Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 3, 2019

ေခါက္ဆြဲေျခာက္ႀကိဳက္ေသာ မိန္းကေလးမ်ား သတိျပဳရန္

အခုလို မိုးေအးေအးမွာ ေခါက္ဆြဲျပဳတ္ပူပူေလးစားရတာ အရမ္းကို အရသာရွိပါတယ္။ အလြယ္တကူဝယ္လို႔ရသလို အလုပ္မရႈပ္ မပင္မပန္းဘဲ စားလို႔ရတဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ား ေခါက္ဆြဲေျခာက္ကို ႀကိဳက္ၾကပါတယ္။

ဒါေပမဲ့ လူေတြက ေခါက္ဆြဲေျခာက္ကို ခ်စ္ၾကသလို ေခါက္ဆြဲေျခာက္ေတြက လူေတြကို ျပန္မခ်စ္ၾကပါဘူးလို႔ ဟားဗတ္တကၠသိုလ္က သုေတသီေတြက ေျပာၾကားလိုက္ပါတယ္။
အသင့္စား ေခါက္ဆြဲေျခာက္ထုတ္ေတြက ေရရွည္မွာ ဆိုး႐ြားတဲ့က်န္းမာေရးျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

အသက္ ၁၉ ႏွစ္ကေန ၆၄ ႏွစ္ၾကား အမ်ိဳးသား အမ်ိဳးသမီးေပါင္း ၁၁၀၀၀ ေက်ာ္ကို သုေတသနျပဳလုပ္ခဲ့တဲ့ ရလဒ္ေတြအရ မိန္းကေလးေတြမွာ ေခါက္ဆြဲေျခာက္ စားျခင္းေၾကာင့္ ေရာဂါျပင္ျပင္းထန္ထန္ ပိုၿပီး ျဖစ္ေစႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။ ေခါက္ဆြဲေျခာက္ေတြက ေသြးတြင္းသၾကားဓာတ္နဲ႔ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစၿပီး ဆီးခ်ိဳ၊ ႏွလုံးနဲ႔ ႐ုတ္တရက္ ေလျဖတ္တာေတြ ျဖစ္ေစႏိုင္ပါတယ္။

ေခါက္ဆြဲေျခာက္ေတြမွာ အက်ိဳးမျပဳတဲ့ အဆီဓာတ္၊ ဆိုဒီယမ္ဓာတ္နဲ႔ တာရွည္ခံေအာင္လုပ္ထားတဲ့ ဓာတုပစၥည္းေတြ အမ်ားႀကီးပါပါတယ္။ အိႏၵိယႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာက ေရနံစြန႔္ပစ္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ TBHQ ဆိုတဲ့ ပစၥည္းတစ္မ်ိဳးကို သုံးၿပီး ေခါက္ဆြဲေျခာက္ေတြကို ၾကာရွည္ခံေအာင္ လုပ္ထားတာပဲ ျဖစ္ပါတယ္။

ကိုရီးယားႏိုင္ငံမွာလည္း ေခါက္ဆြဲေျခာက္ တံဆိပ္ေျခာက္မ်ိဳးမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ Benzopyrene ဓာတ္ပါေနတာကို ေတြ႕ရွိခဲ့ၾကပါတယ္။WINA အဖြဲ႕ရဲ႕ေလ့လာေတြ႕ရွိခ်က္အရ မႏွစ္က တစ္ႏွစ္တည္းမွာပဲ ႏိုင္ငံေပါင္း ၅၂ ႏိုင္ငံက ေခါက္ဆြဲေျခာက္အထုတ္ေပါင္း ၉၇.၇ ဘီလီယံ စားသုံးခဲ့ၿပီး တ႐ုတ္နဲ႔ ေဟာင္ေကာင္က ၄၀.၄၃ ဘီလီယံနဲ႔ အမ်ားဆုံး၊ အင္ဒိုနီးရွားက ၁၃.၂၀ ဘီလီယံနဲ႔ ဒုတိယ အမ်ားဆုံးျဖစ္ၿပီး အေမရိကန္က ၄ ဘီလီယံေက်ာ္စားသုံးခဲ့တဲ့လို႔ စစ္တမ္းေကာက္ယူရရွိခဲ့ပါတယ္။

နယူးေရာ့ခ္ တကၠသိုလ္က ပါေမာကၡ Lisa Young က ေခါက္ဆြဲေျခာက္စားတဲ့သူတိုင္း အားလုံး ဒီေရာဂါ လကၡဏာေတြ ခ်က္ခ်င္းခံစားရမယ္လို႔ မဆိုလိုေပမဲ့ ေခါက္ဆြဲေျခာက္ဆိုတာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာမဟုတ္ဘူး၊ၾကာရွည္ခံေအာင္ လုပ္ထားတဲ့အတြက္ ေဘးထြက္ ဆိုးက်ိဳးေတြ အမ်ားႀကီး ေပးႏိုင္တယ္ ဆိုတာကို အၿမဲမွတ္ထားဖို႔လိုပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #


အခုလို မိုးအေးအေးမှာ ခေါက်ဆွဲပြုတ်ပူပူလေးစားရတာ အရမ်းကို အရသာရှိပါတယ်။ အလွယ်တကူဝယ်လို့ရသလို အလုပ်မရှုပ် မပင်မပန်းဘဲ စားလို့ရတဲ့အတွက် လူတော်တော်များများ ခေါက်ဆွဲခြောက်ကို ကြိုက်ကြပါတယ်။

ဒါပေမဲ့ လူတွေက ခေါက်ဆွဲခြောက်ကို ချစ်ကြသလို ခေါက်ဆွဲခြောက်တွေက လူတွေကို ပြန်မချစ်ကြပါဘူးလို့ ဟားဗတ်တက္ကသိုလ်က သုတေသီတွေက ပြောကြားလိုက်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေက ရေရှည်မှာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

အသက် ၁၉ နှစ်ကနေ ၆၄ နှစ်ကြား အမျိုးသား အမျိုးသမီးပေါင်း ၁၁၀၀၀ ကျော်ကို သုတေသနပြုလုပ်ခဲ့တဲ့ ရလဒ်တွေအရ မိန်းကလေးတွေမှာ ခေါက်ဆွဲခြောက် စားခြင်းကြောင့် ရောဂါပြင်ပြင်းထန်ထန် ပိုပြီး ဖြစ်စေနိုင်တာကို တွေ့ခဲ့ရပါတယ်။ ခေါက်ဆွဲခြောက်တွေက သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ဆီးချို၊ နှလုံးနဲ့ ရုတ်တရက် လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။

ခေါက်ဆွဲခြောက်တွေမှာ အကျိုးမပြုတဲ့ အဆီဓာတ်၊ ဆိုဒီယမ်ဓာတ်နဲ့ တာရှည်ခံအောင်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါပါတယ်။ အိန္ဒိယနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာက ရေနံစွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ TBHQ ဆိုတဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ခေါက်ဆွဲခြောက်တွေကို ကြာရှည်ခံအောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာလည်း ခေါက်ဆွဲခြောက် တံဆိပ်ခြောက်မျိုးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ Benzopyrene ဓာတ်ပါနေတာကို တွေ့ရှိခဲ့ကြပါတယ်။WINA အဖွဲ့ရဲ့လေ့လာတွေ့ရှိချက်အရ မနှစ်က တစ်နှစ်တည်းမှာပဲ နိုင်ငံပေါင်း ၅၂ နိုင်ငံက ခေါက်ဆွဲခြောက်အထုတ်ပေါင်း ၉၇.၇ ဘီလီယံ စားသုံးခဲ့ပြီး တရုတ်နဲ့ ဟောင်ကောင်က ၄၀.၄၃ ဘီလီယံနဲ့ အများဆုံး၊ အင်ဒိုနီးရှားက ၁၃.၂၀ ဘီလီယံနဲ့ ဒုတိယ အများဆုံးဖြစ်ပြီး အမေရိကန်က ၄ ဘီလီယံကျော်စားသုံးခဲ့တဲ့လို့ စစ်တမ်းကောက်ယူရရှိခဲ့ပါတယ်။

နယူးရော့ခ် တက္ကသိုလ်က ပါမောက္ခ Lisa Young က ခေါက်ဆွဲခြောက်စားတဲ့သူတိုင်း အားလုံး ဒီရောဂါ လက္ခဏာတွေ ချက်ချင်းခံစားရမယ်လို့ မဆိုလိုပေမဲ့ ခေါက်ဆွဲခြောက်ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမဟုတ်ဘူး၊ကြာရှည်ခံအောင် လုပ်ထားတဲ့အတွက် ဘေးထွက် ဆိုးကျိုးတွေ အများကြီး ပေးနိုင်တယ် ဆိုတာကို အမြဲမှတ်ထားဖို့လိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။
lwinpyin

No comments:

Post a Comment