Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 4, 2016

ဝန္ႀကီးဌာန ၂ဝ ေလာက္သာ က်န္ေတာ့မည္

ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွင္းဆီစံအိမ္မွာ မတ္လ ၄ ရက္ေန႔က NLD ပါတီ အစည္းအေဝးအၿပီးမွာ ဦးဝင္းထိန္ ကိုေတြ႔ရစဥ္။ Photo: Win Ko Ko Latt/RFA
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က ဦးေဆာင္မယ့္ ျပည္ေထာင္စုအစုိးရအဖြဲ႔မွာ အန္အယ္လ္ဒီပါတီဝင္ ၄ဝ ရာခိုင္ႏႈန္းဝန္းက်င္သာပါဝင္မွာျဖစ္ၿပီး ၆ဝ ရာခိုင္ႏႈန္းေလာက္ကို ျပင္ပပညာရွင္ေတြနဲ႔ တျခားပါတီက ပုဂၢိဳလ္ေတြကို ခန္႔အပ္မွာျဖစ္တယ္လို႔ ပါတီရဲ႕ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးဝင္းထိန္ က ေျပာလိုက္ပါတယ္။

ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွင္းဆီစံအိမ္မွာ ဒီေန႔ က်င္းပတဲ့ ပါတီ ထိပ္ပုိင္းေခါင္းေဆာင္ေတြ အစည္းအေဝးအၿပီးမွာ ဦးဝင္းထိန္က သတင္းေထာက္ေတြကုိ ေျပာလုိက္တာျဖစ္ပါတယ္။

"က်ေနာ္တို႔ အခုျပည္ေထာင္စုအဆင့္မွာ ပါမယ့္ဝန္ႀကီးေတြရဲ႕ဖြဲ႔စည္းပံုက က်ေနာ္တို႔ NLD က ပုဂၢိဳလ္ေတြလည္းပါမယ္၊ ပညာရွင္ေတြလည္းပါမယ္၊ တျခားပါတီေတြကလည္းပါမယ္၊ က်ေနာ္တို႔ အမ်ိဳးသားဒီၤမိုကေရစီအဖြဲ႔ခ်ဳပ္ဝင္ ျပည္ေထာင္စုအဆင့္ကလူေတြက လူနည္းစုေတာင္ျဖစ္ႏိုင္တယ္၊ ၃ဝ ေယာက္နဲ႔ ၄ဝ ရာခိုင္ႏႈန္းၾကားေလာက္ပဲရွိမယ္၊ သမၼတရံုးမွာ ဝန္ႀကီးဌာန ၆ ခုရွိတယ္၊ အဲ့ဒီ ၆ ခုက ၁ ခုပဲျဖစ္သြားလိမ့္မယ္၊ ၃ဝ ရွိတယ္ ၂ဝ ပဲက်န္မယ္၊ တူတာတူတာေရြးမယ္၊ ဥပမာဆိုရင္ေပါ့ဗ်ာ ရထားပို႔ေဆာင္ေရး၊ ကုန္းလမ္းပို႔ေဆာင္ေရး၊ ေလေၾကာင္းပို႔ေဆာင္ေရး၊ ေရေၾကာင္းပို႔ေဆာင္ေရး ဒါေတြက က်ေနာ္တို႔ တစ္ဖြဲ႔တည္းလုပ္လို႔ရတယ္၊ အဲ့လိုလုပ္ႏိုင္ေအာင္လည္း အရည္အခ်င္းရွိတဲ့ကုဂၢိဳလ္ေတြ က်ေနာ္တို႔ ေရြးထားၿပီးၿပီ"

လက္ရွိအစုိးရမွာ သမၼတရုံးဝန္ႀကီးဌာန ၆ ခု အပါအဝင္ ဝန္ႀကီးဌာနေပါင္း ၃၆ ခုရွိၿပီး ဝန္ႀကီး၊ ဒုတိယဝန္ႀကီး ၉ဝ ေက်ာ္ရွိေနပါတယ္။ ဝန္ႀကီးဌာနတစ္ခုမွာ ဒုတိယဝန္ႀကီး ၂ ဦးႏႈန္းနဲ႔ ခန္႔အပ္ေနတာျဖစ္ပါတယ္။

ဝန္ႀကီး၊ ဒုတိယဝန္ႀကီးေတြကုိ ေရြးခ်ယ္ရာမွာလည္း ေစတနာရွိတဲ့သူ၊ အရည္အခ်င္းရွိတဲ့သူနဲ႔ အဂတိလုိက္စားမႈ အနည္းဆုံးျဖစ္တဲ့သူေတြကုိ ေရြးခ်ယ္မွာျဖစ္သလို ေနရာတစ္ေနရာအတြက္ ပုဂၢိဳလ္ သုံးေလးဦးအထိ လ်ာထားတယ္လို႔လည္း ဦးဝင္းထိန္က ေျပာပါတယ္။

ဒါ့အျပင္ ေကာလဟာလ သတင္းေတြထြက္ေနသလို အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ နာယက ဦးတင္ဦးကုိ သမၼတအျဖစ္ တင္ေျမွာက္မွာ မဟုတ္ေၾကာင္းလည္း ဦးဝင္းထိန္က ျငင္းဆုိခဲ့ပါတယ္။

