Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ


ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။

အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။

အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။

၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။

၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။

၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။

၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။

Ref: Entrepreneur

Mr. Guy
World Myanmar

မြန်မာပြည်ထဲက ဘ၀တွေ

သိမ်ဖြူလမ်းနဲ့ ဗိုလ်ချပ်လမ်းထောင့်မာ
အဲဒီကလေးက အမြဲရှိနေတာ
ဒီအရွယ်နဲ့ 
ဘယ်သူ့ကို အပြစ်တင်ရမလဲ။
 

Sis Sis






ဂျပန်တွင် အသက် ၁၀ နှစ်ပြည့်မှ စာမေးပွဲ ဖြေရသည့် အကြောင်း



ဂျပန်နိုင်ငံမှာ ၃ တန်းအရွယ် (အသက် ၉ နှစ် အရွယ်) အထိ ဘာ စာမေးပွဲ မှ ဖြေစရာ မရှိပါဘူး။

ကျောင်းတက်ရပါတယ်။ စာလုပ်ရပါတယ်။ သို့ပေမယ့် စားမေးပွဲ မဖြေရပါ ဘူး။ အကြောင်းကတော့ ကျောင်းတက်တဲ့ ပထမ ၃ နှစ်တာကာလရဲ့  မျော်မှန်းချက်ဟာ ပညာမဟုတ်ပဲ အကျင့်စာရိတ္ထဖြစ်လို့ ဖြစ်ပါတယ်။ ယင်း ပထမ ၃ နှစ်အတွင်းမှာ စာ ထက် ကိုယ်အမူအရာ၊ နှုတ်အမူရာ၊ လူမှု ဆက်ဆံ ရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ စာတွေ ကိုသာ အလေးပေး သင်ကြားပါတယ်။

ရည်ရွယ်ချက်ကလည်း အကျင့်စာရိတ္ထများ ကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ ဂျပန်တို့ ခံယူချက်က ပညာနဲ့ အကျင့်စာရိတ္ထ ယှဉ်ရင် အဓိက နေရာမှာ အကျင့်စာရိတ္ထက ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ်က စလို့ ၃ တန်း အရွယ်အထိ ဘာစာမေးပွဲမှ မရှိပဲ အကျင့်စာရိတ္ထကိုသာ ပိုမို အလေးပေး သင်ကြားစေခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog

အောင်ခမ်း ( ရိုးရာလေး )

ကျွန်တော်တို့နှစ်ယောက်ကို ဝေဖန်တဲ့သူတွေအတွက် ဗမာစကားနဲ့ပဲ တုံ့ပြန်လိုက်မယ်ဆိုတဲ့ နိုင်းဝမ်း




အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူ ယွန်းမီမီကျော် Miss Universe Myanmar မှာ first runner up ရရှိသွားတဲ့အပေါ်ခံစားချက်နဲ့ သူတို့နှစ်ဦးကို ဝေဖန်ပြောဆိုနေကြသူတွေအတွက် သူပြောချင်တဲ့စကားတစ်ချို့ကို ခုလိုဖွင့်ဟသွား ပါတယ်။  “အချစ်ရေးကတော့အဆင်ပြေပါတယ်။ သူဆုရတာနဲ့ ပတ်သတ်ပြီး ကျွန်တော့်စိတ်ခံစားချက် အမှန်အတိုင်းပြောရင် သူက miss လိုချင်တယ်။ ကျွန်တော်ကတော့ သူရခဲ့ရင်တောင် တစ်ဝက်လောက်ပဲပျော်မှာဗျ။ ခု သူfirst runner up ရတဲ့တွက် ကျွန်တော်အရမ်းပျော်တယ်။ သူဒီပွဲမပြိုင်ခင် ဖူးခတ်သွားတဲ့ တစ်ပတ်လောက် ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်နေတယ်။ ဖုန်းတွေလဲ သိမ်းထားတော့ကျွန်တော်နဲ့အဆက်အသွယ်မရဘူး။ သူဖျားနေတဲ့ရက်တွေလဲ ရှိတယ်။ သူဘာလုပ်လို့ လုပ်နေမှန်းလဲမသိဘူး။ သီချင်းလဲသွားဆိုမရ၊ ဘာမှလုပ်လို့မရတဲ့ရက်တွေ အများကြီးပဲ။ အခုသာ သူmiss ရလို့ အမေရိကားသွားရင် ၂လလောက်သူနဲ့အဆက်အသွယ်ပြတ်နေမှာ။ ကျွန်တော် ဘယ်လိုက်ဖမ်းလို့ဖမ်းရမှန်း သိမှာမဟုတ်ဘူး။ အခု ဘာပြောပြော first runner up ရတယ်ဆိုတော့ ပျော်တယ်ပေါ့နော်။ အဲ့ပွဲကို ပြိုင်ခဲ့တာကလဲ သူ့မိဘတွေကို စိတ်ချမ်းသာအောင် ၀င်ပြိုင်ပေးတာပေါ့။ ပြီးတော့ ကျွန်တော့ကို ခွင့်တောင်းတယ်။ ဗမာပြည်မှာကလဲသိတဲ့တိုင်း ရည်းစားရှိတဲ့သူဆိုရင် ဒီလိုပွဲတွေ မပြိုင်သင့်ဘူးဆိုပြီး အတွေးခေါင်တာမျိုး ရှိတယ်။ နိုင်ငံခြားမှာ တကယ့် miss universe ပြိုင်ပွဲတွေမှာဆို ကြည့်ဖူးတဲ့သူ သိပါလိမ့်မယ်။ လေယာဉ်ကွင်းကို လိုက်ပို့တဲ့အချိန်၊ လိုက်ကြိုတဲ့အချိန်တွေမှာတောင် သူတို့ရဲ့ ရည်းစားတွေ နမ်းကြတယ်။ အဲ့ဒါတွေကို ရုပ်သံတွေမှာလွှင့်ပြကြတယ်။ အဲလိုလေး အမြင်ကျယ်စေချင်ပါတယ်။သူသည် အသက် ၂၁ ပြည့်ပြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့သဘောနဲ့သူတောင် လုပ်ချင်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘာတစ်ခုမှ မဟုတ်တာမလုပ်ပါဘူး။ ဗမာ အယူအရမ်းကြီးပြီး သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်မယ်ဆိုရင် ဗမာစကားတစ်ခုလောက် ပြန်ပြောပြချင်တယ်။ သုံးနှစ်သုံးမိုးစောင့်မှ ယောကျာ်းကောင်း တစ်ယောက်ရမယ်ဆိုရင် ဥပမာ ခုချိန်မှာ သူမထားရဘူးဆိုရင် အသက် ၃၀ လောက်မှာမှ တွဲပြီး  နောင်၃နှစ်ကြာမှ သာ လက်ထပ်ရမှာလားပေါ့။ လူတိုင်းမှာတော့ လင်မရှိတဲ့မယား မတင့်တယ်ဘူးဆိုသလိုပေါ့။ မိန်းကလေးတစ်ယောက်ကအချိန်တန်ရင် ယောက်ျားတစ်ယောက်တော့ ရှိဖို့လိုတယ်။ အဲ့ဒီအတွက် သူကျွန်တော့ကို လေ့လာချင်လို့ ရည်းစားထားတာဖြစ်တဲ့အတွက် သူမမှားဘူးလို့ကျွန်တော်ထင်ပါတယ်။ အဲဒါကိုလဲ ပရိသတ်တွေသိပြီးနားလည်ပေးမယ်လို့ထင်ပါတယ်။” လို့ ချစ်သူ ယွန်းမီမီကျော်နဲ့ သူ့အချစ်ရေးအကြောင်း ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
http://www.trend.com.mm/2014/08/01/news-3855

တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌ ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှု့



တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌
ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှု့
ဖြစ်ပြီး ………

အမျိုးသမီး များ လူမြင်ကွင်းတွင် မရယ်သင့်
ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘူလန်အရင့် က မိန့်ခွန်း ပြောကြားသွားခြင်းကို ကန့်ကွက်သည့် အနေနှင့် တူရကီနိုင်ငံ တစ်ဝန်းရှိ အမျိုးသမီးများက ပြုံးရယ်နေသည့် ဓာတ်ပုံများ ရိုက်ကူး ဖြန့်ဝေလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“ ရိုးသားဖြူစင်မှုက အရေးကြီးပါတယ်။

အများပြည်သူ နေရာတွေမှာ အမျိုးသမီးတွေ
မရယ်သင့်ပါဘူး ” ဟု တူရကီ ဒုတိယဝန်ကြီးချုပ်
ဘန်လန်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် တူရကီ လူမှုမီဒီယာများတွင် အမျိုးသမီးများ၏ ဝေဖန်တုံ့ပြန်မှုများ ပေါ်ပေါက်လာပြီး လူမြင်ကွင်း နေရာများတွင် အမျိုးသမီးများ ပြုံးရယ်နေသည့် ဓာတ်ပုံပေါင်း ထောင်ပေါင်းများစွာကို ဖြန့်ဝေခဲ့ကြသည်။

ခါခါလာ (ပြုံးရယ်သူဟု အဓိပ္ပာယ်ရသည့်) ဟု အမည်ပေးထားသော ဓာတ်ပုံပေါင်း ၃၀၀,၀၀၀ ကျော်ကို Twitter ပေါ်တွင် ဖြန့်ဝေခဲ့ကြပြီး …
“အဲဒီလို ပြောကြားတာက ရှေးရိုးဆန်တဲ့ ပြောကြားမှုပါ။

အရမ်းပဲ ဒေါသထွက်ဖို့ ကောင်းပါတယ်” ဟု နာမည်ကြီး စာရေးဆရာနှင့် နိုင်ငံရေးရာ သုံးသပ်သူ အတ်တီမဲကူရန်က ပြောကြားလိုက်သည်။

ထို့နောက်တွင် အတ်တီမဲကူရန်က ပြုံးရယ်နေသည့် ဓာတ်ပုံရိုက်လိုက်ပြီး အွန်လိုင်းတွင် ဖြန့်ဝေခဲ့ကာ
အခြားသော တူရကီ အမျိုးသမီးများလည်း
မိမိကဲ့သို့ ပင် ပြုံးရယ်နေသည့်ပုံများ ဖြန့်ဝေရန် တိုက်တွန်းခဲ့သည်။
“ငါက လွတ်လပ်တဲ့ လူတစ်ယောက်ပါ။

ပြုံးမယ် မပြုံးဘူးဆိုတာ ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ” ဟု
အသက် ၂၃ နှစ်အရွယ် တူရကီအမျိုးသမီး
ဟာဇယ်က ပြောကြားလိုက်သည် ။

“ အမျိုးသမီးတွေ လူမြင်ကွင်း နေရာတွင်မှာ
မရယ်ရဘူးဆိုရင် အမျိုးသားတွေလည်း လူမြင်ကွင်းမှာ မငိုသင့်ဘူး ” ဟု
တူရကီ ရုပ်မြင်သံကြား တင်ဆက်သူ ပါတကယ် က မှတ်ချက်ပြုလိုက်ပြီး

ဝန်ကြီးချုပ် အာဒိုဂန် မိန့်ခွန်းပြောကြားစဉ်
ကာလအတွင်း မကြာခဏ ငိုလေ့ရှိသည့် ဒုတိယဝန်ကြီးချုပ်
ဘူလန်ကို ရည်ညွန်း ပြောကြားလိုက်သည်။

.
Essential Moe
=========
အပြုံးဟာ မိန်းမတယောက်ရဲ့ ကိုယ်ခန္ဒာမှာ အလှဆုံး
ကောက်ကြောင်း ဖြစ်တယ်လို့ ပုံမှာရေထားပါတယ်။

အစ္စရေးလ်နဲ့ အပစ်ရပ်စဲရေး သဘောတူဖို့ Hamas ခေါင်းဆောင်ငြင်းဆို


Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ အင်္ဂါနေ့က ပြောဆိုသွားတာပါ။

အင်္ဂါနေ့ တနေ့တည်း အစ္စရေးလ်ဘက်က လေကြောင်းတိုက်ခိုက်မှုရော ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရေအတွက် ၁၀၀ ထက်မနည်းရှိခဲ့ပြီး၊ အခုဆိုရင် ဂါဇာဘက်က သေဆုံးတဲ့အရေအတွက်ဟာ ၁၁၀၀ ကျော် ရှိသွားပါပြီ။ အများစုဟာ အရပ်သားတွေဖြစ်ပြီး ကလေးငယ်တွေ အတော်များများ ပါဝင်ပါတယ်။ အစ္စရေးလ်ဘက်ကတော့ စစ်သား ၅၃ ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ရေရှည်စစ် ဆင်နွှဲရမယ်လို့ ပြောဆိုသတိပေးလိုက်တဲ့နောက် အစ္စရေးလ်ဘက်က စစ်ရေးအရ ဖိအားတွေ တိုးလာချိန်လည်း ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်းမှာပဲ ဂါဇာမှာရှိတဲ့ တခုတည်းသော ဓာတ်အားပေးစက်ရုံတခု ထိခိုက်ပြီး စက်ရုံရပ်နားသွားပါတယ်။

အဲဒီ အတိုက်ခိုက် မခံရခင်ကတည်းကတော့ ဂါဇာမှာ လျှပ်စစ်ကို တနေ့ကို သုံးနာရီပဲ ပေးနေတာပါ။ အစ္စရေးလ်ဘက်ကို ခိုးဝင်ဖို့ Hamas စစ်သွေးကြွတွေက ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တွေကို အစ္စရေးလ်တပ်ဖွဲ့တွေက မဖျက်ဆီးနိုင်သရွေ့ စစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyhu က ပြောခဲ့ပါတယ်။ အဲဒီမြေအောက်ဥမင်ကို အသုံးချတဲ့ တိုက်ခိုက်ရေးသမားတွေကပဲ အင်္ဂါနေ့တုန်းက အစ္စရေးလ်စစ်သား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
============

လိုဏ်ခေါင်းတွေ ဖျက်ဆီးဖို့ အစ္စရေး သန္နိဋ္ဌာန်ချထား



 အစ္စရေးနဲ့ ပါလက်စတိုင်း အပစ်ရပ်ဖို့ သဘောတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ၊ ဂါဇာကနေ အစ္စရေး ဘက်ကို ဝင်ရောက်ရာမှာ သုံးတဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ ဆောက်ထားတဲ့ ဥမင် လိုဏ်ခေါင်းတွေကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အနေနဲ့ သန္နိဋ္ဌာန် ချထားကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

အားလုံးကို ရှင်းလင်း ဖျက်ဆီးဖို့ နောက်ထပ် ရက်အနည်းငယ်ပဲ လိုတော့တယ်လို့ အစ္စရေး စစ်တပ် ဦးစီးချုပ်က ပြောထားခဲ့ပြီး၊ အဲဒီလို ရှင်းလင်းရေး တာဝန်တွေကို ပြီးမြောက်အောင် လုပ်ခွင့် မပြုတဲ့ ဘယ်လို သဘောတူညီချက်ကိုမှ လက်ခံမှာ မဟုတ်ဘူး လို့လည်း အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

အစ္စရေးက ဂါဇာကို လေကြာင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေသလို ဟားမားစ်တို့ကလည်း အစ္စရေး ဘက်ကို ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။

အခုဆို တိုက်ခိုက်မှုတွေ စတင်ခဲ့တာ သီတင်း ၄ ပတ်ထဲ ဝင်လာနေပါပြီ။ သေဆုံးသူ အရေအတွက်လည်း ပိုများလာတဲ့အတွက် အစ္စရေးတို့ရဲ့ စစ်ရေး တိုက်ခိုက်မှုတွေ အပေါ် နိုင်ငံတကာက ဝေဖန်တာတွေလည်း ပိုတိုးလာနေပါတယ်။

http://www.bbc.co.uk/burmese/world/2014/07/140731_gaza_israel_determined.shtml
 


BBC Burmese 

ဂျပန်နိုင်ငံက ကြောင်ကျွန်း - Tashirojima










Tashirojima အမည်ရတဲ့ ကွန်းကို ကြောင်ကျွန်းလို့ ခေါ်တဲ့ အကြောင်းအရင်း ကတော့ လူဦးရေထက် ကြောင်ဦးရေက ပိုမို များပြားနေလို့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသမှာ ရှိနေတဲ့ ကျွန်းငယ် ဖြစ်ပြီး အကျယ်အဝန်း အားဖြင့် ၁.၂၁ စတုရန်းမိုင် ကျယ်ဝန်း ပါတယ်။
ကျွန်းမှာ နေထိုင်တဲ့ လူဦးရေဟာ ၁၀၀ တိတိသာ ရှိပြီး ၁၉၅၀ ကျော်နောင်းပိုင်း လူဦးရေ ၁၀၀၀ ကျော်ကနေ ကျလာခြင်း ဖြစ်ပါတယ်။ လူဦးရေ တစ်ဝက်က အသက် ၆၀ကျော် လူအိုများ ဖြစ်ပါတယ်။ တိုကျိုတို့လိုမျိုး မြို့ကြီးတွေမှာ သွားရောက် အလုပ်လုပ်သူများကြောင့် လူဦးရေ နည်းသွားရ ပါတယ်။ ကျန်ရှိသူများက တံငါလုပ်ငန်းနဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်ဖို့ ဖွင့်လှစ် လုပ်ကိုင် ကြ ပါတယ်။ အသက်ကြီး အဘိုးအဘွားများ အနေနဲ့ ရှေးယခင် ခါကတည်းက ကြောင်များကို မွေးမြူ လာခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် အကောင် အရေအတွက် သိသိသာသာ တိုးပွားလာခဲ့ ပါတယ်။
ယင်းကြောင့်ပဲ ကျွန်းကို ကြောင်ကျွန်းလို့ ပြောစမတ်ပြုတဲ့ အထိ နာမည်ကြီးလာပြီး ကမ္ဘာလှည့် ခရီးသည်များ အတွက် သွားရောက် လည်ပတ်စရာ နေရာများထဲက တစ်ခု ဖြစ်လာခဲ့ ပါတယ်။ ယနေ့မှာ ယင်းကျွန်း ဟာ လည်ပတ်သူများနဲ့ ပြန်လည် စည်ကားလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

ဗြိတိန်မှာ လုပ်တဲ့ အရက်ကြော်ge



အရက်ကို ကြော်တယ်ဆိုလို့ အသံကြားရင် ထူးဆန်းသလို ရှိပေမယ့် ဒါဟာ တကယ် အမှန်ပါပဲ။ ဗြိတိန်နိုင်ငံက စားဖိုမှူး လင်မယား နှစ်ဦးက ကမ္ဘာ့ ပထမဆုံး အရက်ကြော်ကို ပြုလုပ်ဖန်တီးခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ အစားအစာပဲ ဖြစ်ပါတယ်။

အပြင်မှာ ဗြိတိန်ရိုးရာလုပ် မှုန့်နှစ် နဲ့ ဖုံးအုပ်ပြီး အထဲမှာ အရက်ဖော်ရည်ကို အနစ်ထဲ လောင်းထည့် ပါတယ်။ သာမန်အားဖြင့်ဆိုရင် အရက်ကို ကြော်ရင် မီးလောင်မယ် သို့မဟုတ် အငွေ့ပြန်သွားမယ် ရှိပေမယ့် သူတို့ အဆိုအရ အရက်က အထဲမှာ ကျန်ရှိခဲ့ ပါတယ်။ ဒီတော့ ယင်း မှုန့်ကို စားရင် အရက်သောက် ရသလိုပဲ မူးပါမယ်။ ဒီအတွက် အနှံ့အရသာ အမျိုးမျိုး စုံလင်အောင် စပျစ်၊ ပန်းသီး နဲ့ အခြားသော အသီး နဲ့ အနံ့၊ အရောင် အမျိုးမျိုး တို့ကို ရောထည့်လို့ ရပါ သေးတယ်။

အင်တာနက်ပေါ် ပြန့်နှံ့ပြီး နာမည်ကြီးလာတဲ့ အရက်ကြော်ငြာကို http://metro.co.uk/2014/07/30/deep-fried-alcohol-goes-on-sale-in-the-uk-and-its-a-massive-hit-4815384/

 
 ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

လော့စ်အိမ်ဂျလိစ်မြို့က ကမ္ဘာကျော် ဆန်းဆက် ဘူလဘတ် Sunset Boulevard လမ်းမကြီးမှာ ပင်မရေပိုက်လိုင်းကြီး ပိုက်ပေါက်






လော့စ်အိမ်ဂျလိစ်မြို့က ကမ္ဘာကျော် ဆန်းဆက် ဘူလဘတ် Sunset Boulevard လမ်းမကြီးမှာ မြို့ကို အဓိက ရေပေးဝေနေတဲ့ ပင်မရေပိုက်လိုင်းကြီး ပိုက်ပေါက်ပြီး ရေတွေ ပန်းထွက်လာတာကြောင့် ကာလီဖိုးနီးယား တက္ကသိုလ်ထဲ ရေတွေ ဒလဟော စီးဝင်ပြီး လမ်းသွယ်တွေမှာလည်း ရေလျှံသွားပါတယ်။
ပိုက်က ပန်းထွက်လာတဲ့ ရေအရှိန်ကြောင့် လမ်းပေါ်မှာ ၁၀ပေ အကျယ် တွင်းကြီး ဖြစ်သွားပါတယ်။
ပေါက်သွားတဲ့ ရေပိုက်က ၁၉၂၁ နှစ်ကတည်းက သွယ်တန်းထားတာဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ကို အဓိက ရေဖြန့်ဖြူးပေးနေတဲ့ ပိုက်လိုင်း ဖြစ်ပါတယ်။
မြို့ရေအားပေးဌာနက ၃နာရီ အချိန်ယူပြီး ရေပိုက်ကို ပြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်သော နည်း(၆) နည်း




(အိပ်မပျော်သူများအတွက် နည်းလမ်းကောင်းများ)

၁။ နံနက်ခင်း သင်၏ခန္ဓာကိုယ်၏ သဘာဝနာရီ ကို လေ့ကျင့်ပေးရမည်။ နေ့ စဉ်နံနက်တိုင်း အိပ်ယာမှ ထချိန် တစ်သတ်မှတ်တည်း ဖြစ်ပါက သင့် ခန္ဓာကိုယ်၏ဇီဝနာရီ biological clock နှင့်အလွန်သဟဇာတ ကိုက်ညီ မည်ဖြစ် ပါသည်။ ထို့ကြောင့် ညဥ့် အချိန်မှာ အိပ်စက်ရန်အတွက်ဖြစ်ပြီး နံ နက် ၇ နာရီမှ အိပ်ယာမှထ၊ ချိန်၊ နှိုး ချိန်ဟု ဇီဝ နာရီက ညွှန်ကြားဘိသကဲ့သို့ ဖြစ်မည်။

၂။ နေ့လည် လှုပ်ရှားမှုများက အားကစားဆန် ရမည်။ သိပ်အားကစားမဆန်လိုလျှင် နေ့လည်စာ စားချိန် အားလပ်ချိန် (lunch break)၌ခေတ္တ လမ်းလျှောက်ခြင်း၊ အသားညှပ် ပေါင်မုန့် (သို့) စားစရာ တစ်ခုခု ဝယ်ရန် အတွက် စက်ဘီးစီးထွက် ခြင်း၊ စသည်တို့က သင်၏ အိပ်ပျော်ချိန်ကို ၄၂ မိနစ်အထိပင် တိုးမြှင့်သွားစေ နိုင်ပါသည်။

၃။ အလုပ်ချိန်အပြီး ညဥ့်အချိန် သိပ်နောကျသည်အထိ အလုပ်မလုပ်ပါနှင့်။ အလုပ်ခွင် တစ်ခုမှ ရုံးဝန်ထမ်းထက် ဝက်ခန့်မှာ အိမ်သို့ အလုပ်ယူသွားတတ်ကြသည်ဟုဩစ တြေးလျနိုင်ငံမှ သုတေသန ပြုချက် က ဆိုထား၏။ အိပ်ယာ မဝင်မှီ ကွန်ပြူတာ မော်နီတာမှ အလင်းရောင်ကို မြင်ရခြင်း ကပင် သင်၏ အိပ်ချိန်နာရီကို ၃ နာရီ ခန့် နောက်သို့ ရွှေ့ပစ်လိုက်နိုင်၏။

၎။ ညစာစားချိန် ကိုဘိုဟိုက်ဒြိတ် (ကစီဓာတ်)ကိုစားပါ။ သုတေသနပြုချက်များအရ အိပ်ယာမဝင်မှီ၎ နာရီခန့် ကာဘိုဟိုက်ဒြတ်များစွာ ပါဝင်သော အစားအစာကို စားခြင်းဖြင့် အိပ်မောကျချိန်ကို ပိုမိုနီးကပ်လာ စေနိုင်ကြောင်းတွေ့ရှိကြရ၏။

၅။ အိပ်ယာဝင်ချိန် အေးမြအောင်ပြုလုပ်ပါ။ သင်၏အိပ် ခန်းအတွင်းမှ အပူချိန်ကို လျော့ချခြင်း က သင်၏ ခန္ဓာကိုယ်အား အိပ်ချိန်ရောက်ပြီဟု အချက်ပေးသကဲ့သို့ဖြစ်စေသည်။

၆။အိပ်ရာမ၀င်မီ ၅ နာရီအတွင်း ကော်ဖီသောက်သုံးခြင်း လက်ဖက်ရည်သောက်ခြင်း (လက်ဖက်စားသုံးခြင်း )များကိုရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် အိပ်ခါနည်း နို့ပူပူလေးတစ်ခွက်ကို သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။

ref: - health digest

The Express Times

သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်


 

သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှု ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
အိုဘားမား အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဘောင်ကျော် အသုံးချခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်တွင် မဲခွဲရာ (၂၂၅)မဲ၊ (၂၀၁)မဲဖြင့် အနိုင်ရရှိခဲ့သည်။ အိုဘားမား၏ ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေသည့်တိုင် အောက်လွှတ်တော် ရှေ့နေများသည် အဆိုပါ စွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။
အိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပြဋ္ဌာန်းရေးအတွက် အားထုတ်ခဲ့ရာတွင် အာမခံဆိုင်ရာ အချိန်သတ်မှတ်ချက် တစ်ခုကို နှောင့်နှေးသွားစေရန်အတွက် လုပ်ပိုင်ခွင့်များကို ဘောင်ကျော် အသုံးချခဲ့ကြောင်း အဆိုတင်သွင်းသူများက စွပ်စွဲခဲ့သည်။ သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
“ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံရေး သမိုင်းကြောင်းတွင် အောက်လွှတ်တော်က လက်ရှိ အာဏာရ သမ္မတကို အာဏာအသုံးပြုမှုဆိုင်ရာ တရားစွဲဆိုမှုတစ်ရပ် အကောင်အထည် ဖော်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က အိုဘားမားသည် သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်ကို တစ်ကြိမ်ထက်မက ဘောင်ကျော် အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
အိုဘားမားသည် ၎င်းတာဝန်ယူခဲ့သည့် သမ္မတသက်တမ်း (၆)နှစ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ထုတ်ပြန်မှု (၁၈၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဘုရှ် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် (၈)နှစ်အတွင်း ယင်းအမိန့်မျိုး ထုတ်ပြန်မှု (၂၉၁)ကြိမ် ရှိခဲ့ဖူးပြီး ရော်နယ်လ်ရေဂင် လက်ထက်ကမူ (၃၇၁)ကြိမ်ထိ ရှိခဲ့ဖူးကြောင်း သိရှိရသည်။
7day

လက်တွေ့ ပျောက်တဲ့ ခါးနာပျောက်ဆေးနည်း




အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့ အထိုင်များပြီး ခါးနား၍ ဖြစ်စေ အောက်ပါလက်တွေ့ ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။

၁။ အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။

၂။ ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အ၀တ်သန့်သန့်ဖြင့် အာလူးများ ခွါမသွားအောင် စည်းပေးထားပါ)။

မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွါလိုက်လျှင် ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။

လက်တွေ့ ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့  ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။

ခါးနာဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေ

စောနွဲ့ နေဆိုင် (ပူတာအို)

K.K(ကနောင်)

သံဓာတ်ချို့တဲ့သည့် လက္ခဏာများ



အောက်ဖော်ပြပါရောဂါလက္ခဏာများကို သတိပြုမိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ်စတင်စားသုံးပေးပါ
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်းဇယားများအရ အမျိုးသမီးများ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဆိုးကျိုးများခံစားနေရကြောင်း သိရသည်။ သို့သော် သံဓာတ်ချို့တဲ့နေသည့် ရုပ်ပိုင်းဆိုင်ရာတက်တက်ကြွကြွရှိသော အမျိုးသမီးများအရေအတွက်မှာ ပို၍ပင်မြင့်မားကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သံဓာတ်ချို့တဲ့မှုကို အောက်ပါလက္ခဏာရပ်များကို ကြည့်၍ သိရှိနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်း

အောက်စီဂျင်သယ်ဆောင်သည့်သွေးနီဆဲလ်များအတွင်းပါဝင်သော ဟေမိုဂလိုဘင်ကိုထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ်(Iron)ကို အသုံးပြုသည်။ ကျန်းမာသန်စွမ်းသည့် သွေးဆဲလ်များလုံလောက် သော ပမာဏမရှိပါက မောပန်းနွမ်းနယ်မှုကို စတင်ခံစားလာရမည်ဖြစ်သည်။

အာရုံစိုက်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့မှုနှင့်အတူ လူများတွင် အာရုံကြောများကြားဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းမှာလည်း အပြောင်းအလဲရှိမည်ဖြစ်သည်။ သံဓာတ်ချို့တဲ့မှုကြောင့် ယင်းဒြပ်ပေါင်းလုပ်ဆောင်ချက်မှာ သာမန်ထက်လျော့ကျသွားနိုင်သည်။

စိတ်ပါဝင်စားမှုမရှိခြင်း

အာရုံကြောများကြား ဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းပြောင်းလဲမှု၏ နောက်ထပ်ဆိုးကျိုးတစ်ခုမှာ မည်သည့်ကိစ္စကိုမဆို စိတ်ပါဝင်စားမှုမရှိဖြစ်ခြင်းပင်ဖြစ်သည်။

အသက်ပုံမှန်ရှူ၍မရခြင်း

သွေးထဲတွင် လုံလောက်သောသံဓာတ်မရှိခြင်းကြောင့် ခန္ဓာကိုယ်တွင် အောက်စီဂျင်ဓာတ်များစွာလိုအပ်လာ၍ အသက်ပုံမှန်ရှူမရခြင်းကို ဖြစ်စေသည်။

ပုံမှန်မဟုတ်ဘဲ အသားအရေဖျော့တော့ခြင်း

သွေးလည်ပတ်စီးဆင်းမှုနှုန်းလျော့ကျခြင်းနှင့် သွေးနီဆဲလ်အရေအတွက်လျော့ကျသွားပါက အသားအရေဖျော့တော့လာနိုင်သည်

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့ပါက ယခင်က ပုံမှန်လုပ်ဆောင်နေကျဖြစ်သော ကိုယ်လက်လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

ကြွက်သားများအလွန်နာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် သာမန်ထက်ပိုမိုကြာရှည်စွာပင်ပန်းနွမ်းနယ်ပြီး ကြွက်သားများနာကျင်နေပါက သံဓာတ်မလုံလောက်ခြင်းကြောင့် ကြွက်သားများအသေအချာပြန်လည်ကျန်းမာရန် စွမ်းရည်နည်းပါးပြီး နာကျင်ကိုက်ခဲနိုင်သည်။

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောခြင်း

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောပြီး အလွယ်တကူ ကျိုးပဲ့ခြင်းမှာလည်း သံဓာတ်ချို့တဲ့မှုလက္ခဏာတစ်ခုဖြစ်သည်။

မကြာခဏနာမကျန်းဖြစ်ခြင်း

အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် မကြာခဏနာ မကျန်းဖြစ်ခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။

ဆီးပန်းရောင် (သို့မဟုတ်)အနီရောင်သွားခြင်း

သံဓာတ်ချို့တဲ့မှုကြောင့် အူသိမ်အူမများက အရောင်ပါဝင်သော ပစ္စည်းများကို ပိုမိုစုပ်ယူသဖြင့် ဆီးသွားသည့်အခါ ပန်းရောင် (သို့မဟုတ်) အနီရောင်ဆီးများသွားလေ့ရှိကြောင်း သိရသည်။

—Ref: Time
7Day Daily

K.K(ကနောင်)

ပရော်ဖက်ရှင်နယ်ဆိုတာ





ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော်
အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ
ကျွန်တော်သိတယ်..............."

ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."

"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။

ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊
လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။

သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး"
လို့ပြန်ပြောတယ်.။

ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊
အင်္ကျီအ၀တ်အစားတွေ
စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။

သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို
ရွံကြတယ်ဗျ၊
ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော်
တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"

ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော်
ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။

" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို
နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ
ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ
လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"

"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ
တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့
လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော်
ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential
customers ဆိုတာပေါ့ဗျာ"

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က
စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက
၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့
၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့
အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ"
ကျွန်တော် မေးလိုက်မိတယ်..။

"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။
ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့
မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ
လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း
ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက
ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"

"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။

"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊
တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"

ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ
ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊
စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး
ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂
နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး
တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင်
အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ
မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။

ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။

"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။

"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို
မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို
ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊
သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ
သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"

"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ
ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်
လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို
သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊
ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက်
အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။

"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့
တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ
အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"

"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့
အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင်
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။
ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"

"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။
ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ
၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ
၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး
အတက်အကျမရှိဘူး။"

မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။

"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။
အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ
ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။
ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့
စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"

အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို
ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက
ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့
အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့
ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း
တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ
အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။
သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို
ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။

"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။
ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး
ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး
ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့
၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။

အဲချိန်တုန်းက
၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို
၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။
ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့
အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။

ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "

သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို
တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

Credit to Serein Ma Yu Hninn

The Express Times

လေမဖြတ်ရအောင် ကြိုတင် ကာကွယ်နည်းများ


ရှောက်ရွက်ဟာ လေ မဖြတ်အောင် ကာကွယ် ပေးနိုင်တဲ့ ဆေးဆိုတာ အချို့က သိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲ ပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေး ပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင် ဆေးပြီး မတ်ခွက်ထဲကို ထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကို လောင်းထည့်၊ အဖုံးအုပ် ထားပြီး အေးသွားလျှင် သောက်ပေးနိုင် ပါတယ်။ တစ်ခါ စိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ် မကုန်မချင်း သောက်ပေးနိုင် ပါတယ်။ (အရမ်း ခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ်ခပ်ပြီး သောက်နိုင် ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင် ပါတယ်။

၃။ အသုပ်မျိုးစုံ တို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက် သည့်အတွက် ရေစိမ်သောက်တဲ့ နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန် ပါသည်။
===================

လေမဖြတ်အောင် ကြိုတင် ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝ ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက် ပါသည်။

လက်တွေ့ ပျောက်ကင်း သွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။

ဆေးနည်းမှာ---

၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား

၎င်းနှစ်မျိုးကို သန့်ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေး များနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက် သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။
===============

စောနွဲ့ နေဆိုင် (ပူတာအို)


ပုလဲ အကြောင်း


ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။ န၀ရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။
ပုလဲအမျိုးအစားများ
ပုလဲသည် ခရုကမာကောင် (Mollusks) မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်ပါသည်။ အခွံနှစ်ခုပါသော ခရုကမာ ကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ဂုံးကောင် (Mussel) ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန် ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ် နိုင်သည့် ခရုကမာ ကောင်မျိုးကိုမူ မုတ်ကောင် (Oyster) ဟု ခေါ်ပါသည်။
ဂုံးကောင် ( Mussel )
မုတ်ကောင် ( Oyster )
ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။
ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး သြစတေးလျ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် သြစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။
ပုလဲဖြစ်ပေါ်ပုံ
ပုလဲသည့် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်း ထားပါသည်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဘွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ သြော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါဝင်ဖွဲ့စည်း ထားခြင်း ဖြစ်ပါသည်။ ပုလဲသား တစ်လွှာလျှင် ၀.၀၀၀၀၅ မီလီမီတာ အထူ ရှိပါသည်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိပါသည်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိပါသည်။
မွေးပုလဲ
မွေးပုလဲဆိုသည်မှာ သဘာဝပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသော ၀တ်ဆံလုံး ( Nucleus ) ကို ဆက်သားစ ( Mantle ) နှင့် အတူ မုတ်ကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းရာတွင် ၀တ်ဆုံလုံး အလွယ်တကူ ပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမှားသော ပုလဲ ရရှိစေရန် အတွက် မုတ်ကောင်၏ ခန္ဓာ ကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများမှ ၀တ်ဆံ သွင်းယူရခြင်း ဖြစ်သည်။ မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (၀.၄) မီလီမီတာမှ (၄.၀) မီလီမီတာ အထိ ရှိနိုင်ပါသည်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိပါသည်။
ပထမဆုံးသော မွေးပုလဲကို ဂျပန်လူမျိုး မီကီမိုတို ဆိုသူက ၁၈၉၈ ခုနှစ်တွင် စတင် ဖော်ယူနိုင်ခဲ့ပြီး ဂျပန်ဘုရင် အား ဆက်သနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင် မွေးပုလဲ ထုတ်လုပ်မှု လုပ်ငန်းကို ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ကုန်သွယ်မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့ ပါသည်။
ပုလဲထိန်းသိမ်းရန်
န၀ရတ်ကိုးပါးတွင် ပါဝင်သော ရတနာများ၌ စိန်၏ မာကြောမှုမှာ(၁၀) ဖြစ်၍ အမြင့်ဆုံးဖြစ်ပြီး ပုလဲ၏ မာကြောမှုမှာ အနိမ့်ဆုံး ဖြစ်ခြင်း တို့ကြောင့် စနစ်တကျ ထိန်းသိမ်း သုံးစွဲရန် လိုအပ်ပါသည်။ ပုလဲအား အခြား သော လက်ဝတ်ရတနာ များနှင့်အတူ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ရေနွေးဖြင့် ဆေးကြောခြင် မပြုလုပ်ရပါ။ နူးညံ့ပြီး စိုစွတ်သော အ၀တ်ဖြင့် အသာအယာ ပွတ်၍ သန့်ရှင်းရေးကို ပုံမှန် ပြုလုပ် ပေးသင့် ပါသည်။
မြန်မာ့ပုလဲ လုပ်ငန်း၏ အဓိက ပုလဲမွေးမြူနေသော ကျွန်းစခန်း များမှာ -
ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်
မလိကျွန်း - ပုလောမြို့နယ်
ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်
တို့ ဖြစ်ပါသည်။
ဖော်ပြပါ ပုလဲလုပ်ငန်းများ၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသွေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။
ပုလဲတစ်လုံး၏ တန်ဖိုးကို ဖြစ်စေသော အချက်များ
ပုလဲတစ်လုံးအား တန်ဖိုး သတ်မှတ်ရာတွင် အောက်ဖော်ပြပါ အချက် (၇)ချက် ပေါ်တွင် အခြေခံ၍ ဆုံးဖြတ် ရပါသည်။
၁။ ပွင့်ရည် (အရည်အသွေး ) LUSTRE ။ ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ၀င်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့် အချက်များ အားလုံးတွင် ပွင့်ရည်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ ပွင့်ရည် မရှိသော ပုလဲ များသည် ထွန်းလင်း တောက်ပမှု မရှိဘဲ အရောင်မှိန်နေပါသည်။
၂။ ပုလဲ မျက်နှာပြင် ချောမွေ့ ပြေပြစ်မှု SURFACE QUALITY ။ ပုလဲ တစ်လုံးနှင့် တစ်လုံးမှာ မျက်နှာပြင်၏ အနေအထားပေါ်တွင် မူတည်၍ အရည်အသေးအားဖြင့် မတူညီနိုင်ပါ။ အနာအဆာ ကင်းသော ပုလဲများသည် ရှားပါးမှုကြောင့် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး တန်ဖိုးအားဖြင့် ဈေးအလွန်ကြီးပါသည်။ မွေးပုလဲများသည် သက်ရှိ သတ္တ၀ါမှ ထုတ်လုပ်ရခြင်း ဖြစ်၍ အနာအဆာ တစ်မျိုးမျိုး ရှိနေတတ်ပါသည်။ စက်ရုံမှ ထုတ်လုပ် သကဲ့သို့ စင်းလုံးချောမရနိုင်ပါ။ ထိုအချက်သည်ပင်လျှင် သဘာဝ၏ ထိတွေ့မှု ဖြစ်သောကြောင့် ပုလဲ တစ်လုံးနှင့် တစ်လုံး ရာနှုန်းပြည့် မတူညီနိုင်သဖြင့် ပုလဲကို မြတ်နိုးသူများ တန်ဖိုးထားစရာ ဖြစ်ပါသည်။
၃။ ပုလဲသား အလွှာ၏ အထူအပါး NACRE QUALITY ။ ပုလဲသား အလွှာထုသည် ပွင့်ရည် LUSTRE ဖြစ် ပေါ်စေရန် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ပုလဲသား အလွှာ ထူပါးခြင်းသည် ပုလဲ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်ရန် အထောက်အကူ ပြုပါသည်။ ပိုမိုတောက်ပသော ပုလဲ အများစုမှာ ပုလဲသားလွှာ ထူထဲမှု ရှိပြီး ပုလဲသားလွှာ ပါးနေပါက အရောင်မှာ မှိန်ပြီး ဖြူသော အရောင်အဆင်း ရှိနေပါသည်။ ပုလဲသားလွှာ ပါးနေပါက ပုလဲ၏ တန်ဖိုး ကျဆင်းနိုင်ပါသည်။ ပုလဲသားလွှာ ထူမှသာ ရာစုနှစ်များစွာ ခိုင်ခံ့နေပြီး ဆွဲဆောင်မှု ရှိသည့် အသွင်အပြင်ကိုလည်း ထိန်းထား နိုင်ပါသည်။ ပုလဲသားလွှာ ထူသည့် ပုလဲတိုင်းသည် တူညီသော ပွင့်ရည် မရှိနိုင်ပါ။ ပုလဲသားလွှာများ အတွင်း အလင်းဖောက်ထွင်း ၀င်ရောက်နိုင်မှုနှင့် ပုလဲသား အလွှာ အထပ်လေးများ အစီအစဉ် ကျနစွာ တည်ရှိနေမှုတို့ပေါ် မူတည်၍ ပွင့်ရည် မတူညီမှုကို ဖြစ်စေပါသည်။
၎။ အရွယ်အစား SIZE ။ တောင်ပင်လယ် ပုလဲများသည် အရွယ်အစား ကြီးသော ပုလဲများ ဖြစ်ပါသည်။ ပုလဲတစ်လုံးသည် သူ့အမျိုးအစားနှင့် သူ ရှိရမည့် အရွယ်ထက် ပိုမို ကြီးမားနေမည် ဆိုပါက ထိုပုလဲ၏ မက်မောဖွယ် ကောင်းသော ရှားပါးသည့် အရည်အသွေး ( Rarity ) ကြောင့် အမျိုးတူ ပုလဲများထက် တန်ဖိုး အားဖြင့် ပိုမို မြင့်မားလာမည် ဖြစ်ပါသည်။
၅။ ပုံသဏ္ဌာန် SHAPE ။ ပုလဲ၏ ပုံသဏ္ဌာန် အပေါ် မူတည်၍လည်း တန်ဖိုးကို ဆုံးဖြတ်ပါသည်။ လုံးဝန်းသော ပုလဲများသည် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်ပါသည်။
၆။ အရောင် COLOUR ။ တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။ အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် ဈေးအမြင့်ဆုံး ရစေသည်။
၇။ တူညီ လိုက်ဖက်မှု MATCHING ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။
ပုလဲ မျိုး ၈-ပါး
ဟတ္ထိကုမ္ဘံ- ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
ဝရာဟဒါဌံ- ၀က်စွယ်၌ဖြစ်သော ပုလဲ၊ ၀က်စွယ်အဆင်း၊
ဘူဇင်္ဂ သီသံ- မြွေဦးခေါင်း၌ဖြစ်သော ပုလဲ၊ စိမ်းညိုတောက်ပသည်၊
ဝလာဟကံ- တိမ်တိုက်၌ဖြစ်သော ပုလဲ၊ နတ်သုံး ရတနာမျိုး၊ အလွန်လင်း၏၊
သင်္ခေါ- ခရုသင်း၌ဖြစ်သော ပုလဲ၊ ၎င်းင်း အဆင်းရောင်ရှိ၏၊
သိပ္ပိ- ယောက်သွား၌ဖြစ်သော ပုလဲ၊ အဆင်းရောင်အထူးထူးရှိ၏၊
ဝေဠု- ၀ါး၌ဖြစ်သော ပုလဲ၊ သပျစ်သီးစိမ်းရောင်အဆင်းရှိ၏၊
မစ္ဆ သိရော- ငါးဦးခေါင်း၌ဖြစ်သော ပုလဲ၊ ငါးဖယ်ကျောက်ကုန်း အဆင်းရှိ၏၊
ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။
======================
မြန်မာ့ရေပြင်မှ ပုလဲများ

မျက်ကွင်းညြိုခင်း


မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြား
အသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြော
လေးတွေက အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင် (Hemoglobin)
များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။
ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီး
ခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ
အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင်
ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။
၁။ မျိုးရိုးလိုက်ခြင်း
၂။ အိုမင်းရင့်ရော်လာခြင်း
၃။ နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း
၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း
၅။ စိတ်ဖိစီးမှုများခြင်း
၆။ နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း
၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း
၈။ ရေဓါတ်ခန်းခြောက်ခြင်း
၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း
စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်
သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့
မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။
ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများ
သောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။
ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး
မျက်စိပေါ်တွင်တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။
တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး
မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ
ပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး
၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေ
တတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။
စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံး
ကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့်
အရေပြားတွင် မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်း
သော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်းညိုခြင်းကို လျော့ကျ ပျောက်ကင်းစေနိုင်ပါကြောင်း
Credit :Good Health

ပဋ္ဌာန်း(၂၄ ) ပစ္စည်း ( မြန်မာဘာသာပြန်)


ဟေတုပစ္စယော-----အကုသိုလ်ကင်း၍
ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

အာရမ္မဏပစ္စယော-------မျက်စိနှင့်နားသည်
နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။

အဓိပတိပစ္စယော------ရုပ် နာမ် နှစ်ပါးတို့ကို
စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

အနန္တရပစ္စယော-----များစွာသော ကုသိုလ်တို့ကိုမျက်မှောက်ပြုရပါစေသား။

သမနန္တရပစ္စယော-----ရုပ်နှင့် နာမ် အတူရှိသော
တရားတို့ကို မျက်မှောက်ပြုရပါစေသား။

သဟဇာတပစ္စယော--------ရုပ် ရုပ်ချင်း နာမ် နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား။

အညမညပစ္စယော------ရုပ်မှ နာမ်သို့
နာမ်မှ ရုပ်သို့ ပြောင်းလဲသိရပါစေသား။

နိဿယပစ္စယော-------ရုပ်နာမ်နှစ်ပါးတို့ တည်နေရာကိုသိရပါစေသား။

ဥပနိဿယပစ္စယော------ရတနာသုံးပါးကို
ဦးထိပ်ထားရပါစေသား။

ပုရေဇာတပစ္စယော-----ရှေးကဖြစ်သော
အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

ပစ္ဆာဇာတပစ္စယော---------နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍
ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

အာသေဝနပစ္ဇ္စယော-----လိုရာဆန္ဒမရှိအောင်
ပြည့်စုံရပါစေသား။

ကမ္မပစ္စယော-------ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

ဝိပါကပစ္စယော-------ဝဋ်ကြွေး သုံးသွယ်ကို
ပယ်ဖျက်ရပါစေသား။

အာဟာရပစ္စယော--------လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံနိုင်ရပါစေသား။

ဣန္ဒြိယပစ္စယော ------ နာမ်ရုပ်ကိုထိန်းသိမ်းတက်သော ပညာနှင့် ပြည့်စုံရပါစေသား။

ဈာနပစ္စယော-------သူတော်ကောင်းတရား (၇)ပါး
ဉာဏ်စဉ် (၅) ပါးနှင့်ပြည့်စုံရပါစေသား။

မဂ္ဂပစ္စယော-----ဘာဝနာ (၂ )ပါး အပေါင်းကို
အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရပါစေသား။

သမ္ပယုတ္တပစ္စယော------- သူတော်ကောင်းတို့နှင့်ပေါင်း၍
(၇) ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

ဝိပယုတ္တပစ္စယော-------သူယုတ်မာနှင့်ဝေး၍ အကုသိုလ်နှင့် ကင်းရှင်းရပါစေသား။

အတ္ထိပစ္စယော--------သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

နတ္ထိပစ္စယော-----ပရမတ္တ မရှိတရား၏ အသိကို
မျက်မှောက်ပြုရပါစေသား။

ဝိဂတပစ္စယော---------ရှေး၌ ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှစ်ခိုးရပါစေသား။

အဝိဂတပစ္စယောတိ-----ပွင့်လတ္တံ့သော ဘုရားတို့ကို ရှစ်ခိုးရပါစေသား။
==============================
အဆိုအမိန့်များနှင့် ဗဟုသုတစာပေများ

အော်လန်ဒို ဘလွန်းမ်နဲ့ ဂျက်စတင်ဘီဘာ ဘာဖြစ်ကြလဲ

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဗြိတိသျှ လူမျိုး အော်လန်ဒို ဘလွန်းမ်က နာမည်ကြီး ပေါ့ပ်အဆိုတော် ဂျက်စတင် ဘီဘာ ကို စားသောက်ဆိုင်တခုမှာ အင်္ဂါနေ့ညက လက်သီးနဲ့ ထိုးဖို့ လုပ်ခဲ့တယ်ဆိုတဲ့ သတင်း က ကျော်ကြာသူတွေအကြောင်း အမြဲဖော်ပြလေ့ ရှိတဲ့သတင်းဝက်ဆိုက်မှာ တက်လာပါတယ်။ 

 ဓာတ်ပုံ- ရိုက်တာ/အေအက်ဖ်ပီ

စားသောက်ဆိုင်ထဲက ဘေးကရပ်ကြည့်သူ တဦးရဲ့ ဗီဒီယိုပြကွက်တခုမှာတော့ နာမည်ကြီး ဇာတ်လမ်း တခုဖြစ်တဲ့ Pirates Of The Caribbean သရုပ်ဆောင် အော်လန်ဒို ဘလွန်းမ်က ဘီဘာဆီကို လက်သီး တလုံး ပစ်သွင်း နေတာတွေ့ရတယ်လို့ The Straits Times သတင်းတပုဒ်က ဆိုပါတယ်။

ဒါပေမယ့် Cipriani စားသောက်ဆိုင်မှာ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တွေကလည်း အမျိုးမျိုး
ပြောနေကြတယ် တဲ့။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်လန်ဒိုဘလွန်းမ်ကလည်း ဆယ်ကျော်သက် လူငယ်တွေရဲ့ အသည်းစွဲ ဘီဘာကို အာရုံနောက်နေတာကြောင့် အခုလို ရန်ပွဲဖြစ်သွားတာလို့ ဆိုတယ်။

တချို့ကပြောတာကလည်း အသက် ၂ဝ အရွယ် ဂျက်စတင်ဘီဘာက သူနဲ့ အော်လန်ဒို ဘလွန်းမ်ရဲ့ ဇနီးဟောင်း မီရန်ဒါ ကားရ်နဲ့ အိပ်ခဲ့တယ်လို့ ဘလွန်းကို ပြောလိုက်တာကြောင့် ရန်ပွဲဖြစ်ခဲ့တာ စသဖြင့် အမျိုးမျိုး ပြောနေကြတယ်လို့ဆိုတယ်။

မျက်မြင်တွေ ပြောတာကတော့ စားသောက်ဆိုင်ထဲက ဘီဘာ ထွက်သွားချိန်မှာ လူအုပ်က လက်ခုပ်ဝိုင်း တီးခဲ့ကြတယ်တဲ့။

ဘလွန်းမ်ဟာ The Lord Of The Rings ဇာတ်ကားမှာ နာမည်ကြီးခဲ့သူလည်းဖြစ်ပြီး မနှစ်ကမှ ဇနီးသည် ကားရ်နဲ့ လမ်းခွဲခဲ့တာပါ။ ဘလွန်းမ်နဲ့ ကားရ် အိမ်ထောင်သက်က ၃ နှစ်လောက်ကြာရှိပြီး သူတို့မှာ သား တဦးထွန်းကားခဲ့တယ်တဲ့။

အဲဒီလို ရန်ပွဲဖြစ်ပြီးနောက်နေ့ကျတော့ ဘီဘာက ဘလွန်းမ် ငိုနေတာ ဘယ်လို ပုံပေါက်နေလဲဆိုပြီး သူ့ရဲ့ Instagram အကောင့်ကနေ ဓာတ်ပုံတပုံ တင်ခဲ့တယ်။

