ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၀န္ႀကီးရာထူး (၄)ေနရာ


NLD အစိုးရအဖဲြ႔မွာ ေဒၚေအာင္ဆန္းစုၾကည္ ၀န္ႀကီးရာထူးတာ၀န္ယူမွာျဖစ္တဲ့ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ ပါတီဥကၠဌေနရာနဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ကပါ ႏုတ္ထြက္ေပးရမွာျဖစ္ပါတယ္။

ဒါအျပင္ထြက္ေပၚေနတဲ့သတင္းေတြအရ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံျခားေရး၀န္ႀကီးဌာနအပါအ၀င္ အျခားအေရးပါတဲ့ ၀န္ႀကီးဌာန (၃)ခုကိုလည္း ပူးတဲြကိုင္တြယ္မွာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္တဦးတည္းက ၀န္ႀကီးဌာန (၄)ခုလံုးတာ၀န္ယူေဆာင္ရြက္မယ္ဆိုတဲ့ သတင္းအေပၚ ျမန္မာ့အေရးကြ်မ္းက်င္သူ တခ်ဳိ႕ရဲ႕ အျမင္ေတြကို မအင္ၾကင္းႏိုင္က ေမးျမန္းတင္ဆက္ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တရား၀င္ဘယ္ေနရာကေန ဦးေဆာင္သြားမလဲလို႔ အမ်ားက ေစာင့္ၾကည့္ေနခ်ိန္မွာပဲ ျပည္ေထာင္စုလႊတ္ေတာ္မွာ မေန႔က သမၼတဦးထင္ေက်ာ္တင္သြင္းထားတဲ့ အစိုးရအဖဲြ႕၀န္ႀကီး (၁၈)ဦးအမည္စာရင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ပါ၀င္ခဲ့ပါတယ္။ အတည္မျပဳရေသးတဲ့ သတင္းေတြအရ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံျခားေရး၊ သမၼတရံုး၊ လွ်ပ္စစ္စြမ္းအင္နဲ႔ ပညာေရး၀န္ႀကီးဌာန (၄)ခုကို ပူးတဲြတာ၀န္ယူမွာျဖစ္တယ္လို႔ဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဒီ၀န္ႀကီးဌာန(၄)ခုလံုးကို ကိုင္တြယ္မယ့္အေနအထားနဲ႔ ပတ္သက္ လို႔ ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံမွဴးေဟာင္း Priscilla Clapp က သူ႔အျမင့္ကို ဗီြအိုေအကိုေျပာပါတယ္။

“ဌာန (၄)ခုရဲ႕ ၀န္ႀကီးရာထူးေတြယူထားေတာ့ တာ၀န္ေတြသိပ္ႀကီးတာေပါ့။ သမၼတရံုး၀န္ႀကီးအျဖစ္ သူ႔အေနနဲ႔ သမၼတနဲ႔ တိုက္ရိုက္ဆက္သြယ္ခြင့္ရမွာျဖစ္ပါ တယ္။ မၾကာခင္သက္တမ္းကုန္ဆံုးေတာ့မယ့္ သမၼတဦးသိန္းစိန္ေခတ္က သမၼတရံုး၀န္ႀကီးေတြအေနနဲ႔ အထူးအာဏာရွိၾကၿပီး သမၼတအတြက္ ခက္ခဲတဲ့ ကိစၥရပ္ေတြကို ကိုင္တြယ္ေျဖရွင္းေပး ၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ သမၼတရံုး၀န္ႀကီး အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔လည္း အခုလိုဆက္လုပ္သြားဖို႔ရွိ ပါတယ္။ ႏိုင္ငံျခားေရး၀န္ႀကီးအျဖစ္နဲ႔ေတာ့ သူဟာ တိုင္းျပည္ရဲ႕ ႏိုင္ငံျခားေရးမူ ၀ါဒေတြကို တာ၀န္ယူရမွာျဖစ္ပါတယ္။ ဒါအျပင္ သမၼတ၊ ဒုသမၼတ၊ တပ္ခ်ဳပ္နဲ႔ လႊတ္ေတာ္ဥကၠဌေတြပါ၀င္တဲ့ ကာလံုေကာင္စီမွာလည္း သူကအဖဲြ႔၀င္တဦးျဖစ္လာမွာပါ။ အျခား၀န္ႀကီးဌာန (၂)ခုကေတာ့ စိတ္၀င္စားစရာပဲ။ သူကအမ်ဳိးသားပညာေရးဥပေဒမွာ သိပ္ကိုစိတ္၀င္စားၿပီး ပညာေရးမွာလည္း စိတ္အားထက္သန္တာေတြ႔ရပါတယ္။ လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာနကလည္း ႏိုင္ငံအတြက္သိပ္ကိုအေရးႀကီးလွပါတယ္။ က်မအျမင္အရေတာ့ ဒီ၀န္ႀကီးဌာနေတြမွာ အေျပာင္းအလဲေတြျဖစ္ဖို႔ လိုလားေနတယ္လုိ႔ သူယူဆပံုရတယ္လို႔ က်မထင္ပါတယ္။”

ဒါအျပင္ ဒီ၀န္ႀကီးဌာနေတြကို ကိုင္တြယ္ဖို႔ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္မွာ အရည္အခ်င္းျပည့္၀တဲ့ လက္ေထာက္ေကာင္းေတြရွိဖို႔ လိုအပ္တယ္လို႔ျမင္ေၾကာင္း Priscilla Clapp ကဆိုပါတယ္။

“သူ႔အေနနဲ႔ ၀န္ႀကီးဌာနေတြမွာ အားကိုးရမယ့္လက္ေထာက္ေတြရွိမယ္၊ အမႈထမ္းေတြလည္း ေတာ္ၾကမယ္ဆိုရင္ သူ႔အေနနဲ႔ တာ၀န္အားလံုးယူရမယ့္အစား လမ္းညႊန္မႈေပးႏိုင္မွာပါ။ ဒီလို၀န္ႀကီးဌာနေတြကို ယူရတာဟာ သူ႔အေနနဲ႔လမ္းညႊန္မႈေပးလို႔တဲ့အတြက္ျဖစ္တယ္လို႔ က်မထင္ပါတယ္။ ဒါအျပင္ ဒီအစိုးရသစ္လက္ထက္မွာ ၀န္ႀကီးဌာနေတြရဲ႕ လည္ပတ္မႈပံုစံမ်ဳိးကို လည္း ေျပာင္းခ်င္ပံုရတယ္လို႔ က်မထင္ပါတယ္။ ဆံုးျဖတ္ခ်က္ခ်ရမွာ ၀န္ႀကီးကပဲခ်ရမယ္ဆိုတဲ့ စနစ္မ်ဳိးကို အစိုးရေဟာင္းလက္ထက္က က်င့္သံုးခံတဲ့အတိုင္း ဒါဟာ သိပ္အလုပ္မျဖစ္တာေတြ႕ခဲ့ရပါတယ္။ ဒီလိုအေတြးအေခၚကိုလည္း ေျပာင္းလဲခ်င္ပံုရတယ္လို႔ ယူဆပါတယ္။"

ဖဲြ႕စည္းပံုအရ ေဒၚေအာင္ဆန္းစုၾကည္ သမၼတမျဖစ္ေအာင္တားျမစ္ထားလို႔သာ အခုလို ၀န္ႀကီးဌာနေတြကို တာ၀န္ယူလိုက္တာျဖစ္တယ္လို႔ Priscilla Clapp ကသံုးသပ္ေပမယ့္ အခုကိစၥမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၀န္ႀကီးဌာနေတြမွာ ေနရာ၀င္ယူမယ့္အတြက္ အခက္အခဲေတြအမ်ားႀကီးရွိမွာျဖစ္တယ္လို႔ျမင္ေၾကာင္း ျမန္မာ့အေရးကြ်မ္းက်င္သူ ပါေမာကၡ David Steingberg ကေျပာပါတယ္။

“ေယဘုယ်ေျပာရမယ္ဆိုရင္ ႏိုင္ငံတကာမွာ သမၼတရဲ႕အလုပ္က လုပ္ငန္းတာ၀န္ေတြခဲြေ၀ေပးရတာပါ။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္မွာ ဒီ၀န္ႀကီးဌာနေတြရွိေနတာျဖစ္ပါတယ္။ သူတေယာက္တည္း ၀န္ႀကီးဌာနေတြကို ကိုင္တြယ္ႏိုင္မယ္လို႔ က်ေနာ္မထင္ပါဘူး။ ဘယ္လူပုဂၢိဳလ္တဦးတေယာက္ကမွ ဒီလို၀န္ႀကီးဌာနေတြကို တၿပိဳင္နက္တည္းကိုင္တြယ္ႏိုင္မယ္လို႔ က်ေနာ္မထင္ပါဘူး။ ဒါမ်ဳိးဆုိတာ သူရဲ႕ စြမ္းအားတခုတည္းနဲ႔မရပါဘူး။ လူအားလံုးရဲ႕စြမ္းအားျဖစ္ပါတယ္။ အလြန္အလြန္ခက္ခဲတဲ့အလုပ္ေတြပါ။ အဲဒါေတြကို သူတေယာက္တည္း လုပ္မယ္ဆိုတဲ့ အဓိပၸါယ္က စစ္တပ္ကထိန္းခ်ဳပ္မထားတဲ့ က်န္တဲ့ ၀န္ႀကီးဌာနေတြအားလံုးကို သူ႔အေနနဲ႔ ႀကိဳးစားထိန္းေက်ာင္းသြား မယ္ဆိုတာပါ။ ေနာက္ၿပီး အသစ္ျပဳလုပ္လိုက္တဲ့ တိုင္းရင္းသားေရးရာ၀န္ႀကီးဌာနဟာဆိုရင္လည္း နယ္စပ္ေရးရာ၀န္ႀကီးဌာနနဲ႕ အၿပိဳင္အဆိုင္ျဖစ္လာဖို႔ရွိပါတယ္။ ဒါေတြဟာ အနာဂတ္အတြက္ ျပႆနာေတြ ရွိေနၿပီးသားျဖစ္ေနတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ဒီလို အလြန္ခက္ခဲတဲ့အလုပ္ေတြရွိေနတာသိရဲ႕သားနဲ႔ အေရးႀကီးတဲ့ ၀န္ႀကီးဌာန တခ်ဳိ႕ကို သူတေယာက္တည္းပဲ ကိုင္တြယ္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဘာေၾကာင့္ဆံုးျဖတ္ခဲ့တယ္လို႔ ထင္ပါသလဲလို႔ ေမးၾကည့္ေတာ့ David Steinberg ျပန္ေျဖတာက

“ဒီေမးခြန္းကို ေဒၚေအာင္ဆန္းစုၾကည္ပဲ ေျဖႏုိင္မွာပါ။ ဒါေပမဲ့ က်ေနာ္တို႔အားလံုးလဲ အဓိကအေၾကာင္းအရာဘာေတြျဖစ္ႏိုင္မလဲဆိုတာ ခန္႔မွန္းၾကပါတယ္။ က်ေနာ့္အျမင္အရေတာ့ သူ႕အေနနဲ႔ ဒီအလုပ္ေတြအားလံုးကို လုပ္ႏိုင္မယ္လို႔ သူယံုၾကည္တဲ့အတြက္ေၾကာင့္လို႔ထင္ပါတယ္။ တိုင္းျပည္အက်ဳိးအတြက္ သူ႕အေနနဲ႔ လုပ္ႏိုင္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ယံုၾကည္ေနတာပါ။ တကယ္တမ္းမွာေတာ့ ဒီလိုလုပ္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ သူ႔ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏိုင္ငံအတြက္ေဆာင္ရြက္ခဲ့တဲ့အေပၚမွာ လက္ရွိ သူဟာလည္း တိုင္းျပည္ရဲ႕ ေခါင္းေဆာင္ဆိုတဲ့ ခံစားခ်က္ရွိေနတာေၾကာင့္ အခုလို တာ၀န္ယူေဆာင္ရြက္တာျဖစ္ႏိုင္ပါတယ္” လို႔ေျပာသြားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရအဖဲြ႕မွာပါ၀င္ၿပီး တာ၀န္ယူ လုပ္ေဆာင္သြား မွာ ျဖစ္တဲ့အတြက္လည္း ၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ NLD ဥကၠဌ ေနရာ နဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာေတြကေန ႏုတ္ထြက္ေပးရမွာျဖစ္ပါတယ္။ NLD ပါတီအေနနဲ႔ လည္းအဲဒီအတြက္ျပင္ဆင္ထားၿပီသားျဖစ္တယ္လို႔ NLD ဗဟိုသုေတသန လမ္းညြန္အဖဲြ႕ အတြင္းေရးမွဴး ကိုမ်ဳိးရန္ေနာင္သိမ္းကေျပာပါတယ္။

“၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ အစိုးရအဖဲြ႔မွာ ၀န္ႀကီးေနရာယူမယ္ဆိုရင္ ပါတီမွာ ဦးေဆာင္လို႔မရေတာ့ဘူးေပါ့။ ဒါေပမယ့္ ဒီလိုမ်ဳိးကိစၥေတြကို မလုပ္ခင္မွာကတည္းက ႀကိဳျပင္ဆင္ခဲ့တာရွိပါတယ္။ အန္ကယ္ဦး၀င္းထိန္၊ ဦးဥာဏ္၀င္း၊ ဦးဟံသာျမင့္၊ ဦး၀င္းျမင့္၊ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ ပါတဲ့အတြင္းေရးမႈးအဖဲြ႔ ဖဲြ႕ခဲ့ပါတယ္။ ဒါကေတာ့ ပါတီကိုထိန္းေက်ာင္းဖို႔အတြက္ ဆက္ၿပီးေတာ့ ဦးေဆာင္ဖို႔အတြက္ ဖဲြ႕ခဲ့တာျဖစ္ပါတယ္။ ဒၚေအာင္ဆန္း စုၾကည္ကေတာ့ ပံုစံတမ်ဳိးမဟုတ္ တမ်ဳိးနဲ႔ေတာ့ ဆက္ၿပီးဦးေဆာင္ေန မွာပါ။”

NLD အစိုးရအဖဲြ႔၀င္ ၀န္ႀကီး(၁၈)ဦးမွာ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ NLD ပါတီ၀င္ (၆)ဦး၊ ႀကံခိုင္ဖြံၿဖိဳးေရးပါတီ၀င္ (၂)ဦး၊ တိုင္းရင္းသားေရးရာ၀န္ႀကီး (၁)ဦး၊ ပညာရွင္ (၆)ဦးနဲ႔ က်န္ (၃)ဦးကေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္က အဆိုျပဳထားသူေတြျဖစ္ပါတယ္။ ဒီ၀န္ႀကီး (၁၈)ဦးကို ျပည္ေထာင္စုလႊတ္ေတာ္မွာ မတ္လ (၂၄)ရက္ေန႔မွာ ဆံုးျဖတ္အတည္ျပဳမွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........


NLD အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးရာထူးတာဝန်ယူမှာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌနေရာနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။

ဒါအပြင်ထွက်ပေါ်နေတဲ့သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အခြားအရေးပါတဲ့ ၀န်ကြီးဌာန (၃)ခုကိုလည်း ပူးတွဲကိုင်တွယ်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းက ၀န်ကြီးဌာန (၄)ခုလုံးတာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် မြန်မာ့အရေးကျွမ်းကျင်သူ တချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင်ဘယ်နေရာကနေ ဦးဆောင်သွားမလဲလို့ အများက စောင့်ကြည့်နေချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က သမ္မတဦးထင်ကျော်တင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝန်ကြီး (၁၈)ဦးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါ၀င်ခဲ့ပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ လျှပ်စစ်စွမ်းအင်နဲ့ ပညာရေးဝန်ကြီးဌာန (၄)ခုကို ပူးတွဲတာဝန်ယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဝန်ကြီးဌာန(၄)ခုလုံးကို ကိုင်တွယ်မယ့်အနေအထားနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမှူးဟောင်း Priscilla Clapp က သူ့အမြင့်ကို ဗွီအိုအေကိုပြောပါတယ်။

“ဌာန (၄)ခုရဲ့ ၀န်ကြီးရာထူးတွေယူထားတော့ တာဝန်တွေသိပ်ကြီးတာပေါ့။ သမ္မတရုံးဝန်ကြီးအဖြစ် သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရမှာဖြစ်ပါ တယ်။ မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဦးသိန်းစိန်ခေတ်က သမ္မတရုံးဝန်ကြီးတွေအနေနဲ့ အထူးအာဏာရှိကြပြီး သမ္မတအတွက် ခက်ခဲတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေး ကြရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရုံးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုလိုဆက်လုပ်သွားဖို့ရှိ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့တော့ သူဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူ ၀ါဒတွေကို တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါအပြင် သမ္မတ၊ ဒုသမ္မတ၊ တပ်ချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေပါ၀င်တဲ့ ကာလုံကောင်စီမှာလည်း သူကအဖွဲ့ဝင်တဦးဖြစ်လာမှာပါ။ အခြားဝန်ကြီးဌာန (၂)ခုကတော့ စိတ်ဝင်စားစရာပဲ။ သူကအမျိုးသားပညာရေးဥပဒေမှာ သိပ်ကိုစိတ်ဝင်စားပြီး ပညာရေးမှာလည်း စိတ်အားထက်သန်တာတွေ့ရပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း နိုင်ငံအတွက်သိပ်ကိုအရေးကြီးလှပါတယ်။ ကျမအမြင်အရတော့ ဒီဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေဖြစ်ဖို့ လိုလားနေတယ်လို့ သူယူဆပုံရတယ်လို့ ကျမထင်ပါတယ်။”

ဒါအပြင် ဒီဝန်ကြီးဌာနတွေကို ကိုင်တွယ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းပြည့်ဝတဲ့ လက်ထောက်ကောင်းတွေရှိဖို့ လိုအပ်တယ်လို့မြင်ကြောင်း Priscilla Clapp ကဆိုပါတယ်။

“သူ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ အားကိုးရမယ့်လက်ထောက်တွေရှိမယ်၊ အမှုထမ်းတွေလည်း တော်ကြမယ်ဆိုရင် သူ့အနေနဲ့ တာဝန်အားလုံးယူရမယ့်အစား လမ်းညွှန်မှုပေးနိုင်မှာပါ။ ဒီလိုဝန်ကြီးဌာနတွေကို ယူရတာဟာ သူ့အနေနဲ့လမ်းညွှန်မှုပေးလို့တဲ့အတွက်ဖြစ်တယ်လို့ ကျမထင်ပါတယ်။ ဒါအပြင် ဒီအစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေရဲ့ လည်ပတ်မှုပုံစံမျိုးကို လည်း ပြောင်းချင်ပုံရတယ်လို့ ကျမထင်ပါတယ်။ ဆုံးဖြတ်ချက်ချရမှာ ၀န်ကြီးကပဲချရမယ်ဆိုတဲ့ စနစ်မျိုးကို အစိုးရဟောင်းလက်ထက်က ကျင့်သုံးခံတဲ့အတိုင်း ဒါဟာ သိပ်အလုပ်မဖြစ်တာတွေ့ခဲ့ရပါတယ်။ ဒီလိုအတွေးအခေါ်ကိုလည်း ပြောင်းလဲချင်ပုံရတယ်လို့ ယူဆပါတယ်။"

ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင်တားမြစ်ထားလို့သာ အခုလို ၀န်ကြီးဌာနတွေကို တာဝန်ယူလိုက်တာဖြစ်တယ်လို့ Priscilla Clapp ကသုံးသပ်ပေမယ့် အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးဌာနတွေမှာ နေရာဝင်ယူမယ့်အတွက် အခက်အခဲတွေအများကြီးရှိမှာဖြစ်တယ်လို့မြင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steingberg ကပြောပါတယ်။