ဒီကေန႔ အစည္းအေဝးကုိ ၿပီးခဲ့တဲ့ရက္ပိုင္းက အသစ္ဖဲြ႔စည္းလိုက္တဲ့ အန္အယ္လ္ဒီပါတီ ဗဟုိအလုပ္အမႈေဆာင္ အဖဲြ႔ရဲ႕ အတြင္းေရးမွဴးအဖဲြ႔ဝင္ေတြျဖစ္တဲ့ ဦးဝင္းထိန္၊ ဦးဝင္းျမင့္၊ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ဗဟိုအလုပ္အမႈေဆာင္ အဖဲြ႔ဝင္ ေဒါက္တာမ်ိဳးေအာင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔ ၅ ဦးသာ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

အ့ဲဒီအစည္းအေဝးမွာ ႏုိင္ငံေတာ္သမၼတ တာဝန္လႊဲေျပာင္းေရး၊ အစုိးရဖြဲ႔စည္းေရးနဲ႔ ျပည္နယ္၊ တုိင္းဝန္ႀကီးခ်ဳပ္ ခန္႔အပ္ေရး ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

ႏုိင္ငံေတာ္သမၼတကို ေရြးခ်ယ္ႏုိင္ဖို႔အတြက္ ဒုတိယသမၼတေလာင္း အမည္စာရင္း တင္သြင္းႏုိင္ေရး ကိုယ္စားလွယ္အစုအဖဲြ႔အလိုက္ အစည္းအေဝးေတြကို လာမယ့္ မတ္လ ၁ဝ ရက္ေန႔မွာ စတင္က်င္းပ မွာျဖစ္ပါတယ္။

အဲ့ဒီအစည္းအေဝးမတုိင္ခင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေဝးကုိ လာမယ့္ မတ္လ ၆ ရက္မွာ က်င္းပမယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............
 နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ မတ်လ ၄ ရက်နေ့က NLD ပါတီ အစည်းအဝေးအပြီးမှာ ဦးဝင်းထိန် ကိုတွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့မှာ အန်အယ်လ်ဒီပါတီဝင် ၄ဝ ရာခိုင်နှုန်းဝန်းကျင်သာပါဝင်မှာဖြစ်ပြီး ၆ဝ ရာခိုင်နှုန်းလောက်ကို ပြင်ပပညာရှင်တွေနဲ့ တခြားပါတီက ပုဂ္ဂိုလ်တွေကို ခန့်အပ်မှာဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောလိုက်ပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ဒီနေ့ ကျင်းပတဲ့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးအပြီးမှာ ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့ အခုပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ဖွဲ့စည်းပုံက ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်းပါမယ်၊ ပညာရှင်တွေလည်းပါမယ်၊ တခြားပါတီတွေကလည်းပါမယ်၊ ကျနော်တို့ အမျိုးသားဒီင်္မိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်ကလူတွေက လူနည်းစုတောင်ဖြစ်နိုင်တယ်၊ ၃ဝ ယောက်နဲ့ ၄ဝ ရာခိုင်နှုန်းကြားလောက်ပဲရှိမယ်၊ သမ္မတရုံးမှာ ဝန်ကြီးဌာန ၆ ခုရှိတယ်၊ အဲ့ဒီ ၆ ခုက ၁ ခုပဲဖြစ်သွားလိမ့်မယ်၊ ၃ဝ ရှိတယ် ၂ဝ ပဲကျန်မယ်၊ တူတာတူတာရွေးမယ်၊ ဥပမာဆိုရင်ပေါ့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တစ်ဖွဲ့တည်းလုပ်လို့ရတယ်၊ အဲ့လိုလုပ်နိုင်အောင်လည်း အရည်အချင်းရှိတဲ့ကုဂ္ဂိုလ်တွေ ကျနော်တို့ ရွေးထားပြီးပြီ"

လက်ရှိအစိုးရမှာ သမ္မတရုံးဝန်ကြီးဌာန ၆ ခု အပါအဝင် ဝန်ကြီးဌာနပေါင်း ၃၆ ခုရှိပြီး ဝန်ကြီး၊ ဒုတိယဝန်ကြီး ၉ဝ ကျော်ရှိနေပါတယ်။ ဝန်ကြီးဌာနတစ်ခုမှာ ဒုတိယဝန်ကြီး ၂ ဦးနှုန်းနဲ့ ခန့်အပ်နေတာဖြစ်ပါတယ်။

ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေကို ရွေးချယ်ရာမှာလည်း စေတနာရှိတဲ့သူ၊ အရည်အချင်းရှိတဲ့သူနဲ့ အဂတိလိုက်စားမှု အနည်းဆုံးဖြစ်တဲ့သူတွေကို ရွေးချယ်မှာဖြစ်သလို နေရာတစ်နေရာအတွက် ပုဂ္ဂိုလ် သုံးလေးဦးအထိ လျာထားတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ကောလဟာလ သတင်းတွေထွက်နေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကို သမ္မတအဖြစ် တင်မြှောက်မှာ မဟုတ်ကြောင်းလည်း ဦးဝင်းထိန်က ငြင်းဆိုခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးကို ပြီးခဲ့တဲ့ရက်ပိုင်းက အသစ်ဖွဲ့စည်းလိုက်တဲ့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၅ ဦးသာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းရေး၊ အစိုးရဖွဲ့စည်းရေးနဲ့ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်ရေး ကိုယ်စားလှယ်အစုအဖွဲ့အလိုက် အစည်းအဝေးတွေကို လာမယ့် မတ်လ ၁ဝ ရက်နေ့မှာ စတင်ကျင်းပ မှာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို လာမယ့် မတ်လ ၆ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment