Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

ဂျပန်နိုင်ငံက ကြောင်ကျွန်း - Tashirojima










Tashirojima အမည်ရတဲ့ ကွန်းကို ကြောင်ကျွန်းလို့ ခေါ်တဲ့ အကြောင်းအရင်း ကတော့ လူဦးရေထက် ကြောင်ဦးရေက ပိုမို များပြားနေလို့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသမှာ ရှိနေတဲ့ ကျွန်းငယ် ဖြစ်ပြီး အကျယ်အဝန်း အားဖြင့် ၁.၂၁ စတုရန်းမိုင် ကျယ်ဝန်း ပါတယ်။
ကျွန်းမှာ နေထိုင်တဲ့ လူဦးရေဟာ ၁၀၀ တိတိသာ ရှိပြီး ၁၉၅၀ ကျော်နောင်းပိုင်း လူဦးရေ ၁၀၀၀ ကျော်ကနေ ကျလာခြင်း ဖြစ်ပါတယ်။ လူဦးရေ တစ်ဝက်က အသက် ၆၀ကျော် လူအိုများ ဖြစ်ပါတယ်။ တိုကျိုတို့လိုမျိုး မြို့ကြီးတွေမှာ သွားရောက် အလုပ်လုပ်သူများကြောင့် လူဦးရေ နည်းသွားရ ပါတယ်။ ကျန်ရှိသူများက တံငါလုပ်ငန်းနဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်ဖို့ ဖွင့်လှစ် လုပ်ကိုင် ကြ ပါတယ်။ အသက်ကြီး အဘိုးအဘွားများ အနေနဲ့ ရှေးယခင် ခါကတည်းက ကြောင်များကို မွေးမြူ လာခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် အကောင် အရေအတွက် သိသိသာသာ တိုးပွားလာခဲ့ ပါတယ်။
ယင်းကြောင့်ပဲ ကျွန်းကို ကြောင်ကျွန်းလို့ ပြောစမတ်ပြုတဲ့ အထိ နာမည်ကြီးလာပြီး ကမ္ဘာလှည့် ခရီးသည်များ အတွက် သွားရောက် လည်ပတ်စရာ နေရာများထဲက တစ်ခု ဖြစ်လာခဲ့ ပါတယ်။ ယနေ့မှာ ယင်းကျွန်း ဟာ လည်ပတ်သူများနဲ့ ပြန်လည် စည်ကားလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment