်မကဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင်မှ ပိုင်ဆိုင်မှုစာရင်းတွေတောင်းလား မသိဘူး။ အဲဒီတော့ အစိုးရအဖွဲ့ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်ပြရမယ်ဆိုတာမှာ ဒီအစိုးရအဖွဲ့ အသစ်ဖွဲ့တဲ့အခါ ဘယ်လိုတင်ပြရမယ်၊ ဘယ်လို စိစစ်မယ်ဆိုတာကို သူတို့ထပ်ပြောမယ်နဲ့ တူပါတယ်။ အရင်ပုံစံ အတိုင်းပဲလုပ်မလား၊ အခု အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ပုံစံမျိုးကို ဖော်ဆောင်ပြီးတော့ လုပ်မလား၊ ရွေးချယ်သမ္မတ အပြောင်းအလဲကိုတော့ မတ်လ ၃၁ ရက်မှာ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာပြုပြီးမှရမှာ NLD အစိုးရဖွဲ့ပြီးတဲ့အခါ သမ္မတ အပါအဝင် အစိုးရအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှု တွေ စိစစ်မယ် တင်ပြမယ်ဆိုတဲ့ဟာမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ် စိစစ်တင်ပြမှာပေါ့။ တင်ပြတဲ့ ပိုင်ဆိုင်မှုက သူအလုပ်လုပ်နေတဲ့ သက်တမ်းကာလမှာ တိုးပွားမှုများလာရင် သူ့ရဲ့တရားသဖြင့် ရရာရကြောင်း ဟုတ်၊ မဟုတ် အငြင်းပွားလာမှာ အခု လက်ရှိမှာတော့ ဒီတာဝန်ကို အသီးသီးယူကြမယ်၊ ပုဂ္ဂိုလ်တွေက ဒီနေ့ ရထားတဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ဘာကြောင့်ရလာတယ်၊ ဘယ်လိုရလာတယ်ဆိုတာကိုတော့ စစ်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင့် ရလာတယ်။ ဘယ်လို ရတယ်ဆိုတာကိုတော့ တခြားဥပဒေငွေကြေးခဝါချမှုတို့၊ ဘာတို့ စသဖြင့် အဲဒါတွေနဲ့ပဲ ဆိုင်မယ်''ဟု ပြောသည်။

မကြာမီကာလအတွင်း မြန်မာနိုင်ငံကို အစိုးရသစ်က စီမံအုပ်ချုပ်တော့မည့် အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းများတွင် ခြစားမှုဖြင့် ပြိုလဲလုလု ဖြစ်နေသောနိုင်ငံကို ပြန်လည်ထူထောင်ရေးလည်း ပါ၀င်သည်။ ခြစားမှုကင်းသော အစိုးရအဖွဲ့ မဖြစ်မနေ လိုအပ်နေရာ ယင်းအတွက် ရှေးဦးစွာ လုပ်သင့်သည့် ခြေလှမ်းမှာ သမ္မတ၊ ဒုတိယသမ္မတများ၏ ပိုင်ဆိုင်မှုများအား လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

ချစ်မြိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment