Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

ျပန္ၾကားေရး၀န္ႀကီးသစ္ ျဖစ္မယ့္သူအေပၚ မီဒီယာအေကာင္းျမင္



ျမန္မာသမၼတ ဦးထင္ေက်ာ္ တင္သြင္းတဲ့ ျပည္ေထာင္စုု၀န္ႀကီး အမည္စာရင္းမွာ ပါ၀င္လာၿပီး ျပန္ၾကားေရး၀န္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္မယ္ဆုိၿပီး သတင္းထြက္ေနတဲ့ စာေရးဆရာ ေဒါက္တာေဖျမင့္ကို စာနယ္ဇင္းသမားေတြက ႀကိဳဆုိလိုက္ၿပီး သူသာျပန္ၾကားေရး၀န္ႀကီး ျဖစ္လာမယ္ဆုိရင္ ျမန္မာစာနယ္ဇင္းက ပုိမုိ လြတ္လပ္ ပြင့္လင္းလာလိမ့္မယ္လို႔ ေမွ်ာ္လင့္သလို စာနယ္ဇင္းလြတ္လပ္ခြင့္ေတြကို နားလည္တဲ့သူအျဖစ္ ေျပာဆုိၾကပါတယ္။ အျပည့္အစံုကို မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ သမၼတဦးထင္ေက်ာ္တင္သြင္းတဲ့၀န္ႀကီး ၁၈ ဦးထဲမွာ ျပန္ၾကားေရး၀န္ႀကီးအျဖစ္ စားေရးဆရာ ေဒါက္တာေဖျမင့္ကို အမည္စာရင္း တင္သြင္းခံခဲ့ရတာပါ။ သူဟာ ျမန္မာစာနယ္ဇင္းေကာင္စီမွာ ပထမ ၅ ႏွစ္တာကာလမွာေကာ လက္ရွိမွာေကာ တာ၀န္ယူေနသူတဦးျဖစ္ၿပီး မွ်တတဲ့ သေဘာထားရွိသူ နာမည္ပ်က္မရွိသူအျဖစ္ ထင္ရွားပါတယ္။ သူ႔ကုိ စာနယ္ဇင္းသမားေတြကေတာ့ ျပန္ႀကား၀န္ႀကီး ျဖစ္လာမယ္ဆုိရင္ ျမန္မာစာနယ္ဇင္းေလာကကုိ သိနားလည္သူျဖစ္တဲ့အတြက္ စာနယ္ဇင္းလြတ္လပ္ခြင့္ေတြ ပိုမို ရရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကတာပါ။

Tomorrow ဂ်ာနယ္အယ္ဒီတာခ်ဳပ္ စာနယ္ဇင္းသမား ဦးေဇာ္သက္ေထြးကေတာ့ စာေရးဆရာႀကီး ေဖျမင့္ ျပန္ၾကားေရး၀န္ႀကီး ျဖစ္လာမယ္ဆုိရင္ ျမန္မာ့စာနယ္ဇင္းအေျခအေနကို နားလည္ၿပီး မီဒီယာမွာ ဘာေတြလိုအပ္တယ္ဆုိတာ သိနားလည္သူမို႔ ေကာင္းမြန္တယ္လုိ႔ အခုလို သံုးသပ္ေျပာဆုိပါတယ္။

“ဆရာေဖျမင့္ျဖစ္တာေတာ့ က်ေနာ္တုိ႔ ေက်နပ္သေဘာက်ပါတယ္ေပါ့။ ဘာလို႔လဲဆုိေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း မီဒီယာရဲ႕ အေျခအေနကို နားလည္တယ္။ ေနာက္တခုက မီဒီယာ ဘာေတြ လုိအပ္တယ္ဆုိတာလည္း သူသိတယ္ေလ။”

ေလဒီဂ်ာနယ္ရဲ႕ အယ္ဒီတာ စာနယ္ဇင္းသမား စိုင္းထြန္းေအာင္လြင္ကေတာ့ စာေရးဆရာႀကီးေဖျမင့္ဟာ နာမည္ပ်က္မရွိသူအျဖစ္ ထင္ရွားသလို ဘယ္အစိုးရလက္ထက္ပဲျဖစ္ျဖစ္ ရပ္တည္ခ်က္မွန္ကန္သူျဖစ္တာေၾကာင့္ ၀န္ႀကီးေကာင္းတဦး ျဖစ္လာမယ္ဆိုတာကို သံသယျဖစ္စရာေတာင္ မလိုဘူးလို ့ဆိုပါတယ္။

“ေရွးအစိုးရလက္ထက္ေတြမွာပဲျဖစ္ျဖစ္ ဘာေတြမွာပဲျဖစ္ျဖစ္ တခ်ိဳ႕ စာနယ္ဇင္းသမားေတြဟာ တခ်ိဳ႕ အစိုးရနဲ႔ တအား နီးစပ္သြားတာတို႔ ဘာတို႔ ရွိခဲ့ေပမဲ့ သူ႔အေနနဲ႔ကေတာ့ အဲ့ဒါမ်ိဳး လုပ္ခဲ့တာ မရွိဘူး။ ႐ိုးသားျဖဴစင္မႈလည္း ရွိတယ္ေပါ့။ လက္ရွိ ရေနတဲ့ အေနအထားထက္လည္း ပိုၿပီး လြတ္လပ္ခြင့္ေတြ ရလာမယ္။ စာနယ္ဇင္း အခြင့္အေရးေတြ ပိုၿပီး ရလာမယ္လို႔လည္း ေမွ်ာ္လင့္ထားတယ္။”

ဒါေပမဲ့ ဒီမုိကေရစီအစိုးရလက္ထက္မွာ မီဒီယာလြတ္လပ္ခြင့္ေတြ ပိုမုိရရွိေအာင္ လုပ္ေဆာင္ေပးဖို႔ကေတာ့ အစိုးရကထိန္းခ်ဳပ္ထားမႈေတြ မရွိဖို႔ လိိုအပ္တယ္လို႔လည္း ေျပာဆိုလိုက္ပါတယ္။ စာေရးဆရာႀကီး ေဖျမင့္ကို သူတာ၀န္ယူရၿပီဆုိရင္ စာနယ္ဇင္းလြတ္လပ္ခြင့္ေတြအတြက္ ဘယ္ေလာက္ထိ လုပ္ေဆာင္ႏုိင္မလဲ ေမးတဲ့အခါမွာေတာ့ ျပန္ၾကားေရး၀န္ႀကီးအျဖစ္ တိတိက်က် ေရြးခ်ယ္ခံရၿပီဆုိေတာ့မွသာ ေျပာဆိုခ်င္တဲ့အေၾကာင္း အခုလို ေျပာျပပါတယ္။

“Confirmation ေပါ့ေနာ္ ၿပီးေတာ့မွပဲ အင္တာဗ်ဴးေလး ဘာေလး လုပ္တာေကာင္းတယ္လို႔။ အခုေတာ့ လုပ္လို႔ မေကာင္းပါဘူး။ နဲနဲ ေစာပါေသးတယ္။”

