Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

ရခိုင္ ေရနံ ေစာင့္ၾကည့္ေရး အဖြဲ႕ အစီရင္ခံစာထုတ္



ရခိုင္ ျပည္နယ္ မွာ ရွိတဲ့ စီမံကိန္းေတြ နဲ႔ ပတ္သက္ လို႔ ရခိုင္ေရနံ ေစာင့္ၾကည့္ေရးအဖြဲ႕(Arakan Oil Watch) အဖြဲ႕က ေန သယံဇာတ က်ိန္စာ ကို တိုက္ဖ်က္ျခင္း ဗဟို အစိုးရ ခ်ဳပ္ကိုင္မွု အာဏာကို ေလၽွာ့ခ်၍ သယံဇာတ ဆိုင္ရာ စီမံခန႔္ခြဲျခင္း" ေခါင္းစဥ္နဲ႔ အစီရင္ခံစာ ထုတ္ျပန္ လိုက္ပါတယ္။

ရခိုင္ ျပည္နယ္ မွာ တူးေဖာ္ ထုတ္လုပ္ ေနတဲ့ စီမံကိန္း ေတြမွာ စီမံ ခန႔္ခြဲမွုနဲ႔ အက်ိဳးအျမတ္ ခံစားခြင့္ေတြ ရဖို႔ နဲ႔ ျပည္ေထာင္စု အစိုးရ ကေန ခ်ဳပ္ကိုင္မွု ေလၽွာ့ခ်ဖို႔ေတြ နဲ႔ ပတ္သက္လို႔ ရခိုင္ ေရနံ ေစာင့္ၾကည့္ေရး အဖြဲ႕(Arakan Oil Watch) အဖြဲ႕ ကေန အစီရင္ခံစာ ထုတ္ျပန္ လိုက္တာ ျဖစ္ပါတယ္။

တက္လာေတာ့မယ့္ NLD အစိုးရ လက္ထက္မွာ ဒီစီမံကိန္း ေတြက ရတဲ့ အခြန္ေငြေတြကို ျပည္နယ္က တိုက္ရိုက္ အခြန္ေကာက္ခြင့္လို စီမံခန္႔ခြဲမွုေတြ ျပဳေစ လိုတယ္လို႔ ရခိုင္ ေရနံ ေစာင့္ၾကည့္ေရး အဖြဲ႕က ဒါရိုက္တာ ဦးေက်ာ္ခိုင္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး မရခင္မွာ လက္ရွိ လုပ္ေနဆဲ စီမံကိန္း ေတြကို ရပ္ဆိုင္းတာ၊ အသစ္ ခ်မေပးတာ၊ သက္တမ္း ျပန္တိုးမေပးတာေတြ လုပ္ၿပီး ျပန္လည္ သုံးသပ္ သင့္တယ္လို႔ လည္း ဆိုပါတယ္။

ေက်ာက္ျဖဴ သဘာဝ ဓာတ္ေငြ႕ တူးေဖာ္ေရး စီမံကိန္း ေၾကာင့္ ေဒသခံေတြ ေလ်ာ္ေၾကး မရတာ၊ လၽွပ္စစ္မီး မွန္မွန္ မရတာလို အခက္အခဲေတြ ရွိတယ္လို႔လည္း ေျပာပါတယ္။

ေလာေလာဆယ္ ရခိုင္ ျပည္နယ္ မွာ ေက်ာက္ျဖဴ အထူး စီးပြားေရး ဇုန္ စီမံကိန္း အပါအဝင္ ပင္လယ္ ကမ္းလြန္ ေရနံ နဲ႔ သဘာဝ ဓာတ္ေငြ႕ တူးေဖာ္ ေနတဲ့ စီမံကိန္း ေတြ ကို ပုဂၢလိက ကုမၸဏီ ေတြနဲ႔ အစိုးရ ပူးေပါင္းၿပီး ေဆာင္ရြက္ ေနတာ ျဖစ္ပါတယ္။

စီမံကိန္းေတြနဲ႔ ပတ္သက္တဲ့ အခု အစီရင္ခံစာ ကို ရခိုင္ ေရနံ ေစာင့္ၾကည့္ေရး အဖြဲ႕ ကေန ဦးေဆာင္ၿပီး ေဒသတြင္း အရပ္ဘက္ အဖြဲ႕ေတြနဲ႔ တႏွစ္ၾကာ ေလာက္ ေလ့လာမွု ျပဳလုပ္ၿပီး ထုတ္ျပန္တာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........


ရခိုင် ပြည်နယ် မှာ ရှိတဲ့ စီမံကိန်းတွေ နဲ့ ပတ်သက် လို့ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့(Arakan Oil Watch) အဖွဲ့က နေ သယံဇာတ ကျိန်စာ ကို တိုက်ဖျက်ခြင်း ဗဟို အစိုးရ ချုပ်ကိုင်မှု အာဏာကို လျှော့ချ၍ သယံဇာတ ဆိုင်ရာ စီမံခန့်ခွဲခြင်း" ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။

ရခိုင် ပြည်နယ် မှာ တူးဖော် ထုတ်လုပ် နေတဲ့ စီမံကိန်း တွေမှာ စီမံ ခန့်ခွဲမှုနဲ့ အကျိုးအမြတ် ခံစားခွင့်တွေ ရဖို့ နဲ့ ပြည်ထောင်စု အစိုးရ ကနေ ချုပ်ကိုင်မှု လျှော့ချဖို့တွေ နဲ့ ပတ်သက်လို့ ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့(Arakan Oil Watch) အဖွဲ့ ကနေ အစီရင်ခံစာ ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

တက်လာတော့မယ့် NLD အစိုးရ လက်ထက်မှာ ဒီစီမံကိန်း တွေက ရတဲ့ အခွန်ငွေတွေကို ပြည်နယ်က တိုက်ရိုက် အခွန်ကောက်ခွင့်လို စီမံခန့်ခွဲမှုတွေ ပြုစေ လိုတယ်လို့ ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့က ဒါရိုက်တာ ဦးကျော်ခိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေး မရခင်မှာ လက်ရှိ လုပ်နေဆဲ စီမံကိန်း တွေကို ရပ်ဆိုင်းတာ၊ အသစ် ချမပေးတာ၊ သက်တမ်း ပြန်တိုးမပေးတာတွေ လုပ်ပြီး ပြန်လည် သုံးသပ် သင့်တယ်လို့ လည်း ဆိုပါတယ်။

ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း ကြောင့် ဒေသခံတွေ လျော်ကြေး မရတာ၊ လျှပ်စစ်မီး မှန်မှန် မရတာလို အခက်အခဲတွေ ရှိတယ်လို့လည်း ပြောပါတယ်။

လောလောဆယ် ရခိုင် ပြည်နယ် မှာ ကျောက်ဖြူ အထူး စီးပွားရေး ဇုန် စီမံကိန်း အပါအဝင် ပင်လယ် ကမ်းလွန် ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ တူးဖော် နေတဲ့ စီမံကိန်း တွေ ကို ပုဂ္ဂလိက ကုမ္ပဏီ တွေနဲ့ အစိုးရ ပူးပေါင်းပြီး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အခု အစီရင်ခံစာ ကို ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ ကနေ ဦးဆောင်ပြီး ဒေသတွင်း အရပ်ဘက် အဖွဲ့တွေနဲ့ တနှစ်ကြာ လောက် လေ့လာမှု ပြုလုပ်ပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment