Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

အမေရိကန် သမိုင်းရုပ်ရှင်


Published 01.03.2014
အမေရိကန်ပြည်ထောင်စု ဗာဂျီနီးယားပြည်နယ်က ကျောင်းသူကျောင်းသားတွေဟာ သူတို့ သင်ကြားရတဲ့ အမေရိကန် ပြည်တွင်း စစ်သမိုင်းနဲ့ ပတ်သက်တဲ့အဖြစ်အပျက်တွေကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး ရုပ်ရှင်ရိုက်ကူး မှတ်တမ်း တင်နေကြပါတယ်။ Deborah Block ရဲ့ သတင်းဆောင်းပါးကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
VOA

ထိပ်ဆုံးက ပုဂံမြို့ 

 ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Wanderlust မဂ္ဂဇင်းက ပုဂံမြို့ ကို ၂၀၁၄ခုနှစ်အတွက် ခရီးသွားဖို့  အကောင်းဆုံးမြို့ အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က မြို့ ပေါင်း ၇၆၈ မြို့ မှာ ပုဂံက ထိပ်တန်းမြို့ အဖြစ် မဲ ၉၇.၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒုတိယမြို့ က လောနိုင်ငံက  Luang Prabangမြို့  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး ဒီမြို့ က ပထမနေရာ တောက်လျှောက်ယူခဲ့တာဖြစ်ပါတယ်။
နောက်တတိယမြို့ ကဗီယက်နမ်က Hoi Anမြို့ ဖြစ်ပါတယ်။
ခရီးသွားဖို့ အကောင်းဆုံးနိုင်ငံက နမီးဘီးယားနိုင်ငံဖြစ်ပြီး နယူးဇီလန်နဲ့ ကိုလံဘီယာက ပူးတွဲဒုတိယ
မြန်မာက စတုတ္ထနေရာမှာရှိပါတယ်။
ဝမ်းမြောက်ဂုဏ်ယူစွာနှင့်အမိမြန်မာပြည်ရဲ့ ကောင်းသတင်း ကိုမြန်မာပြည်သူပြည်သားအားလုံးကြား သိရအောင် ဝေမျှလိုက်ပါတယ်။
အမိမြန်မာပြည်ငြိမ်းချမ်းပါစေ။
the melting pot 4 U
(ဓာတ်ပုံတွေက ပုဂံသားဓာတ်ပုံဆရာ ပုဂံမင်းမင်းဦးရဲ့ လက်ရာများဖြစ်ပါတယ်။)




Source

ဖြစ်ရပ်မှန် အခြေခံတဲ့ သဲထိပ်ရင်ဖို ရုပ်ရှင် The Conjuring


ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ရေး သား ဖော်ပြချက် များကြောင့် လက်တလော လူကြိုက် များခဲ့တဲ့ ထိတ်လန့်သဲဖို ရုပ်ရှင် ဇာတ် ကားကြီးတစ်ကား ဖြစ် ပါတယ်။ မြန်မာပြည်မှာလည်း ရုံတင် ပြသ ခဲ့ပြီး ပါပြိ။ Full Movie ကိုလည်း အပြင်မှာ အလွယ်တကူ ရှာဝယ် ကြည့်နိုင် ပါတယ်။ ဇာတ်လမ်း အကျဉ်း ကတော့ -
လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ အမေရိကန်ပြည်ထောင်စုက Rhode Island မှာ တကယ်ဖြစ်သွား ခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ကြောင်း ဆိုပါတယ်။ ၁၉၇၁ ခုနှစ်တုန်းကပါ မိသားစုလိုက် ယင်းကျွန်းပေါ်ရှိ Harrisville ထဲက အိမ်တစ်အိမ်မှာ သွားနေပါတယ်။ သမီးငါးဦးနဲ့ အတူနေတဲ့ လင်မယား Warren တို့ဖြစ်ပြီး ယခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့မယ်လို့ ထင်မထားကြပါဘူး။
တစ်ချိန်က ယင်းအိမ်ကို အောက်လမ်းအတတ်လိုက်စားတဲ့ စုန်းမ တစ်ဦး ပိုင်ဆိုင်ပါတယ်။ ဧက ၂၀၀ ကျယ်တဲ့ သူ့ခြံ နဲ့ အိမ်ကို သူများသိမ်းမှာစိုးလို့ သမီးအရင်းကိုလည်း သက်သေ၊ သူ့ကိုသူလည်း သက်သေလို့ ရစ်ပူဇော်ခဲ့ ပါတယ်။ ဒါကြောင့်ပဲ ယင်းအိမ်မှာ သေမှုသေခင်းတို့ ဆက်တိုက်ဖြစ်ပေါ်ပြီး လူမနေတာ အင်မတန် ကြာပြီ ဖြစ်တဲ့ အိမ်ဖြစ်ပါတယ်။
အိပ်မက်ဆိုးတွေလည်း မက်ပြီး မြေအောက်ထပ် အခန်းတစ်ခုမှ အသံတွေကြားနေရပါတယ်။ မြေအောက်ထပ် ရယ်လို့မှ မဟုတ်ပဲ အခြားအခန်းတွေတိုင်းကနေ လက်ခုပ်သီးသံ၊ ခေါ်သံ၊ ဆူညံသံ တစ်ချက်ချက်ကြားရပါတယ်။ နောက်ဆုံးတော့ အသံနဲ့တင်မဟုတ်တော့ပဲ အိမ်က ကလေးငယ်တွေကို သတ်ဖြတ်ဖို့ ကြိုးစားလုပ်ဆောင်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။ နောက်တော့ ကျိန်စာမိနေတဲ့ အမျိုးသမီးကြီးနဲ့ သူ့သမီး၊ doll ဘိုမရုပ်တို့ကို တွေ့ရှိခဲ့ပြီး ခြောက်ခြားဖွယ် အိမ်မှာ ရက်အတော်ကြာ အနှိပ်စက် ခံခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ကို ဒေသခံတို့အား ပြန်ဖွင့်ပြောပြီး ဖြစ်ရပ်မှန် သာမန်ထက်ထူး ကဲသော အခြေအနေတစ်ခုအဖြစ် လက်ခံသွားကြ ပါတယ်။ ထိုဖြစ်ရပ်ကို အခြေခံလို့ ဖြစ်ရပ်မှန် သဲထိတ်ရင်ဖို စာအုပ်ထွက်ပြီး အောင်မြင် ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်တော့လည်း အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှ စလို့ ရုံတင်နေပြီး Box Office မှာ ဝင်ငွေကောင်းခဲ့တဲ့ Horror film ဖြစ်ကြောင်း သိရပါတယ်။
.
ရုပ်ရှင် အမြည်းကြည့်ရှုရန် -
http://youtu.be/k10ETZ41q5o
အောင်ခမ်း (ရိုးရာလေး)

ကာတွန်းစာအုပ် ဇာတ်သိမ်းပိုင်းအတွက် ဒရော့ဘာ လန်ဒန်ကို လာမည်

ဒရော့ဘာဇာတ်ရုပ် ကာတွန်းစာအုပ်
နောက်ဆုံးပိုင်း ရေးသားထုတ်ဝေရန် အတွက် ဂါလာတာစာရေး တိုက်စစ်မှူး
ဒရော့ဘာမှာ လာမည့်လအတွင်း လန်ဒန်မြို့သို့ လာရောက်ဖွယ် ရှိနေကြောင်း သိရသည်။ ဒရော့ဘာမှာ အိုင်ဗရီတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ကျော်ဖြတ်ကာ မာဆေး၊ ချဲလ်ဆီးတို့တွင် အောင်မြင်မှု ရရှိလာခဲ့သည့် ၎င်းဘ၀ ဇာတ်ကြောင်းကို ကာတွန်းဇာတ်ကောင် အသွင်ပြောင်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်သည်။
ဒရော့ဘာသာမက ချဲလ်ဆီးအသင်းဖော်များဖြစ်သည့် လမ်းပတ်၊ အီတူးတို့မှာလည်း စာအုပ်များ ထုတ်ဝေခဲ့ကြပြီး အီတူးဘ၀အကြောင်း ရေးသားထားသည့် စာအုပ်မှာ အပိုင်းတွဲ ၉အထိ ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zaw zaw tun

MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းများရပ်ဆိုင်းခံရ

MSF ဆေးကုသမှုအဖွဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဒုက္ခသည် စခန်းတခုအတွင်း ဆေးကုသပေးနေစဉ်။ (ဖေဖော်ဝါရီ ၃၊ ၂၀၁၃) Photo credit to http://www.msf.org
MSF-ရခိုင်-မြန်မာ
နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ရဲ့ ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းတွေကို မြန်မာအစိုးရဘက်က ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာ အစိုးရနဲ့ MSF တို့ကြား နှစ်ဘက် နားလည်မှု စာချွန်လွှာ သက်တမ်း ကုန်သွားပြီး သက်တမ်း ထပ်တိုးဖို့အတွက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ရဲ့ ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ အသေးစိတ် ဆွေးနွေးနေတဲ့ကာလအတွင်း ဆိုင်းငံ့ ထားတာသာ ဖြစ်ကြောင်း မြန်မာ အစိုးရဘက်က ပြောပါတယ်။  မသိင်္ဂီထိုက်က ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

"ပထမတချက်ကတော့ MSF နဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုးထားတဲ့ နားလည်မှု စာချွန်လွှာက ၂၀၁၃ခှုစ် ဇန်နဝါရီလကတည်းကနေပြီးတော့မှ သက်တမ်းကုန်သွားပြီ။ အဲ့လိုသက်တမ်းကုန်သွားပြီးတော့မှ နားလည်မှုစာချွန်လွှာ အသစ်ကို လက်မှတ်ထိုးဆဲကာလဖြစ်တယ်။ ဒါပေမဲ့လို့ ရခိုင်ပြည်နယ်အစိုးရက MSFအဖွဲ့ကို နားလည်မှုစာချွန်လွှာ လက်မှတ်အသစ်မထိုးခင်အထိ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ဆိုပြီးတော့မှ ပြောတာဖြစ်ပါတယ်။"

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSFရဲ့ ရခိုင်ပြည်နယ်ထဲက လုပ်ငန်းတွေကို ဘာကြောင့် ရပ်ဆိုင်းလိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က အခုလို ဆိုပါတယ်။

" MSF အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ သူတို့အဖွဲ့အစည်းရဲ့အဓိကအခြေခံမူ သုံးခုရှိတယ်ဗျာ။ ပထမဆုံးတစ်ခုကတော့ ဘက်လိုက်မှုကင်းစင်ရမယ်ဆိုတဲ့ အချက်ကို ချိုးဖောက်သလိုဖြစ်နေတာတွေ အများကြီးရှိခဲ့တယ်။ နောက်တခါ နားလည်မှု စာချွန်လွှာထဲမှာ ပါတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တယ်။ ဥပမာ အဲ့ဒီ့မှာ နိုင်ငံခြားသားဝန်ထမ်း ၁၉ယောက်ပဲ ထားပါ့မယ်လို့ သဘောတူထားတာ၊ တကယ်စစ်လိုက်တော့ ၃၅ယောက်လောက်ရှိနေတယ်။

နောက်တခါ သူတို့ယာယီ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ကိုပဲ ပေးရတာဖြစ် တာကြောင့်မို့လို့ အတွင်းလူနာ  ထားလို့မရဘူး။ ဒါပေမဲ့ သူတို့ဆေးခန်းတွေမှာ၊ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ သူတို့ဆေးခန်းတွေမှာ အတွင်းလူနာတွေ ကုသတာတွေကို စစ်ဆေးတွေ့ရှိရတာတွေရှိတယ်။

နောက်တခါ ဆေးကုသခွင့်လိုင်စင်မရှိတဲ့ နိုင်ငံခြားသားတွေကို ဆရာဝန်အဖြစ်နဲ့ တာဝန်ပေးတာတွေရှိတယ်။ ဒီလိုဟာမျိုးတွေကို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကနေ အခု MOU အသစ်အတွက် ဆွေးနွေးနေတဲ့ အခါမှာ နောက်ထပ် ဆွေးနွေးစရာအချက်တွေ ထပ်ပြီးတော့ ပေါ်လာတာတွေရှိပါတယ်။"

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ မြန်မာ နိုင်ငံ အတွင်းက မြို့နယ်ပေါင်း ၃၃ ခုမှာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်ပေးနေ တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ ဆိုရင်လည်း  ရခိုင်ပြည်နယ် အတွင်းကလွဲလို့ တခြား မြို့နယ်တွေမှာတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းမှု မရှိဘူးဆိုပြီးလည်း ပြန်ကြာရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနဲ့ MSF နဲ့ ထိုးထားတဲ့ နားလည်မှု စာချွန်လွှာမှာက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃မြို့နယ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ ထိုးထားတာဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျားတို့ကို ကျနော် ယေဘူယျ ရှင်းပြရမယ်ဆိုရင် ဥပမာ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာ လုပ်နေတဲ့ MSF ရဲ့လုပ်ငန်းတွေက နားလည်မှု စာချွန်လွှာထဲမှာ ပါတဲ့ စည်းကမ်းချက်တွေနဲ့လည်း ကိုက်ညီတယ်။ အခြေခံ မူတွေနဲ့လည်း ညီတဲ့အတွက်ကြောင့်မို့လို့ ဌာနဆိုင်ရာတွေရော၊ ပြည်သူတွေရော ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်။

သို့သော် ရခိုင်ပြည်နယ်မှာက စည်းကမ်းချိုးဖောက်မှုတွေ အလွန်များပြားတယ်။ ဘက်လိုက်မှုတို့ ဘက်လိုက်တယ်လို့ ယူဆစရာ လုပ်ဆောင်ချက်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ MOU အသစ်ဆွေးနွေးတဲ့ အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်ဆွေးနွေးမှာပါ။

ဒီနေရာမှာ ကျနော် အလေးအနက်ထားပြီးပြောချင်တာက ကျနော်တို့သည် MSF ကို အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆန့်ကျင်နေခြင်း၊ ကန့်ကွက်နေခြင်းမဟုတ်ဘူး။  MSF ကနေပြီးတော့မှ မြန်မာနိုင်ငံထဲမှာ ထားထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းနဲ့ ဌာနေဝန်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုကြောင့် ကျနော်တို့ ပြန်လည်ဆွေးနွေးနေရခြင်းဖြစ်တယ်။ ဒါလေးတော့ ကျနော်တို့ အတိအကျထပ်ပြောချင်တယ်။ "

မြန်မာ အစိုးရဘက်က နယ်စည်းမထားဆရာဝန်များ အဖွဲ့ကို ရခိုင်ပြည်နယ် အတွင်းက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ရော၊ မြန်မာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ နားလည်မှု စာချွန်လွှာကို ချိုးဖောက်တယ် ဆိုပြီး ပြောဆိုချက်တွေကိုရော နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရဲ့ သဘောထား မှတ်ချက်ကို ရဖို့ ဆက်သွယ် ခဲ့ပေမယ့် လောလောဆယ် မှာ ဖြေဆိုဖို့ မဖြစ်နိုင်သေးဘူး လို့ဘဲ ဖြေကြားခဲ့ပါတယ်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းက လူမှု အသိုင်းအ၀ိုင်းတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့ ဖြစ်တာကြောင့် အခုလို လုပ်ငန်းတွေကို အစိုးရက ရပ်ဆိုင်းလိုက်တဲ့ အခါမှာ လူထု ကျန်းမာရေး အတွက် လိုအပ်ချက်တွေ ဖြစ်လာနိုင်မလား ဆိုတာကိုလည်း ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကို မေးကြည့်ပါတယ်။

" မရှိပါဘူးခင်ဗျ။ အဲ့ဒီ့နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဝင်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ နောက်တခါ ကျန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်နိုင်ဖို့ ဒါကို ကျနော်တို့ စီစဉ်နေပါတယ်။"

ဒီလ ၂၂ ရက်ကလည်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF ရခိုင်ပြည်နယ်က ထွက်ခွာသွားရေး အတွက် စစ်တွေ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
VOA

ဧပြီတွင် မြန်မာနှင့်အင်္ဂလိပ် ဘာသာများဖြင့် ဖော်ပြသည့် စားကုန်များကိုသာ သွင်းခွင့်ပေးမည်

1391427_753021474716629_342268769_n
စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ နည်းဥပဒေ ပြဌာန်းပြီးဖြစ်မယ့် လာမယ့် ဧပြီလ ၀န်းကျင်လောက်ဆိုရင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ စားသောက်ကုန် ပစ္စည်းတွေကိုပဲ မြန်မာနိုင်ငံထဲ တင်သွင်းရောင်းချခွင့်ပြုတော့ မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအောက် ရှိ စားသုံးသူရေးရာဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
mmfoodမြန်မာနိုင်ငံထဲကို လက်ရှိ ၀င်ရောက်နေတဲ့ စားသောက်ကုန်တွေထဲမှာ တရုတ်ဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ၊ ရုရှားဘာသာစကား နဲ့ ဖော်ပြထားတဲ့ အစားအသောက်နဲ့ အဖျော်ယမကာတွေ ၀င်ရောက်နေပေမယ့် ဥပဒေနဲ့ နည်းဥပဒေ မရှိသေးတဲ့အတွက် အရေးယူ မရသေးဘူးလို့ သူက ရှင်းပြပါတယ်။
ဥပဒေနဲ့ နည်း ဥပဒေ မထွက်သေးပေမယ့် သွင်းလာတဲ့ စားသောက်ကုန်တွေကို ၀န်ကြီးဌာနက တတ်နိုင်သလောက် စစ်ဆေးနေတယ်လို့တော့ သူက ပြောပါတယ်။
DVB
မြန်မာပြည်ထုတ် မြန်မာ့စားသောက်ကုန်များ

ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် ဝေဖန်

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်လုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများမှာ ငြိမ်းချမ်းရေးဆု ရရှိချင်သည့်အတွက် အဖွဲ့အစည်း များများပါအောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်မှတစ်ဆင့် ဝေဖန်လိုက်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ် Hot News ဂျာနယ် အတွဲ (၄)၊ အမှတ် (၁၈၁) ၌ အယ်ဒီတာ (သတင်း)နှင့် ဦးလှဆွေတို့ တွေ့ဆုံ မေးမြန်းခန်း၌ ““ခု မီးကျိုး မောင်းပျက် ဖြစ်နေတဲ့ CNF တို့ ဘာတို့ကို လာကြပါ၊ ဆရာကြီး လို့ဆိုပြီး လုပ်နေရတယ်။ CNF ကို လက်မခံတဲ့ ချင်းတွေ အများကြီးပဲ။ ဦးအောင်မင်း တို့ကလည်း နည်းနည်းဆို ငါတို့က အဖွဲ့တွေ အများကြီးနဲ့ လုပ်တာဆိုပြီး Peace Prize လေးများ ရမလားဆိုပြီ ထင်ပါရဲ့ဗျာ။ ဒါမျိုး လုပ်တာ တွေတော့ မကောင်းဘူး”” ဟု ဦးလှဆွေက ဖြေဆိုထားကြောင်း ပါရှိသည်။
ထို့ပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခွန်ဥက္ကာ မှာလည်း ပအို့ဝ်နီများမှ လက်ခံသူ မဟုတ်ကြောင်း၊ UNFC ကိုလည်း ကုလသမဂ္ဂ ဘောလုံးအသင်းလို့သာ သိကြောင်းလည်း အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ ဦးလှဆွေက ဖြေကြားထားသည်။
ယင်းကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ Hot News ဂျာနယ်၌ ပြောကြားထားမှုနှင့် ပတ်သက်ပြီး ““အမတ်တွေ ဆိုတော့လည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေပဲလေ။ ဒါကတော့ သူတို့ရဲ့အမြင် သူတို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ရဲ့ အမြင်မှာတော့ ဒါက ဒီအမတ်တွေအနေနဲ့ သူတို့အမြင် သူတို့ ပြောတာတော့ ပြောလို့ရတယ်။ ပြောပိုင်ခွင့်၊ ဝေဖန်ထောက်ပြခွင့်၊ သူတို့ အခန်းကဏ္ဍကို သူတို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာတော့ အကုန်လုံးက အမြင်တူကြတာ မဟုတ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူကွဲပြားတဲ့ အမြင်တွေ ရှိတာပေါ့။ အဓိကက ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက အမြင်တွေ ကွဲပြားလို့ ငြိမ်းချမ်းရေး လုပ်ရတာလေ။ အမြင်တွေ တူနေရင် ငြိမ်းချမ်းရေး လုပ်စရာ မလိုတော့ဘူးလေ””ဟု ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စီစဉ်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
တိုင်းရင်းသားများအနေဖြင့် အစိုးရ၏ မည်သို့သော မူဝါဒမျိုးတွေက စောင့်ကြည့်စရာ အနေအထားမျိုး ဖြစ်သွား စေသလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဦးလှဆွေက ဖြေဆိုထားရာ၌လည်း ““ကျွန်တော်တို့မှာ လွှတ်တော် ရှိတယ်။ အစိုးရရှိတယ်။ မဏ္ဍိုင်အစုံ ရှိတယ်။ ဒီလိုမဏ္ဍိုင်အစုံ ရှိရဲ့သားနဲ့ လွှတ်တော်ပြင်ပမှာ စကား သွားပြောမယ်ဆိုရင်တော့ အယုံအကြည် မရှိဘူး။ လာခဲ့ပါ လွှတ်တော်ထဲကို။ ၈၈ တို့ ဘာတို့လည်း ဒီအတိုင်းပဲ။ ဟိုဘက်ကနေ သွားမယ်။ ဒီဘက်ကနေ သွားမယ်။ ကျွန်တော် အဲဒါတွေ တစ်ခုမှ အယုံအကြည် မရှိဘူး။ ဒါတွေက အလကားပါဗျာလို့ ပြောရမှာပေါ့”” ဟုလည်း ဖြေကြားထားသည်။
ယင်းကဲ့သို့ ဦးလှဆွေ၏ ပြောကြားမှုများနှင့် ပတ်သက်၍ UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ““ဘာပဲဖြစ်ဖြစ် ဦးလှဆွေကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော့်ကို ကြေညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောတဲ့အတွက် ကျွန်တော့်နာမည်လည်း အများသိရတာတော့ ၀မ်းသာစရာပေါ့။ သူ့ကို ကျွန်တော် မကန့်ကွက်ပါဘူး။ သူ သုံးသပ်တာလည်း မှန်ပါတယ်။ မမှန်ဘူး မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဦးလှဆွေက သူ့ရဲ့နေရာ၊ ပတ်ဝန်းကျင်၊ ကျင်လည်ခဲ့တဲ့ တပ်ထဲမှာ သူ့ကိုသင်ကြားပေးတဲ့ ဆရာတွေ အားလုံး ကြည့်လိုက်တော့ ဒီလိုပြောဆိုတာ၊ ဝေဖန်တာကတော့ မထူးဆန်းဘူးလို့ ထင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးထဲမှာ ဦးလှဆွေက အသုံးချနေတယ်လို့ မှတ်ယူ ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အမျိုးသားတာဝန်ကိုပဲ လုပ်နေတယ်။ တိုင်းရင်းသား ပေါင်းစုံကပေးတဲ့ တာဝန်ကိုပဲ လုပ်နေတယ်။ တောထဲရောက်တာလည်း ၄၂ နှစ်ရှိပြီ။ ကျွန်တော့်အနေနဲ့ ဘယ်အချိန်မှာမှ အရှုံးပေး အညံ့ခံ လက်နက်ချခြင်း မရှိဘဲနဲ့ တစိုက်မတ်မတ်နဲ့ ဒီမိုကရေစီနိုင်ငံ ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားနေပါတယ်””ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
Hot News ဂျာနယ်ပါ ဦးလှဆွေ၏ တွေ့ဆုံမေးမြန်းခန်းထဲ၌ ဦးခွန်ဥက္ကာနှင့် ပတ်သက်ပြီး ၎င်းမှာ ပအို့ဝ်ဖြူကော၊ ပအို့ဝ်နီကပါ လက်မခံသူ ပအို့ဝ်ကြောင်ကျား ဖြစ်ကြောင်းလည်း ဝေဖန်ထားသေးသည်။
ယခုလက်ရှိတွင် ဦးအောင်မင်း ဦးဆောင်သည့် MPC အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အကြို ညှိနှိုင်းပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မတ်လ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်လျက် ရှိသည်။
ယင်းညီလာခံတွင် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့သည့် လော်ခီးလာညီလာခံမှ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး မူဝါဒများအပေါ် ဆွေးနွေးကြမည် ဖြစ်သည်။
Myanmartandawsint Newspaper

ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။
သမီးကလေး ကျေးရွာသားတွေကို ပြန်လည်နေရာချထားပေးဖို့ တစ်ဧက ကျပ်၂၂ သိန်းနှုန်းနဲ့ ၀ယ်ထားပြီးဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။
“ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အစီအမံပဲ အကုန်အကျခံတာ၊ ဒီတခေါက်သွားမေးတဲ့အခါမှာ အကုန်လုံး သူတို့လိုက်မယ်လို့ ပြောတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ပိုက်ဆံနဲ့ အကုန်အကျခံဝယ်ရမယ်၊ မင်းတို့မလိုက်ဘူးဆိုရင်တော့ ငါတို့ကလည်း ဝယ်စရာအကြောင်းမရှိဘူး၊ အဲတော့ အကုန်လုံး လိုက်မယ်ပြုမယ်ဆိုရင်တော့ ငါတို့ဒါကို စီမံမယ်ဆိုပြီးတော့ သူတို့ဝမ်းသာအားရပါပဲ”
မြေ၀ယ်ယူထားတဲ့နေရာဟာ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ၀ယားကျေးရွာမှာ ဖြစ်ပါတယ်။
အဲဒီမြေနေရာဟာ သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် မပြောင်းရွှေ့လိုတာဖြစ်ကြောင်း လှည်းကူးမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးရွာသား ကိုခင်လွင်က ပြောပါ တယ်။
“ကျနော့် မိသားစု အကုန်လုံးပေါ့ တစ်ရွာလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုံးဝစိတ်မပါဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ ချပေးတဲ့နေရာတွေက ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့နေရာ မရှိဘူးခင်ဗျ၊ ကျနော့်အနေအထားနဲ့ ပြောရင်တော့ အဲဒီနေရာကိုရောက်သွားရင်တော့ လက်နှစ်ဘက်ကို ရိုက်ချိုးသလိုပဲဖြစ်မှာပဲ”
ရွာသားတွေဟာ လက်ရှိခိုလှုံနေရတဲ့ အောင်သဒ္ဓိဘုန်းကြီးကျောင်းကနေ လာမယ့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
RFA

သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးနေပြီကြားလို့ လယ်ပြန်လည်ရရှိဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလျှောက်ထားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ၀င်ရောက်လုပ်ကိုင်တာလို့ သပြေကျွန်းကျေးရွာက အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်အေးမြိုင်က ပြောပါတယ်။

"၂ဝ၁၃၊ ၂ လပိုင်းက နိုင်ငံတော်ကိုပြန်ပြီးတော့ မြေစာရင်းတို့၊ အုပ်ချုပ်ရေးမှူးတို့ကို တင်ပြီးပြန်လျှောက်တောင်းတယ်၊ တောင်းတော့ ၆ လပိုင်း ၁၃ ရက်နေ့က သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရယ်၊ ရဲမှူးများရယ် ခေါ်ပြီးတော့ ဒီလူတွေကို  ယာယီလုပ်ဆောင်ပါ၊ ဘယ်သူ့ကိုမှ အပိုင်အဆိုင်မဟုတ်ဘူး၊ အပေါ်စီးကနေကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ အဲလိုအမိန့်ရှိတယ်၊ ပါးစပ်အမိန့်နဲ့ပဲပေါ့"

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အဲ့ဒီကျေးရွာက လယ်ယာမြေ ဧက ၂၀၀လောက်ကို ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအတွက် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်အထိ ကုမ္ပဏီနဲ့ လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ရာကနေ ကုမ္ပဏီကိုပေးသွင်းရမယ့် အကြွေးမကျေလို့ဆိုပြီး အကျိုးတူလုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီ အကျိုးတူလုပ်ခဲ့တဲ့ လယ်ယာမြေတွေကို ကုမ္ပဏီက တခြားဒေသခံတွေကို ပြန်ရောင်းချခဲ့ပြီး ကုမ္ပဏီက လယ်မြေတွေ ရောင်းချပေးခဲ့သူတွေက အခုလို လယ်သမားတွေကို တရားစွဲတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပိတ်လိုက်တဲ့ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အဲဒီဆေးရုံ ၂ ခုကို ပိတ်လိုက်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ ကုတင် ၂၀၀ ဆံ့ ဆေးရုံအသစ်ကို ဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခု အသစ်ဖွင့်လိုက်တဲ့ ဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် သွားလာရခက်ခဲပြီး ကုန်ကျစရိတ်လည်းများတာကြောင့် အရင်ရှိခဲ့တဲ့ ဆေးရုံ ၂ ခုကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာလို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ လပွတ္တာမြို့ခံ ဦးကြည်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပိတ်လိုက်ပြီးတဲ့နောက် မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကို ဖွင့်လှစ်လိုက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese

ဂွါတာနာမိုဘေး အကျဉ်းစခန်းက ပြန်လွတ်လာသူအချို့


Published on Feb 27, 2014
အမေရိကန်ရဲ့ ဂွါတာနာမိုဘေး အကျဉ်းစခန်းဟာ အကျဉ်းသားတွေကို စွဲချက်မတင်ဘဲ ဖမ်းထားတဲ့ နေရာအဖြစ် ကမ္ဘာမှာ အဝေဖန် အခံရဆုံး အကျဉ်းထောင် ဖြစ်နေပါတယ်။ အမေရိကန်ဟာ အကြမ်းဖက်မှု အန္တရာယ်ကို ကာကွယ်ဖို့ ဆောင်ရွက်ရင်း ဖမ်းဆီးမိသူတွေကို ထိန်းသိမ်းဖို့ ၂၀၀၂ ခုနှစ်က ဒီထောင်ကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဝေဖန်မှုတွေကြောင့် အများစုကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေရဲ့ အတွေ့အကြုံကို တင်ပြထားတဲ့ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။
BBC

လန်ဒန် ပုံရိပ် အဟောင်းနဲ့ အသစ်

လန်ဒန်မြို့တဝိုက်မှာ ရှေးယခင်က ရိုက်ထားတဲ့ ဓာတ်ပုံအဟောင်းတွေနဲ့ ယနေ့ခေတ် ပုံအသစ်တွေကို တစ်ဝက်စီ ဆက်စပ်ထားတဲ့ ပုံရိပ်တွေကို Museum of London မှာ ပြသခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။
BBC
 လန်ဒန် မြို့မှာ ရိုက်ထားတဲ့ ဓာတ်ပုံ အဟောင်းတွေကို လက်ရှိပုံတွေနဲ့ တစ်ဝက်စီ ဆက်စပ်ထား။ ၁၈၆၈ က Gloucester Road မြေအောက်ဘူတာနဲ့ ယနေ့ခတ်ပုံရိပ်။
 အဟောင်းနဲ့ အသစ် ဆက်စပ်ထားတဲ့ ပုံတွေကို Museum of London မှာ ပြသခဲ့။ ၁၉၃၀ နဲ့ ၂၀၁၄ ကိုဗင့်ဂါးဒင်းအနီး Long Acre နဲ့ James လမ်းထောင့်။
 တချို့နေရာတွေကတော့ အကြီးအကျယ် ပြောင်းလဲသွား။ လန်ဒန်က သက်တမ်းအရင့်ဆုံး ဘူတာရုံ London Bridge ဘူတာရဲ့ ၁၈၃၆ ခုနှစ်နဲ့ ယနေ့ခတ် မြင်ကွင်း။

 The Museum of London က ထုတ်တဲ့ Application မှာ ပုံအဟောင်းနဲ့ အသစ် ဆက်စပ်မှုကို ကိုယ်တိုင် လုပ်ယူနိုင်။ ၁၉၃၀ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် Bow Lane လမ်း။

 Charing Cross လမ်း
 Victoria Station ရဲ့ ၁၉၅၀ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် မြင်ကွင်း ပေါင်းစပ်မှု။
 လန်ဒန်မြို့လယ်က Duncannon လမ်း။
 ၁၉၅၃ ခုနှစ်က Piccadilly Circus နဲ့ လက်ရှိ ၂၀၁၄ မြင်ကွင်း ပေါင်းစပ်မှု။
 လန်ဒန်အရှေ့ပိုင်းက Brick Lane ရဲ့ ၁၉၅၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် မြင်ကွင်း။
သိမ်းစ်မြစ်ပေါ်က Tower Bridge ရဲ့ ၁၉၂၀ နဲ့ ၂၀၁၄ ပေါင်းစပ်မှု။

မွေးကင်းစ ကလေး မှောင်ခိုကွန်ရက် တရုတ် စီးနင်း

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2014 - 14:54 GMT
  မွေးစ ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်ဖို့ ပိုခက်လာ

တရုတ် နိုင်ငံမှာ ကလေးမှောင်ခို လုပ်တဲ့ ကွန်ရက်ကို ရဲတွေ စီးနင်း နှိမ်နင်းခဲ့မှုအရ ကလေးငယ် ၄၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး လူ တစ်ထောင်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ ကလေးမွေးစားမှုကို ဆောင်ရွက်တဲ့ တရားမဝင် အေဂျင်စီကလို့ ပြောဆိုပြီး အင်တာနက် ကနေတဆင့် ကလေးတွေကို ရောင်းစားကြတယ်လို့ အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြပါတယ်။

နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်မှုကြောင့် နို့စို့ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ သားယောက်ျားလေးကို ပိုလိုချင်တဲ့ ဓလေ့နဲ့ ကလေးမွေးတဲ့ ဦးရေ ကန့်သတ်ချက်တို့ကြောင့် ကလေး မှောင်ခိုမှုတွေကို အားပေးသလို ဖြစ်ခဲ့ပါတယ်။

ကလေးတွေကို ခိုးယူသူ ဒါမှမဟုတ် ကလေး မိဘတွေဆီက ဝယ်ယူသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။
BBC

ရခိုင်ရိုးမမှာ ဒိုင်နိုဆောလို့ ယူဆရတဲ့ ရုပ်ကြွင်း တွေ့


နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2014 - 15:38 GMT
နှစ်သန်းပေါင်း ၃၀၀ လောက်က ဖြစ်နိုင်တယ်လို့ ခန့်မှန်း

မကွေးတိုင်း ဒေသကြီး နဲ့ ရခိုင်ပြည်နယ် ကြားက ရခိုင်ရိုးမ တစ်နေရာမှာ ဒိုင်နိုဆောနဲ့ အလား သဏ္ဌာန် တူတဲ့ သတ္တဝါကြီး တစ်ကောင် ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုကို တွေ့ရှိခဲ့ ပါတယ်။

ဒီရုပ်ကြွင်းနဲ့ အတူ ခရုတွေနဲ့ ဒေါင်းတစ်ကောင် အပြင် သစ်ပင် တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလည်း Asia K.M.T ကုမ္ပဏီက တာဝန် ရှိသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိခဲ့သူတွေက ကျွမ်းကျင်သူတွေနဲ့ ပြသကြည့်တဲ့အခါ နှစ်သန်းပေါင်း ၃၀၀ ခန့် သက်တမ်းရှိတဲ့ ဒိုင်နိုဆော ရဲ့ ရုပ်ကြွင်းဖြစ်တယ်လို့ ယူဆကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မနက်ဖြန်မှာတော့ အဲဒီနေရာကို ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဘူမိဗေဒ ပညာရှင်တွေနဲ့ သတ္တု တူးဖော်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက် လေ့လာဖို့ ရှိပါတယ်။
BBC

ပုသိမ်ထောင်အတွက် မူကြိုကျောင်းဖွင့်

မြန်မာနိုင်ငံရဲ့ ပထမဦး ဆုံးသော ထောင် တွင်းမူကြိုကျောင်း ကို ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်ထောင် မှာ ကြာသပတေးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အကျဉ်းကျအမျိုးသမီး များ၊ ထောင် ၀န်ထမ်း များရဲ့ကလေးတွေ အတွက် စာသင်ခန်း၊ ကစားကွင်းနဲ့ သင်ထောက် ကူပစ္စည်းတွေ ပါဝင်တဲ့ ဒီကျောင်းဖြစ်မြောက်ရေးအတွက် The Bridge of Life - ဘ၀ပေါင်းကူးတံတား အမည်ရှိတဲ့ ပြည်ပ NGO  တခုက   စီစဉ်ပေးခဲ့တာပါ။

အကျဉ်းထောင် ၄၄ ခု၊ အလုပ်ကြမ်းစခန်း   ၄၆ ခု ရှိတဲ့ မြန်မာပြည်မှာ ဒီလိုအဆင့်ရှိပြီးကောင်းမွန် တဲ့ ကျောင်းက ဒီတကျောင်းပဲ ရှိတယ်လို့   ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကလေးတွေစာသင်တာတွေကတော့ အရင်ကတည်းက တနိုင်တပိုင်လုပ်ပါတယ်။ ဒါပေမယ့် သင်ထောက်ကူပစ္စည်းတွေနဲ့ ကစားကွင်းနဲ့ ကျောင်းဆောင်နဲ့ သီးသန့်မူကြိုကျောင်းရယ်လို့ အကျဉ်းဦးစီးဌာနမှာမရှိဖူးပါဘူး။ ဒါက ပထမဆုံးလို့ ပြောလို့ရပါတယ်”

 ၁၃၆ သိန်း ကုန်ကျတဲ့ ဒီကျောင်းဆောင်က   အကျဉ်းထောင်နဲ့ အနီးဆုံးနေရာမှာတည်ဆောက်ထားတာပါ။

ကလေး  ၅ ယောက်ကတော့ အကျဉ်းကျအမျိုးသမီးတချို့ရဲ့ ကလေးတွေဖြစ်တယ်၊ ၁၄ ယောက်က   ၀န်ထမ်းမိသားစုတွေရဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

  ကျောင်းဖွင့်ချိန်ကတော့ မနက် ၉ ကနေ  ညနေ ၃ အထိပါ။

“ကျမတို့ကလေးတွေကို နေ့ခင်းဘက်ဆို ဒီမူကြိုကျောင်းကို ပို့ထားပြီး ညပိုင်းကျတော့ ကျမဆီ ပြန်ခေါ်ထားတာပေါ့။
ကလေးအတွက် စားဖို့သောက်ဖို့ဘာမှထည့်ပေးစရာမလိုဘူး။ ကျောင်းလခလည်း ပေးစရာ မလိုပါဘူး။
အကုန်လုံးကျောင်းကပဲ တာဝန်ယူပေးပါတယ်။
အရင်တုန်းကတော့ မူကြိုမရှိတော့ ကလေးတွေကို တနေရာမှာစုပြီး စာသင်တာတော့ ရှိခဲ့တယ်။
အခုလို ကျောင်းအဖြစ်တော့ မရှိခဲ့ဘူး။ အခုလို မူကြိုကျောင်းလေးမှာ ကျမသားလေးကို ထားရတော့ အရမ်းဝမ်းသာပါတယ်” လို့ ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ မမိုးမိုးက ပြောပါတယ်။

မူကြိုကျောင်းလေးထဲကို သွားလေ့လာကြည့်တော့ အရုပ်တွေ၊ စက်ဘီးလေးတွေစီးပြီး ကလေးတွေလည်း ပျော်နေကြသလို အကျဉ်းကျ မိခင်တွေကလည်း သူတို့သားသမီးတွေရဲ့ အပြောင်းအလဲကို ကြည့်ပြီး ၀မ်းသာနေတာကို တွေ့ခဲ့ရပါတယ်။

အမျိုးသမီးတချို့က ကိုယ်ဝန်ဆောင်ကာလမှာ အထိန်းသိမ်းခံရတဲ့အတွက် သူတို့ရဲ့ ရင်သွေးတွေကို ထောင်ထဲမှာပဲ မျက်နှာမြင်ကြတာပါ။ မွေးလာတဲ့ ကလေးက မိခင်နဲ့အတူ အုတ်နံရံနဲ့သံတိုင်များကြား လပေါင်းများစွာ၊ တချို့ဆိုရင် နှစ်ပေါင်းများစွာ နေကြရတာပါ။

တခြားသော အကျဉ်းထောင်တွေမှာလည်း အခုလို ကလေးငယ်ကို သင်ယူစရာ၊ ပျော်ရွှင်စရာတွေ ပေးနိုင်တဲ့ ထောင်တွင်းမူကြိုကျောင်းလေးတွေ ပေါ်ပေါက်လာမယ်ဆိုရင် အပြစ်မရှိဘဲ မိခင်နဲ့အတူထောင်ထဲကိုလိုက်နေရတဲ့ကလေးငယ်တွေအတွက် ပညာရေးအခြေခံကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။  - -

 အလှူရှင် Mr Edward Wayne Junior က ကျောင်းဆောင်ပေးအပ်ပွဲအခမ်းအနားမှာ ...
“အခုလို ကျနော်တို့ လှူဒါန်းနိုင်ခဲ့တာဟာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနဲ့
ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးတို့ရဲ့ ကလေးတွေအပေါ်ထားတဲ့ စေတနာကြောင့်ပဲ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆလိုင်းသန့်စင်
The Irrawaddy

တရုတ်ပြည်မှာ လူနာက သတ်လို့ ဆရာဝန် သေဆုံး


Published on Feb 28, 2014
ပြီးခဲ့တဲ့လက တရုတ်ပြည်မှာ ဆေးရုံက ပေးတဲ့ ဝန်ဆောင်မှုကို မကျေနပ်လို့ လူနာတစ်ယောက်က ဆရာဝန်ကို သတ်ဖြတ်တဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီနေ့ မတိုင်ခင် တစ်ရက်ကလည်း တခြား ဆေးရုံတစ်ရုံမှာ အလားတူ ကိစ္စ ဖြစ်ခဲ့ပါသေးတယ်။ လူနာနဲ့ ဆရာဝန်ကြားက အခုလို ပဋိပက္ခတွေဟာ တရုတ်နိုင်ငံမှာ အလျင်အမြန် ကြီးထွားလာနေပါတယ်။ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်း


ဘယ်လောက်ကြီး သလဲဆိုတာရင် ကြည့်တဲ့ မှန်ကပင် ၁၀.၄ မီတာ ရှိပါတယ်။ အဝေးကို ကြည့်မယ်ဆိုရင် ကမ္ဘာ၏ အနီအောက်(ရောင်ခြည်) ထိအောင် မြင်နိုင်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး အဝေးကြည့်မှန်ပြောင်းကြီးကို ဒေါ်လာ ၁၈၀ သန်း အကုန်အကျ ခံကာ စပိန်နိုင်ငံမှ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နည်းပညာ ကတော့ အမေရိကန် နှင့် မက္ကစီကိုတို့မှ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

တောင်ပေါ်တောင်အောက် တွေကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်ပါတယ်။ အဝေးရှိ ကျွန်းတွေကိုလည်း မြင်နိုင်တဲ့ အပြင် လေထုညစ်ညမ်းမှု ရှိ မရှိကိုတောင် မြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်ပါတယ်။

ဘာလို့ ဒီလောက်ကြီးတဲ့ အဝေးကြည့်မှန်ပြောင်းကို တည်ဆောက်ရသလဲ ဆိုတော့ နိုင်ငံပိုင်ကျွန်းများကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစောင့်ကျပ်နိုင်ခြင်း အခြားနေရာ ဒေသရှိ ပြဿနာများကို မှန်ပြောင်းဖြင့် ကြည့်ကာ ဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထု၏ ကျန်းမာရေးအတွက် လေထုညစ်ညမ်းမှုတွေကို ကြည့်ရှုပေးနိုင်ခြင်းရန် မုန်တိုင်းများ ကျရောက်ပါက အချိန်မှီပြန်ကြား ထုတ်လွှင့်ပေးနိုင်ခြင်းနှင့် အခြားသော အရာများအတွက် အကုန်အကျခံ ဆောင် ရွက်ပေးထားခြင်း ဖြစ်ပါတယ်။

Smart Pro Journal

အိုဘားမားက Iron Man ဝတ်စုံ ထုတ်နေကြောင်း ဆို


အမေရိကန် သမ္မတ အိုဘားမားဟာ Iron Man ဝတ်ဆုံကို ကြိုးစားဖန်တီး နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

မိန့်ခွန်း တစ်ခုမှာ စနောက်တဲ့ သဘောနဲ့ ကျနော်တို့ Iron Man ဝတ်စုံကို ကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် ဖန်တီးနေပါတယ်လို့ ပြောပြီး မဟုတ် ပါဘူးလို့ ထပ်ငြင်းပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံ စစ်အင်အားနဲ့ ကာကွယ်ရေးအတွက် အဆင့်မြင့် နည်းပညာ များ ကြိုးစား ဖန်တီးလျက် ရှိကြောင်း ဆက်လက် ဝန်ခံ သွား ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ဟာ စစ်သး တစ်ဦးချင်းစီမှာ အသုံးပြုဖို့အတွက် ဝတ်ဆင်ဖို့ အတွက် Iron Man လို့ စက်ရုပ် ဝတ်စုံများ ဖန်တီးနေကြောင်း မီဒီယာများက အတည်ပြု ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/77pnVFLkUjM

Smart Pro Journal

ကားဘီးခွေသူခိုးကိုရှာနေတုန်း အပြစ်မဲ့သူ စားဖိုမှူးကို ၄လက်မ နက်တဲ့အထိခဲထားခဲ့တဲ့ ရဲခွေး

ဗြိတိန်၊ မန်ချက်စတာ မြို့တွင်းဒေသ Longsight မှာ ရဲတွေဟာ သူခိုးရှာဖွေရေးလုပ်နေခဲ့ပါတယ်။ ကိုယ့်အိမ်ကိုယ်တက်တော့မယ့် အပြစ်မဲ့သူ Azmat Farooqဆိုသူကို ရဲခွေးက တိုက်ခိုက်ခဲ့ပါတယ်။ ဒဏ်ရာဟာ ၄လက်မ အနက်ရှိတယ်လို့ သိရပါတယ်။
Azmat Farooq ဆိုသူဟာ မန်ချက်စတာလေဆိပ် Marriottဟော်တယ် စားဖိုမှူးတစ်ယောက်ပါ။ ခွေးကိုက်ခဲခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံ ၄ရက်တက်ခဲ့ရပြီး “ကျွန်တော်တော့ သေတော့မယ်လို့ ထင်ခဲ့တာ။ဒဏ်ရာက သိပ်ကို အကြီးကြီးရယ်။ စစဖြစ်ခြင်းတော့ ဒေါသထွက်ခဲ့ပေမဲ့ ရဲတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ကျွန်တော် ဘယ်လိုနေလဲကို လာမေးကြတယ်။ ကြည့်ရှု စစ်ဆေးပေးတယ်။ ရဲအရာရှိတစ်ယောက်ကလည်း ဆေးရုံမှာ လာတွေ့တယ်။” လို့ Azmat Farooq ကပြောခဲ့ပါတယ်။

အကြောင်းမရှိဘဲ အပြစ်မဲ့သူကို တိုက်ခိုက်ခဲ့တဲ့ ရဲခွေးကို စုံစမ်းစစ်ဆေးရေး၊ တိုက်ခိုက်ရေး စတဲ့ ရဲအလုပ်တွေ မလုပ်စေတော့ပါဘူး။ ဒီအမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ရဲအရာရှိတွေရဲ့ အပြုအမူ၊ စီမံခန့်ခွဲမှုတွေကိုလည်း ပြန်လည်သုံးသပ်နေပါတယ်။
Ref:dailymail.co.uk
Trend Myanmar

အသက် ၁၁၁ နှစ်နဲ့ ၃၀၂ ရက် ပြည့်ပြီဖြစ်တဲ့ အီတလီလူမျိုး အာတူရိုလီကာတာ ကို ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အဖြစ် သတ်မှတ်

Angel on 2014-02-28 12:19ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ရက်နေ့ မှာ အသက် ၁၁၁ နှစ်နဲ့ ၃၀၂ ရက်ပြည့်မြောက်သွားပြီဖြစ်တဲ့ အီတလီလူမျိုး အာတူရိုလီကာတာ ကို လက်ရှိ ကမ္ဘာ့အကြီးဆုံးအမျိုးသား အဖြစ် ဂင်းနစ်စံချိန်ထဲ ထည့်သွင်းခဲ့ပါတယ်။
ဆီစီလီကျွန်း၊ အန်နာ မြို့ က အာတူရို လီကာတာ ရဲ့ မွေးစာရင်းနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ တရားဝင် စာချုပ်စာတမ်းတွေကို ဂင်းနစ်ကမ္ဘာ့စံချိန်သတ်မှတ်ရေးအဖွဲ့ က စစ်ဆေးခဲ့ပြီးနောက်ပိုင်းမှာ အခုလို တရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အာတူရို လီကာတာဟာ ၁၉၀၂ ခုနှစ်၊ မေလ ၊ ခုနှစ်ဆက်မြောက် အက်ဒွပ်ဘုရင် နန်းမတက်ခင် သုံးလအလိုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်း ညီအစ်ကိုလေးယောက်နဲ့ ညီအစ်မ နှစ်ယောက် ရှိပြီး ဆီစီလီကျွန်းက ဆာလ်ဖာမိုင်းတွင်းတွေမှာ အသက်ကိုးနှစ်အရွယ်ကတည်းက ပင်ပင်ပန်းပန်းအလုပ်ခဲ့ရသူပါ။
အသက် ၁၉ နှစ်အရွယ်၊ ၁၉၂၁ ခုနှစ်မှာ အီတလီစစ်တပ်ကို ၀င်ရောက်ခဲ့ပြီး ၁၈ နှစ်အမှုထမ်းခဲ့ပါတယ်။ အီတလီက အီသီယိုပီးယားကို ကျူးကျော်တဲ့ ၁၉၃၆ ခုနှစ် စစ်ပွဲမှာလည်း ပါဝင်ခဲ့သူပါ။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်စတင်တဲ့အချိန်မှာပဲ သူ့ ရဲ့ စစ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မှာတော့ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
လီကာတာ အသက် ၇၈ နှစ်အရွယ်၊ ၁၉၈၀ ခုနှစ်မှာ မိန်းမဆုံးပါးသွားခဲ့ပြီး သူတို့ လင်မယားဟာ သားသမီး ခုနှစ်ယောက် ၊ မြေး ရှစ်ယောက်နဲ့ မြစ် လေးယောက် ရရှိခဲ့ပါတယ်။
လီကာတာ ကို လော့စ်အိန်ဂျယ်လိစ်ရဲ့ ကမ္ဘာ့ပထမဆုံး ရုပ်ရှင်ရုံဖွင့်လှစ်ခဲ့တဲ့ နှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး ကားတစ်စီးက တစ်နာရီ ၇၄ မိုင်နဲ့ ကမ္ဘာ့အမြန်ဆုံးစံချိန်တင်နိုင်ခဲ့တဲ့ နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ ကျူးဘားလွတ်လပ်ရေးရတာကို မြင်တွေ့ ခဲ့ရပြီး ရီးယဲလ်မက်ဒရစ်နဲ့ နောဝစ် စီးတီးကလပ်အသင်းတွေ စတင်ဖွဲ့ စည်းခဲ့တာကိုလည်း မှီခဲ့သူပါ။
ပထမကမ္ဘာ့အသက်အကြီးဆုံးအဖြစ်သတ်မှတ်ခံခဲ့ရသူကတော့ ဆန်းချက်ဇ် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က အသက် ၁၁၂ နှစ် ၉၇ ရက်မှာ သေဆုံးသွားခဲ့အတွက် လီကာကို အသက်ရှင်နေထိုင်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် အသစ်သတ်မှတ်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ အသက်အကြာရှည်ဆုံး အသက်ရှင်နေထိုင်သွားခဲ့သူကတော့ ဂျင်းနီလူစီကဲမတ် ဆိုသူဖြစ်ပြီး ၁၉၉၇ နှစ် မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးတဲ့အချိန်မှာ အသက် ၁၂၂ နှစ်နဲ့ ၁၆၄ ရက်ရှိပြီ ဖြစ်တယ်လို့  ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ သိရှိရပါတယ်။
Ref: Mirror
Trend Myanmar

ပြိုင်ကား ၅ စီး ရဲစခန်းရောက်နေပါပြီ

   
 
  အငှားယာဉ်တစီးနဲ့လူတချို့ကို ၀ိုင်းဝန်းရိုက်နှက်မှုမှာ ပါဝင်တယ်လို့ ဆိုတဲ့သူတွေကို သူတို့ရဲ့ မိဘများက ရဲစခန်း သွားပို့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားစဉ် အသုံးပြုတဲ့ ပြိုင်ကား ၅ စီးလည်း ရဲစခန်း ရောက်နေပါပြီ တဲ့။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဒီသတင်းကို ကြာသပတေးနေ့ထုတ် အရပ်ဘက်သတင်းစာများမှာလည်း ဖော်ပြထားကြပါတယ်။
 ဥပဒေအထက်မှာမောင်းနေတာကြာပြီဖြစ်တဲ့ ပြိုင်ကားများထဲက တချို့သောပြိုင်ကားတွေ အခုမှ သတင်းစာမျက်နှာပေါ် ပြုံပြီး ရောက်နေတာဟာဖြင့် အင်မတန် ထူးခြားနေပါတော့တယ်။
  • ဆက်စပ်
အုပ်စုဖွဲ့ ရမ်းကားခဲ့တဲ့ ပြိုင်ကားပြဿနာနဲ့ နောက်ဆက်တွဲ 
http://blog.irrawaddy.org/2014/02/blog-post_234.html

ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု 
http://blog.irrawaddy.org/2014/02/blog-post_18.html
ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်ကိုဖျက်ဆီးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ပြိုင်ကားများနှင့်အတူ မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားကို ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာ၌ ရပ်ထားသည်ကိုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် ကိုထက် (ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော YGN 3G-1470(V300 ARISTO) အဖြူရောင်ပြိုင်ကားကိုလည်းကောင်း၊ ၂၂.၂.၂၀၁၄ရက်နေ့ ၁၈၃၀အချိန်တွင် ဝေယံလင်း မောင်းနှင်ခဲ့သော ၅င/၈၅၆၇ MAZDA
RX-8 ခဲပုတ်ရောင်ပြိုင်ကားကိုလည်းကောင်း ၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူများနှင့် ကျန်ရှိနေသေးသောပြိုင်ကားများ ရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၅.၂.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ထက်အောင်လူ မောင်းနှင်ခဲ့သော YGN 4C-4238 FRAND CHIEROKEE JEEP အနက်ရောင်ယာဉ်နှင့်
ကောင်းစည်သူ မောင်းနှင်ခဲ့သော MDY 7C-5830 NissanFairlady350Z ခဲပုတ်ရောင်ပြိုင်ကားတို့ကို မိဘအုပ်ထိန်းသူများက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

 ပြစ်မှုကျူးလွန်သူများဖြစ်ကြသော
ကိုကိုနိုင်(ဘ)ဦးစိန်မောင်၊(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊
ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ(ဘ)ဦးအေးမြင့်၊ (၂)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊
ဝေယံလင်း(ဘ)ဦးနေထွန်း၊(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊
ထက်အောင်လူ(ဘ)ဦးလူမော်၊(၃)ရပ်ကွက်၊တောင်ဥက္ကလာပ မြို့နယ်၊
ကောင်းစည်သူ(ဘ)ဦးကိုကိုအောင်၊ (၅)ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်နေသူတို့ (၅)ဦးတို့ကို
၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ပို့အပ်ပေးခဲ့သဖြင့် ၂၅.၂.၂၀၁၄ရက်နေ့ ၁၈၀၅ အချိန်တွင် ၎င်းတို့ အားစစ်ဆေးလျက်ရှိပါသည်။
ယခုအမှုနှင့်ပတ်သက်၍ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့်အညီ ပြည်သူများ က သတင်းပေးခဲ့၍လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်းသူများကလည်း သက်ဆိုင်ရာရဲစခန်းသို့ ကြိုတင်ညှိနှိုင်းပြီး လာရောက်အပ်နှံပေးခဲ့၍လည်းကောင်း အမြန်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ယခုကဲ့သို့ပြစ်မှုကျူးလွန်သူများ၏ သတင်းများအပေါ် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကိုလေးစားလိုက်နာရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြိုင်ကားမောင်းနှင်သူများ၏ မိဘများ ကိုယ်တိုင် လှိုင်မြို့မရဲစခန်းသို့ပြိုင်ကားများနှင့်အတူ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နောင်တွင်လည်း မိဘပြည်သူများက မိမိတို့၏ သားသမီးများ၏ ဘ၀ရှေ့ရေးကောင်းမွန်လာစေရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်း၍ ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းကူညီမှုပေးကာ ပြည်သူများ အားလုံး စည်းကမ်းရှိစွာသွားလာနေထိုင်ကြရေး ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။


ဗီတာမင် စီရဲ့ အလှအပအပေါ် အကျိုးပြုပုံ ငါးချက်

ထက်ဆု on 2014-02-28 16:24ဗီတာမင်စီအကြောင်းကို အချိန်အနည်းငယ်ပေးပြီး ဖော်ပြပါဦးမယ်။ ဗီတာမင်စီဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် ဘာကြောင့်များ အရေးတကြီးလိုအပ်ရတာလဲ။ အထူးသဖြင့်တော့ အန်တီအောက်ဆီးဒင့် ဓါတ်တွေက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိနေအောင် ပူးကပ်ပေးထားတဲ့ ကော်လို ဂုဏ်သတ္တိနဲ့တူပါတယ်။
          ဒါပေမယ့်လည်း ဗီတာမင် C က ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သင့်ခန္ဓာကိုယ်ဟာ ဒီအရာကို တစုတဝေးတည်း တာရှည်ထိန်းသိမ်းမထားနိုင်ပါဘူး။ ဒါကြောင့် သူ့ကို နေ့စဉ် ပြန်လည်မှီဝဲပေးဖို့လိုပါတယ်။ ဗီတာမင်စီက အဓိက အကျိုးပြုတဲ့ အရာတွေကတော့ သင့်ရဲ့ ဆံပင် ၊ လက်သည်းနဲ့ အသားအရေတို့ပါပဲ။
(၁)     ဆံပင်ကို အကျိုးပြုခြင်း။
          ဆံပင်တွေ သန်စွမ်းပြီး ကျန်းမာဖို့အတွက်တော့ ဗီတာမင်စီက ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပါ။ ဘယ်လိုအသုံးပြုမလဲဆိုတော့ ဗီတာမင်စီ ၊ မကျက်တကျက် ပြုထားတဲ့ အာလူး ၊ ဆီဖြူသီးခွက်တ၀က် ၊ စတော်ဘယ်ရီ သုံးလုံး နဲ့ ငရုတ်ပွအနီရောင်တို့ကို ရောပီး အနှစ်ကလေးတွေဖြစ်သွားတဲ့အထိ သမအောင် မွှေပါ။ ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်ကို ပေါင်းတင်သလို လိမ်းပြီး ဆယ့်ငါးမိနစ်ကနေ နှစ်ဆယ့်ငါးမိနစ် လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။
(၂)     သင့်ကိုပိုပြီး အားပြည့်စေတယ်လို့ ထင်ရခြင်း။
          သင့်ရဲ့ စားသောက်မှုပုံစံမှာ ဗီတာမင်စီက သံဓါတ်ကိုအားဖြည့် စုတ်ယူပေးပါတယ်။ ဒါကြောင့် သင့်ကို အများအမြင်မှာ ပိုပြီး ကြံ့ခိုင်တဲ့ပုံ ပေါက်နေစေပြီး သင်ကိုယ်တိုင်လည်း အားအင်ပြည့်ဝနေတယ်လို့ ခံစားရနိုင်ပါတယ်။
(၃)     လက်သည်းရှည်နှုန်းမြန်စေခြင်း။
          ဗီတာမင်စီက ကျွန်ုပ်တို့ရဲ့ လက်သည်းကို သန်သန်စွမ်းစွမ်း ဖြောင့်ဖြောင့်မတ်မတ် ရှည်စေနိုင်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အခြား ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အရိုး ၊ တစ်သျှူးနဲ့ အသားအရေတို့ကိုပါ အားကောင်း စေပါတယ်။
(၄)     လက်စွယ်ငုတ်ခြင်းကို တားဆီးပေးခြင်း။
          ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီက လက်သည်းတွေကို ခိုင်မာစေပြီး ကြီးထွားစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် လက်စွယ်ငုတ်ခြင်းကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။
(၅)     အိုးမင်းရင့်ရော်မှုလက္ခဏာများကို ကာကွယ်ပေးနိုင်ခြင်း။
          အသက်အလတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်စီ နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ ၊ အရေပြား ခြောက်သွေ့ခြင်း ဖြစ်စဉ်တွေကို လျော့နည်း စေပါတယ်။
          ဗီတာမင်စီနဲ့ မျက်နှာပေါင်းတင်လိုတယ်ဆိုရင်တော့ ကီဝီသီးရယ် ၊ သင်္ဘောသီး တစ်ခွက်ရယ်ကို ရောပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်ထောက်အထိ ပေါင်းတင် ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။
Ref:womenhealthmag.com
Trend Myanmar

မတ် ၁၇ ရက် တင်မယ့် ကင်တားနား အစီရင်ခံစာ

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2014 - 01:31 GMT

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား

မြန်မာနိုင်ငံ ကို ပြီးခဲ့တဲ့ လဆန်းပိုင်းက နောက်ဆုံးအကြိမ် အနေနဲ့ သွားရောက် လေ့လာခဲ့တဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟဲ ကင်တားနား ဟာ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ သူ့တွေ့ရှိချက် အစီရင်ခံစာ ကို ဂျနီဗာ မှာ တင်သွင်းမှာပါ။

မြန်မာအစိုးရဘက် က သူဟာ လေ့လာရေး လုပ်ငန်းမှာ ဘက်လိုက်မှု တွေ ရှိခဲ့တယ် လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ အစီရင်ခံစာ အတွက် စုံစမ်း မေးမြန်းရာမှာလည်း တဖက်စကား ပဲ နားထောင်ခဲ့တယ် လို့ ပြောလို့ သူ့သဘောထား ကို မေးကြည့်ပါတယ်။ မစ္စတာ ကင်တားနား ကတော့ သူ့အစီရင်ခံစာ နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနိုင်ကြောင်း၊ ဒါပေမဲ့ မြန်မာ အစိုးရ ဝန်ကြီးတွေ၊ အရာရှိ တွေ နဲ့ ဆွေးနွေးရာမှာတော့ ကွဲလွဲမှု ရှိပေမဲ့၊ သူ့ ရဲ့ အကြံပြုချက် တွေ ကို လက်ခံကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ရခိုင်ပြည်နယ် ရောက်တုန်း ကလည်း RNDP ပါတီ ခေါင်းဆောင်တွေ၊ ပြည်နယ် အုပ်ချုပ်ရေးမှ အာဏာပိုင်တွေ၊ ရခိုင်လူထု၊ ဒေသခံ တွေနဲ့ တွေ့ခဲ့လို့ လူတိုင်းဆီက အသံ နားမထောင်ဘူး ဆိုတာ ဘယ်သူ့ကို ဆိုလိုမှန်း မသိဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။ ရခိုင်လူထု အနေနဲ့ ဘာကို လိုချင်တာလည်း၊ ဘာတွေ ခံစား နေရ သလည်း၊ စစ်အုပ်ချုပ်မှု ခေတ် က ရခိုင်လူထု ဖိနှိပ်မှု ခံရတာလည်း ကိုယ်ချင်းစာ ကြောင်း ကင်တားနား က ပြောပါတယ်။

ဒူချီးရားတန်း အမှု ကိစ္စ မှာလည်း ယုံကြည်စိတ်ချ ရတဲ့ သတင်းရပ်ကွက် က ထိခိုက်မှု အချက်အလက် တွေ ကို ရထားပြီးကြောင်း၊ အစိုးရ ဘက်က သမ္မတ အနေနဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးမှု ပြုတယ် ဆိုပေမဲ့၊ ဒီ ကော်မရှင်ဟာ သမ္မတ ရုံးက တိုက်ရိုက်လာတဲ့ အတွက် လွတ်လပ်မှု မရှိဘူး၊ ကုလသမဂ္ဂ လို အဖွဲ့အစည်း လက်အောက်က လွတ်လပ်တဲ့ ကော်မရှင် အဖွဲ့တွေ က နိုင်ငံတကာ ကျွမ်းကျင်သူတွေ နဲ့ စစ်ဆေးမှု ပြုသင်တဲ့ အကြောင်း ထောက်ပြ ပြောပါတယ်။

စစ်အုပ်ချုပ်ရေး လက်ထက်က သူ့ကို မိတ်ဆွေ လို သဘောထားသူ တချို့ဟာ ရခိုင် ကိစ္စ အပြီးမှာ နားလည်မှု လွဲပြီး၊ ရန်သူ လို သဘောထားတဲ့ အနေအထားနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ၊ သူ့ခရီးစဉ် အတွင်း ကချင်ပြည်နယ်၊ လက်ပံတောင်း ကြေးနီ စီမံကိန်း၊ သီလဝါ စီးပွားရေးဇုံ၊ ရန်ကုန်၊ နေပြည်တော်၊ စတဲ့ နေရာတွေ သွားတဲ့ အခါမှာ အကျိုးအကြောင်း ပြောပြတဲ့ မြန်မာ လူမျိုးတွေ နဲ့ ဆုံခဲ့ပုံ၊ ဒီလူတွေဟာ သူ့ရဲ့ လုပ်ဆောင်ချက် တွေ ကို တန်ဖိုးထား၊ အသိအမှတ် ပြုတဲ့ အကြောင်း မစ္စတာ ကင်တားနား က ဘီဘီစီ ကို ပြောပြပါတယ်။
BBC

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ


Angel on 2014-02-28 11:02  
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Mirror
Trend Myanmar

ဆော်ဒီအာရေဗျရောက် မြန်မာမွတ်စလင်တစ်ဦး ဇနီးနှင့် သားသမီး လေးဦးကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်

Published on: February 27, 2014ဆော်ဒီအာရေဗျနိုင်ငံ သို့ ရောက် ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏ ဇနီးနှင့်သားသမီးလေးဦးကို မီးဖိုချောင် သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြောင့်ဖြစ်သည် ဟု ပြောကြား ခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
ရှေးရိုးဆန်သော ပင်လယ်ကွေ့နိုင်ငံ ဆော်ဒီအာရေဗျတွင် ယခုဖြစ်ပွားခဲ့သော မှုခင်းကြောင့် လူအများကြား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ ယခုဖြစ်ရပ်မှာ ဗုဒ္ဓဟူးနေ့ အရုဏ်ဦးအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏တိုက်ခန်းကျဉ်းလေးတွင် မိသားစုအားလုံး သွေးအိုင်ထဲ၌ လဲကျသေဆုံးလျက်ရှိသည်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့သည်။
အသက် ၄၂ နှစ်အရွယ် Abu Al Kalam က ၎င်းသည် အသက် ၃ဝနှစ် အရွယ်ဇနီး အပါအဝင်၊ အသက် ကိုးလမှ ခြောက်နှစ်အထိရှိသော သမီးလေးဦးအား ဓားဖြင့် လည်ပင်းအားလှီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့အား သတ်ဖြတ်ပြီးနောက် Abu Al Kalam သည် ဆော်ဒီနိုင်ငံသား အလုပ်ရှင်ကိုဖုန်းဆက်၍ မှုခင်းအကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းသည် ဆုတောင်းရန်အတွက် မက္ကာအနီးရှိ မဟာဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဝတ်ကျောင်းတော်တွင် နာရီပေါင်းများစွာ နေထိုင်ခဲ့ပြီးမှ ရဲတပ်ဖွဲ့ထံသို့ လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။
မိသားစုအား သတ်ဖြတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ၎င်းကထွက်ဆိုရာတွင် နောက်ထပ် ရက်အနည်းငယ်အတွင်း၌ ၎င်းအနေဖြင့် သေဆုံးသွားမည်ဖြစ်သည်ဟု အာရုံရနေခဲ့ပြီး ၎င်း၏မိသားစုအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမထားခဲ့လိုသောကြောင့် ယခုလို ၎င်းနှင့်အတူ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်း၏မိသားစုအား အလွန်ချစ်ခင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိ ရသည်။Credit: EMG

အရိုက်ခံရသည့် ယာဉ်ထိန်းရဲကိစ္စကို အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ပြောခြင်း



““ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်းမရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။
မှားနေရင် ပြည်သူက ထပ်ပြီးတော့ အမြင်စောင်းမှာ””

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

ဗီဒီယို သရုပ်ဆောင် နေသူရိန် (အမည်ရင်း စနေထွန်း) နှင့် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး သောင်းဒန်တို့အကြား ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု၌ ““ပြဿနာဖြစ်သည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ”” ဟူ၍ တပ်ကြပ်ကြီး သောင်းဒန်၏ ပြောဆိုမှုမှာ မမှန်ကန်ကြောင်းနှင့် နှစ်ဖက်စလုံးမှ အပြန်အလှန် အမှု ဖွင့်ထားရာ၌ မိမိတို့ဘက်မှ တရားစွဲပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး လင်းထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရဲတပ်ကြပ်ကြီး သောင်းဒန်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေစဉ်နှင့် အဆိုပါနေရာ၌ပင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တာဝန်ထမ်းဆောင်နေချိန်၌ ဗီဒီယိုသရုပ်ဆောင် နေသူရိန်နှင့် အချင်းများရာမှ အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုအား မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၂)၊ အမှတ် (၅၀)၌ ““ပြဿနာ ဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံရသော ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး””ဟု ဖော်ပြပြီးနောက် အဖြစ်မှန် ဖြေရှင်းလိုပါ၍ ဒုရဲမှူးကြီးလင်းထွဋ်၏ ဖိတ်ကြားချက်အရ ၎င်း၏ ရုံးခန်းသို့ သွားရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒုရဲမှူးကြီး လင်းထွဋ်အား မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ မေးမြန်းခဲ့ပါသည်။

အဲဒီတုန်းက ဖြေထားတဲ့ဟာတွေနဲ့ တကယ်တမ်းကျတော့ ဖြစ်ပျက်နေတာတွေနဲ့ လွဲနေလို့ မေးကြည့်တာပါ။

တကယ်တမ်း အမှုဖွင့်တဲ့ ကိစ္စကလည်းပဲ ကျွန်တော်တို့ သိသိချင်းပေါ့နော် တာဝန်ရှိသူတွေနဲ့ သိသိချင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို စော်ကားမှု ရှိတဲ့အတွက်ကို ကျွန်တော်တို့ကပဲ အမှုဖွင့်လိုက်တာ။ သူဖွင့်တာ မဟုတ်ဘူး။ ကျွန်တော်တို့ကကို ဖွင့်တာ။ အဲဒါကို သူဖွင့်တယ် ပြောတော့ ကျွန်တော်က စိတ်မကောင်း ဖြစ်တာပါ။

ဒါကတော့ ကျွန်တော်တို့ ပြန်မရှင်းတော့ပါဘူး။ ဒါကလည်း ပြန်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် ပြန်ပြီး အုတ်အော်သောင်းတင်းဖြစ်မှာ စိုးလို့။ ဆိုပါတော့ ကျွန်တော်တို့မှာ မီဒီယာကို ဖွဲ့ထားတာရှိတယ်။ မီဒီယာမှာဆို ရဲအုပ်ဇော်မျိုးထွန်းတို့၊ ရဲအုပ်ဝင်းလွင်တို့၊ ရဲအုပ် မိုးသီဟကျော်တို့ ရှိတယ်။ အဲမှာ ကျွန်တော်က အဖွဲ့ ခေါင်းဆောင်။ မီဒီယာကို မေးရင်တော့ အခြေအနေအမှန်တော့ သိရမယ်။

ပြီးခဲ့တဲ့ တပ်ကြပ်ကြီးသောင်းဒန် ဖြစ်ပျက်သွားတဲ့ ကိစ္စကို ဆရာတို့ ဘယ်လိုစီစဉ်ထားလဲ။

ကျွန်တော်တို့ စီစဉ်ထားတယ် ဆိုတာထက်ကို ဖြစ်စဉ်ပေါ်မှာ နှစ်ဖက်အပြန်အလှန် တိုင်ထားတယ်။ သောင်းဒန် ကလည်းပဲ သူမှန်တယ် ဆိုပြီးတော့ အမှုသွားဖွင့်ထားတယ်။ ဟိုဘက်ကလည်းပဲ သူမှန်တယ်ဆိုပြီး တပ်ကြပ်ကြီး သောင်းဒန်က သူတို့ကို စော်ကားပါတယ်ဆိုပြီး ပြန်ပြီးတော့ အမှုဖွင့်ထားတယ်။ အဲတော့ဘာပဲ ပြောပြော ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့တော့ ကိုယ့်ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်း မရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။ မှားနေရင် ပြည်သူက ထပ်ပြီးတော့ ကျွန်တော်တို့ကို အမြင်စောင်းမှာ။ ရဲဥပဒေနဲ့အညီပေါ့။ ဥပဒေဆိုတာလည်း တည်ဆဲဥပဒေပေါ့။ လူသက်သေ၊ ပစ္စည်းသက်သေ စုံစမ်းဆဲပါ။ မှန်တဲ့အတိုင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်မှာပေါ့။ ဘက်လိုက်ခြင်း မရှိဘူးပေါ့။

ဒီကိစ္စက တကယ်တမ်းကျတော့ ပြည်သူအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့လေ။ ယာဉ်ထိန်းရဲဆိုတာ ချစ်တယ်၊ ခင်ရင်တောင်မှ အဲ့ဘက်က လိုက်လို့မရတဲ့ဘ၀။ ဘာလို့လဲဆိုတော့ လိုက်ရင် ကျွန်တော်တို့ရဲ့ အရောင် မှိန်သွားမှာပေါ့။ ယာဉ်ထိန်းရဲလို့သာ ပြောတာ တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပဲ။ ရဲဆိုတာ ဘယ်သူ့အတွက် ဖွဲ့ထားလဲဆိုတော့ ပြည်သူ့အတွက် ဖွဲ့ထားတာ။ ပြည်သူ့ဘက်က လိုက်တော့လည်း ဒီဘက်က ကိုယ့်တပ်ဖွဲ့။ အဲဒီတော့ အလယ်ကနေ မှန်ကန်မှု လမ်းကြောင်း အတိုင်းပဲ သွားမှာပဲ။ တကယ်တမ်း ကျတော့ ဒီဖြစ်စဉ် သိသိချင်း ကျွန်တော်တို့ ဆောင်ရွက်ချက်ကတော့ အမှုဖွင့်တာတွေ ဘာတွေ လုပ်ခိုင်း ထားတယ်။ အဲတော့ အထက်အဆင့်ဆင့်ကို သတင်းပို့တယ် ဆိုတော့လည်းပဲ တပ်ဖွဲ့ခွဲမှူးတို့၊ တပ်ဖွဲ့စုမှူးတို့ရဲ့ သတင်းပို့မှုက ကျွန်တော်တို့ဆီ ရောက်မလာဘူး။ တကယ်ကျတော့ ရောက်မလာပေမယ့် ကျွန်တော်တို့ အရေး အသားအရ ဘယ်လိုဖြစ်သွားလဲဆိုတော့ အထက်အရာရှိ အဆင့်ဆင့်က မသိကျိုးကျွန် ပြုနေတယ်ဆိုပြီး ကျွန်တော်တို့ပါ ပါလာတယ်။ ကျွန်တော်တို့ အဆင့်ကို ရောက်မလာဘူး။ အောက်မှာတင် ဖြေရှင်းတယ်။ မရှင်းတာ မဟုတ်ဘူး။ ရှင်းတယ်။ တကယ်တမ်းကျတော့မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တာဝန်ထမ်းဆောင် နေတဲ့ ၀န်ထမ်းကို စော်ကားတယ်ဆိုတဲ့ ကိစ္စက ဒီအတိုင်းသာမှန်ရင် ကျွန်တော်တို့ ၀န်ထမ်းဘက်က မလိုက် နိုင်စရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်း ဘာလို့မဖြစ်ရမှာလဲ။ ဒါကို စဉ်းစားစရာက ကိုယ့်ဘက်က နာချင် သော်လည်းပဲ မမှန်ခဲ့ရင် ကျွန်တော်တို့တွေ ကွိခနဲဖြစ်သွားမှာပေါ့။ မမှန်ခဲ့လို့ သူတို့ စွပ်စွဲထားသလို သူတို့ ကိုလည်း ခြေထောက်နဲ့ ပြန်ကန်ခဲ့တယ်ဆိုတာ လူသက်သေ ပစ္စည်းသက်သေနဲ့ ဖော်ထုတ်တာ ပေါ်ပေါက် ခဲ့တယ်ဆိုရင် ကျွန်တော်တို့က ကိုယ့်ဘက်ကနေသာ လိုက်ထားခဲ့မယ်ဆိုရင် အဖွဲ့အစည်းပါ သိက္ခာကျမှာ။ ဒါကိုတော့ ကျွန်တော်တို့က အလယ်တည့်တည့်က ရပ်ပေးနေရမယ်။ ကျွန်တော်တို့က CCTV နဲ့ ရိုက်ထားသလို မြင်ရတာမှ မဟုတ်တာ။ သူ့ဘက်ကိုယ့်ဘက် သက်သေက သက်ဆိုင်ရာ အမှုစစ်က စစ်ဆေးရမှာ။ အမှုလည်း ဖွင့်ထားပြီ။ ကျွန်တော်တို့ဘက်ကလည်း ဖြစ်စဉ်ကို သိတာက ၁၆ ရက်နေ့မှ သိတာ။ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ တပ်ကြပ်ကြီး သောင်းဒန်နဲ့ အချင်းဖြစ်တဲ့ မိသားစုနဲ့ ဒီအခန်းထဲမှာ ခေါ်ပြီး တွေ့ပေးလိုက်တယ်။ ခေါ်တွေ့ပေးပြီးတော့မှ ရှင်းကြ ပြောကြဟေ့ဆိုပြီး နှစ်ဖက်ကြားနာပြီးတော့ အဲအပေါ်မှာ ဆုံးဖြတ်ပေးလို့မရဘူး။ တစ်ဖက်ကလည်း ကျွန်တော်တို့ မှားပါတယ်လို့ ၀န်မခံဘူးလေ။ သူ့မှားယွင်းမှုအတွက် ဘယ်လိုပြစ်ဒဏ်၊ ကိုယ့်မှားယွင်းမှုအတွက် ဘယ်လို ပြစ်ဒဏ်ဆိုတာလည်း ရှိတာပဲ။

တာမွေအောင်ကို၊ ၀ိုင်းမော်
မြန်မာသံတော်ဆင့်a

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွ င် ဖေဖော် ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေ ခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင် စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကျရောက်သည့် အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် အဆိုပါ ကပွဲသို့ အင်ပါယာ တေးဂီတ အဖွဲ့နှင့်အတူ နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် အပါအဝင် အဖွဲ့၏ ပင်တိုင် အဖွဲ့သားများ စုံညီစွာ ပါဝင်ခဲ့ပြီး တေးသီချင်း ၁၀ ပုဒ်ခန့် သီဆို ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။

ပဒေသာ ကပွဲတွင် တေးသီချင်းများ သီဆိုခြင်း၊ ကပြခြင်းများ အပြင် အကျဉ်းထောင်တွင်း တွေ့ကြုံ ရတတ်သည့် ဖြစ်ရပ်များကို ဖော်ကျူးသည့် ဟာသ ပြဇာတ် တစ်ခုကိုလည်း ထည့်သွင်း ကပြခဲ့ကြောင်း၊ အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသား ၂၈၀ နှင့် အကျဉ်းသူ ၁၀၀ ခန့် တက်ရောက် ကြည့်ရှုခွင့် ရခဲ့ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“ခန်းမ အခြေအနေအရ အဲဒီလောက်ပဲ ကြည့်လို့ ရတာပါ၊ ကျန်တဲ့ သူတွေကိုတော့ ကိုယ့်အိပ်ဆောင်မှာ ရှိတဲ့ တီဗီကနေ တိုက်ရိုက် ပြပေးတာ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အကျဉ်းထောင်တွင်း သီဆို ဖျော်ဖြေပွဲများ ကျင်းပခြင်းကို တရားဝင် ပိတ်ပင်ထားခြင်း မရှိခဲ့ကြောင်း၊ သတင်းစာဆရာ လူထုဦးလှ၊ ဆရာ ရန်ကုန်ဘဆွေတို့ အကျဉ်းကျခဲ့စဉ် ၁၉၆၂ ခုနှစ် မတိုင်မီက ယင်းကဲ့သို့ ထောင်တွင်း ဖျော်ဖြေပွဲများကို ကျင်းပ ပြုလုပ်ခဲ့ဖူးပြီး တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှ စတင်ကာ အကျဉ်းထောင် ဥပဒေ၊ စည်းကမ်းများ ပိုမို တင်းကျပ်လာခြင်း၊ ထောင်အာဏာပိုင်များမှ တာဝန်ခံနိုင်ခြင်းများ မရှိတော့သဖြင့် နောက်ပိုင်းတွင် ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးဖြစ်သူ စာရေးဆရာ ဇေယျာမင်းသျှင်က ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းသား လေးထောင်ကျော်နှင့် အချုပ်သား နှစ်ထောင်ကျော်၊ စုစုပေါင်း ခြောက်ထောင်ကျော် ရှိနေကြောင်း၊ ယခင်နှစ်က ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲတွင် အကျဉ်းထောင် ဝန်ထမ်း မိသားစုဝင်များသာ ပါဝင်ခဲ့ပြီး အကျဉ်းထောင် ပြင်ပတွင်သာ ကပြ ဖျော်ဖြေခဲ့ကြောင်း အကျဉ်းထောင် မှတ်တမ်းများ အရ သိရသည်။

The Voice Weekly


အသက်အရွယ်ရလာတာနဲ့အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲ လုပ်သွားမယ်လို့ဆိုတဲ့ အကယ်ဒမီလူမင်း

စန္ဒီ on 2014-02-28 14:30မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာမှမကြာမီအနားယူတော့မယ့် သရုပ်ဆောင် အကယ်ဒမီလူမင်းက သူ့ရဲ့အသက်အရွယ်အရ နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကိုပဲ ဦးစားပေးလုပ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာလူမင်းက ‘ဒါရိုက်တာ လုပ်ဖြစ်တာက ဝါသနာပါလို့ပါ။ သရုပ်ဆောင်တစ်ယောက်ဆိုတာ ဇာတ်ကားတစ်ကားလုံးမှာ ကိုယ်ပါဝင်တဲ့နေရာကပဲ သရုပ်ဆောင်ရတာ။ ဒါရိုက်တာဆိုတာက တစ်ကားလုံးကို ဖန်တီးခွင့်ရှိတယ်။ အဲဒီလို အနုပညာဖန်တီးရတာကို နှစ်သက်လာလို့ ဒါရိုက်တာလုပ်ဖြစ်တာပါ။ ပထမဆုံး ဒါရိုက်တာလုပ်ဖြစ်တာကတော့ ကျန်စစ်မင်းဇာတ်ကားကြီးပါ။ အဲဒီတုန်းကတော့ ဒါရိုက်တာ အတွေ့အကြုံတော်တော်လေး နုနယ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုကားကြီးကပဲ ကိုယ့်ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ကားဖြစ်တယ်။ ပြီးတော့ ခက်ခက်ခဲခဲရိုက်ရတဲ့ ကားကြီးနဲ့ ကိုယ့်ဟာကို စာမေးပွဲစစ်ပြီး ရိုက်လိုက်တာပေါ့။ ခုချိန်မှာ ပြန်ကြည့်ရင်တော့ လိုအပ်ချက်တွေ တွေ့ရပေမယ့် ဒီဇာတ်ကားကစပြီး ဒါရိုက်တာလုပ်ဖို့အတွက် ယုံကြည်မှုရခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကို ခပ်ကျဲကျဲလေး လုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသက်အရွယ်ရလာတာနဲ့ အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲလုပ် သွားမှာပါ’တဲ့။
Trend Myanmar

သံဖြူဇရပ်မြို့တွင် ပြည်တန်ဆာများ ဖမ်းဆီးအရေးယူ


ဖေဖေါ်ဝါရီလ ၂၅ရက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်ကျော်ဆန်းသည် ၂၃:၅၅ အချိန် သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည်ဟု သတင်းရရှိသဖြင့် မိမိ၏အမာခံတစ်ဦးဖြစ်သူ ကိုညီညီလွင်အား သက်သေများဖြစ်သည့် ဦးအောင်ကိုလတ်၊ဦးစိုမိုးတို့ရှေ့၌ ကြိုတင်မှတ်ယူထားသည့် တစ်ထောင်ကျပ်တန် (၃၅)ရွက်အား ပေး၍ အသွင်ယူပျော်ပါးစေရန် ပြည်တန်ဆာတစ်ဦးအား ဌာရမ်းစေပြီး ဗိုလ်နေဝင်းလမ်း ဝဲသွန်ချောင်ကျေးရွာရှိ အခန်းနံပါတ် (၉)မြတ်မိခင်တည်ခိုးခန်းတို့ခေါ်ဆောင်စေခဲ့ပါသည်၊ ၂၆ရက် ၀၀း၅၅ အချိန်တွင် ဒုရဲအုပ်ကျော်ဆန်း၏တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ  ဝင်ရောက်ဖမ်းဆီးရာ အသွင်ယူပျော်နေသည့် မိမိ၏အမာခံနှင့်အတူ ပြည်တန်ဆာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မတင်တင်အေး (သ)(၁၉)နှစ် အားသက်သေများနှင့်အတူ ဖမ်ဆီးရမိခဲ့သည်၊

အသွင်ယူပျော်ပါစေတဲ့ မိမိရဲ့အမာခံနှင့် မတင်တင်အေးအား စစ်ဆေးမေးမြန်ရာ နံပါတ်မှတ်သားသည့် ငွေကျပ်၃၅၀၀၀ကျပ်နှင့်အတူ မိမိရဲ့ငွေ ၅၀၀၀ကျပ် ၊ စုစုပေါင်း ၄၀၀၀၀ကျပ် အား သံဖြူဇရပ်မြို့ အောင်သာယာရပ်ရှိ ဦးခင်မောင်ဝင်း (သ) (၅၂)နှစ် အား ပေးခဲ့သည်ဟု သိရှိရသဖြင့်  ၀၀:၃၀ အချိန်တွင် အောင်သာယာရပ်ရှိ ဦးခင်မောင်အိမ်အား သွားရောက်ဖမ်းဆီးရာ ဦးခင်မောင်ဝင်းနှင့်အတူ မအေးမိစံ(ခ) မွန်မ၊မအငယ်လေး(ခ)ကမ္ဘာပု၊ဇော်မင်းနှင့်ရဲညွန့်နိုင်(ခ)ခေါ်ကြီး တို့အား ၄င်းနေအိမ်၌ တွေ့ရှိပြီး သက်သေများအရှေ့တွင် ရှာဖွေရာ ဦးခင်မောင်ဝင်းအိပ်ကပ် အတွင်းမှ ၅၀၀၀ကျပ် တန် (၄)ရွှက်၊ ၁၀၀၀ကျပ် တန် ၃၂ရွှက်အားတွေ့ရှိပြီး၊နံပါတ်မှတ်သားသည့် ၁၀၀၀ကျပ် တန် ၂၂ရွှက်အားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ၊ဦးခင်မောင်ဝင်းအား စစ်ဆေးရာ ပြည့်တန်ဆာ ကိစ္စအလိုဌာ ပျော်ပါးရန် ရောက်ရှိနေသူ မအေးမိစံ(ခ)မွန်မ (သ)(၂၆)နှစ်၊မအငယ်လေး(ခ)ကမ္ဘာပု (သ)(၂၃)နှစ်၊ ပြည့်တန်ဆာဖြင့် အသက်ဝမ်းကြောင်းပြုကာ ပြည့်တန်ဆာအား နေအိမ်မှလိုက်လံပို့ဆောင်ပေးသူ  ဇော်မင်း (၂၃)နှစ်၊ရဲညွှန့်နိုင်(ခ) ခေါ်ကြီး အား ဖမ်းဆီး ရမိခဲ့ပါသည်၊

သံဖြူဇရပ်မြို့ မြို့မရဲစခမ်းက ဖမ်းဆီးရမိသည့် မတင်တင်အေး အား ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ၃(က) အရ၄င်း၊ကြီးကြပ်လုပ်ကိုသူ ဦးခင်မောင်ဝင်းအား ပုဒ်မ၅(၁) အရ၄င်း၊ပြည့်တန်ဆာဖြင့် အသက်ဝမ်းကြောင်းပြုသူ ဇော်မင်းအား ပုဒ်မ ၅(၂)အရ၄င်း၊ အားပေးကူညီ အသက်မွေးဝမ်းကြောင်းပြုသူ ရဲညွှန့်နိုင်(ခ)ခေါ်ကြီးအား ပုဒ်မ ၅(၂)အရ၄င်း၊ပြည်တန်ဆာ အလို့ငှာ ပူပေါင်း ဆောင်ရွှက် အသက်မွှေးဝမ်းကြောင်းပြုသူ  မအေးမိစံ(ခ)မွန်မ အား ပုဒ်မ၅(၂) အရ၄င်း၊ကူညီအားပေး အသက်မွေးဝမ်းကြောင်ပြုသူ အငယ်လေး(ခ)ကမ္ဘာပုအား ပုဒ်မ၅(၂) အရ၄င်း၊အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိပါသည်၊၊


thanbyuzayat watch မှ ပေးပို့လာပါသည်။
Myanmar CNN မှ တင်ဆက်သည်။

ရွှေတောင်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့မှာ သောက်သုံးရေ မသန့်တဲ့အတွက် ရပ်ကွက်အတွင်း နေထိုင်သူတွေ အများအပြား ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့က စက်ရုံဝန်ထမ်းတွေနေတဲ့ ၂ ရပ်ကွက်မှာ ၂ ရက် အတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ကလေး ၆ ယောက်အပါအ၀င် ၄၉ ယောက် ရှိလာတယ်လို့ ရွှေတောင်မြို့ ကျန်းမာရေးရုံးက ပြောပါတယ်။

အဲဒီရပ်ကွက်က ရေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးတဲ့အခါ အပြင်းစားတော့ မဟုတ်ဘူးလို့ သိရကြောင်း ရွှေတောင်မြို့ ကျန်းမာရေးရုံး သူနာပြုဆရာမ ဒေါ်အေးမြင့်က ပြောပါတယ်။
“အခု ၁ ရက် ၂ ရက်အတွင်းမှာပဲ ဖြစ်တာပါ။ ရေမသန့်လို့ ပြောပါတယ်။ သူတို့အပေါ်က လာတဲ့ရေပါ။ သူတို့ဝန်ထမ်းတွေ သောက်တဲ့ရေပေါ့။ နည်းနည်း မသန့်လို့တဲ့ ပြောတာပဲ။ အလှူအိမ်တခုမှာ ၀င်စားလို့ အစုလိုက် အပြုံလိုက်ဖြစ်တယ်ဆို အလှူအိမ်က ဟင်းကြောင့် မုန့်ကြောင့်လို့ သတ်မှတ်တာလေ။ အစားအသောက်က မတူဘူး။ ရေက ဒီရေပဲ သောက်တာ ဆိုတော့ ရေလို့ပဲ သတ်မှတ်တယ်တဲ့။”

ဆေးရုံတက်ရတဲ့ထိ ပြင်းထန်တာ မရှိပေမယ့် ရပ်မသွားသေးဘဲ ဆက်လက် ဖြစ်နေတဲ့အတွက် မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးရေးရာ အဖွဲ့တွေ ပေါင်းပြီး ရပ်ကွက် ၂ အတွင်း ပိုးသတ်ဆေးဖျန်းပေးနေပါတယ်။

ရွှေတောင်မြို့ အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ရင်ကြွေ က “အန်တီတို့က မယကရုံးမှာ သန်းခေါင်စာရင်းအတွက် အစည်းအဝေး သွားတာလေ။ အစည်းအဝေးသွားရင်းနဲ့ မြို့နယ်ကနေ ပြီးတော့ အရေးပေါ်ပေါ့။ ဒီမှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတယ် ဆိုပြီးတော့ လာပြောတာနဲ့ အန်တီတို့ အားချင်းပဲ ချက်ချင်းပဲ သိတာ ၁၂ နာရီလောက်သိတယ်။ ၁ နာရီခွဲမှာ ဒီအစီအစဉ်ကို စလုပ်လိုက်တာပဲ” လို့ ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ ရပ်ကွက်ဟာ ရွှေတောင်မြို့ပေါ်မဟုတ်ပဲ ချည်မျှင်နဲ့ အထည်စက်ရုံ ၀န်ထမ်းရပ်ကွက်ဖြစ်တဲ့ စံပြနဲ့ အောင်မြင်သာရပ်ကွက်တွေမှာ ဖြစ်နေပြီး အဲဒီနေရာမှာ စက်ရုံ ရေစစ်ကန်ကနေတဆင့် ရေပေးဝေနေတာပါ။

DVB Burmese

အရင်နဲ့မတူတဲ့ သီချင်းပုံစံမျိုးလေးတွေ ချပြဖို့ကြိုးစားနေတဲ့ ၀ိုင်းစုခိုင်သိန်း

စန္ဒီ on 2014-02-28 17:15အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့သူ ၀ိုင်းစုနဲ့တွေ့ဆုံခိုက် မကြာခင်ပြုလုပ်သွားမယ့် ဂီတ အကယ်ဒမီဆုပေးအပ်မယ့်အစီအစဉ်အပေါ်သူမရဲ့ စိတ်ခံစားချက်ဖီလင်နဲ့ သူမရဲ့မြူးဇစ်ပုံစံအပြောင်းအလဲဘာတွေရှိလာမလဲ မေးကြည့်တဲ့အခါ ‘ဒီလို ပြုလုပ်သွားမယ်ဆိုတာ ကောင်းပါတယ်။ ဆုပေးတဲ့အတွက်ကြောင့်မို့လို့ အကုန်လုံး ကြိုးစားချင်စိတ်ရှိတယ်။ အဓိကကတော့ ဂီတလောက အတွက်ပိုပြီးတော့ ကောင်းတာပေါ့နော်။ အဆိုတော်တွေပါမကပဲ အစစအရာရာ အဘက်ဘက်က တေးရေးရော၊ ရှိသမျှ မြူးဇစ်ပိုင်းနဲ့ ပတ်သက်တာရော၊ တီးဝိုင်းတွေရော အစစအရာရာ အတွက် ကောင်းပါတယ်။ ပရိသတ်တွေ အတွက်လည်း ဝိုင်းစုဘက်က အခုမင်္ဂလာဆောင်ပြီးနောက်ပိုင်း အရင်ထက်ပိုပြီးတော့ ဝိုင်းစုကြိုးစားမှာပါ။ နောက်ဝိုင်းစုရဲ့ မြူးဇစ်ပုံစံလေးတွေ ပရိသတ်လည်း လက်ခံရမယ်။ နောက်ထပ် နည်းနည်းလည်း အရင်နဲ့မတူတဲ့ ပုံစံမျိုးလေးတွေနဲ့ တင်ဆက်ဖို့ ကြိုးစားနေပါတယ်’လို့ သူမက ပြောပါတယ်။
Trend Myanmar

ကျူးကျော်များကို နေရာချပေးရန် စနစ်တကျ ပြင်ဆင်နေ

သမီးလေးကျေးရွာ ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်

ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူတွေကို စာရင်းကောက်ခံနေသလို သူတို့ကို နေရာ ချပေးနိုင်မယ့် နေရာတွေကိုလည်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ လုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူပေါင်း ၅ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။
ဒီ လူတွေ ကျူးကျော်ဖြစ်ရတဲ့အကြောင်းအရင်းဟာ အလုပ်အကိုင်နဲ့ အခွင့်အလမ်း မရှိလို့
နေရာ ရွှေ့ပြောင်းရင်း ဖြစ်ရတာမို့၊ သူတို့ကိစ္စ ဖြေရှင်းရင် အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို အဓိကထား ဖြေရှင်းနိုင်မှ ရမယ်လို့ သူက ဆိုပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ နေရာတွေမှာ သွားချထားပေးလိုက်ရင် နေရာ ရောင်းစားပြီး နောက်တနေရာမှာ ကျူးကျော်ပြန်ဖြစ်နေဦးမှာပဲလို့ သူက မှတ်ချက်ပေးပါတယ်။

DVB Burmese