“ယေဘုယျပြောရမယ်ဆိုရင် နိုင်ငံတကာမှာ သမ္မတရဲ့အလုပ်က လုပ်ငန်းတာဝန်တွေခွဲဝေပေးရတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ဒီဝန်ကြီးဌာနတွေရှိနေတာဖြစ်ပါတယ်။ သူတယောက်တည်း ၀န်ကြီးဌာနတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဘယ်လူပုဂ္ဂိုလ်တဦးတယောက်ကမှ ဒီလိုဝန်ကြီးဌာနတွေကို တပြိုင်နက်တည်းကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဒါမျိုးဆိုတာ သူရဲ့ စွမ်းအားတခုတည်းနဲ့မရပါဘူး။ လူအားလုံးရဲ့စွမ်းအားဖြစ်ပါတယ်။ အလွန်အလွန်ခက်ခဲတဲ့အလုပ်တွေပါ။ အဲဒါတွေကို သူတယောက်တည်း လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်က စစ်တပ်ကထိန်းချုပ်မထားတဲ့ ကျန်တဲ့ ၀န်ကြီးဌာနတွေအားလုံးကို သူ့အနေနဲ့ ကြိုးစားထိန်းကျောင်းသွား မယ်ဆိုတာပါ။ နောက်ပြီး အသစ်ပြုလုပ်လိုက်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာဆိုရင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ အပြိုင်အဆိုင်ဖြစ်လာဖို့ရှိပါတယ်။ ဒါတွေဟာ အနာဂတ်အတွက် ပြဿနာတွေ ရှိနေပြီးသားဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။”

ဒီလို အလွန်ခက်ခဲတဲ့အလုပ်တွေရှိနေတာသိရဲ့သားနဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာန တချို့ကို သူတယောက်တည်းပဲ ကိုင်တွယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်လို့ ထင်ပါသလဲလို့ မေးကြည့်တော့ David Steinberg ပြန်ဖြေတာက

“ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြေနိုင်မှာပါ။ ဒါပေမဲ့ ကျနော်တို့အားလုံးလဲ အဓိကအကြောင်းအရာဘာတွေဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြပါတယ်။ ကျနော့်အမြင်အရတော့ သူ့အနေနဲ့ ဒီအလုပ်တွေအားလုံးကို လုပ်နိုင်မယ်လို့ သူယုံကြည်တဲ့အတွက်ကြောင့်လို့ထင်ပါတယ်။ တိုင်းပြည်အကျိုးအတွက် သူ့အနေနဲ့ လုပ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတာပါ။ တကယ်တမ်းမှာတော့ ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ လက်ရှိ သူဟာလည်း တိုင်းပြည်ရဲ့ ခေါင်းဆောင်ဆိုတဲ့ ခံစားချက်ရှိနေတာကြောင့် အခုလို တာဝန်ယူဆောင်ရွက်တာဖြစ်နိုင်ပါတယ်” လို့ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာပါ၀င်ပြီး တာဝန်ယူ လုပ်ဆောင်သွား မှာ ဖြစ်တဲ့အတွက်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ဥက္ကဌ နေရာ နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေကနေ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ လည်းအဲဒီအတွက်ပြင်ဆင်ထားပြီသားဖြစ်တယ်လို့ NLD ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့မှာ ၀န်ကြီးနေရာယူမယ်ဆိုရင် ပါတီမှာ ဦးဆောင်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် ဒီလိုမျိုးကိစ္စတွေကို မလုပ်ခင်မှာကတည်းက ကြိုပြင်ဆင်ခဲ့တာရှိပါတယ်။ အန်ကယ်ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတဲ့အတွင်းရေးမှုးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါကတော့ ပါတီကိုထိန်းကျောင်းဖို့အတွက် ဆက်ပြီးတော့ ဦးဆောင်ဖို့အတွက် ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒါ်အောင်ဆန်း စုကြည်ကတော့ ပုံစံတမျိုးမဟုတ် တမျိုးနဲ့တော့ ဆက်ပြီးဦးဆောင်နေ မှာပါ။”

NLD အစိုးရအဖွဲ့ဝင် ၀န်ကြီး(၁၈)ဦးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင် (၆)ဦး၊ ကြံခိုင်ဖွံဖြိုးရေးပါတီဝင် (၂)ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး (၁)ဦး၊ ပညာရှင် (၆)ဦးနဲ့ ကျန် (၃)ဦးကတော့ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုထားသူတွေဖြစ်ပါတယ်။ ဒီဝန်ကြီး (၁၈)ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ (၂၄)ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)