Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

လွှတ်တော်မှာ PR အတည်မဖြစ်ပါ။

လွှတ်တော်မှာ PR အတည်မဖြစ်ပါ။
" ရှင်းရှင်းလင်းလင်းသိဖို့ ဆိုရင် သေသေချာချာ ဖတ်ဖို့ ၊ သေသေချာချာနားထောင်ဖို့ လိုပါလိမ့်မယ် "
........................................................................
ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်တယ်ဆိုတာက PR စနစ်ကို ကျင့်သုံးရေးအဆိုကိုအတည်ပြုတာမဟုတ်ဘဲ နောက်လာမဲ့ ရွေးကောက်ပွဲတွေမှာ PR စနစ်ကို ကျင့်သုံးသင့်သလား ၊ လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်ကိုပဲ ဆက်လက်ကျင့်သုံးသင့်သလား ဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းတဲ့ PR စနစ်ကျင့်သုံးသင့်ကြောင်း အဆိုကို ထောက်ခံတဲ့ သဘောမဟုတ်ပါဘူး
မဲခွဲဆုံးဖြတ်တော့မဲ့ အချိန်မှာ လွှတ်တော်ခန်းမအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဘာကိုမဲခွဲဆုံးဖြတ်မှာလဲ မရှင်းလင်းတဲ့အတွက် PR ကို ထောက်ခံရမှာလား၊ ကော်မရှင်ကို ထောက်ခံရမှာလားလို့ ထပြီးမေးမြန်းခဲ့တာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက
" ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့ တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့
ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး ၊ လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ်
ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားခင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ
သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်
ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီအရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံသာမကပဲနဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ် "
လို့ ရှင်းလင်းဖြေကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ အဆိုပြုချက်ကိုသာ ထောက်ခံ (မကန့်ကွက်) ခဲ့ခြင်းဖြစ်ပါတယ် လို့ သိရှိရပါတယ် ။
........................................................
အဲဒီတော့ ရှင်းပါတယ်
NLD က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ PR စနစ် ကျင့်သုံးသင့်ကြောင်း တစ်ဖက်သတ်အဆိုတင်သွင်းတာကို လုံးဝပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါတယ် ။ ယနေ့မဲခွဲရာမှာ-- နောက်လာမဲ့ရွေးကောက်ပွဲတွေမှာ ဘယ်စနစ်ကျင့်သုံးသင့်လဲဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီ ကော်မရှင်ဖွဲ့စည်းဖို့ လို့ ရှင်းလင်းဖြေကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ စကားအတိုင်း သာ မကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။
ဦးရွှေမန်းရဲ့စကားတွေကို တစ်ဆစ်ချင်း တစ်ပိုင်းချင်း လေ့လာသုံးသပ်ကြည့်မယ်ဆိုရင်
(၁) " အဲဒီအတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို --ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး "
(ဒီစကားမှာ ပြည်သူ့လွှတ်တော်ရဲ့ အကြီးအမှူးတစ်ယောက်က အခုအဆိုတင်သွင်းလာတဲ့ " တိုင်းဒေသကြီးများတွင် PR စနစ်ကို ကျင့်သုံးဖို့ ဆိုတဲ့ အပိုင်းကို လက်မခံဘူး " လို့ ပေါ်လွင်ပြီးဖြစ်ပါတယ် ။)
(၂) " မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "
(" မျှမျှတတ ဖြစ်အောင်" ဆိုတဲ့စကားအရ PR စနစ်ကို ကျင့်သုံးသင့်တယ်လို့ ထောက်ခံချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ ကန့်ကွက်ချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ မှတ်တမ်းသာတင်ထားမယ် ၊ ဘယ်စနစ် ကိုကျင့်သုံးသင့်တယ် ဆိုတာကို သုံးသပ်လေ့လာအကြံပြုဖို့ ကော်မတီကော်မရှင် ဖွဲ့စည်းမယ် ၊ အဲဒီ ကော်မတီက အကြံပြုတင်ပြလာတာကိုမှ လွှတ်တော်မှာ အဆုံးအဖြတ်ပြန်ယူမယ် " .. လို့ အဓိပ္ပါယ် ထွက်ပါတယ် )။
(၃) " ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ် "
(ဒီစကားဟာ ပြည်သူ့လွှတ်တော်မှာ မဲခွဲခဲ့တာဟာ အဆိုရှင် ဦးအောင်ဇင်တင်သွင်းတဲ့ တိုင်း ဒေသကြီးများတွင် PR စနစ်ကျင့်သုံးသင့်သော အဆို ကိုမဲခွဲဆုံးဖြတ်တာမဟုတ်ပါဘူး ၊ တကယ်ဆိုရင် အဲဒီအချက်ကို အရင်မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ် ၊ အခုတော့ ဦးရွှေမန်းရဲ့ စကားအရ အဆိုရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ကော်မတီ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ဆိုတာကို မဲခွဲတာဖြစ်တယ် ၊ ဒီမဲခွဲခြင်းဟာ ဘယ်စနစ်ကို ကျင့်သုံးသင့်တယ် လို့ လေ့လာသုံးသပ်မဲ့ကော်မတီကို ဖွဲ့စည်းဖို့ဖြစ်တယ် ၊ PR စနစ်ကို ကျင့်သုံး မယ် ဘယ်လို PR စနစ်ကိုကျင့်သုံးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကော်မတီကို ဖွဲ့စည်းတာမဟုတ်ဘူး လို့ အဓိပ္ပါယ်ရပါတယ်)
(၄) " ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့ သင့်တော်သော ရွှေးကောက်ပွဲ စနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ .. သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ် "
(မေးတာက နောက်ဆုံးအပိုင်းကိုမေးတာဖြစ်ပါတယ်လို့ ကြိုတင်ရှင်းလင်းဖြေကြားတာကို တွေ့ရတယ်
အဲဒီအပြင် အဆုံးပိုဒ်ကိုပဲ ပြောပါမယ် လို့ ဆိုရာမှာ
(ပဲ) ဆိုတဲ့ နာမ်ထောက်ပစ္စည်း စကားလုံး ကိုသုံးပြီးပြောဆိုတဲ့အတွက် မဲခွဲခြင်းဟာ အရှေ့က အပိုဒ်များ စကားလုံးများနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ထင်ရှားပါတယ် ။
ဒါကြောင့်ယနေ့ ၂၉.၇.၂၀၁၄ နေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခြင်းဟာ ရွေးကောက်ပွဲစနစ်သုံးသပ်လေ့လာရေးကော်မတီကော်မရှင်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ချင်းသာဖြစ်ပြီး အဆိုမှာပါဝင်တဲ့ အခြား စကားလုံး စကားရပ်များကို ဆုံးဖြတ်ခြင်းမဟုတ်ကြေင်း ထင်ရှားပါတယ် ။
ဒါကြောင့် ယနေ့အတည်ပြုလိုက်တာဟာ မြန်မာနိုင်ငံနဲ့သင့်တော်သော ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်စေနိုင်ဖို့အတွက် ယခုသုံးနေတဲ့ FPTP အတိုင်းပဲဆက်လက်ကျင့်သုံးသင့်သလား PR ကိုပြောင်းလဲကျင့်သုံးသင့်သလား လေ့လာသုံးသပ်ဖို့ ကော်မရှင်ဖွဲ့စည်းရေး အပိုင်းအဆို အတည်ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ် ။
ဒါဟာ PR စနစ်ကိုအတည်ပြုလိုက်တာမဟုတ်သလို ထောက်ခံခဲ့သူတွေကလည်း PR စနစ်ကျင့်သုံးဖို့ ထောက်ခံခဲ့တာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ထွက်ပါတယ် ။)
အဲဒါကိုမှ PR စနစ်ကိုကျင့်သုံးဖို့အတည်ပြုလိုက်ပြီဆိုတဲ့ အယူအကောက်တွေက ဘယ်လိုထွက်လာပါသလဲ ။
ဒါမဲခွဲမှုဟာ PR ကို ကျင့်သုံးဖို့အတည်ပြုတာပါလို့ ပြောရင်တော့ လွှတ်တော်က " ကလိမ်ကလည် လွှတ်တော်" ပါလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ ။ မဲခွဲစေခဲ့သူဟာ လည်း " ကလိမ်ကကျစ် " ပါလို့ ပြော လိုက်တာနဲ့ အတူတူပါပဲ ။
မူရင်း-ထင်လင်းဦး

No comments:

Post a Comment