CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 12, 2015
ပညာတတ်တွေ ရပ်တည်ဖို့ အခွင့်အရေးတွေ ပေးသင့်တယ်ဆိုတဲ့ ချစ်သုဝေ
ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ရိုက်ကူးတဲ့ ‘ငါဟာ မီးပြတိုက်’ ဇာတ်ကားမှာ ချစ်သုဝေက အောင် ရဲလင်းနဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး ဆရာဝန်မတစ်ဦး ဇာတ်ရုပ်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဆာကူရာဆေးရုံမှာ ရိုက်ကူးခြင်းဖြစ်ပြီး ဆရာဝန်ဇာတ်ရုပ်ဖြစ်တာကြောင့် ဟောက်စ်ဆာဂျင်ဆင်းခဲ့ရတဲ့ လွန်ခဲ့ တဲ့ ၇နှစ်က အချိန်တွေကို သတိရမိကြောင်း ချစ်သုဝေက ပြောပါတယ်။ “ထရီဇာတို့တုန်းက အစိုးရ ဆေးရုံမှာ ဆင်းခဲ့ရတာလေ။ ဒီလို ပုဂ္ဂလိက ဆေးရုံတွေမြင်တော့ ပြန်လည်သတိရသလို အစိုးရဆေးရုံတွေကိုလည်း ဒီလိုလေး သန့်ရှင်း သပ်ရပ်ပြီး လူနာတွေ သက်သောင့် သက်သာ နေလို့ ရတဲ့နေရာလေးဖြစ်စေချင်တယ်။ ကိုယ်ဟောက်စ်ဆာဂျင်တုန်းက ဘဝတွေ၊လိုအပ်ခဲ့ တဲ့ လိုအပ်မှုတွေကို ပြန်လည်တမ်းတပြီး သတိရတာမျိုးတော့ အမြဲဖြစ်ပါတယ်။
သံယောဇဉ် ကတော့ ဘယ်တော့မှ မပြတ်ပါဘူး။ ပုဂ္ဂလိက ဆေးရုံနဲ့ ကွာတာကျတော့ အစိုးရဆေး ရုံက စရိတ်မျှပေးဖြစ်တော့ လူနာ တွေထားတဲ့နေရာကအစ အစစမပြည့်မစုံဖြစ်တာပေါ့ လေ။ လူနာဆိုတာ ခန္ဓာကိုယ်က ဝေဒနာကြီးကို ခံစားနေရတယ်။ ပတ်ဝန်းကျင်
ကလည်း သူ့အတွက် သက်သောင့်သက်သာဖြစ်ပြီး လေကောင်းလေသန့် နေရတဲ့နေရာမျိုးဖြစ်ရင် သူလည်း စိတ်ကြည်တာပေါ့။ ထရီဇာတို့ ဆရာဝန်တွေ ဆိုလည်း နေရတဲ့အခန်းဆိုရင် အလုံ ပိတ်အခန်း။ အလုပ်လုပ်နေရတဲ့သူ တွေလည်း စိတ်မကြည်မလင်းဖြစ်ရတယ်။
ထရီဇာတို့နိုင်ငံမှာ လိုအပ် နေတာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အခုက အခြေအနေအများ ကြီးကောင်းလာပါပြီ။ ထရီဇာ ဟောက်စ်ဆာဂျင်ဆင်းတာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဆင်းခဲ့တာပါ။ ဒီ ၇နှစ် အတွင်းမှာ တိုးတော့ တိုးတက်တယ်။ ဒါပေမဲ့
ထရီဇာမြင်တာကတော့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ တိုးတက်တယ် လို့မြင်တယ်။ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဒီထက် အများကြီးလိုသေးတယ်။ ပြီးတော့ ပညာတတ်တွေကို တန်ဖိုးထားမှုလည်း ဒီထက်ပိုပြီး ဖြစ်စေချင်တယ်။ ပညာတတ်တွေ ရပ်တည်နိုင်မှု
အတွက် လစာတွေကို ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်။ လူရယ်လို့ဖြစ်လာပြီး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည် ရပြီဆိုရင် ဘဝဆိုတာ ရင်ဆိုင်ရတယ်။ ဘဝဆိုတာ ရင်ဆိုင်ရရင် ငွေကြေးဆိုတာ ပါဝင်လာ တယ်။ ဒါကြောင့် အပြင်ကို ရောက်ကုန်ကြတယ်။ ထရီဇာတို့ နိုင်ငံအတွက် ပညာတတ်တွေ အများ ကြီး ဆုံးရှုံးကြတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေ ရပ်တည်နိုင်ဖို့ အခွင့်အရေးတွေ ပေးသင့်ပါတယ်” လို့ ပြောပါတယ်။
အခုရိုက်ကူးနေတဲ့ဇာတ်ကားကတော့ ဇာတ်ကားရိုက်ကူးမှု နှစ်လကြာနားပြီးတဲ့နောက်မှာ ပထမဆုံးပြန်ရိုက်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုပြီးရင်တော့ ဘန်ကောက်မှာကြော်ငြာသွားရောက် ရိုက်ကူးဖို့ရှိကြောင်းလည်း ချစ်သုဝေက ပြောပါတယ်။
popular
ပညာတတ်တွေ ရပ်တည်ဖို့ အခွင့်အရေးတွေ ပေးသင့်တယ်ဆိုတဲ့ ချစ်သုဝေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment