Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 3, 2019

မဟာျမိဳင္ေတာရဆရာေတာ္ ဦးေဇာတိက၏ ဒါေတြကိုမေမ့မွ_စိတ္ခ်မ္းသာမယ္

ဖတ္ၾကည့္လိုက္ေနာ္ အရမ္းေကာင္းတယ္( ၁ ) ဒီေန႔ဟာ အေရးၾကီးဆံုးေန႔ပဲ။
ဒီေန႔ကို တန္ဖိုးထားမွ ေန႔တိုင္းတန္ဖိုးရွိတဲ့ေန႔ျဖစ္မယ္။ေန႔တိုင္း တန္ဖိုးရွိတဲ့ေန႔ျဖစ္မွ ငါ႔ဘဝဟာ တန္ဖိုးရွိတဲ့ဘဝျဖစ္မယ္။

ဒါေၾကာင့္ ဒီေန႔ တန္ဖိုးရွိတာလုပ္မယ္။ပညာရွာမယ္။ မိတ္ေဆြေကာင္းရွာ မယ္။စိတ္ခ်မ္းသာေအာင္ေနမယ္။ေမြးေန႔မွာ Happy-Birthday လို႔ေျပာၾက တယ္။ေပ်ာ္ လည္းေပ်ာ္ၾကတယ္။ေန႔တိုင္း အဲ့ဒီလိုေပ်ာ္လို႔ မျဖစ္ဘူးလား။မျဖစ္နိုင္စရာအေၾကာင္း ဘာရွိသလဲ။

ေန႔တိုင္း ေမြးေန႔လို႔ သေဘာထားမယ္။( ၂ ) ဒီေန႔ဟာ ငါတကယ္ေနရတဲ့ ေန႔ပဲ။ေပ်ာ္ရႊင္မႈ ၊ စိတ္ခ်မ္းသာမႈဟာ အျပင္မွာမရွိဘူး။အတိတ္မွာမရွိဘူး။အနာဂတ္မွာလည္း မရွိဘူး။ယခု ပစၥဳပၸန္မွာပဲ ရွိတယ္။ငါ႔ကိုငါ ေက်နပ္ေနတယ္။ငါ႔ဘဝကိုငါ ေက်နပ္ေနတယ္။

ငါ႔စိတ္ ခ်မ္းသာမႈဟာ ငါ႔တာဝန္ပဲဆိုတာ ငါသိတယ္။ငါစိတ္ခ်မ္းသာေနမွ ငါနဲ႔ေတြ႕ရတဲ့သူကို စိတ္ခ်မ္းသာမႈ ေပးနိုင္မယ္။အနည္းဆံုးေတာ့ ငါ႔အျပံဳးဟာ လိႈက္လွဲတဲ့အျပံဳး ျဖစ္ေစရမယ္။

( ၃ ) ဒီေန႔ အကူအညီလိုတဲ့ ငါ႔မိတ္ေဆြတစ္ေယာက္ကို အကူအညီေပးမယ္။

လူ႔ဘဝမွာ တစ္ဦးကိုတစ္ဦး အကူအညီေပးျပီး ေနသြားမွ အားလံုးအဆင္ေျပမယ္။

ငါကလည္း ဘယ္သူ႔ကိုမွ အကူအညီမေပးဘူး။

ဘယ္သူ႔ဆီကမွလည္း အကူအညီအယူဘူးဆိုျပီး ေနလို႔မျဖစ္ဘူး။

( ၄ ) ဒီေန႔လုပ္ရမယ့္ အလုပ္ေတြကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္မယ္။

လူေတြကို အေကာင္းဆံုးသေဘာထားနဲ႔ ဆက္ဆံမယ္။

ငါနဲ႔ေတြ ႔ရတဲ့လူေတြဟာ ငါ႔လိုပဲ ဘဝကို ရုန္းကန္ျပီး ေနသြားၾကတယ္။

( ၅ ) ငါ ဘယ္သူ႔ကိုမွ ဒုကၡမေပးမိေအာင္ သတိထားမယ္။

တစ္ေယာက္ကိုတစ္ေယာက္ ဒုကၡေပးေနၾကရင္ ဒီေလာက္လူေတြမ်ားတဲ့ ေလာကၾကီးထဲမွာ ဘယ္ေနလို႔ ျဖစ္ေတာ့မလဲ။

ဒါေၾကာင့္ စိတ္ခ်မ္းသာမႈ မေပးနိုင္ရင္ ရွိပါေစေတာ့။

စိတ္ဆင္းရဲမႈေတာ့ မေပးမိေအာင္ သတိထားမယ္။

( ၆ ) ငါဟာ ငါ႔ဘဝမွာ အေရးပါတဲ့သူျဖစ္တယ္။

ငါ႔မိသားစု ငါ႔အသိုင္းအဝိုင္းမွာလည္း အေရးပါတဲ့သူျဖစ္တယ္။

ဘာေတြလုပ္ေပးနိုင္လို႔ အေရးပါတာလဲ။

ဘာမွထူးထူးျခားျခား လုပ္ေပးနိုင္လို႔ မဟုတ္ပါဘူး။

သြားရင္းလာရင္းနဲ႔ စိတ္ခ်မ္းသာစရာေလးေတြကို ငါေျပာျပနိုင္တယ္။

တစ္ခါတစ္ေလ ကိုယ္တတ္နိုင္တဲ့ အကူအညီေပးနိုင္တယ္။

ဒါေၾကာင့္ နည္းနည္းေလးျဖစ္ျဖစ္ စိတ္ခ်မ္းသာမႈ ရေစခ်င္တယ္။

ငါဟာ အေရးပါတဲ့လူမဟုတ္ရင္ ဘယ္သူက ငါ႔ဘဝမွာ အေရးပါဆံုး ျဖစ္မလဲ။

ငါဟာ ဘာမွ အသံုးမက်တဲ့သူလို႔ ငါ႔ကိုငါ သေဘာထားရင္

ဘယ္လိုလုပ္ စိတ္ခ်မ္းသာမလဲ။ဘယ္လိုလုပ္ စိတ္အားတတ္ေတာ့မလဲ။

( ၇ ) ကိုယ္တတ္နိုင္တာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊စိတ္ပါလက္ပါ၊ရိုးရိုးသားသား ေစတနာနဲ႔ လုပ္မယ္။

မတတ္နိုင္တာကို မတတ္နိုင္ဘူးလို႔ သေဘာထားမယ္။

အဲ့ဒီလို မတတ္နိုင္တဲ့အတြက္ေၾကာင့္ စိတ္ဆင္းရဲမခံဘူး။

( ၈ ) ဒီေလာကၾကီးထဲက လူေတြဟာ ငါခင္သလို ငါ႔ကိုမခင္ၾကဘူးလို႔ အျပစ္မတင္ဘူး။

သူတို႔မခင္တာဟာ ငါ႔အတြက္ စိတ္ဆိုးစရာ မဟုတ္ဘူး။

( ၉ ) ငါဟာ ငါ႔ရဲ ႔အေကာင္းဆံုး မိတ္ေဆြ ျဖစ္နိုင္သလို အဆိုးဆံုးရန္သူလည္း ျဖစ္နိုင္တယ္။

သူမ်ားက ငါ႔ကို ေနရာမေရြး အခ်ိန္မေရြး ဒုကၡမေပးနိုင္ဘူး။

ငါ႔စိတ္ကို ငါမထားတတ္ရင္ အခ်ိန္မေရြး ေနရာမေရြး စိတ္ဆင္းရဲနိုင္တယ္။

ငါ႔စိတ္ကို ငါသိလို႔ စိတ္ထားတတ္ရင္ ေနရာမေရြး အခ်ိန္မေရြး စိတ္ခ်မ္းသာနိုင္တယ္။

( ၁၀ ) ဘယ္လို သေဘာထားရင္ စိတ္ခ်မ္းသာမယ္။

ဘယ္လိုေတြးရင္ စိတ္ခ်မ္းသာမယ္။ ဘာလုပ္ရင္ စိတ္ခ်မ္းသာမယ္။

ဘယ္သူနဲ႔ေပါင္းရင္ စိတ္ခ်မ္းသာမယ္ဆိုတာကို အျမဲေလ့လာရမယ္။

စိတ္ခ်မ္းသာတဲ့သူကို ေလ့လာမယ္။အဆင္ေျပေနတဲ့သူေတြကို ေလ့လာမယ္။

( ၁၁ ) ကုိယ့္ဘဝ ကိုယ့္ေနရာ ကိုယ့္အေျခအေနကို ဘယ္သူနဲ႔မွ မလဲခ်င္ဘူး။

လဲခ်င္ေနရင္ စိ္တ္ဆင္းရဲေနမယ္။ ငါ႔ဘဝကို ငါေက်နပ္တယ္။

ဘယ္သူ႔ဘဝနဲ႔မွ မလဲနိုင္ဘူးဆိုရင္ စိတ္ခ်မ္းသာမယ္။

( ၁၂ ) ကိုယ့္ကို သူမ်ားခ်ီးမႊမ္းတဲ့အခါ နွစ္သက္ပါတယ္။

ဒါေပမယ့္ အဲ့ဒါသိပ္အေရးၾကီးတယ္လို႔ သေဘာမထားဘူး။ခ်ီးမႊမ္းတာခံရဖို႔ မလုပ္ဘူး။

ကိုယ္စိတ္ဝင္စားတာ ကိုယ္ဝါသနာပါတာ ကိုယ္လုပ္ခ်င္တာကို လုပ္မယ္။

ခ်ီးမႊမ္းရင္ ေက်နပ္ပါတယ္။ဒါေပမယ့္ ငါလုပ္တာကို ခ်ီးမြႊမ္းမွာလား၊ကဲ့ရဲ ႔မွာလားလို႔ မေတြးဘူး။