စာေရးဆရာႀကီး ေဒါက္တာေဖျမင့္ဟာ ရခိုင္ျပည္ သံတဲြၿမိဳ႕ဇာတိျဖစ္ၿပီး ၁၉၇၅ ခုႏွစ္မွာ  ေဆးတကၠသိုလ္ (၁) ရန္ကုန္ကေန အမ္ဘီဘီအက္စ္ဘြဲ႔ ရရွိခဲ့ပါတယ္။ ေဆးေက်ာင္းသား ဘဝကေန  စာေပေရးသားခဲ့ၿပီး ၁၉၇၇-ခုႏွစ္ကေန  ၁၉၇၈-ခုႏွစ္အတြင္း အေထြေထြကု ဆရာဝန္အျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္အထိ ျပင္ပ အေထြေထြေရာဂါကု ဆရာဝန္အျဖစ္ ေဆာင္ရြက္ခဲ့ၿပီး ေနာက္တြင္ စာေပလုပ္ငန္းတခုတည္းကိုသာ လုပ္ကိုင္ခဲ့တာပါ။ သူရဲ႕အေအာင္ျမင္ဆံုး စာအုပ္ေတြကေတာ့ ေဆးရံု၊ အခ်စ္ဦး၊ လူနာေဆာင္ အမွတ္ေျခာက္၊ ကြ်န္းႏွင့္ အျခား ၀တၳဳတိုမ်ား၊ ေအာင္ျမင္မႈ ခ်မ္းသာ သုခႏွင့္ ဓနဥစၥာ၊ မဟာ က႐ုဏာမ်ားႏွင့္ ဘာေၾကာင့္ ခုထိ မခ်မ္းသာ ေသးတာလဲ စတဲ့့ စာအုပ္ေတြပါ။

ဆရာႀကီးေဖျမင့္ဟာ လူသံုးကုန္ပစၥည္း ေရာင္းသူမ်ားႏွင့္ အျခား၀တၳဳတိုမ်ား စာအုပ္နဲ႔ ၁၉၉၅ ခုႏွစ္မွာ အမ်ိဳးသားစာေပဆု (၀တၳဳတိုေပါင္းခ်ုပ္ဆု) ရရွိခဲ့ၿပီး သူရဲ ့ဘာသာျပန္စာအုပ္ေတြဟာလည္း စာဖတ္သူေတြအတြက္ ဘ၀သခၤန္းစာေတြ ရရွိေစသလို စိတ္ခြန္အားေတြ ရရွိေစတဲ့ စာေပမ်ားအျဖစ္ လူငယ္ေတြၾကားမွာ ထင္ရွားခဲ့ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................


မြန်မာသမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုုဝန်ကြီး အမည်စာရင်းမှာ ပါ၀င်လာပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုပြီး သတင်းထွက်နေတဲ့ စာရေးဆရာ ဒေါက်တာဖေမြင့်ကို စာနယ်ဇင်းသမားတွေက ကြိုဆိုလိုက်ပြီး သူသာပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းက ပိုမို လွတ်လပ် ပွင့်လင်းလာလိမ့်မယ်လို့ မျှော်လင့်သလို စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နားလည်တဲ့သူအဖြစ် ပြောဆိုကြပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော်တင်သွင်းတဲ့ဝန်ကြီး ၁၈ ဦးထဲမှာ ပြန်ကြားရေးဝန်ကြီးအဖြစ် စားရေးဆရာ ဒေါက်တာဖေမြင့်ကို အမည်စာရင်း တင်သွင်းခံခဲ့ရတာပါ။ သူဟာ မြန်မာစာနယ်ဇင်းကောင်စီမှာ ပထမ ၅ နှစ်တာကာလမှာကော လက်ရှိမှာကော တာဝန်ယူနေသူတဦးဖြစ်ပြီး မျှတတဲ့ သဘောထားရှိသူ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားပါတယ်။ သူ့ကို စာနယ်ဇင်းသမားတွေကတော့ ပြန်ကြားဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းလောကကို သိနားလည်သူဖြစ်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ပိုမို ရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

Tomorrow ဂျာနယ်အယ်ဒီတာချုပ် စာနယ်ဇင်းသမား ဦးဇော်သက်ထွေးကတော့ စာရေးဆရာကြီး ဖေမြင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာ့စာနယ်ဇင်းအခြေအနေကို နားလည်ပြီး မီဒီယာမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိနားလည်သူမို့ ကောင်းမွန်တယ်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဆရာဖေမြင့်ဖြစ်တာတော့ ကျနော်တို့ ကျေနပ်သဘောကျပါတယ်ပေါ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မီဒီယာရဲ့ အခြေအနေကို နားလည်တယ်။ နောက်တခုက မီဒီယာ ဘာတွေ လိုအပ်တယ်ဆိုတာလည်း သူသိတယ်လေ။”

