Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

အိမ်ထောင်ရေး အစီအစဉ်က ခုချိန်ထိ ဒယိမ်းဒယိုင် ဖြစ်နေတုန်းပါပဲဆိုတဲ့ နေတိုး





မကြာခင်မှာ ရုံတင်တော့မယ့် ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားနဲ့ပတ်သက်ပြီး နေတိုးရဲ့ ဇာတ်ကားအပေါ် ထားရှိတဲ့ အခြေအနေ သုံးသပ်မှုတွေနဲ့ ထိုင်းက ဒါရိုက်တာနဲ့တွဲဖက်ရိုက်မယ့် ဇာတ်ကားအကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာကို အခြေခံပြီး ပုဂံမှာ သွားရောက် ရိုက်ကူးမဲ့ ကျွန်ဆိုတဲ့ ဇာတ်ကားတွေအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားလေးကို လက်ခံဖြစ်ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးပါဦး။
ဒီကားလေးက စေတန်နဲ့တူတူ တစ်ခါတည်း ငှားတဲ့ ကားလေးပေါ့။ ပရိုဂျူဆာလဲ တူတူပဲ။ အားရကျေနပ်မှုအပိုင်းက မင်းသား၊ မင်းသမီး နှစ်လက်ပေါ်မှာ အဓိက အခြေခံပြီးရိုက်တဲ့ ကားလေးပါ။ မင်းသမီး အပြောင်းအလဲဖြစ်သွားပေမဲ့ ဒီဇာတ်ရုပ်လေးကလဲ ဖွေးဖွေးနဲ့လိုက်ဖက်တဲ့ ကာရိုက်တာမျိုးပါ။
-ဇာတ်ရုပ်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီးရော အခက်အခဲတွေ တွေ့ရသေးလား။
ဒီကားမှာသေချာကြည့်ရင် အရမ်းကြီး အထူးတလည်တော့ မပြင်ဆင်ခဲ့ရဘူး။ သဘောတရားအပေါ်မှာ အခြေခံပြီးလုပ်ရတဲ့ ကာရိုက်တာဆိုတော့ အဓိကကတော့ သဘာဝနဲ့အနီးစပ်ဆုံးကိုပဲ ပြင်ဆင်ရတဲ့ အပိုင်းလေးတွေပဲရှိပါတယ်။
-ကိုဝိုင်းနဲ့ရိုက်တဲ့ ကားကြီးတွေက ရိုမန့်စ်များတဲ့အပေါ် စိတ်ခံစားမှုက။
ဒါကတော့ ကျွန်တော်နဲ့လိုက်မဲ့ ပုံစံကို ပရိုဂျူဆာနဲ့ဒါရိုက်တာတွေက အဓိက ရွေးကြတာပေါ့။ ဒီအပေါ်မှာတော့ သိပ်ပြီး ခံစားချက်မရှိပါဘူး။ အကောင်းဆုံးနဲ့ ပရိသတ်ကြည့်ရကျိုးနပ်တဲ့ ကားတစ်ကားဖြစ်အောင်တော့ ဖန်တီး ထားပါတယ်။
-အဲ့ဒီ ကားတစ်ကားလုံးမှာ အစ်ကိုကြိုက်တဲ့ ဇာတ်ဝင်ခန်းတွေကရော ဘယ်အခန်းတွေဖြစ်မလဲ။
ဇာတ်ရဲ့ tempo ကတော့ ဘ၀ရဲ့တစ်ဆစ်ချိုးပြောင်းလဲစေတဲ့ အချိုးအကွေ့တွေပါမယ်။ ရိုမန့်စ်ကို မှ အချစ်နဲ့ဂလဲ့စားချေမှုရောထားတဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာပါတယ်။
-မင်္ဂလာဦးည မရိုက်ခင် ပြင်ဆင်မှုအနေနဲ့ရော ဘာတွေလုပ်ခဲ့ရလဲ။
-အဓိက က Micro ရိုက်ချက်တွေပေါ့နော်။ အသေးစိတ် ရိုက်ချက်တွေပါမယ်။ ကင်မရာ lens တွေ အများကြီးနဲ့ကြိုးစားထားတယ်။ အဲ့ဒီအခန်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းက အကောင်းဆုံးနဲ့အသေသပ်ဆုံးဖြစ်အောင်  ကင်မရာမန်းနဲ့နည်းနည်းလေး စကားပြောရတဲ့ အပိုင်းလေးတွေတော့ ရှိခဲ့ပါတယ်။
-အဲ့ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ဖွေးဖွေးနဲ့ရော ဘယ်လိုညှိယူပြီး တိုင်ပင်ဖြစ်ခဲ့လဲ။
ဒီကဒ်တွေနဲ့ပတ်သက်ပြီး ဇာတ်ညွှန်းထဲမှာတော့ ပါပြီးသားပါပဲ။ အဓိက က ဒါရိုက်တာလိုချင်တဲ့ ကဒ်တွေကို ဦးစားပေးပြီး ကျွန်တော်တို့ရိုက်ထားတယ်။ ပြန်ကြည့်တဲ့အချိန်မှာလဲ ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ဘာ serious မှမရှိခဲ့ဘူး။ ဇာတ်ဝင်ခန်းတစ်ခု စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့၊ ပြသင့်ပြထိုက်တဲ့ အပြတစ်ခုလို့မြင်မိပါတယ်။
-မရိုက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီအခန်းနဲ့ပတ်သက်ပြီး ဒီဇာတ်ဝင်ခန်းဟာ ဒီကားကို ဘယ်လောက်ရာခိုင်နှုန်းလောက် အထောက်အပံ့ပေးနိုင်တယ်လို့သုံးသပ်မိလဲ။
၂၀ ရာခိုင်နှုန်းလောက်တော့ plus ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ ဖွေးဖွေးအနေနဲ့ သူ့ဘ၀ကြီးတစ်ခုလုံးကို ရင်းနှီးပြီး မသိစိတ်က ချစ်နေပေမဲ့ သိစိတ်က လက်မခံနိုင်တဲ့လူတစ်ယောက်ကို သင်ခန်းစာပြန်ပေးတဲ့သဘောပေါ့။
-ကျူးပစ်ရဲ့ကျေးကျွန်များကရော ဒီဇာတ်ကားနဲ့ဘယ်လိုမျိုးကွာခြားမှုရှိစေလဲ။
ဒီကားထက်ပိုပြီး ရိုမန့်စ်ဆန်တယ်။ မင်းသားနှစ်လက်လဲဖြစ်နေတော့ ဒီကားထက် ပိုပြီး အချိုးအကွေ့ ပိုများတယ်။ ကျူးပစ်ကတော့ အိုက်တင်ပိုင်းကို နဲနဲလေး wave များတဲ့ဖက်ကို ယူထားတယ်။ အရမ်းကြီးထူးခြားတဲ့ ကာရိုက်တာမျိုးတော့ မဟုတ်ဘူး။
-ရိုမန့်စ်ကားနဲ့ပိုလိုက်တယ်လို့အစ်ကို့ကို ပရိသတ်တွေပြောကြတယ်။ အစ်ကို့အနေနဲ့ ရိုမန့်စ် ၊ ဒရာမာနှစ်ခုအပေါ် အမြင်လေးကိုလဲသိချင်ပါတယ်။
ပရိသတ်အပေါ်မှာပဲ မူတည်တယ်။ ပရိသတ်ကို ရိုမန့်စ်ဆိုလဲ ရိုမန့်စ်အလျောက်၊ ဒရာမာဆိုလဲ ဒရာမာအလျောက်ပေါ့။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်နေတဲ့အခါကျတော့ ဇာတ်လမ်းအမျိုးအစားနဲ့ပရိသတ်ရဲ့ အကြိုက်ကို လိုက်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ဖြစ်ပါတယ်။
-ထိုင်းက ဒါရိုက်တာတွေနဲ့ဇာတ်ကား ရိုက်ဖို့ရှိတယ်လို့သိရပါတယ်။ အဲ့ဒီဇာတ်ကားရဲ့အခြေအနေလေးလဲသိချင်ပါတယ်။
အဓိကက သရုပ်ဆောင် ငှားတာပေါ့နော်။ ယိုးဒယားက ထုတ်လုပ်သူတွေက ဇာတ်ကားတစ်ကားမြန်မာပြည်မှာရိုက်ဖို့အတွက် မင်းသားမင်းသမီး လိုချင်တယ်ဆိုပြီး လာငှားတာပေါ့နော်။ လောလောဆယ်မှာ ဒီပရောဂျက်နဲ့ပတ်သက်ပြီး စာချုပ်ချုပ်ကတည်းကိုက ရှုတင်မှာ ဓာတ်ပုံရိုက်တာတို့၊ ဒီကားမပြီးမချင်း မီဒီယာကို ပြောပြတာတို့ပြောပိုင်ခွင့် မရှိသေးပါဘူး။ ဇာတ်လမ်းအမျိုးအစားက ရိုမန့်စ်ဒရာမာပါ။ location ကတော့ ရိုက်ဖြစ်မှာက မြန်မာပြည်မှာ များပါတယ်။
-အဲ့ဒီဇာတ်ကားရဲ့အဆက်အသွယ်ကရော အစ်ကို့ဆီဘယ်လိုမျိုးရောက်လာခဲ့တာလဲ။
အဓိက က တော့ကျွန်တော်တို့အရှေ့မှာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး တော့ နိုင်ငံခြားမှာ ကျွန်တော်တို့သွားလာနေရင်းနဲ့မှ သူတို့က ကျွန်တော့်ကားတွေကိုကြည့်ပြီး လာရောက်ဆက်သွယ်တာပါ။
-အခုနောက်ပိုင်း နိုင်ငံတကာနဲ့ဖက်စပ် ရိုက်လာတဲ့ ဇာတ်ကားတွေလဲရှိတော့ အစ်ကို့အနေနဲ့ ဒီဇာတ်ကားကို ဘယ်လိုကြောင့်လက်ခံဖြစ်ခဲ့တာလဲ။
အဓိကက ဇာတ်လမ်းကိုကြိုက်တယ်။ ရည်ရွယ်ချက်ကိုကြိုက်တယ်။ နောက်တစ်ခုက ပူးပေါင်း လိုက်ခြင်းအားဖြင့် နိုင်ငံခြားကဒါရိုက်တာတွေရဲ့ ရိုက်ကူးမှုပုံစံတွေကိုထိတွေ့ခွင့်ရမယ်။
-ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ရင်ခုန်မှုကရောဘယ်လိုမျိုးရှိလဲ။
ရိုက်ကူးမှုအပိုင်းမှာတော့ ထူးထူးခြားခြား ရင်ခုန်မှုမရှိပါဘူး။ အဓိကကတော့ ကာရိုက်တာနဲ့ဇာတ်ရုပ်တွေကို အင်တာနေရှင်နယ်ဆန်ဆန်ပြောထားတာဆိုတော့ ၀တ်စားဆင်ယင်မှု၊ မိတ်ကပ်တွေမှာ ဘာမှစဉ်းစားစရာမလိုဘူး။ သရုပ်ဆောင် တစ်ခုတည်းကိုပဲ အာရုံစိုက်ရမယ်။ ဘေးမှာလဲ ဒီဇိုင်နာတွေရှိတယ်ဆိုတော့ အရမ်းကို အလုပ်လုပ်ရတာရော၊ အစစအရာရာမှာ အဆင်ပြေမှာပါ။ ရိုက်ဖြစ်ရင် ၇လပိုင်း၊ ၈လပိုင်းလောက်ဖြစ်လိမ့်မယ်။
-၂၀၁၅ထဲမှာရိုက်ဖို့ရှိတဲ့ ရုပ်ရှင်ကားကြီးတွေက။
၆လပိုင်းမှာ ကျွန်ဆိုတဲ့ကားကြီးကို ပုဂံမှာသွားရိုက်ဖို့ရှိတယ်။ အဲ့ဒါက မြင့်မြတ်ရယ်၊ ကစ်ကစ်ရယ်ပါ။ ဒါရိုက်တာက ဦးညီအောင်ပါ။ အဲ့ဒီကားလေးက ရိုမန့်စ်ဒရာမာ၊ အဓိကက ရိုးရာယဉ်ကျေးမှုတွေ ပါတယ်။ နောက်ပြီးတော့ ခေတ်တစ်ခုပေါ့။ ပုဂံခေတ်တုန်းက ဖြစ်ပျက်ခဲတဲ့ အဖြစ်အပျက်၊ လူတန်းစားတစ်ရပ်က ခုချိန်ထိရှိနေတုန်း၊ လက်ရှိအချိန်မှာ ပညာရေးစနစ်တွေ၊ ယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံမှာ ဘုရင်တွေက သတ်မှတ်ပေးခဲ့တဲ့ ကျွန်စနစ်တွေရယ် ဒါတွေကို ဇာတ်တစ်ခုပေါ်မှာ အခြေခံပြီးအချစ်နဲ့ရောပြီး ပုံဖော်ထားတဲ့ ကားလေးတစ်ကားပေါ့။ ဒီဖက်ခေတ်မှာ ဒီလိုကားကိုရိုက်ရင် ပရိသတ် စိတ်ဝင်စားပါ့မလားဆိုတဲ့ စိတ်လေးတော့ ရှိတာပေါ့နော်။ ဇာတ်ရဲ့ အကြောင်းအရာကတော့ ခေတ်လူငယ်တွေကြိုက်တဲ့ အကြောင်းအရာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုကို ပြလို့ရတဲ့ ဇာတ်ဖြစ်နေတော့ ရိုက်ဖြစ်ခဲ့တာပါ။
-အချစ်နဲ့ပတ်သက်ပြီး အိမ်ထောင်ရေး အစီအစဉ်ကရောဘယ်လိုရှိလဲ။
အိမ်ထောင်ရေး အစီအစဉ်ကတော့ ခုချိန်ထိ ဒယိမ်းဒယိုင်ဖြစ်နေတုန်းပါပဲ။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ၀ုန်းဒိုင်းကြဲ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ အကြောင်းပြောနိုင်ဖို့ခုချိန်မှာ အခွင့်အရေး မရှိသေးပါဘူး။
-အွန်လိုင်းမှာ တက်နေတဲ့ အစ်ကို့ရဲ့ အိမ်ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလောက်များဖြေရှင်းချက်ပေးနိုင်မလား။
အဲ့ဒီအိမ်က အခုကျွန်တော့်အိမ် မဟုတ်တော့ပါဘူးခင်ဗျာ။
 http://www.trend.com.mm/2015/05/13/interviews-6582

No comments:

Post a Comment