Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 9, 2017

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံခြင်း


မြန်မာ့လူ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကြားထဲမှာ နောက်ဆယ်နှစ် နှစ်နှစ်ဆယ်မှာ နိုင်ငံဘာဖြစ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက် တစ်ခု၊ မဟာဗျူဟာတစ်ခု ချမှတ်သင့်တယ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံခြင်း
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
ယခုတစ်ပတ်အင်တာဗျူးကဏ္ဍတွင် ကိုဌေြးွကွယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အတော်များများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးချိန် အပြင်၌ ကိုဌေးကြွယ် တစ်ယောက်သာ ကျန်ရှိတော့သည်။ ကိုဌေးကြွယ်ကို ရဲတပ်ဖွဲ့မှ ရန်ကုန်တစ်မြို့လုံးအနှံ့ ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးနေချိန်လည်းဖြစ်သည်။ ယင်းအချိန် ပြည်ပမီဒီယာများနှင့် ကိုဌေးကြွယ် အင်တာဗျူးများလည်း ကြားနေရသည်။ တချို့ကလည်း ကိုဌေးကြွယ်ကို တယ်လီဖုန်းမှတစ်ဆင့် ခြေရာခံ ဖမ်းမိသည်ဟုလည်း ပြောဆိုကြသည်။ နောက်ပိုင်း ကိုဌေးကြွယ်ကို ဖမ်းမိသွားချိန်တွင် အစိုးရမှ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ စစ်အာဏာရှင်လက်ထက် မည်သူမျှ မပြောရဲ၊ မဆိုရဲ၊ လမ်းပေါ်ပင် မထွက်ရဲချိန် မြန်မာပြည်သူလူထုကို နိုင်ငံရေး နား၊ မျက်စိ ဖွင့်ပေးခဲ့သူ ကိုဌေးကြွယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
Speaker ။ ။ သမ္မတဟောင်း ဦး သိန်းစိန်အစိုးရလက်ထက်နဲ့ အရပ်သားသမ္မတ ဦးထင်ကျော်အစိုးရ လက်ထက် နိုင်ငံရေး၊ စီးပွားရေးအခြေအနေကို နှိုင်းယှဉ်ပြပါဦး။ လူတွေကတော့ မရွေ့သေးဘူး ပြောနေ တယ်။
UHK ။ ။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက် (၂ဝ၁ဝ-၂ဝ၁၅ခုနှစ်)က အရင် စစ်အစိုးရလက်ထက်ကရှိခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို စတင်ဖြေ လျှော့တဲ့အဆင့်၊ အခြေခံကောင်းတွေ စတင် ချမှတ်နိုင်အောင် ကြိုးစားတဲ့အဆင့်ပါ။ ဒီ ဘက်ခေတ်(သမ္မတဦးထင်ကျော်လက်ထက်)မှာတော့ ပြုပြင်ပြောင်းလဲရေးကို သွားရမယ့် အဆင့်ပါ။ ဒီပြုပြင်ပြောင်းလဲရေးအဆင့်မှာ ရှေ့အဆက်ဆက်က လုပ်လာခဲ့တဲ့ မူဝါဒတွေ၊ ဥပဒေတွေ၊ ထိန်းချုပ်ထားမှုတွေကို ရုတ်တရက် ကြီး အဆင်သင့်ဖြစ်အောင် မပြင်နိုင်သေးဘူး။ ဖြည်းဖြည်းချင်းတော့ ပြင်နေပြီ။ ဦးသိန်းစိန် လက်ထက်တုန်းက ကုန်သွယ်ရေးကအစ စီး ပွားရေးအရ တအားကြီးကျပ်ထားတဲ့ နေရာက စဖွင့်ရတော့ နည်းနည်းပွင့်လင်းမြင်သာမှုရှိလာတယ်လို့ ခံစားရတာပေါ့။ သမ္မတကြီး ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်လက် ထက်မှာကျတော့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် အတိုင်းအတာအထိ တိုးမှာ လဲဆိုတော့ တပ်ကလည်း ရှိသေးတယ်။
တကယ်တမ်းတော့ ကျွန်တော်တို့နိုင်ငံသားတွေအားလုံး အောင်မြင်ဖို့က လိုအပ် တယ်။ နိုင်ငံရေး အင်အားစုပဲဖြစ်ဖြစ်၊ လွှတ် တော်ပဲဖြစ်ဖြစ်၊ တပ်ပဲဖြစ်ဖြစ်၊ အားလုံးဟာ နိုင်ငံရဲ့ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ အတူတူရှိပါတယ်ဆိုတဲ့ အမျိုးသားဆိုင်ရာအထွေထွေသဘောတူညီချက်တစ်ရပ် (National Consciousness) တော့ လိုအပ် တယ်။ ဒါမှဖြစ်မှာပေါ့။
အခု ပြုပြင်ပြောင်းလဲရေးမှာ ဆက်ပြီး လုပ်ရမယ့် ဥပဒေပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ဆိုလို့ရှိရင် လည်း လွှတ်တော်ကဏ္ဍကအပြည့် အဝ မလုပ်နိုင်သေးဘူး။ နည်းနည်းလေး နှေးနေသေးတယ်။ အစိုးရအဖွဲ့ရဲ့ တကယ့် တိုင်းပြည် အုပ်ချုပ်ရေး (Governance)မှာ လည်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ရာ၊ မြို့နယ်ထွေ/အုပ် အဆင့်ထိကို ပြည်ထဲ ရေးကကိုင်တယ်။ ဒီအုပ်ချုပ်ရေးပိုင်းမှာ တပ်မ တော်က တာဝန်ခံပြီး ကိုင်နေတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသဖြင့် ကို ဒီဘက်ကနေ တကယ်မြှင့်တင်ဆောင် ရွက်နိုင်မလား။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးကို အောင်မြင် ဖို့လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ပြုပြင်ပြောင်းလဲရေးအောင်မြင်မှ ဖြစ်မှာ။
အာဏာခွဲဝေကျင့်သုံးခြင်း(Power Sharing)ဆိုပေမယ့် တကယ့်နိုင်ငံရေးမှာ အာဏာခွဲဝေ ကျင့်သုံးရေးကို နားလည်မှုတွေနဲ့ လုပ်နေရသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကန့်သတ်ထားတာတွေ ရှိတယ်။ လူထုက ရွေးချယ်ထားတဲ့အစိုးရဆိုပေမယ့် တတ် နိုင်သလောက် တွန်းလို့မရတာတွေ ရှိသေး တယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့က တပ်ဖက်က အသာရတယ်၊ ပြည်သူရွေးချယ် ထားတဲ့အစိုးရက အသာရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ တိုင်းရင်းသားတွေ၊ ဒီမိုက ရေစီအင်အားစုတွေ၊ ပြည်သူတွေ၊ တပ် စသဖြင့် အားလုံးဟာ ကျွန်တော်တို့ နိုင်ငံသား တွေပါ။ ဒီမြန်မာနိုင်ငံသားတွေ အောင်မြင်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံသားတွေကြားထဲမှာ ညီညွတ်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံသား တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျခံရမယ့် မည့်သည့်တာဝန်ကိုမဆို တွဲပြီးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ လိုအပ်တယ်။
Speaker ။ ။ မြန်မာပြည်နိုင်ငံရေး မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်(Image)က အရမ်းကြီးတယ်။ လူထုထောက်ခံမှုလည်း ရှိတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကနေ တက်လာတယ်။ အတိုက်အခံအနေနဲ့ နေခဲ့ တယ်။ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ကာလ တွေရှိတယ်။ ဒီနေ့အချိန်မှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာပြီ။ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေး အကျပ်အတည်း ကြုံနေ ရပြီ။
ဘာလို့ ဒီမေးခွန်းမေးရလဲဆိုတော့ ကျန်ခဲ့တဲ့အပတ်က ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်(KBC)နဲ့ နေပြည်တော်မှာ တွေ့တယ်။ တွေ့တဲ့အချိန်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အရ စစ်တပ်ကို လွှမ်းမိုးလို့မရဘူးလို့ သတင်း (Message) ပါးလိုက်တယ်။ဒါကို KBC က မီဒီယာတွေကို ပြန်ပြောတာ။ ဒီနေ့အချိန်မှာ စီးပွားရေးကလည်း မကောင်းဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ ငြိမ်းချမ်း ရေးရောရနိုင်ပါ့မလား။
UHK ။ ။ ဒေါ်အောင်ဆန်းစု ကြည် အကျပ်အတည်းထဲ ရောက်နေပြီလို့ မထင်ပါဘူး။ သူလည်း လုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော် တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေထဲမှာ နိုင်ငံ တကာအဆင့် ခေါင်းဆောင်ပါ။ ထူးထူးခြား ခြား နိုင်ငံတကာအဆင့် ခေါင်းဆောင်တစ် ယောက်ကိုရထားတာ ကျွန်တော်တို့နိုင်ငံအ တွက် ကံကောင်းတာပါ။ ပြီးတော့ဒေါ်အောင် ဆန်း စုကြည်က မြန်မာ့နိုင်ငံရေးမှာ ဆုံချက် (Focal Point)ပါ။ မဲသဝေါထကြေညာချက် ကနေစပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဖြတ်သန်းလာတဲ့တောက်လျှောက် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား တွေစသဖြင့် အားလုံးဟာ ဒေါ်အောင်ဆန်းစု ကြည်အပေါ်မှာ ဆုံချက်ထားပြီး ဖြေရှင်းခဲ့တာ ပါ။ ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစု ကြည်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို မရရအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒ(Polocital Will) အပြည့်အဝ ရှိတယ်ဆိုတာကို ယုံကြည်တယ်။ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးလမ်းကိုသွားမယ်ဆိုတာ လည်း အတိုင်းအတာတစ်ခုအထိ ယုံကြည် တယ်။ဒါပေမဲ့ မြန်မြန်သွားဖို့လိုတယ်။ မြန်မြန် ကြီးကိုသွားဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို ဒီ ထက် ပိုပြီးရှေ့ကိုရောက်စေချင်တယ်။ တပ် မတော်ရဲ့ သဘောထားလည်း အရေးကြီးတယ်။ သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် စသည်ဖြင့် မြန်မာ နိုင်ငံရဲ့ခေါင်းဆောင်အားလုံးဟာ ပိုပြီးရင်းနှီးဖို့ လိုအပ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ပို နားလည်ဖို့၊ ပိုယုံကြည်ဖို့၊ အတူတူ နီးနီးစပ်စပ် ညှိနှိုင်းတိုင်ပင်ပြီးလုပ်နိုင်ဖို့ လိုအပ်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေရဲ့အရွေ့၊ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ နိုင်ငံရဲ့အရွေ့ဟာ နှေးနေပါလိမ့် မယ်။
ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်နိုင်ဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ပြီး သားဖြစ်ရမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ပြီးသား ဖြစ်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး (National Reconciliation)က ရှိပြီးသားဖြစ်ရမယ်။ ငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိပြီး မှ ရှေ့ဆက်ပြီးလျှောက်လို့ရမယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံက မပြည့်စုံဘူး၊ ကန့်သတ်ထားတာ အများကြီး ရှိတယ်။ ဖွဲ့စည်းပုံမရှိတာနဲ့စာရင် တော်သေးတာပေါ့။ အရင်ကာလတွေတုန်းက တပ်က အာဏာသိမ်းထားတဲ့အချိန်က နိုင်ငံ တကာမှာ နိုင်ငံရေးအခြေအနေအရ လက်ခံ ထားရတဲ့အစိုးရ(De Facto Governmant)ပေါ့။ ၂ဝ၁ဝ နောက်ပိုင်းမှာ ပြည်သူကနေ ရွေးချယ်ထားတဲ့အစိုးရ(De Jury Governmant)ဖြစ်လာပြီ။ အဲဒီကျတော့ နိုင်ငံတကာ ရဲ့တုံ့ပြန်မှုရော၊ ပြည်တွင်းရဲ့အုပ်ချုပ်ရေးပုံစံ (Governance)ရော ပြောင်းလဲနေပြီ။
Speaker ။ ။ မြန်မာပြည်နိုင်ငံရေး ကို စစ်တပ်က ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း အတော်ကြာပြီ။ ၂ဝ၁၅ ရွေးကောက်ပွဲကနေ အရပ်သားအစိုးရတက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်က ခေါင်းဆောင်ဖြစ်ပြီး အစိုးရ အဖွဲ့ဖွဲ့တယ်။ ဒီအစိုးရအဖွဲ့ တစ်နှစ်ခွဲလောက် ကြာတဲ့အချိန်မှာ အစိုးရကို အားမရဘူးဆိုတဲ့ လူထုထဲက အသံတွေကြားလာရတယ်။ အထူး သဖြင့် အစိုးရအဖွဲ့ထဲက အချို့ဝန်ကြီးတွေကို စွမ်းဆောင်နိုင်မှု (Capicity) မရှိဘူးလို့ ပြင်း ပြင်းထန်ထန် ဝေဖန်ကြတယ်။ ဘာကြောင့် လဲ။
UHK ။ ။ စွမ်းဆောင်နိုင်မှုရှိတယ်၊ မရှိဘူးဆိုတာထက် ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရကနေ အခုမှစပြီး အာဏာ ကို၊ နိုင်ငံရဲ့စီမံခန့်ခွဲရေးကိုကျင့်သုံးရတဲ့ အခြေ အနေပဲ ရှိသေးတယ်။ နိုင်ငံမှာလည်း ပြုပြင် ပြောင်းလဲရမယ့်ကိစ္စတွေက အများကြီး ဖြစ် နေတယ်။
ဥပမာ ငွေကြေးဆိုင်ရာမူဝါဒပဲ ဆိုပါ တော့။ ဗဟိုဘဏ်ကို ခွဲထုတ်ထားပြီ။ ဒါပေမဲ့ ဗဟိုဘဏ်က နိုင်ငံရဲ့ငွေကြေးလည်ပတ်မှု (Money Circulation) ဘယ်လောက်ရှိ ရမယ်ဆိုတာကို ထိန်းချုပ်လို့ မရသေးဘူး။ ဘဏ်ရဲ့အတိုးနှုန်းတွေကို ဘယ်လောက်ထား မယ်ဆိုတာမျိုး၊ ဘဏ်တွေရဲ့ ငွေချေးလုပ်ငန်း က အတိုးနှုန်းတွေကို ဘယ်လောက်လျှော့ချပစ် မယ်၊ တိုးမြှင့်ပစ်မယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုး မရှိ သေးဘူး။ ကျွန်တော်တို့ငွေက နိုင်ငံတကာ နဲ့လဲလှယ်လို့ရတဲ့ ငွေကြေး(Converted World Money) မဖြစ်သေးဘူး။ ပြီးတော့ ငွေမာဈေးကွက်(ံHard Currency)တစ်ခုခုထဲ ဝင်ရမယ်။ ဒေါ်လာဇုန်ထဲဝင်မလား၊ ယန်းဇုန် ထဲဝင်မလား၊ ဝင်သင့်နေပြီ၊ တွဲသင့်နေပြီ၊ မရှိသေးဘူး။ ဘဏ္ဍာရေးမူဝါဒ(Financial Policy)၊ ငွေကြေးမူဝါဒ(Monetary Policy)တွေ မပြည့်စုံသေးဘူး။ ဒါက အပိုင်းလေး တစ်ပိုင်းပဲ ဖြတ်ပြီးကြည့်တာပါ။
ဒီစီးပွားရေးဟာ နှေးနေတဲ့အဆင့်ကနေ စီးပွားရေးထုံ့ပိုင်းလာတဲ့အဆင့်အထိ ရောက် သွားမယ်၊ အီသွားမယ်၊ အကျဘက်ရောက်သွား မယ်ဆိုရင် မကောင်းဘူး။ ဒီလို မဖြစ်အောင် နိုင်ငံတွင်းမှာ ဝယ်လိုအားတွေ မြှင့်ပေးဖို့ လိုအပ်ပါတယ်။ အဓိကက အခြေခံလူတန်းစား နဲ့ လူလတ်တန်းစားလက်ထဲကို ဝယ်လိုမှု အားကောင်းအောင် ဘဏ်ချေးငွေတွေနဲ့ပေး မလား၊ အစိုးရအနေနဲ့ လယ်သမားတွေကို အမတော်ကြေးပိုထည့်ပေးမလား၊ အသေးစား နဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအတွက် ငွေပိုထုတ်ပေးမလား စဉ်းစားရမယ်။ ဒါမှ ဝယ်လိုအားပိုတက်လာမယ်၊ လည်ပတ်အားပို ကောင်းလာမယ်။ အစိုးရက သူ့ရဲ့စီးပွားရေး ပညာရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင် ခွင့်ပေးဖို့လိုတယ်။
ဒီလိုကိစ္စတွေကို ဥပဒေပိုင်းအရ ပြည့်စုံ အောင်တွန်းဖို့လိုတယ်။ မြန်ဖို့လည်းလိုတယ်။ အခုအစိုးရအဖွဲ့ထဲမှာ တကယ်တော်တဲ့သူတွေ အများကြီးပါနေတာ တွေ့ရပါတယ်။ ဘာဖြစ် လို့ နှေးနေသလဲ။ ကျွန်တော်တို့နိုင်ငံမှာ အင်စတီကျူးရှင်းတွေ မခိုင် တာလည်းပါတယ်။ ပြီးတော့ မူဝါဒချမှတ်တဲ့ လူအတွက် ကိုးကားစရာ သတင်းအချက် အလက် အပြည့်ရှိဖို့ လိုအပ်တာပေါ့။ ဝန်ကြီး ဌာနအားလုံးမှာ ဘယ်ကိန်းဂဏန်း၊ ဘယ် အချက်အလက်တွေနဲ့ အခိုင်အမာချိတ်ဆက်ပြီး တော့ မူဝါဒချမှတ်တယ်ဆိုတဲ့ပုံစံမျိုး နည်း နေသေးတယ်။ အဲဒီတော့ မူဝါဒချမှတ်ရေး (Policy Making)က မြန်မြန်ဆန်ဆန်ကြီး မရွေ့သေးဘူး။ အဲဒါကို တွန်းရဦးမယ်။ ဆက်ပြီး အစိုးရပိုင်းက သတိထားပြီး ဒီလိုအပ် ချက်တွေကို ဖြည့်ရဦးမှာပါ။
ငွေကြေးမူဝါဒတွေပြည့်စုံပြီဆိုရင် နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းတွေ (International Financial Institution)ဖြစ်တဲ့ ကမ္ဘာ့ဘဏ်(World Bank),IMF,ADBတို့နဲ့ ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်နိုင် လိမ့်မယ်။ အဲ့ဒီလိုဖြစ်ဖို့ မူဝါဒပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု(Transparency)လည်း လိုတယ်။
Speaker ။ ။အစိုးရက E Government System ဖော်ဆောင်နေတာနဲ့ ပတ် သက်ပြီး အစ်ကို့အမြင် ပြောပေးပါဦး။
UHK ။ ။ အစိုးရက မူဝါဒအရ Digital Government System, E Governmant System, Integrated Data Centre, ID Card System ဆိုပြီး ပြောထား တာတွေရှိတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစုအစိုးရတွေရဲ့ စီမံခန့်ခွဲ့မှုက အချက်အလက်(Data)တွေအပေါ် အခြေခံ လာတယ်။ ဥရောပနဲ့ အမေရိကန်မှာ လူတစ် ယောက်ရဲ့ ID Card ကို ဖတ်လိုက်တာနဲ့ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကို သိနိုင်တယ်။ သူ ဟာ ဘယ်အလုပ်တွေလုပ်ခဲ့တယ်။ ပြီးတော့ ဘယ်အချိန်မှာ အလုပ်ထွက်တယ်၊ ဘာအလုပ် ဆက်လုပ်တယ်ဆိုတာကအစ သိနိုင်တယ်။ CPI လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဘယ်ကုန် ပစ္စည်းတွေကို ဘယ်လောက်စားသုံးမှုများ သလဲ၊ နည်းသလဲဆိုတာကိုသိရင် ဘယ်ကုန် ပစ္စည်းကို တိုးထုတ်ရမယ်၊ ဘယ်ကုန်ပစ္စည်းကို လျှော့ထုတ်ရမယ်ဆိုတာသိမယ်။ အခုခေတ် မှာရှိတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အချက်အလက် တွေ၊ ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ ထုတ်လုပ်နိုင် မှုအခြေအနေတွေ၊ စီမံခန့်ခွဲနိုင်မှု အခြေ အနေတွေ၊ ပုဂ္ဂလိကက ဘယ်လောက်ထုတ် လုပ်နိုင်လဲဆိုတာတွေသိရင် စီမံခန့်ခွဲတဲ့လူတွေ ကောင်းကောင်းစီမံခန့်ခွဲနိုင်လို့ ပြည်ထောင်စု အဆင့်မှာ Data Centre တွေ ဆောက်ထား သင့်ပါတယ်။ အခု ပြောနေတဲ့ ဝန်ကြီးဌာန တစ်ခုချင်းစီမှာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ခုချင်းစီမှာ Data Base တွေရှိရမှာ ဖြစ်သလို၊ ပြည်ထောင်စုအဆင့်မှာ ဗဟိုအစိုးရ က သီးခြားချုပ်ကိုင်ထားရမယ့် Data တွေလိုတယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေး အတွက်ရော၊ လုံခြုံရေးအတွက်ရော၊ ကုန် သွယ်ရေးအတွက်ရော၊ အစိုးရရဲ့ စီမံခန့်ခွဲ မှုအတွက်ရော၊ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခု ဆက်စပ်နိုင်ဖို့အတွက်ရော ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက်ရောပေါ့။ E Government ဆိုတာဝန်ကြီးဌာန Website ရှိရုံ၊ Email ပို့ရုံ၊ တစ်ဖက်နဲ့တစ်ဖက် Teleconference တွေ လုပ်နိုင်ရုံမဟုတ်ပါဘူး။ တစ်ဆက်တည်းမှာ အရေးအကြီးဆုံးက Date Security ပါ။ နိုင်ငံရဲ့ အခြေခံအချက်အလက် တွေ လုံခြုံမှုဟာလည်း အင်မတန်အရေး ကြီးပါတယ်။ ဒါလည်း မူဝါဒထဲမှာ ပါဖို့လိုပါ တယ်။ IT ကိုသုံးပြီး အခြေခံကောင်းတွေကို လုပ်ဖို့ အရေးကြီးတာပါ။
Speaker ။ ။ ရှစ်လေးလုံးအရေး တော်ပုံကြီး (၂၉)နှစ်ပြည့်ပြီ။ အစ်ကိုတို့တွေ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးမှာ အများကြီး ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ လွန်ခဲ့တဲ့(၂၉)နှစ်ကထက်စာရင် မြန်မာပြည် နိုင်ငံရေးဟာ ဘယ်လောက်ထိပြောင်းလဲသွားပြီလဲ။
UHK ။ ။ ရှစ်လေးလုံးအရေး တော်ပုံနဲ့အတူ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲ မှုနှစ်ခုကို လုပ်နိုင်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ ရယ်၊ ဈေးကွက်စီးပွားရေးရယ်ပေါ့။ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံ၊ ဆိုရှယ်လစ် စီးပွားရေးကနေ တံခါးဖွင့်စီးပွားရေး(တံခါးပိတ်ထားတဲ့ စီးပွားရေးကနေ တံခါးဖွင့်သွား တဲ့စီးပွားရေး)ကို ပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေ မဲ့ မူဝါဒအရပဲပြောင်းလဲခဲ့တာ။ နှစ်သုံးဆယ် ဆိုတာ မျိုးဆက်တစ်ခု (One Generation)ပဲ။ ဒီနှစ်သုံးဆယ်အတွင်းမှာ ထိထိရောက် ရောက်လုပ်လို့ရနိုင်ရဲ့သားနဲ့ မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်ကသာ တကယ်တမ်းထိထိရောက် ရောက်လုပ်မယ်ဆိုလို့ရှိရင် ဒီနေ့မှာ တော် တော် အရှိန်ရနေလောက်ပြီ။ ကျွန်တော်တို့ နောက်က လိုက်ပြောင်းလဲလာတဲ့ အရှေ့ ဥရောပ၊ ဟန်ဂေရီ၊ ပိုလန်၊ ချက်နိုင်ငံတွေ ဆိုရင် အရှိန်အဟုန်နဲ့ပြောင်းနေပြီ။ ကျွန်တော် တို့ အခြေအနေကတော့ နှေးတယ်ပေါ့။ တော်တော်ကြီးကို တွန်းတွန်းတိုက်တိုက် ရုန်းကန်မှ နည်းနည်းလေးရွေ့တာ။ (၂၉)နှစ် ဆိုတဲ့အချိန်က မနည်းဘူး။ တိုင်းပြည်တစ် ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံလောက်တဲ့ အချိန်ပေါ့။ ဂျပန်နိုင်ငံဆိုရင် ပြာပုံထဲကပြန် လူးလဲထခဲ့ရတာ။ ဒါပေမဲ့နှစ်နှစ်ဆယ်ပဲကြာ တယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ပြန်ဖြစ် သွားတယ်။
Speaker ။ ။တိုင်းပြည်အရွေ့တစ်ခု ရောက်ဖို့ ပြည်သူလူထုက တက်တက်ြ<ွကြ<ွကနဲ့ အမြဲတမ်းလှုပ်ရှားတယ်။ ဦးဆောင်သူတွေ လည်း သူတို့အခန်းကဏ္ဍကို သူတို့လုပ်နေ တယ်။တိုင်းပြည်အရွေ့ကို လွန်ခဲ့တဲ့(၂၉)နှစ်၊ နှစ်သုံးဆယ်အတွင်း ရွေ့အောင်လုပ်ဖို့ အခွင့် အရေးတွေ၊ အခြေအနေတွေ ပေးခဲ့တယ်။ ရွေ့အောင်မလုပ်နိုင်ခဲ့ဘူး။ ဘာလို့ မရွေ့လဲ။ တိုင်းပြည်အရွေ့ကိုရွှေ့ဖို့ ဘယ်သူ့မှာ တာဝန် ရှိလဲ။
UHK ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုက အရမ်းနောက် ကျတယ်လို့ သုံးသပ်လို့ရမယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာ့သမိုင်းနဲ့ယှဉ်ပြီး ကြည့်ကြည့်လိုက်ရင် ဗြိတိန်က မက္ကနာတာ (ပထမဆုံး လူ့အခွင့်အရေး စာချုပ်)ကနေ စတယ်။ နောက်ပြီး ၁၈ ရာစုလောက်ထဲက စပြီးရွေ့လာတယ်။ အမေ ရိကန်၊ ပြင်သစ်၊ ဥရောပ အဲဒီနိုင်ငံတွေက ထူထောင်ခဲ့တာ နှစ်နှစ်ရာကျော်လောက်ရှိပြီ။ ဒီနိုင်ငံတွေမှာ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ လူ့အဖွဲ့အစည်းရဲ့ လွတ် လပ်မှု၊ တရားဥပဒေရဲ့ ဟန်ချက်ကို ထိန်းထား မှု၊ တရားဥပဒေနဲ့ အကာအကွယ်ပေးမှု၊ နိုင်ငံတစ်ခုရဲ့ စီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာ အောင် ဥပဒေအရ၊ စနစ်အရ ဖန်တီးထားမှု၊ အင်စတီကျူးရှင်းတွေ ခိုင်အောင်လုပ်ထားမှု၊ ပညာရေးမှာ အများကြီး ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီ။ ကျွန်တော်တို့ နိုင်ငံကျတော့ အဲဒါ အရမ်းအားနည်းနေတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့စနစ်က ဘုရင်စနစ်ကလာတယ်၊ ကိုလို နီစနစ်ရောက်တယ်၊ လွတ်လပ်ရေးရတယ်၊ ပါလီမန်ဒီမိုကရေစီကို ခဏသွားတယ်၊ ပြီး တော့ တောက်လျှောက် စစ်အုပ်ချုပ်ရေး၊ စစ် အစိုးရ၊ တစ်ပါတီ၊ ပြီးတော့ စစ်တပ်က အာ ဏာပြန်သိမ်း ဒီလိုသွားခဲ့ရတာ။ ဒီတော့ ဒီကနေ့မှာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို စပြီးထူထောင်ခါစပဲ ရှိသေးတယ်။ အချိန် အားဖြင့် အရမ်းကို တို တောင်းနေသေးတယ်။ နောက်ပြီး စစ်တပ်ကြီး စိုးမှုဝါဒ(Militarism,Militarization) ဆိုတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ များလွန်းတယ်။ အဓိကက ဒါပဲ။ ဒီတော့ နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်းခဲ့တယ်။ နိုင်ငံရေး ဖွံ့ဖြိုးမှုကိုသွားနိုင်မှ စီးပွား ရေးဖွံ့ဖြိုးမှုကိုရမှာ။ နိုင်ငံရေး ဖွံ့ဖြိုးမှုမရှိဘဲ စီးပွားရေးဖွံ့ဖြိုးမှု မရဘူး။ ဒါကို တပ်မတော်ကလည်း ကောင်း ကောင်းကြီး နားလည်သင့်ပါတယ်။
တကယ်တမ်းပြောရရင် မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကြားထဲမှာ နောက်ဆယ် နှစ်မှာ၊ နောက်အနှစ်နှစ်ဆယ်မှာ နိုင်ငံဘာ ဖြစ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက် တစ်ခု၊မဟာ ဗျူဟာတစ်ခုကို ချမှတ်သင့်တယ်လို့ထင်တယ်။ ချမှတ်သင့်တယ်။
Speaker ။ ။ ၈၈မျိုးဆက်ကျောင်း သားများဆိုတာ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ဒုတိယ အင်အားအကြီးဆုံးလို့ ပြောကြတယ်။ ပုံရိပ် (Image)လည်း အရမ်းကောင်းတယ်။ စစ် အစိုးရကိုလည်း တော်လှန်ခဲ့တယ်။ ၈၈ ကျောင်းသားတွေပြန်လွတ်လာတာ ၂ဝ၁၂ ကတည်းကဆိုတော့ အပြင်ရောက်တာ ငါးနှစ် ရှိပြီ၊ အခြေအနေတွေကိုလည်း သုံးသပ်မိ လောက်ပြီ။ ဒီ ၈၈ ကျောင်းသားတွေထဲက အချို့က ပါတီထောင်မယ်၊ အချို့က ပါတီ မထောင်ဘူးဆိုတော့ ၈၈ငြိမ်း/ပွင့်က နိုင်ငံ ရေးအယူအဆကွဲသွားပြီဆိုပြီး ပြောကြတယ်။ တကယ် နှစ်ခြမ်းကွဲသွားတာလား။
UHK ။ ။ အရင် ၈၈မျိုးဆက် အနေနဲ့တော့ မကွဲပါဘူး။ လွှတ်တော်တွင်း နိုင်ငံရေးကိုဝင်မယ့်သူနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ရပ်နေဦးမယ့်သူပဲ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး (Transition)ကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်စေချင်တဲ့၊ နောက်ပြန်မလည်စေချင်တဲ့ ရည်မှန်းချက်၊ ရပ်တည်ချက်၊ သဘောထား တော့ အားလုံးမှာ တူညီပါတယ်။ ရှစ်လေးလုံး ကနေ ဒီဘက်ခေတ်အထိ ပါဝင်နေတဲ့ မျိုး ဆက်အားလုံးရဲ့ ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်း ရေးပါ။ ဒီမျိုးဆက်တွေကြားမှာ နိုင်ငံရေး ပါတီတစ်ခုရှိသင့်တယ်ဆိုတာ လိုအပ်ချက် တစ်ခုပါ။ အဲဒီမှာဝင်ပြီး ရပ်မယ့်သူတွေအတွက် လည်း ကိုယ်စားပြုမှုကို ပိုပြီးများအောင်၊ ပိုပြီးကောင်းအောင် လုပ်သင့်တယ်။ လုပ်ရမယ်။ ဒီ၈၈မျိုးဆက်ကို ကိုယ်စားပြုတဲ့ပါတီ တစ်ခုထွက်လာပြီဆိုရင်တော့ နိုင်ငံအတွက်၊ ပြည်သူအတွက် ကောင်းတယ်။
Speaker ။ ။ နိုင်ငံရေးပါတီမှာ အစ်ကိုနဲ့ ကိုမင်းကိုနိုင်တို့မပါတာ ဘာ အကြောင်း ရှိသေးလဲ။
UHK ။ ။လောလောဆယ် မပါ သေးတာပေါ့။ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးကို ဝင်ပြီး တော့ ရပ်တည်ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာက ထိရောက်မှုတွေ၊ လုပ်နိုင်စွမ်းတွေကို နှိုင်းချိန် ပြီး အခုထိ မပါသေးတာပါ။ အခြား သီးခြား အကြောင်းအရင်းတော့ မရှိပါဘူး။
Speaker ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်းပြောတိုင်း ခင်ဗျားတို့ လုံးဝအလုပ်လုပ်လို့မရဘူး၊ ဒါကြီး ကို ဖျက်မှရမယ်ဆိုပြီး ဆရာဦးဝင်းတင်က ဖျက်တဲ့ဘက်က ရပ်ခဲ့တယ်။ ပြင်ဖို့ရပ်တည်တဲ့ လူတချို့လည်းရှိတယ်။ ဒေါ်အောင်ဆန်း စုကြည်လည်း ဒါတွေသိပေမယ့် ဒီဖွဲ့စည်းပုံ အောက်က ဝင်ပြီး ကျမ်းကျိန်ရတာပဲ။ ဒီတော့ ဒီဖွဲ့စည်းပုံအောက်မှာ အားလုံးဟာ ဘယ် လောက်အထိ အလုပ်လုပ်နိုင်မှာလဲ။
UHK ။ ။ ဖွဲ့စည်းပုံပြုပြင်ရေး အတွက် NLD ရော၊ ၈၈မျိုးဆက်တွေရော တွန်းတွန်းတိုက်တိုက် ပြောခဲ့ကြတယ်။ လုပ် ခဲ့ကြတယ်။ အဲဒါ တိုင်းပြည်အတွက်ပဲ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကနေပြီးတော့ ကန့်သတ် ထားတဲ့ဟာတွေကို မြန်မြန်ပြုပြင်ပြောင်းလဲနိုင်ရင် နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွက် ပိုပြီးကောင်း လိမ့်မယ်။ အရင် ဦးနုအစိုးရလက်ထက်တုန်း ကဆိုရင် တပ်မတော်ဟာ ဒီမိုကရေစီကို ကာကွယ်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ရပ်ခဲ့ တာ။ အခု တပ်မတော်ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်တယ် ဆိုတာ ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းနဲ့ မပြင်နဲ့ဆိုတဲ့အဓိပ္ပာယ် အထိ မသွားသင့်ဘူးလို့ ထင်တယ်။ နိုင်ငံသားတွေရဲ့ ပင်မအခွင့်အရေးကို ကာကွယ်ထားတဲ့ နိုင်ငံ သားတွေရဲ့ ပင်မဥပဒေအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှိကိုရှိရမယ်။ နိုင်ငံဟာ ဥပဒေနဲ့အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်ရမယ်။ ဒီလို ဖွဲ့စည်းပုံကို မပြောင်းနဲ့၊ မပြင်နဲ့ဆိုတဲ့အထိ ရောက်သွားရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ နှေးသွားမယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံရဲ့ ပြဋ္ဌာန်းချက်အရ အခြေအနေတစ်ခုမှာ တပ်မတော်က အာဏာသိမ်းတယ်ဆိုရင် တောင် ဖွဲ့စည်းအုပ်ချုပ်ပုံအရ အာဏာ သိမ်းလိုက်တာ ဖြစ်နေတယ်။ ကျွန်တော်တို့မှာ ပါတီစုံဒီမိုကရေစီနဲ့ ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ရှိတယ်။ ဒီတော့ ဖွဲ့စည်းပုံကိုပြင်ဖို့ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ရာနှုန်းပြည့် လက်ခံတယ် ဆိုရင်တောင် စစ်တပ်က သဘောမတူရင် ပြင်လို့ မရဘူးဆိုတဲ့ သဘောရှိတယ်။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးကဏ္ဍကို ပထမဦးဆုံး ပြင်ဖို့လိုတာ။ ဒါမှမဟုတ်ရင်တော့ ဒီဖွဲ့စည်းပုံဟာ ပြောင်းလို့၊ ထပ်ပြင်လို့ မလွယ်တဲ့ ဖွဲ့စည်းပုံ(Rigid Consitution) ဖြစ်သွားလိမ့်မယ်။ ပြောင်း လို့၊ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံပဲ (Unrigid Consitution) ဖြစ်သင့်တယ်။ အနာဂတ်ကို လမ်းဖွင့်ထားရမှာပဲ။ နောက်လာမယ့် အနာ ဂတ် (နောက်နှစ်သုံးဆယ်၊ နှစ်ငါးဆယ်)မှာ ကျွန်တော်တို့မျိုးဆက်တွေ ဘာရင်ဆိုင်ရဦး မလဲ မသိသေးဘူး။ အဲဒီခေတ်မှာရှိနေတဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ရှိဦးမလဲ မသိ သေးဘူး။ အဲဒီအတွက် ဖွဲ့စည်းပုံကို သူတို့ ခေတ်မှာလည်း ထပ်ပြီးပြင်ရမှာပဲ။ အမေရိ ကန် ဖွဲ့စည်းပုံဆိုရင် နိုင်ငံသားအခွင့်အရေး (Bill Of Right) ဆိုတာကို လေးဆက်မြောက် သမ္မတလက်ထက်မှ ဖြည့်နိုင်ခဲ့တာ။ တစ်ခါ ထဲပြည့်စုံတဲ့ဖွဲ့စည်းပုံတော့ ဖြစ်ဖို့မလွယ်ဘူး။ နိုင်ငံရဲ့အနာဂတ်၊ မျိုးဆက်တွေ အနာဂတ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ဖွဲ့စည်းပုံ မျိုးဖြစ်သင့်တယ်။ တိုင်းရင်းသားအခွင့်အရေး တွေ၊ မြန်မာပြည်သူတစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့ စည်းပုံမျိုး ဖြစ်သင့်တယ်။ အဲဒီလိုမျိုး ပြင်ဆင် ထားမှ ရလိမ့်မယ်။
Speaker ။ ။ ဒေါ်အောင်ဆန်းစု ကြည်က ငြိမ်းချမ်းရေးကို တွန်းလုပ်တယ်။ ဒီလို ငြိမ်းချမ်းရေးကိုပဲ တွန်းလုပ်လို့ စီးပွား ရေးကျတယ်လို့ပြောကျတယ်။ ဦးသိန်းစိန် နဲ့ယှဉ်လိုက်ရင်လည်း ငြိမ်းချမ်းရေးမှာ ဈေးဦး တောင်မပေါက်ဘူး။ ဘဲဥတောင်မကွဲဘူးလို့ ဝေဖန်ကျတယ်။ ဒီလိုဦးသိန်းစိန်နဲ့ယှဉ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မအောင်မြင်ဘူးလို့ ဝေဖန်တဲ့အပေါ် ဘာပြောချင်လဲ။
UHK။ ။ ဦးသိန်းစိန်လက်ထက် မှာ ငြိမ်းချမ်းရေးအတွက် စကားပြောနိုင်တဲ့ ပလက်ဖောင်းဖြစ်တဲ့ NPC ကို ဖွဲ့စည်းလိုက် တယ်။ တော်တော်လေးကို တွန်းတွန်းတိုက် တိုက်လုပ်နိုင်တယ်လို့ တွေ့ရတယ်။ အရင် တုန်းက စကားပြောစရာ နေရာမရှိတဲ့ အခြေ အနေကနေ စကားပြောစရာနေရာ ရှိလာခဲ့ တယ်။ ဆက်တိုက်ညှိနှိုင်းတယ်။ အရွေ့တစ်ခု တော့ ရွေ့လာတယ်ပေါ့။ ဒီဘက်ခေတ်မှာတော့ လွှတ်တော်မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အသံထုတ်နိုင်တာ နည်းနေတယ်။ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ပြောရင် ပြဿနာ (Issue) မဟုတ်ဘူး။ ခေါင်းစဉ်တင်ရုံတင်ထားရ မယ့် ကိစ္စမဟုတ်ဘူး။ တစ်ခုပြီး တစ်ခု ဆက် တိုက်လုပ်ရမယ့် ဖြစ်စဉ်။ အစိုးရဘက်ကလည်း နိုင်ငံရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ ငြိမ်းချမ်းရေးကို အထူးပြုလေ့လာထားတဲ့သူ တွေ ပါဝင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆက်တိုက် ဆွေးနွေးနေတဲ့အဖွဲ့မျိုး ဖွဲ့စည်း ထားသင့်တယ်။ တိုင်းရင်းသားဘက်ကလည်း အဲဒီလို အဖွဲ့မျိုး ဖွဲ့စည်းထားသင့်တယ်။ တပ်မတော်ဘက်ကလည်း နည်းပညာအရ အဲဒီလို အဖွဲ့မျိုး ဖွဲ့စည်းထားသင့်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ချပါ၊ လက်နက်စွန့်ပါ တစ်ခုတည်းပြောလို့မရဘူး၊ ပြည်ထောင်စုတပ်မတော်၊ ဖက်ဒရယ် တပ်မ တော်အဖြစ် ပေါင်းစည်းရေးအတွက် နည်း ပညာလိုတယ်။ ဒါကြောင့် ဒီလိုလက်တွေ့အဖွဲ့ ကောင်းကောင်းတွေနဲ့ ဆက်တိုက်ညှိနှိုင်းနေဖို့ လိုအပ်တယ်။ ဒါဆို စကားလုံးအပေါ်မှာ ခေါင်းစဉ်တင်ပြီး ပြောနေတာထက် ပြည် ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စကားပြော နိုင်မယ်။ နောက်ပြီး ငြိမ်းချမ်းရေးဆိုရင် သူ့ တစ်ခုတည်းရပ်နေတာ မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားရဦးမယ်။ လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ စစ်ပွဲတွေ ကြောင့် ပြည်သူတွေမှာ စိတ်ဒဏ်ရာတွေ အများကြီးရှိတယ်။ အဲဒီ လူ့အဖွဲ့အစည်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အများကြီးကုစား ဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ် မှာ ကမ္ဘောဒီးယားပြီးရင် ခြေလက်အင်္ဂါချို့ ယွင်းမှုအများဆုံးနိုင်ငံပါ။ စစ်ကြောင့် ယိုယွင်း ပျက်စီးခဲ့တဲ့၊ စစ်ရဲ့ဆုတ်ဖြဲခံထားရတဲ့ နိုင်ငံ ဖြစ်တာ ကြာပြီ။ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အရမ်းကိုနည်းနေသေးတယ်။ ဒါကြောင့် အတိတ်ကိုထားခဲ့ပါ၊ အနာဂတ်ကို မျက်နှာမူပါ၊ အတူတူသွားကြမယ်။ မြန်မာ နိုင်ငံဟာ အောင်မြင်မှု၊ တရားမျှတမှု၊ လွတ် လပ်မှုနဲ့ ထိုက်တန်တဲ့ လူမျိုးနဲ့နိုင်ငံဆိုတာကို ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးပြီး အောင်လုပ်ဖို့ လိုအပ်တယ်။ တိုင်းရင်းသားတွေ ဘက်၊ စစ်တပ်ဘက်၊ အစိုးရဘက်တွေက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို မဖြစ်ဖြစ်အောင်ယူမယ်ဆိုတဲ့ ငြိမ်း ချမ်းရေးဆန္ဒပြုမှု လိုအပ်တယ်။ ဒီလိုအဖွဲ့တွေ ဖွဲ့စည်းပြီး အလုပ်လုပ်နိုင်ပြီဆိုရင် ရွေ့လာ မှာပါ။
Speaker ။ ။ စစ်အာဏာရှင်စနစ် ကို မုန်းတဲ့စိတ်၊ ကြံ့ခိုင်ရေးကို မုန်းတဲ့စိတ်၊ ပါတီကိုပဲ ကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်စကားကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့အတူ အရွေ့ကြီး တစ်ခုကို ရွေ့လိုက်တယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက မဲပေးပြီး ရွေးချယ်လိုက်တာ။ ဒါကြောင့် ဒီ အရွေ့တွေကို ဒေါ်အောင်ဆန်းစုကြည် မရွှေ့ နိုင်ဘူးဆိုရင် မြန်မာ့နိုင်ငံရေး ဘယ်လိုဖြစ် သွားနိုင်လဲ။
UHK ။ ။ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ တာဝန်ယူတဲ့ အချိန်မှာ လောက်လောက်လားလား၊ ဆုပ်ဆုပ် ကိုင်ကိုင်ပြနိုင်တဲ့ ရလဒ်တွေထွက်လာဖို့ လို အပ်တယ်။ ထိရောက်မှုရှိဖို့ လိုအပ်တယ်။ အခုအချိန်အထိ ဆန္ဒပြမှုတွေကို အုပ်ချုပ် ရေးအာဏာသုံးပြီး ဖြေရှင်းနေရတုန်းပဲ။ ဒီလိုဆိုရင် မဟုတ်သေးပါဘူး။ ဒါက တစ်ပိုင်း ပေါ့။ ဒီအစိုးရလက်ထက်မှာ ဘာကိုဦးစားပေး ဆောင်ရွက်ရမလဲဆိုပြီး ချမှတ်ထားတဲ့ မူဝါဒ တွေ ရှိပါတယ်။ ဒီမူဝါဒတွေမှာ နိုင်ငံရေးအရ ရည်မှန်းထားတာက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တပ်မတော်နဲ့ ပြည်သူ ကြား၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား၊ တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား ထဲ ပြန်လည်ညီညွတ်ရေးတွေ ပါပြီးတော့ တကယ် ဖော်ဆောင်နိုင်ဖို့လည်း လိုအပ်ပါ တယ်။
အစိုးရဖြစ်တဲ့ ငါးနှစ်အတွင်း ရလဒ် ကောင်းတွေ မထွက်ခဲ့ရင် အစိုးရထဲမှာ ဖြစ် နေတဲ့ အကျပ်အတည်းတွေကို ပြည်သူတွေက သဘောမပေါက်ဘဲ ဒီအစိုးရဟာ အုပ်ချုပ်ရေး ကို နားမလည်ပါဘူး၊ စီမံခန့်ခွဲမှုကို နားမ လည်ပါဘူးဆိုပြီး ပေါ့ပေါ့လေး မြင်သွား နိုင်တယ်။ ဒီလိုမြင်ပြီဆို ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထိခိုက်နိုင်ပါတယ်။ ဒီလိုဆို ရင် ဒီမိုကရေစီအင်အားစုတွေရဲ့ အခန်းကဏ္ဍ၊ စွမ်းရည်ကိုလည်း ထိခိုက်ပါတယ်။ အခုအခြေ အနေကတော့ သိပ်အားရစရာတော့ မရှိသေး ဘူး။ အစိုးရမှာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ။
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ်(၃၅)
သြဂုတ် ၃

No comments:

Post a Comment