တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်ကြောင့် ပရိသတ်စိတ် ၀င်စားခဲ့သည့်
အဆိုတော်လေးဖြူ ၏ မိနစ်ကိုးဆယ်စာ တစ်ကိုယ် တော်ဖျော်ဖြေပွဲတွင် တင်ဆက် သည့်
အစီအစဉ်များကို ပရိသတ် များအားရခဲ့သော်လည်း တိုက်
ရိုက်ထုတ်လွှင့်မှုအစီအစဉ်၌ ကြော်ငြာထည့်သွင်းခဲ့သည့်အ တွက်
ဝေဖန်မှုများရှိခဲ့သည်။
လက်မှတ်ခဈေးနှုန်း ကျပ်
လေးသောင်းနှင့်ငါးသောင်းသတ် မှတ်ထားပြီး လက်မှတ်စောင်ရေ တစ်ထောင်သာ
ရောင်းချခဲ့သော ကြောင့် အဆိုပါဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့် ပရိသတ်
ထက် တိုက်ရိုက်ထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်ကို အားပေးမည့်
သူပိုမိုများပြားခဲ့သည်။
သို့သော်လည်း ဖျော်ဖြေပွဲ ကို
အချိန်အနည်းငယ်နောက်ကျ ပြီးမှ စတင်ပြသနိုင်ခဲ့ပြီး ဖျော်ဖြေ
မှုအစီအစဉ်အတွင်း၌ ကြော်ငြာ များထည့်သွင်းခဲ့သောကြောင့် ရုပ်သံလိုင်းမှ
ကြည့်ရှုသူများက ဝေဖန်ခဲ့ကြသည်။
ထွဋ်ထိပ်အမည်ဖြင့် ဖေ့စ်
ဘွတ်ခ်သုံးစွဲသူတစ်ဦးက တိုက် ရိုက်ထုတ်လွှင့်မှုအစီအစဉ်၏ ရုပ်
သံအရည်အသွေးပိုင်းကောင်းမွန် သကဲ့သို့ လေးဖြူနှင့်အိုင်စီအဖွဲ့၏
ဖျော်ဖြေရေးအစီအစဉ်များအ ဆင်ပြေသော်လည်း ကြော်ငြာ များကို
ကြားဖြတ်အစီအစဉ်အနေ ဖြင့် ထည့်သွင်းခဲ့ခြင်းမှာ အဆင် မပြေကြောင်း
၎င်း၏ခံစားချက်ကို ရေးသားထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
လေးဖြူဖျော်ဖြေပွဲကို တိုက်ရိုက် ထုတ်လွှင့်ခဲ့သည့် 5 Plus မှ တာ
ဝန်ရှိသူတစ်ဦးက‘‘အားလုံးညှိနှိုင်း ဆောင်ရွက်ပြီးမှ လုပ်ကြတဲ့ကိစ္စ
တစ်ခုပဲလေ။ ကိုလေးတို့လည်း သိပါတယ်။ ကိုလေးတို့ မသိဘဲ လုပ်တာ
ကျွန်တော်တို့ဆီမှာမရှိ ဘူး။ တီဗီမှာ ထုတ်လွှင့် တယ်ဆို တာက အပြင်ကဟာနဲ့
မတူဘူး လေ။ တီဗီမှာ သွားတာက တချို့ ဟာတွေ အခက်အခဲရှိတယ်။ နောက်ပြီး
ကိုခရမ်းတီးတာမှာ လည်း ဖြတ်တာမဟုတ်ဘူး။ သူ တို့က သီချင်းဆိုတာရော၊ ဒရမ်
တီးတာရော တောက်လျှောက်သွား နေတာ။ တကယ်လို့ ကြော်ငြာဝင် သွားရင်တောင်
ပြီးရင်အဲဒါပြန်လာ တာ။ တစ်ခုမှ ဖြတ်ထားတာမရှိပါ ဘူး’’ဟု ပြောသည်။
ရုပ်သံလိုင်းများသည် ကြော် ငြာနှင့် ရပ်တည်ခြင်းဖြစ်ကာ အမြဲ
တမ်းကြော်ငြာရှင်များကလည်း လေးဖြူ၏ ပွဲတွင်ထည့်ချင်သည်ဟု ဆိုသောကြောင့်
ထည့်ပေးရခြင်းရှိ ပြီး စပွန်ဆာကုမ္ပဏီများကိုလည်း
ကြော်ငြာရန်အချိန်ပေးရကြောင်း ၎င်းက ဆိုသည်။
‘‘ကိုမျိုးကြီးကျရင်လည်း
တစ်မျိုးဖြစ်နိုင်တယ်။ ဘယ်လို ဖြစ်မလဲဆိုတာတော့ အသေး စိတ်မသိဘူး။
ဒီပုံစံအတိုင်းတော့ တောက်လျှောက်သွားမှာမဟုတ် ဘူး။ ဒါပေမဲ့ ပွဲတိုင်းကတော့
တီ ဗီမှာလွှင့်ပြီဆိုရင် Live ပေမယ့် ကြော်ငြာထိုးကြတယ်’’ဟု ထပ်
မံကျင်းပမည့် ဖျော်ဖြေပွဲများနှင့် ပတ်သက်၍ အထက်ပါတာဝန် ရှိသူက ပြောသည်။
‘‘နောက်ပွဲတွေကို သွားမ ကြည့်နိုင်ရင် တီဗီကတော့ မ ကြည့်တော့ဘူး’’ဟု
တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်ကိုအား ပေးခဲ့သည့် ပရိသတ်တစ်ဦးက ပြောသည်။
Myanmar Event Park တွင် မေလ၁၅ရက်ကကျင်းပခဲ့ သည့် ဖျော်ဖြေပွဲသို့
သွားရောက် ကြည့်ရှုသူအများစုက လေးဖြူ၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ် များကို
သဘောကျသော်လည်း မိနစ်၉၀စာဖျော်ဖြေပွဲ ဖြစ်သော ကြောင့် အားမရကြောင်း ပြော
သည်။ သို့သော်လည်း အချို့ပရိ သတ်များက မိနစ်၉၀စာဖြစ်သော် လည်း
လေးဖြူတစ်ကိုယ်တော်သီ ဆိုခြင်းဖြစ်သောကြောင့် ကျေနပ် ကြောင်းဆိုသည်။
အဆိုပါဖျော်ဖြေပွဲသည် အ ဆိုတော်လေးဖြူ၏ စတုတ္ထအကြိမ်
မြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်ပြီး မိနစ်၉၀စာ ဖြစ်သော်လည်း
ဒရမ်မာခရမ်းနှင့် လိဒ်ဂစ်တာ ချစ်စမ်းမောင်တို့၏ ဖျော်ဖြေမှုများကိုလည်း
တင်ဆက်ခဲ့သည်။
လေးဖြူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲအပြီးတွင် အငဲ၊
မျိုး ကြီး၊ ၀ိုင်ဝိုင်းတို့၏ တစ်ကိုယ် တော်ဖျော်ဖြေပွဲများကို တစ်လ လျှင်
တစ်ပွဲစီပြုလုပ်မည်ဖြစ် သည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 18, 2015
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြော်ငြာထည့်သွင်းလို့ ဝေဖန်မှုတွေရှိခဲ့တဲ့ လေးဖြူရဲ့ Live90 တစ်ကိုယ်တော်ပွဲ
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြော်ငြာထည့်သွင်းလို့ ဝေဖန်မှုတွေရှိခဲ့တဲ့ လေးဖြူရဲ့ Live90 တစ်ကိုယ်တော်ပွဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment