Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

အသက်အရွယ်ရလာတာနဲ့အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲ လုပ်သွားမယ်လို့ဆိုတဲ့ အကယ်ဒမီလူမင်း

စန္ဒီ on 2014-02-28 14:30မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာမှမကြာမီအနားယူတော့မယ့် သရုပ်ဆောင် အကယ်ဒမီလူမင်းက သူ့ရဲ့အသက်အရွယ်အရ နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကိုပဲ ဦးစားပေးလုပ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာလူမင်းက ‘ဒါရိုက်တာ လုပ်ဖြစ်တာက ဝါသနာပါလို့ပါ။ သရုပ်ဆောင်တစ်ယောက်ဆိုတာ ဇာတ်ကားတစ်ကားလုံးမှာ ကိုယ်ပါဝင်တဲ့နေရာကပဲ သရုပ်ဆောင်ရတာ။ ဒါရိုက်တာဆိုတာက တစ်ကားလုံးကို ဖန်တီးခွင့်ရှိတယ်။ အဲဒီလို အနုပညာဖန်တီးရတာကို နှစ်သက်လာလို့ ဒါရိုက်တာလုပ်ဖြစ်တာပါ။ ပထမဆုံး ဒါရိုက်တာလုပ်ဖြစ်တာကတော့ ကျန်စစ်မင်းဇာတ်ကားကြီးပါ။ အဲဒီတုန်းကတော့ ဒါရိုက်တာ အတွေ့အကြုံတော်တော်လေး နုနယ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုကားကြီးကပဲ ကိုယ့်ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ကားဖြစ်တယ်။ ပြီးတော့ ခက်ခက်ခဲခဲရိုက်ရတဲ့ ကားကြီးနဲ့ ကိုယ့်ဟာကို စာမေးပွဲစစ်ပြီး ရိုက်လိုက်တာပေါ့။ ခုချိန်မှာ ပြန်ကြည့်ရင်တော့ လိုအပ်ချက်တွေ တွေ့ရပေမယ့် ဒီဇာတ်ကားကစပြီး ဒါရိုက်တာလုပ်ဖို့အတွက် ယုံကြည်မှုရခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကို ခပ်ကျဲကျဲလေး လုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသက်အရွယ်ရလာတာနဲ့ အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲလုပ် သွားမှာပါ’တဲ့။
Trend Myanmar

No comments:

Post a Comment