Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌ ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှု့



တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌
ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှု့
ဖြစ်ပြီး ………

အမျိုးသမီး များ လူမြင်ကွင်းတွင် မရယ်သင့်
ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘူလန်အရင့် က မိန့်ခွန်း ပြောကြားသွားခြင်းကို ကန့်ကွက်သည့် အနေနှင့် တူရကီနိုင်ငံ တစ်ဝန်းရှိ အမျိုးသမီးများက ပြုံးရယ်နေသည့် ဓာတ်ပုံများ ရိုက်ကူး ဖြန့်ဝေလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“ ရိုးသားဖြူစင်မှုက အရေးကြီးပါတယ်။

အများပြည်သူ နေရာတွေမှာ အမျိုးသမီးတွေ
မရယ်သင့်ပါဘူး ” ဟု တူရကီ ဒုတိယဝန်ကြီးချုပ်
ဘန်လန်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် တူရကီ လူမှုမီဒီယာများတွင် အမျိုးသမီးများ၏ ဝေဖန်တုံ့ပြန်မှုများ ပေါ်ပေါက်လာပြီး လူမြင်ကွင်း နေရာများတွင် အမျိုးသမီးများ ပြုံးရယ်နေသည့် ဓာတ်ပုံပေါင်း ထောင်ပေါင်းများစွာကို ဖြန့်ဝေခဲ့ကြသည်။

ခါခါလာ (ပြုံးရယ်သူဟု အဓိပ္ပာယ်ရသည့်) ဟု အမည်ပေးထားသော ဓာတ်ပုံပေါင်း ၃၀၀,၀၀၀ ကျော်ကို Twitter ပေါ်တွင် ဖြန့်ဝေခဲ့ကြပြီး …
“အဲဒီလို ပြောကြားတာက ရှေးရိုးဆန်တဲ့ ပြောကြားမှုပါ။

အရမ်းပဲ ဒေါသထွက်ဖို့ ကောင်းပါတယ်” ဟု နာမည်ကြီး စာရေးဆရာနှင့် နိုင်ငံရေးရာ သုံးသပ်သူ အတ်တီမဲကူရန်က ပြောကြားလိုက်သည်။

ထို့နောက်တွင် အတ်တီမဲကူရန်က ပြုံးရယ်နေသည့် ဓာတ်ပုံရိုက်လိုက်ပြီး အွန်လိုင်းတွင် ဖြန့်ဝေခဲ့ကာ
အခြားသော တူရကီ အမျိုးသမီးများလည်း
မိမိကဲ့သို့ ပင် ပြုံးရယ်နေသည့်ပုံများ ဖြန့်ဝေရန် တိုက်တွန်းခဲ့သည်။
“ငါက လွတ်လပ်တဲ့ လူတစ်ယောက်ပါ။

ပြုံးမယ် မပြုံးဘူးဆိုတာ ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ” ဟု
အသက် ၂၃ နှစ်အရွယ် တူရကီအမျိုးသမီး
ဟာဇယ်က ပြောကြားလိုက်သည် ။

“ အမျိုးသမီးတွေ လူမြင်ကွင်း နေရာတွင်မှာ
မရယ်ရဘူးဆိုရင် အမျိုးသားတွေလည်း လူမြင်ကွင်းမှာ မငိုသင့်ဘူး ” ဟု
တူရကီ ရုပ်မြင်သံကြား တင်ဆက်သူ ပါတကယ် က မှတ်ချက်ပြုလိုက်ပြီး

ဝန်ကြီးချုပ် အာဒိုဂန် မိန့်ခွန်းပြောကြားစဉ်
ကာလအတွင်း မကြာခဏ ငိုလေ့ရှိသည့် ဒုတိယဝန်ကြီးချုပ်
ဘူလန်ကို ရည်ညွန်း ပြောကြားလိုက်သည်။

.
Essential Moe
=========
အပြုံးဟာ မိန်းမတယောက်ရဲ့ ကိုယ်ခန္ဒာမှာ အလှဆုံး
ကောက်ကြောင်း ဖြစ်တယ်လို့ ပုံမှာရေထားပါတယ်။

No comments:

Post a Comment