လေဒီဂျာနယ်ရဲ့ အယ်ဒီတာ စာနယ်ဇင်းသမား စိုင်းထွန်းအောင်လွင်ကတော့ စာရေးဆရာကြီးဖေမြင့်ဟာ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားသလို ဘယ်အစိုးရလက်ထက်ပဲဖြစ်ဖြစ် ရပ်တည်ချက်မှန်ကန်သူဖြစ်တာကြောင့် ၀န်ကြီးကောင်းတဦး ဖြစ်လာမယ်ဆိုတာကို သံသယဖြစ်စရာတောင် မလိုဘူးလို ့ဆိုပါတယ်။

“ရှေးအစိုးရလက်ထက်တွေမှာပဲဖြစ်ဖြစ် ဘာတွေမှာပဲဖြစ်ဖြစ် တချို့ စာနယ်ဇင်းသမားတွေဟာ တချို့ အစိုးရနဲ့ တအား နီးစပ်သွားတာတို့ ဘာတို့ ရှိခဲ့ပေမဲ့ သူ့အနေနဲ့ကတော့ အဲ့ဒါမျိုး လုပ်ခဲ့တာ မရှိဘူး။ ရိုးသားဖြူစင်မှုလည်း ရှိတယ်ပေါ့။ လက်ရှိ ရနေတဲ့ အနေအထားထက်လည်း ပိုပြီး လွတ်လပ်ခွင့်တွေ ရလာမယ်။ စာနယ်ဇင်း အခွင့်အရေးတွေ ပိုပြီး ရလာမယ်လို့လည်း မျှော်လင့်ထားတယ်။”

ဒါပေမဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးဖို့ကတော့ အစိုးရကထိန်းချုပ်ထားမှုတွေ မရှိဖို့ လိိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ စာရေးဆရာကြီး ဖေမြင့်ကို သူတာဝန်ယူရပြီဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေအတွက် ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲ မေးတဲ့အခါမှာတော့ ပြန်ကြားရေးဝန်ကြီးအဖြစ် တိတိကျကျ ရွေးချယ်ခံရပြီဆိုတော့မှသာ ပြောဆိုချင်တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“Confirmation ပေါ့နော် ပြီးတော့မှပဲ အင်တာဗျူးလေး ဘာလေး လုပ်တာကောင်းတယ်လို့။ အခုတော့ လုပ်လို့ မကောင်းပါဘူး။ နဲနဲ စောပါသေးတယ်။”

စာရေးဆရာကြီး ဒေါက်တာဖေမြင့်ဟာ ရခိုင်ပြည် သံတွဲမြို့ဇာတိဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ  ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိခဲ့ပါတယ်။ ဆေးကျောင်းသား ဘဝကနေ  စာပေရေးသားခဲ့ပြီး ၁၉၇၇-ခုနှစ်ကနေ  ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အထိ ပြင်ပ အထွေထွေရောဂါကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်တွင် စာပေလုပ်ငန်းတခုတည်းကိုသာ လုပ်ကိုင်ခဲ့တာပါ။ သူရဲ့အအောင်မြင်ဆုံး စာအုပ်တွေကတော့ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ၀တ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စတဲ့့ စာအုပ်တွေပါ။

ဆရာကြီးဖေမြင့်ဟာ လူသုံးကုန်ပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်မှာ အမျိုးသားစာပေဆု (၀တ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့ပြီး သူရဲ ့ဘာသာပြန်စာအုပ်တွေဟာလည်း စာဖတ်သူတွေအတွက် ဘဝသင်္ခန်းစာတွေ ရရှိစေသလို စိတ်ခွန်အားတွေ ရရှိစေတဲ့ စာပေများအဖြစ် လူငယ်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment