Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

ကာတွန်းစာအုပ် ဇာတ်သိမ်းပိုင်းအတွက် ဒရော့ဘာ လန်ဒန်ကို လာမည်

ဒရော့ဘာဇာတ်ရုပ် ကာတွန်းစာအုပ်
နောက်ဆုံးပိုင်း ရေးသားထုတ်ဝေရန် အတွက် ဂါလာတာစာရေး တိုက်စစ်မှူး
ဒရော့ဘာမှာ လာမည့်လအတွင်း လန်ဒန်မြို့သို့ လာရောက်ဖွယ် ရှိနေကြောင်း သိရသည်။ ဒရော့ဘာမှာ အိုင်ဗရီတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ကျော်ဖြတ်ကာ မာဆေး၊ ချဲလ်ဆီးတို့တွင် အောင်မြင်မှု ရရှိလာခဲ့သည့် ၎င်းဘ၀ ဇာတ်ကြောင်းကို ကာတွန်းဇာတ်ကောင် အသွင်ပြောင်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်သည်။
ဒရော့ဘာသာမက ချဲလ်ဆီးအသင်းဖော်များဖြစ်သည့် လမ်းပတ်၊ အီတူးတို့မှာလည်း စာအုပ်များ ထုတ်ဝေခဲ့ကြပြီး အီတူးဘ၀အကြောင်း ရေးသားထားသည့် စာအုပ်မှာ အပိုင်းတွဲ ၉အထိ ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zaw zaw tun

No comments:

Post a Comment