Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

တေးနုယဉ်နှင့် မင်းအုပ်စိုးတို့ကြား လျှို့ဝှက်ထားသည့် လူမှုရေးကိစ္စမရှိဟု ဇနီးဖြစ်သူ ထွက်ဆို

လူသတ်မှုနှင့် တရားစွဲ ဆိုခံထားရသော မင်းအုပ်စိုး၏ အမှုအတွက် ဇနီးဖြစ်သူအား စစ် ဆေးခဲ့ရာ တေးနုယဉ်နှင့် မင်းအုပ် စိုးကြား၌ လျှို့ဝှက်ထားသော လူ မှုရေးကိစ္စမရှိသကဲ့သို့ အိမ်ထောင် သက်တမ်းတစ်လျှောက်တွင် ၎င်း အပါအ၀င် အခြားသူများနှင့် ခိုက် ရန်ဖြစ်ပွားခြင်း တစ်ကြိမ်မျှ မရှိ ကြောင်း ထွက်ဆိုခဲ့သည်။


မင်းအုပ်စိုးနှင့် အိမ်ထောင် သက် ၁၂ နှစ်ကျော်တွင် အခြား သော အမျိုးသမီးများနှင့် အိမ် ထောင်ရေးဖောက်ပြန်ခြင်း မရှိ သကဲ့သို့ ၎င်းအားဒေါသနှင့် ကိုယ်ထိ လက်ရောက် ရိုက်နှက်ဆုံးမခြင်း၊ အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွား ခြင်း၊ ရိုက်နှက်ထိုးကြိတ်ခြင်း တစ်ကြိမ်မျှ မရှိဘဲ အနုပညာကို မြတ်နိုးသူတစ်ဦးသာ ဖြစ်သည်ဟု မင်းအုပ်စိုးရှေ့နေ၏ မေးမြန်းမှု ကို ၎င်းကဖြေကြားသည်။

ထို့ပြင် မင်းအုပ်စိုးသည် ၎င်း ၏၀န်ထမ်းများနှင့်လည်း ခိုက်ရန်ဖြစ်ပွားခြင်း မရှိသကဲ့သို့ တေးနုယဉ်နှင့်လည်း ရန်ငြိုးရန်စ မရှိကြောင်း ထွက်ဆိုခဲ့သည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက် ၍ မင်းအုပ်စိုး၏ အစ်မဖြစ်သူ လာပြောသည့် အချိန်(ဒီဇင်ဘာ ၂၅ ရက် နံနက်)မှသာ တေးနုယဉ် သေဆုံးခြင်းကို သိရှိခဲ့ပြီး ၀န်ထမ်း များ၏ ပြောကြားချက်အရ တေးနု ယဉ်နှင့် မင်းအုပ်စိုးရုန်း ရင်းဆန် ခတ်ဖြစ်ခဲ့သည်ကို သိရှိခဲ့ရသည် ဟု တရားလိုရှေ့နေ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

မင်းအုပ်စိုး၏ ဇနီးကို မေလ ၁၃ ရက်က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မေလ ၂၀ ရက် ရုံးချိန်းတွင် တေးနုယဉ်၏ ဆွေမျိုးများကို စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ အမှုအတွက် ပြီးခဲ့ သည့် မေလ ၄ ရက် ရုံးချိန်းတွင် မှုခင်းဆရာဝန်အား စစ်ဆေးခဲ့ရာ တေးနုယဉ်သေဆုံးမှုသည် ရင် ဘတ်နှင့် ၀မ်းဗိုက်တွင်ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီး ယင်း ဒဏ်ရာများသည် တုံးသောအရာ ၀တ္ထုနှင့် အင်အားအတန်အသင့် သုံးပါက ရနိုင်သော ဒဏ်ရာများ ဖြစ်ကြောင်း တရားလိုရှေ့နေ၏ မေးမြန်းမှုကို မှုခင်းဆရာဝန်က ဖြေကြားခဲ့သည်။

ဇနီးဖြစ်သူက မင်းအုပ်စိုး သည် အခြားသူများနှင့် ခိုက်ရန် ဖြစ်ပွားခြင်း တစ်ကြိမ်မျှ မရှိ ကြောင်း ထွက်ဆိုခဲ့သော်လည်း မင်းအုပ်စိုး၏ ပြဿနာဖြစ်ပွားမှု အချို့ မီဒီယာများတွင် ဖော်ပြပါ ရှိခဲ့ဖူးသည်။ ၂၀၁၄ နိုဝင်ဘာ ၁၆ ရက် ညက ပြုလုပ်သော အဆို တော်စိုးပိုင်၏ အသက်(၇၀)ပြည့် ဖျော်ဖြေပွဲတွင် ပရိသတ်အဖြစ် လာရောက်ခဲ့သော မင်းအုပ်စိုး၏ အပြုအမူများကြောင့် အခြားပရိသတ်များ စိတ်အနှောင့်အ ယှက် ဖြစ်ခဲ့ရသည်။

စိုးပိုင်ကို အလွန်ကြိုက်သော ကြောင့် လာကြောက်ကြည့်ရှုခြင်း ဖြစ်သည်ဟုဆိုသော သရုပ် ဆောင်မင်းအုပ်စိုးသည် စိုးပိုင်က ‘‘ပြည့်စုံပါစေ’’သီချင်းဖျော်ဖြေ သည့်အချိန်တွင် စင်ပေါ်အထိ တက်ကာ ဟန်ပန်အမူအရာများ ပြုလုပ်ခဲ့ပြီး ၎င်းကိုစင်ပေါ်မှ ဆင်း ခိုင်းသည့် လုံခြုံရေးများအား မချေမငံပြန်လည်ဆက်ဆံခဲ့သည်။

၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းနေထိုင်သော ဖိုးစိန်လမ်းရှိ အမှိုက်ပုံကို မီးရှို့ခဲ့ပြီး လမ်းမတွင် ရမ်းကားကာယာဉ် ကြော ပိတ်ဆို့အောင် ဆယ့်ငါး မိနစ်ခန့် ပြုလုပ်ခဲ့သည်။ အမှိုက်ပုံ မီးရှို့သောကြောင့် လာရောက် မီးငြှိမ်းသတ်သော မီးသတ်တပ် ဖွဲ့ဝင်များအား ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့ မှ ကားတစ်စီးကို ဖျက်ဆီးခဲ့သော ကြောင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ က ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေ ကျပ်ခြောက်သိန်း အမိန့်ချမှတ်ခဲ့ သည်။

၂၀၁၁ ဒီဇင်ဘာ ၇ ရက်တွင် ဖိုးစိန်လမ်းရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ တွင် နေပြည်တော်၌ ကျင်းပသော အကယ်ဒမီပေးပွဲတွင် လည်း အခြားသူများအနှောင့်အ ယှက်ဖြစ်အောင် ပြုမူခဲ့သည်။ ၂၀၀၅ တွင် သန်လျင်မြို့၊ ညောင်သုံးပင်ရပ်ကွက်ရှိ သမကောလိပ်ကျောင်းလမ်း၌ ၎င်းရိုက်ကွင်းသို့ လာရောက်ကြည့်ရှုသော လူငယ်များနှင့် စကားများကာ ဓားဖြင့် လိုက်လံခုတ်သောကြောင့် လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

7daydaily
http://7daydaily.com/story/37149#.VVR9C5M2XYh 

No comments:

Post a Comment