အိမ့်သံစဉ် 
http://blog.irrawaddy.org/2014/07/blog-post_83.html

လွှတ်တော်မှာ PR အတည်မဖြစ်ပါ။

လွှတ်တော်မှာ PR အတည်မဖြစ်ပါ။
" ရှင်းရှင်းလင်းလင်းသိဖို့ ဆိုရင် သေသေချာချာ ဖတ်ဖို့ ၊ သေသေချာချာနားထောင်ဖို့ လိုပါလိမ့်မယ် "
........................................................................
ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်တယ်ဆိုတာက PR စနစ်ကို ကျင့်သုံးရေးအဆိုကိုအတည်ပြုတာမဟုတ်ဘဲ နောက်လာမဲ့ ရွေးကောက်ပွဲတွေမှာ PR စနစ်ကို ကျင့်သုံးသင့်သလား ၊ လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်ကိုပဲ ဆက်လက်ကျင့်သုံးသင့်သလား ဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းတဲ့ PR စနစ်ကျင့်သုံးသင့်ကြောင်း အဆိုကို ထောက်ခံတဲ့ သဘောမဟုတ်ပါဘူး
မဲခွဲဆုံးဖြတ်တော့မဲ့ အချိန်မှာ လွှတ်တော်ခန်းမအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဘာကိုမဲခွဲဆုံးဖြတ်မှာလဲ မရှင်းလင်းတဲ့အတွက် PR ကို ထောက်ခံရမှာလား၊ ကော်မရှင်ကို ထောက်ခံရမှာလားလို့ ထပြီးမေးမြန်းခဲ့တာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက
" ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့ တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့
ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး ၊ လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ်
ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားခင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ
သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်
ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီအရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံသာမကပဲနဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ် "
လို့ ရှင်းလင်းဖြေကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ အဆိုပြုချက်ကိုသာ ထောက်ခံ (မကန့်ကွက်) ခဲ့ခြင်းဖြစ်ပါတယ် လို့ သိရှိရပါတယ် ။
........................................................
အဲဒီတော့ ရှင်းပါတယ်
NLD က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ PR စနစ် ကျင့်သုံးသင့်ကြောင်း တစ်ဖက်သတ်အဆိုတင်သွင်းတာကို လုံးဝပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါတယ် ။ ယနေ့မဲခွဲရာမှာ-- နောက်လာမဲ့ရွေးကောက်ပွဲတွေမှာ ဘယ်စနစ်ကျင့်သုံးသင့်လဲဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီ ကော်မရှင်ဖွဲ့စည်းဖို့ လို့ ရှင်းလင်းဖြေကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ စကားအတိုင်း သာ မကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။
ဦးရွှေမန်းရဲ့စကားတွေကို တစ်ဆစ်ချင်း တစ်ပိုင်းချင်း လေ့လာသုံးသပ်ကြည့်မယ်ဆိုရင်
(၁) " အဲဒီအတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို --ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး "
(ဒီစကားမှာ ပြည်သူ့လွှတ်တော်ရဲ့ အကြီးအမှူးတစ်ယောက်က အခုအဆိုတင်သွင်းလာတဲ့ " တိုင်းဒေသကြီးများတွင် PR စနစ်ကို ကျင့်သုံးဖို့ ဆိုတဲ့ အပိုင်းကို လက်မခံဘူး " လို့ ပေါ်လွင်ပြီးဖြစ်ပါတယ် ။)
(၂) " မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "
(" မျှမျှတတ ဖြစ်အောင်" ဆိုတဲ့စကားအရ PR စနစ်ကို ကျင့်သုံးသင့်တယ်လို့ ထောက်ခံချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ ကန့်ကွက်ချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ မှတ်တမ်းသာတင်ထားမယ် ၊ ဘယ်စနစ် ကိုကျင့်သုံးသင့်တယ် ဆိုတာကို သုံးသပ်လေ့လာအကြံပြုဖို့ ကော်မတီကော်မရှင် ဖွဲ့စည်းမယ် ၊ အဲဒီ ကော်မတီက အကြံပြုတင်ပြလာတာကိုမှ လွှတ်တော်မှာ အဆုံးအဖြတ်ပြန်ယူမယ် " .. လို့ အဓိပ္ပါယ် ထွက်ပါတယ် )။
(၃) " ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ် "
(ဒီစကားဟာ ပြည်သူ့လွှတ်တော်မှာ မဲခွဲခဲ့တာဟာ အဆိုရှင် ဦးအောင်ဇင်တင်သွင်းတဲ့ တိုင်း ဒေသကြီးများတွင် PR စနစ်ကျင့်သုံးသင့်သော အဆို ကိုမဲခွဲဆုံးဖြတ်တာမဟုတ်ပါဘူး ၊ တကယ်ဆိုရင် အဲဒီအချက်ကို အရင်မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ် ၊ အခုတော့ ဦးရွှေမန်းရဲ့ စကားအရ အဆိုရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ကော်မတီ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ဆိုတာကို မဲခွဲတာဖြစ်တယ် ၊ ဒီမဲခွဲခြင်းဟာ ဘယ်စနစ်ကို ကျင့်သုံးသင့်တယ် လို့ လေ့လာသုံးသပ်မဲ့ကော်မတီကို ဖွဲ့စည်းဖို့ဖြစ်တယ် ၊ PR စနစ်ကို ကျင့်သုံး မယ် ဘယ်လို PR စနစ်ကိုကျင့်သုံးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကော်မတီကို ဖွဲ့စည်းတာမဟုတ်ဘူး လို့ အဓိပ္ပါယ်ရပါတယ်)
(၄) " ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့ သင့်တော်သော ရွှေးကောက်ပွဲ စနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ .. သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ် "
(မေးတာက နောက်ဆုံးအပိုင်းကိုမေးတာဖြစ်ပါတယ်လို့ ကြိုတင်ရှင်းလင်းဖြေကြားတာကို တွေ့ရတယ်
အဲဒီအပြင် အဆုံးပိုဒ်ကိုပဲ ပြောပါမယ် လို့ ဆိုရာမှာ
(ပဲ) ဆိုတဲ့ နာမ်ထောက်ပစ္စည်း စကားလုံး ကိုသုံးပြီးပြောဆိုတဲ့အတွက် မဲခွဲခြင်းဟာ အရှေ့က အပိုဒ်များ စကားလုံးများနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ထင်ရှားပါတယ် ။
ဒါကြောင့်ယနေ့ ၂၉.၇.၂၀၁၄ နေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခြင်းဟာ ရွေးကောက်ပွဲစနစ်သုံးသပ်လေ့လာရေးကော်မတီကော်မရှင်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ချင်းသာဖြစ်ပြီး အဆိုမှာပါဝင်တဲ့ အခြား စကားလုံး စကားရပ်များကို ဆုံးဖြတ်ခြင်းမဟုတ်ကြေင်း ထင်ရှားပါတယ် ။
ဒါကြောင့် ယနေ့အတည်ပြုလိုက်တာဟာ မြန်မာနိုင်ငံနဲ့သင့်တော်သော ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်စေနိုင်ဖို့အတွက် ယခုသုံးနေတဲ့ FPTP အတိုင်းပဲဆက်လက်ကျင့်သုံးသင့်သလား PR ကိုပြောင်းလဲကျင့်သုံးသင့်သလား လေ့လာသုံးသပ်ဖို့ ကော်မရှင်ဖွဲ့စည်းရေး အပိုင်းအဆို အတည်ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ် ။
ဒါဟာ PR စနစ်ကိုအတည်ပြုလိုက်တာမဟုတ်သလို ထောက်ခံခဲ့သူတွေကလည်း PR စနစ်ကျင့်သုံးဖို့ ထောက်ခံခဲ့တာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ထွက်ပါတယ် ။)
အဲဒါကိုမှ PR စနစ်ကိုကျင့်သုံးဖို့အတည်ပြုလိုက်ပြီဆိုတဲ့ အယူအကောက်တွေက ဘယ်လိုထွက်လာပါသလဲ ။
ဒါမဲခွဲမှုဟာ PR ကို ကျင့်သုံးဖို့အတည်ပြုတာပါလို့ ပြောရင်တော့ လွှတ်တော်က " ကလိမ်ကလည် လွှတ်တော်" ပါလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ ။ မဲခွဲစေခဲ့သူဟာ လည်း " ကလိမ်ကကျစ် " ပါလို့ ပြော လိုက်တာနဲ့ အတူတူပါပဲ ။
မူရင်း-ထင်လင်းဦး

ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)

 
တောင်ဥက္ကလာပမြို့နယ် ၁၄ရပ်ကွက် မြင်သာ၉လမ်း အမှတ်၁၂၁/၁ နေ အသက်၈၀ကျော် အဘိုးဦးမောင်ငွေနှင့် ညီမဖြစ်သူ အသက်၇၈နှစ်အရွယ်ရှိ အဘွားဒေါ်တင်တင်ရီတို့ နေထိုင်သောအိမ်အတွင်းမှ အပုတ်နံ့များရရှိသဖြင့် ရပ်ကွက်တွင်းရှိတာဝန်ရှိသူများမှ ဝင်ရောက်ကြည့်ရှုရာ အဘိုးဦးမောင်ငွေမှာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ပါသည်။ အလောင်းမှာပုတ်ပွကာ မျက်နှာပင်မရှိတော့သည်အထိ လောက်များတွယ်လျက်ရှိပြီး အဘွားဒေါ်တင်တင်ရီမှာလည်း မေ့မျော၍ အသက်မျှင်းမျှင်းမျှသာရှိတော့ပါသည်။ အဘွားမှာ လေဖြတ်ထားပြီး မျက်စေ့လည်းမမြင်ကြောင်း သိရပါသည်။ သေဆုံးသူအတွက် လိုအပ်သည်များကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြပြီး အဘွားဒေါ်တင်တင်ရီအတွက် ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံ အကြောင်းကြားခဲ့ကြသဖြင့် ဆည်းဆာရိပ်မှ ချက်ခြင်းသွားရောက်ခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်နေသည့် အဘွားအတွက် အရေးပေါ်ပြုစုကုသမှုများကို လူနာတင်ယာဉ်ပေါ်တွင်ပင် ပြုလုပ်ခဲ့ရပြီးနောက်မှ ဆည်းဆာရိပ်သို့ ခေါ်ဆာင်လာခဲ့ပါသည်။ ဆည်းဆာရိပ်တွင် အဘွား၏အခြေအနေ စိတ်ချရသည်အထိ ပြုစုကုသမှုများကို တစ်ညလုံး ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ အကိုဖြစ်သူ၏ ပုတ်ပွနေသောအလောင်းနှင့်အတူ ၄/၅ရက်ခန့် အစာငတ်ရေငတ်ကာ မေ့မျာနေခဲ့သည့် သေအံ့ဆဲဆဲ အဘွားဒေါ်တင်တင်ရီသည် ဆည်းဆာရိပ်ဆေးအဖွဲ့၏ ဂရုတစိုက်ပြုစုကုသပေးမှုကြောင့် ယနေ့တွင်တော့ သေတွင်းမှလွတ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)

https://www.facebook.com/TwilightVillaMyanmar?fref=ts








ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)