Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 4, 2016

သမ္မတလောင်းများသည် ဆရာဝန်မဟုတ်သလို ဦးတင်ဦးလည်း မဟုတ်ကြောင်း ၊ ရခိုင်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ဦးဝင်းထိန် ဆို






သတင်း - ကိုပေါက်
The Ladies News
..................
လွှတ်တော်ဥက္ကဌတွေနဲ့ နိုင်ငံတကာ

NLD ကတင်မည့် သမ္မတလောင်းများသည် ဆရာဝန် မဟုတ်ကြောင်း ၊ နာယက သူရဦးတင်ဦးလည်း မဟုတ်ကြောင်း ဦးဝင်းထိန်က နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ယနေ့ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ပြောသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ NLD မှသာဖြစ်မည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ဦးဝင်းထိန်က ဆိုသည်။

ဦးညီပုသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သော်လည်း ပြည်နယ်အဆင့်တွင် ယှဉ်ပြိုင်ရန် တာဝန်ပေးခြင်း ခံရသူဖြစ်ကာ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အမတ် ဖြစ်လာသူ ဖြစ်သည်။

ထို့ပြင် ၂၀၁၆ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် အာဏာလွှဲပြောင်းမည် ဖြစ်ကြောင်း၊ ဦးသိန်းစိန်က သမ္မတအိမ်တော် တွင် စောင့်ပြီး လွှဲမည်ဖြစ်ကြောင်း၊ Dinner အခမ်းအနား လုပ်မည် ဖြစ်သော် လည်း ငွေကုန်သက်သာချင်သည့်အတွက် အကျဉ်းချုံးသာ လုပ်မည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆိုသည်။

သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies/အတွေ့အကြုံ ဖလှယ်မည်

No comments:

Post a Comment