Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 3, 2019

ညအိပ္ေနခ်ိန္ ထူးထူးဆန္းဆန္း အလိုအေလ်ာက္ ထုံးသြားျပီး ညွပ္ခြင့္ၿဖီးခြင့္မရိွသည့္ ထူးဆန္းေသာ ဆံထုံးပိုင္ရွင္


ညွပ္ခြင့္ၿဖီးခြင့္မရိွသည့္ ဆံထုံးပိုင္ရွင္

နက္ေမွာင္ၿပီး ရစ္ပတ္ထံုးေနေသာဆံႏြယ္ပိုင္ရွင္ အမ်ိဳးသမီးတစ္ဦးသည္ သူမေနထိုင္သည့္ အခန္းက်ဥ္း၏ မီးဖိုေခ်ာင္အား သန္႔ရွင္းေရးလုပ္ေနသည္။

ထူးျခားသည္မွာ သူမ၏ဆံထုံးျဖစ္သည္။ ၁ေပခန္႔ရွည္သည့္ သူမ၏ဆံထုံးကို ကခ်င္ထဘက္ျဖင့္ ထုံးထားလွ်က္ မီးဖိုေခ်ာင္အား သန္႔ရွင္းေရးလုပ္ေနသည္။ ၎၏ဆံထုံးသည္ သူမကိုယ္တိုင္ စိတ္ႀကိဳက္ထုံးထားျခင္းမဟုတ္ပဲ၊ ညအိပ္ေနသည့္အခ်ိန္ ထူးထူးဆန္းဆန္း အလိုအေလ်ာက္ ထုံးသြားျခင္းျဖစ္သည္။

“ဆံပင္အခုလိုမထုံးသြားခ်ိန္ ကြ်န္မအရမ္းဖ်ားေနတာ တစ္ညေတာ့ ညအိပ္ေပ်ာ္ေနတဲ့အခ်ိန္ သူ႔ဟာသူ ထုံးသြားတာ။ အဲကေန အဖ်ားလည္းေပ်ာက္သြားတယ္”ဟု ဆံထုံးပိုင္ရွင္ အသက္(၃၉)ႏွစ္ ေဒၚလဆန္ဆိုင္းေခါန္က ဆိုသည္။

ယခင္ေျဖာင့္တန္းေနသည့္ ၎၏ဆံႏြယ္သည္ ထူးဆန္းစြာ အလိုအေလ်ာက္ထံုးသြားျခင္းျဖစ္ၿပီး ဆံပင္အား ဘီးၿဖီးလို႔လည္းမရသလို ညွပ္လို႔လည္းမရေၾကာင္း သူမကဆိုသည္။

၎သည္ ကေလး(၄)ေယာက္၏မိခင္ျဖစ္ၿပီး မိသားစုႏွင့္အတူ လိုင္ဇာၿမိဳ႕မွ ဝိုင္ႀကိဳင္စစ္ေဘးဒုကၡသည္စခန္းတြင္ ခိုလံႈလွ်က္ရိွသည္။ စစ္ေဘးဒုကၡသည္ဘဝ မျဖစ္မီအခ်ိန္တြင္ ဝိုင္းေမာ္ၿမိဳ႕နယ္ ကဇူးေက်းရြာတြင္ ေနထိုင္ခဲ့ၾကသည္။ သူမ၏ဆံပင္သည္ အဆိုပါဒုကၡသည္စခန္းတြင္ ေနထိုင္ေနစဥ္ ၂၀၁၅ ခုႏွစ္မွ ယခုလိုျဖစ္လာရျခင္းျဖစ္သည္။

သူမ၏အမ်ိဳးသားျဖစ္သူ ဦးေလာ့္ခြမ့္ေဇာ္ေနာ္က ၎တို႔၏မ်ဳိးရိုးတြင္ အမ်ိဳးသမီးမ်ား ယခုလို သဘာဝအတိုင္း ျပန္ေျဖ၍မရေသာ ဆံထုံးထုံးသြားသည့္ အျဖစ္အပ်က္မွာ ယခု၎၏ဇနီး ေဒၚလဆန္ဆိုင္းေခါန္ႏွင့္ဆိုလွ်င္ မ်ိဳးဆက္(၇)ဆကရိွၿပီ ျဖစ္ေၾကာင္းဆိုသည္။ ဦးေလာ့္ခြမ့္ေဇာ္ေနာ္သည္ ကခ်င္တိုင္းရင္းေဆးဆရာတစ္ဦး ျဖစ္သည္။

“အမ်ိဳးသမီးေတြမွာ ဒီလိုျဖစ္လာၿပီဆိုရင္ အမ်ိဳးသားေတြ ဦးေဆာင္လုပ္တဲ့ ဦးေဆာင္မႈထဲမွာပါဝင္တဲ့ အဖဲြ႔သားေတြလည္း ဘာအႏၱရာယ္မွ မျဖစ္ဘူး။ အႏၱရာယ္ကင္းတယ္။”ဟု ဦးေလာ့္ခြမ္းေဇာ္ေနာ္က ဆိုသည္။

ဆံပင္ယခုလိုျဖစ္လာၿပီဆိုလွ်င္ လုံးဝညွပ္လို႔မရေၾကာင္းလည္း ၎ကဆိုသည္။ ညွပ္လိုက္လွ်င္ အိမ္သားေတြဆီမွာ အႏၱရာယ္တစ္ခုခု ႀကံဳလာတတ္ေၾကာင္း ဆိုသည္။

“အဖြားလည္း ဒီလိုျဖစ္တယ္။ သူကအရမ္းရႈပ္တယ္ဆိုၿပီး ညွပ္လိုက္တာ အေဖတို႔ညီအစ္ကိုေတြ (၆)ေယာက္ထဲက (၄)ေယာက္ တစ္ခါတည္းေသသြားတယ္။ အဲကေန ေနာက္ပိုင္း မညွပ္ေတာ့ဘူး။”ဟု ဦးေလာ့္ခြမ့္ေဇာ္ေနာ္က ဆိုသည္။ဦးေလာ့္ခြမ့္ေဇာ္ေနာ္၏ မိခင္ျဖစ္သူလည္း ယခုလိုဆံပင္ထုံးခဲ့ၿပီး ေသသည္အထိ ဆံပင္မညွပ္ ဆံပင္မၿဖီးပဲ ေနသြားခဲ့ေၾကာင္း ဆိုသည္။

“အေမလည္းျဖစ္တယ္။ သူကေသသည္အထိ ဆံပင္မညွပ္ဘူး။ မၿဖီးဘူး။ ဒီတိုင္းပဲ ေနသြားတယ္။ သူဆုံးခါနီး သုံးရက္ေလာက္အလိုမွာေတာ့ တစ္ေယာက္ေယာက္က ေျဖေပးလိုက္သလို ဆံထံုးက အလိုအေလ်ာက္ ေျဖက်သြားတယ္။”ဟု ဦးေလာ့္ခြမ့္ေဇာ္ေနာ္က ဆိုသည္။

ဇနီးျဖစ္သူ ေဒၚလဆန္ဆိုင္းေခါန္သည္ သူမ၏အမ်ိဳးသားေျပာျပသည့္အတြက္ ၎၏ထူးဆန္းသည့္ ဆံထံုးႏွင့္ပတ္သက္၍ အထူးတလည္အံ့ၾသျခင္း မရိွခဲ့သလို၊ ယခုလိုျဖစ္သည့္အတြက္ ေထြေထြထူးထူး အခက္အခဲလည္း မရိွေၾကာင္း ဆိုသည္။

“အခုေတာ့ အက်င့္ျဖစ္သြားေတာ့ ဘာအခက္အခဲမွ မရိွဘူး။ ေရခ်ိဳးရင္ေတာ့ ေနပူတဲ့ေန႔ပဲ ခ်ိဳးလို႔ရတယ္။”ဟု ေဒၚလဆန္ဆိုင္းေခါန္က ဆိုသည္။

ဆိုင္ကယ္စီးရင္ေတာ့ ဆိုင္ကယ္ဦးထုပ္ေဆာင္းလို႔ မရသည့္အတြက္ လိုင္ဇာမွ ယာဥ္ထိန္းရဲမ်ားမွ အေရးယူျခင္း ခံရဖူးေၾကာင္း ဆိုသည္။

အျပင္သြားလွ်င္ သူမကိုမေတြ႔ဖူးသည့္သူမ်ားက သူမ၏ထူးဆန္းေနသည့္ ဆံႏြယ္ထံုးကို ၾကည့္ၿပီး ေမးျမန္း၊ ၾကည့္ရႈျခင္းမ်ားရိွေၾကာင္း ဆိုသည္။

ထူးဆန္းသည့္ ဆံထုံးပိုင္ရွင္ ေဒၚလဆန္ဆိုင္းေခါန္သည္ ၂၀၁၅ခုနွစ္ သူမယခုလို ဆံပင္ထံုးသြားကတည္းက မိသားစုဝင္မ်ား ယခင္ကထက္ ပိုမိုအဆင္ေျပလာသည္ဟု ၎ယုံၾကည္ေနေၾကာင္း ဆိုသည္။ သားသမီးမ်ား ယခင္က မၾကာခဏ ဖ်ားနာမႈမ်ားရိွခဲ့ေသာ္လည္း ယခုေနာက္ပိုင္း သားသမီးမ်ားလည္း ဖ်ားနားျခင္းမရိွသေလာက္ က်န္းမာေနျခင္းသည္ ထူးဆန္းစြာျဖစ္သြားသည့္ ဆံထုံးေၾကာင့္ ျဖစ္သည္ဟု သူမက ယုံၾကည္ေနသည္။

“သားအလတ္ေကာင္ဆိုရင္ တစ္ႏွစ္မွာ ေဆးရုံ ၇ခါေတာင္ တက္ရတယ္။ အခုေနာက္ပိုင္းေတာ့ သိပ္မဖ်ားေတာ့ဘူး။”ဟု ေဒၚလဆန္ဆိုင္းေခါန္က ဆိုသည္။

က်န္းမာေရးမ်ား ေကာင္းလာသည္သာမက အိမ္တြင္ေမႊးျမဴထားသည့္ အိမ္ေမႊးတိရစာၦန္မ်ားလည္း ယခင္ထက္ ပိုမိုပြားမ်ားလာၿပီး အဆင္ေျပလာေၾကာင္း သူမက ဆိုသည္။

ေဒၚလဆန္ဆိုင္းေခါန္သည္ သူမ၏ဆံထံုးအား တစ္သက္လုံး မညွပ္မၿဖီးပဲထားရန္ ဆုံးျဖတ္ထားၿပီး သူမ၏ထူးဆန္းသည့္ ဆံထံုးသည္ ဘုရားကေပးသည့္ လက္ေဆာင္ျဖစ္သည္ဟု ယုံၾကည့္လက္ခံ ထားသည္။
Kachin Wave
#Unicode Version#
ညှပ်ခွင့်ဖြီးခွင့်မရှိသည့် ဆံထုံးပိုင်ရှင်

နက်မှောင်ပြီး ရစ်ပတ်ထုံးနေသောဆံနွယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးသည် သူမနေထိုင်သည့် အခန်းကျဉ်း၏ မီးဖိုချောင်အား သန့်ရှင်းရေးလုပ်နေသည်။

ထူးခြားသည်မှာ သူမ၏ဆံထုံးဖြစ်သည်။ ၁ပေခန့်ရှည်သည့် သူမ၏ဆံထုံးကို ကချင်ထဘက်ဖြင့် ထုံးထားလျှက် မီးဖိုချောင်အား သန့်ရှင်းရေးလုပ်နေသည်။ ၎င်း၏ဆံထုံးသည် သူမကိုယ်တိုင် စိတ်ကြိုက်ထုံးထားခြင်းမဟုတ်ပဲ၊ ညအိပ်နေသည့်အချိန် ထူးထူးဆန်းဆန်း အလိုအလျောက် ထုံးသွားခြင်းဖြစ်သည်။

“ဆံပင်အခုလိုမထုံးသွားချိန် ကျွန်မအရမ်းဖျားနေတာ တစ်ညတော့ ညအိပ်ပျော်နေတဲ့အချိန် သူ့ဟာသူ ထုံးသွားတာ။ အဲကနေ အဖျားလည်းပျောက်သွားတယ်”ဟု ဆံထုံးပိုင်ရှင် အသက်(၃၉)နှစ် ဒေါ်လဆန်ဆိုင်းခေါန်က ဆိုသည်။

ယခင်ဖြောင့်တန်းနေသည့် ၎င်း၏ဆံနွယ်သည် ထူးဆန်းစွာ အလိုအလျောက်ထုံးသွားခြင်းဖြစ်ပြီး ဆံပင်အား ဘီးဖြီးလို့လည်းမရသလို ညှပ်လို့လည်းမရကြောင်း သူမကဆိုသည်။

၎င်းသည် ကလေး(၄)ယောက်၏မိခင်ဖြစ်ပြီး မိသားစုနှင့်အတူ လိုင်ဇာမြို့မှ ဝိုင်ကြိုင်စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံလျှက်ရှိသည်။ စစ်ဘေးဒုက္ခသည်ဘဝ မဖြစ်မီအချိန်တွင် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာတွင် နေထိုင်ခဲ့ကြသည်။ သူမ၏ဆံပင်သည် အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်နေစဉ် ၂၀၁၅ ခုနှစ်မှ ယခုလိုဖြစ်လာရခြင်းဖြစ်သည်။

သူမ၏အမျိုးသားဖြစ်သူ ဦးလော့်ခွမ့်ဇော်နော်က ၎င်းတို့၏မျိုးရိုးတွင် အမျိုးသမီးများ ယခုလို သဘာဝအတိုင်း ပြန်ဖြေ၍မရသော ဆံထုံးထုံးသွားသည့် အဖြစ်အပျက်မှာ ယခု၎င်း၏ဇနီး ဒေါ်လဆန်ဆိုင်းခေါန်နှင့်ဆိုလျှင် မျိုးဆက်(၇)ဆကရှိပြီ ဖြစ်ကြောင်းဆိုသည်။ ဦးလော့်ခွမ့်ဇော်နော်သည် ကချင်တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်သည်။

“အမျိုးသမီးတွေမှာ ဒီလိုဖြစ်လာပြီဆိုရင် အမျိုးသားတွေ ဦးဆောင်လုပ်တဲ့ ဦးဆောင်မှုထဲမှာပါဝင်တဲ့ အဖွဲ့သားတွေလည်း ဘာအန္တရာယ်မှ မဖြစ်ဘူး။ အန္တရာယ်ကင်းတယ်။”ဟု ဦးလော့်ခွမ်းဇော်နော်က ဆိုသည်။

ဆံပင်ယခုလိုဖြစ်လာပြီဆိုလျှင် လုံးဝညှပ်လို့မရကြောင်းလည်း ၎င်းကဆိုသည်။ ညှပ်လိုက်လျှင် အိမ်သားတွေဆီမှာ အန္တရာယ်တစ်ခုခု ကြုံလာတတ်ကြောင်း ဆိုသည်။

“အဖွားလည်း ဒီလိုဖြစ်တယ်။ သူကအရမ်းရှုပ်တယ်ဆိုပြီး ညှပ်လိုက်တာ အဖေတို့ညီအစ်ကိုတွေ (၆)ယောက်ထဲက (၄)ယောက် တစ်ခါတည်းသေသွားတယ်။ အဲကနေ နောက်ပိုင်း မညှပ်တော့ဘူး။”ဟု ဦးလော့်ခွမ့်ဇော်နော်က ဆိုသည်။ဦးလော့်ခွမ့်ဇော်နော်၏ မိခင်ဖြစ်သူလည်း ယခုလိုဆံပင်ထုံးခဲ့ပြီး သေသည်အထိ ဆံပင်မညှပ် ဆံပင်မဖြီးပဲ နေသွားခဲ့ကြောင်း ဆိုသည်။

“အမေလည်းဖြစ်တယ်။ သူကသေသည်အထိ ဆံပင်မညှပ်ဘူး။ မဖြီးဘူး။ ဒီတိုင်းပဲ နေသွားတယ်။ သူဆုံးခါနီး သုံးရက်လောက်အလိုမှာတော့ တစ်ယောက်ယောက်က ဖြေပေးလိုက်သလို ဆံထုံးက အလိုအလျောက် ဖြေကျသွားတယ်။”ဟု ဦးလော့်ခွမ့်ဇော်နော်က ဆိုသည်။

ဇနီးဖြစ်သူ ဒေါ်လဆန်ဆိုင်းခေါန်သည် သူမ၏အမျိုးသားပြောပြသည့်အတွက် ၎င်း၏ထူးဆန်းသည့် ဆံထုံးနှင့်ပတ်သက်၍ အထူးတလည်အံ့သြခြင်း မရှိခဲ့သလို၊ ယခုလိုဖြစ်သည့်အတွက် ထွေထွေထူးထူး အခက်အခဲလည်း မရှိကြောင်း ဆိုသည်။

“အခုတော့ အကျင့်ဖြစ်သွားတော့ ဘာအခက်အခဲမှ မရှိဘူး။ ရေချိုးရင်တော့ နေပူတဲ့နေ့ပဲ ချိုးလို့ရတယ်။”ဟု ဒေါ်လဆန်ဆိုင်းခေါန်က ဆိုသည်။

ဆိုင်ကယ်စီးရင်တော့ ဆိုင်ကယ်ဦးထုပ်ဆောင်းလို့ မရသည့်အတွက် လိုင်ဇာမှ ယာဉ်ထိန်းရဲများမှ အရေးယူခြင်း ခံရဖူးကြောင်း ဆိုသည်။

အပြင်သွားလျှင် သူမကိုမတွေ့ဖူးသည့်သူများက သူမ၏ထူးဆန်းနေသည့် ဆံနွယ်ထုံးကို ကြည့်ပြီး မေးမြန်း၊ ကြည့်ရှုခြင်းများရှိကြောင်း ဆိုသည်။

ထူးဆန်းသည့် ဆံထုံးပိုင်ရှင် ဒေါ်လဆန်ဆိုင်းခေါန်သည် ၂၀၁၅ခုနှစ် သူမယခုလို ဆံပင်ထုံးသွားကတည်းက မိသားစုဝင်များ ယခင်ကထက် ပိုမိုအဆင်ပြေလာသည်ဟု ၎င်းယုံကြည်နေကြောင်း ဆိုသည်။ သားသမီးများ ယခင်က မကြာခဏ ဖျားနာမှုများရှိခဲ့သော်လည်း ယခုနောက်ပိုင်း သားသမီးများလည်း ဖျားနားခြင်းမရှိသလောက် ကျန်းမာနေခြင်းသည် ထူးဆန်းစွာဖြစ်သွားသည့် ဆံထုံးကြောင့် ဖြစ်သည်ဟု သူမက ယုံကြည်နေသည်။

“သားအလတ်ကောင်ဆိုရင် တစ်နှစ်မှာ ဆေးရုံ ၇ခါတောင် တက်ရတယ်။ အခုနောက်ပိုင်းတော့ သိပ်မဖျားတော့ဘူး။”ဟု ဒေါ်လဆန်ဆိုင်းခေါန်က ဆိုသည်။

ကျန်းမာရေးများ ကောင်းလာသည်သာမက အိမ်တွင်မွှေးမြူထားသည့် အိမ်မွှေးတိရစ္ဆာန်များလည်း ယခင်ထက် ပိုမိုပွားများလာပြီး အဆင်ပြေလာကြောင်း သူမက ဆိုသည်။

ဒေါ်လဆန်ဆိုင်းခေါန်သည် သူမ၏ဆံထုံးအား တစ်သက်လုံး မညှပ်မဖြီးပဲထားရန် ဆုံးဖြတ်ထားပြီး သူမ၏ထူးဆန်းသည့် ဆံထုံးသည် ဘုရားကပေးသည့် လက်ဆောင်ဖြစ်သည်ဟု ယုံကြည့်လက်ခံ ထားသည်။
Kachin Wave

No comments:

Post a Comment