Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)

 
တောင်ဥက္ကလာပမြို့နယ် ၁၄ရပ်ကွက် မြင်သာ၉လမ်း အမှတ်၁၂၁/၁ နေ အသက်၈၀ကျော် အဘိုးဦးမောင်ငွေနှင့် ညီမဖြစ်သူ အသက်၇၈နှစ်အရွယ်ရှိ အဘွားဒေါ်တင်တင်ရီတို့ နေထိုင်သောအိမ်အတွင်းမှ အပုတ်နံ့များရရှိသဖြင့် ရပ်ကွက်တွင်းရှိတာဝန်ရှိသူများမှ ဝင်ရောက်ကြည့်ရှုရာ အဘိုးဦးမောင်ငွေမှာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ပါသည်။ အလောင်းမှာပုတ်ပွကာ မျက်နှာပင်မရှိတော့သည်အထိ လောက်များတွယ်လျက်ရှိပြီး အဘွားဒေါ်တင်တင်ရီမှာလည်း မေ့မျော၍ အသက်မျှင်းမျှင်းမျှသာရှိတော့ပါသည်။ အဘွားမှာ လေဖြတ်ထားပြီး မျက်စေ့လည်းမမြင်ကြောင်း သိရပါသည်။ သေဆုံးသူအတွက် လိုအပ်သည်များကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြပြီး အဘွားဒေါ်တင်တင်ရီအတွက် ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံ အကြောင်းကြားခဲ့ကြသဖြင့် ဆည်းဆာရိပ်မှ ချက်ခြင်းသွားရောက်ခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်နေသည့် အဘွားအတွက် အရေးပေါ်ပြုစုကုသမှုများကို လူနာတင်ယာဉ်ပေါ်တွင်ပင် ပြုလုပ်ခဲ့ရပြီးနောက်မှ ဆည်းဆာရိပ်သို့ ခေါ်ဆာင်လာခဲ့ပါသည်။ ဆည်းဆာရိပ်တွင် အဘွား၏အခြေအနေ စိတ်ချရသည်အထိ ပြုစုကုသမှုများကို တစ်ညလုံး ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ အကိုဖြစ်သူ၏ ပုတ်ပွနေသောအလောင်းနှင့်အတူ ၄/၅ရက်ခန့် အစာငတ်ရေငတ်ကာ မေ့မျာနေခဲ့သည့် သေအံ့ဆဲဆဲ အဘွားဒေါ်တင်တင်ရီသည် ဆည်းဆာရိပ်ဆေးအဖွဲ့၏ ဂရုတစိုက်ပြုစုကုသပေးမှုကြောင့် ယနေ့တွင်တော့ သေတွင်းမှလွတ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)

https://www.facebook.com/TwilightVillaMyanmar?fref=ts








ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ (Twilight Villa Myanmar)

No comments:

Post a Comment