
Azmat Farooq ဆိုသူဟာ မန်ချက်စတာလေဆိပ် Marriottဟော်တယ် စားဖိုမှူးတစ်ယောက်ပါ။ ခွေးကိုက်ခဲခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံ ၄ရက်တက်ခဲ့ရပြီး “ကျွန်တော်တော့ သေတော့မယ်လို့ ထင်ခဲ့တာ။ဒဏ်ရာက သိပ်ကို အကြီးကြီးရယ်။ စစဖြစ်ခြင်းတော့ ဒေါသထွက်ခဲ့ပေမဲ့ ရဲတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ကျွန်တော် ဘယ်လိုနေလဲကို လာမေးကြတယ်။ ကြည့်ရှု စစ်ဆေးပေးတယ်။ ရဲအရာရှိတစ်ယောက်ကလည်း ဆေးရုံမှာ လာတွေ့တယ်။” လို့ Azmat Farooq ကပြောခဲ့ပါတယ်။

အကြောင်းမရှိဘဲ အပြစ်မဲ့သူကို တိုက်ခိုက်ခဲ့တဲ့ ရဲခွေးကို စုံစမ်းစစ်ဆေးရေး၊ တိုက်ခိုက်ရေး စတဲ့ ရဲအလုပ်တွေ မလုပ်စေတော့ပါဘူး။ ဒီအမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ရဲအရာရှိတွေရဲ့ အပြုအမူ၊ စီမံခန့်ခွဲမှုတွေကိုလည်း ပြန်လည်သုံးသပ်နေပါတယ်။
Ref:dailymail.co.uk
Trend Myanmar
No comments:
Post a Comment