Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

အနမ်းဇာတ်ဝင်ခန်းတွေကြည့်ပြီးဖွေးဖွေး ဘယ်သူ့ကို မျက်နှာပူခဲ့သလဲ

ဖွေးဖွေးက 'ကျွန်မကနှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင် ထားတဲ့အတွက် ပရိသတ်တွေဆီကရလာမယ့် ဝေဖန်မှုတွေအပေါ် ရင်ခုန်နေမိကြောင်း ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားက မရိုက်ခင် ကတည်းက ဂယက်တွေရှိခဲ့ပြီး ဒီဇာတ်ကားကြီးထဲမှာပါဝင်တဲ့ အနမ်းဇာတ်ဝင်ခန်းတွေကြောင့် မင်းသမီး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းကိုယုံကြည်တဲ့အတွက် ဒီအနမ်းဇာတ်ဝင်ခန်းတွေ ကို ရိုက်ကူးခဲ့ကြောင်းကို ဖွေးဖွေးက
"အခုပြန်ကြည့်တော့ နောက်မှာ အဖေနဲ့အမေနဲ့လည်းပါလာတော့ နည်းနည်းတော့ မျက်နှာပူတာပေါ့။ တစ်ခါမှ ဒီလိုမျိုးမရိုက်ဖူးဘူး။ ကိုယ့်ဆရာရိုက်တာလည်းဖြစ်နေတယ်။ စွန့်စားမှုတစ်ခုလည်း လုပ်ကြည့်ချင်တာနဲ့ အလုပ်ကို အလုပ်လိုပဲသဘော ထားပြီးလုပ်လိုက်တာပါ။ ကိုဝိုင်းရော၊ ဖွေးရော အစကတည်းက စိန်ခေါ်မှုပါတာကို ပိုပြီးရင်ခုန်တာဆိုတော့ ဒီဇာတ်ကားက ပြဿနာ သိပ်မရှိပါဘူး။



ကိုယ့်ဆရာခိုင်းလို့ ကိုယ့် ဆရာပြုစုပျိုးထောင်ပေးလာလို့ လက်ပံကတည်းက၊ ဖွေးနာမည် မကြီးခင်ကတည်းက ရိုက်ပေးခဲ့တဲ့ ဆရာလည်း ဖြစ်တဲ့အတွက် ဖွေး ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ ရိုက်ခဲ့တာပါ" လို့ပြောပါတယ်။ ဒီဇာတ် ကားထဲမှာ အမှတ်တရ အဖြစ်ဆုံးက နေတိုးကိုနမ်းရတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်ပြီး ဇာတ်သိမ်းခန်းကိုလည်း သဘောကျကြောင်း ပြောပါတယ်။ အကယ်ဒမီမှတ်တိုင်ထူနိုင်၊ မထူနိုင်ထိ အဝေးကြီးကိုမတွေးသေးဘဲ မေ ၂၉ ရက်နေ့မှာရရှိမယ့် ပရိသတ်ရဲ့ တုံ့ပြန်မှုကိုပဲ ပိုရင်ခုန်မိကြောင်း ဖွေးဖွေးကပြောပါတယ်။ ဒီဇာတ်ကားက သူ့အတွက် အရွယ်နောက်တစ်ခု ကိုကူးပြောင်းတဲ့ ဇာတ်ကားလို့ပြော လို့ရ ကြောင်းကိုလည်း"ဒီဇာတ်ကားမှာ ကလေးဆန်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲ ဘဝဇာတ်ကားလေးပေါ့။ အချစ်မှာ မာန်မာန တွေပါလာရင် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားရမှာ မပြီးတော့ဘူး။ အပြင်မှာလည်း တကယ်ရှိတယ်။ မာနတွေထားပြီး ကလဲ့စားချေတာ မျိုးတွေ လည်း ကြုံဖူးပါတယ်" လို့ ပြောပါတယ်။
ဖွေးဖွေးက ဒီရုပ်ရှင်ဇာတ် ကားကိုကြည့်ပြီး မျက်ရည်ကျခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုမျက်ရည်ကျ ဖြစ်ခဲ့ပုံကိုတော့ "အဓိကကတော့ ဒီဇာတ်ကား စရိုက်ချိန်မှာ သင်္ခါရတရားတွေ၊ ဘဝ ရဲ့အနိမ့်အမြင့်၊ အတက်အကျတွေ သိပ်မခံစားဖူးသေးဘူး။ ကိုယ့်ကာရိုက်တာကို ဝင်စားပြီးတော့ပဲ သရုပ် ဆောင်ခဲ့တာ။ ရုံတင်ခါစမှာတော့ ဘဝရဲ့သင်ခန်းစာတွေလည်း အများ ကြီးရခဲ့ပါတယ်။ ဥပမာ- ဖွေးအမေ ဆေးရုံတက်ရပြီး တကယ်ကင်ဆာဖြစ် သွားတာ မျိုးတွေ အများကြီးပဲ၊ အခက်အခဲတွေရော၊ ပျော်စရာတွေရော၊ စိတ်ညစ်စရာတွေရော အများ ကြီးကြုံခဲ့ရပါတယ်" လို့ ဖွေးဖွေးက ပြောပါတယ်။ ဒီနှစ်ထဲမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ကျူးပစ်ရဲ့ ကျေးကျွန်များရုပ်ရှင် ဇာတ်ကားကြီးကို စောင့်မျှော်ရဦးမှာဖြစ်ပြီး နောက်ထပ် ဒါရိုက်တာသိန်းဟန်ဖီးနစ်နဲ့ ကာတွန်းကားဆန်ဆန် ဟာသရုပ်ရှင် ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့ရှိ ကြောင်း ဖွေးဖွေးကပြောပါတယ်။
ခိုင်ဝေလွင် - Popular Journal

No comments:

Post a Comment