( ၁၃ ) ေငြ ဘယ္ေလာက္လိုခ်င္တယ္လို႔ မေတြးေတာ့ဘူး။

ဒီအလုပ္ လုပ္ရင္ ေငြဘယ္ေလာက္ရမလဲလို႔ မေတြးဘူး။ဒီအလုပ္ကိုခ်စ္လို႔ လုပ္တယ္။

( ၁၄ ) “အပၸမာေနန သမၸာေဒထ” လို႔ ဘုရားေန႔တိုင္း ေဟာၾကားသတိေပးခဲ့တာကို မေမ့ဘူး။

တို႔ဘုရား မွာၾကားခဲ့တာကို ေန႔တိုင္း အားထုတ္မယ္။

ေနရာမေရြး အခ်ိန္မေရြး သတိနဲ႔ေနမယ္။

( ၁၅ ) ကိုယ့္စိတ္မွာ ျဖစ္တဲ့ခံစားမႈနဲ႔ပက္သက္ျပီး ဘယ္သူ႔မွာမွ တာဝန္မရွိဘူး။

ငါ႔စိတ္ကိုငါ စိတ္ခ်မ္းသာေအာင္ ထားနိုင္တယ္။

ငါ႔စိတ္ခ်မ္းသာမႈကို သူမ်ားဖ်က္ဆီးလို႔ မရဘူး။

ငါဒုကၡေရာက္တာ သူတို႔ေၾကာင့္လို႔ ေတြးသလား။

အဲ့ဒီလို ေတြးေနရင္ စိတ္ဆင္းရဲေနတယ္။စိတ္ခ်မ္းသာတဲ့သူ

မျဖစ္ေသးဘူး။

ငါ႔စိတ္မွာျဖစ္တဲ့ခံစားမႈအတြက္ ငါ႔မွာပဲ တာဝန္ရွိတယ္။ဘယ္သူ႔ကိုမွ အျပစ္တင္ဖို႔ မလိုဘူး။

အဲ့ဒီလို သေဘာထားကို ျပတ္ျပတ္သားထားနိုင္တဲ့သူဟာ စိတ္ခ်မ္းသာတဲ့သူ။

ငါ႔ကို စိတ္ဆင္းရဲေအာင္ မလုပ္ၾကနဲ႔လို႔ ေျပာတဲ့သူဟာ စိတ္ဆင္းရဲေနတဲ့သူ။

စိတ္ခ်မ္းသာေအာင္ ေနတတ္တဲ့သူေတြမွာရွိတဲ့ လကၡဏာေတြဟာ ဘာေတြလဲ?

စိတ္ခ်မ္းသာေအာင္ ေနတတ္တဲ့သူဟာ—

သတၱိရွိတယ္။ ဆံုးျဖတ္ရဲတယ္။ ေျပာရဲတယ္။ လုပ္ရဲတယ္။ အသိဥာဏ္ေတာက္ေျပာင္တယ္။

ရႊင္လန္းတယ္။ ပင္ကိုဥာဏ္ရွိတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတယ္။

မိမိကိုယ္ကိုယ္ ထိန္းသိမ္းနိုင္တယ္။ အေျခအေနကို ထိန္းသိမ္းနိုင္တယ္။

စိတ္အားထက္သန္တယ္။ တတ္ၾကြတယ္။ ခြင့္လႊတ္နိုင္တယ္။ ခင္ခင္မင္မင္ ဆက္ဆံတတ္တယ္။

ေက်းဇူးသိတတ္တယ္။ တန္ဖိုးထားတတ္တယ္။ အသိအမွတ္ျပဳတယ္။ ၾကည္လန္းရႊင္ၾကည္တယ္။

ၾကင္နာတယ္။ ညႇာတာတတ္တယ္။ စိတ္ဓာတ္ၾကံ႕ခိုင္တယ္။

အေကာင္းျမင္တယ္။ အျဖစ္ကိုျမင္တယ္။ အျပဳသေဘာရွိတယ္။

စိတ္ရွည္တယ္။ေစာင့္ထိန္းနိုင္တယ္။ စိတ္ျငိမ္းခ်မ္းတယ္။ စိတ္စြမ္းအားၾကီးတယ္။

အလုပ္မ်ားမ်ားလုပ္နိုင္တယ္။ ဥာဏ္ပညာရွိတယ္။

ဒီအရည္အခ်င္းေတြ ဒီဂုဏ္ေတြေၾကာင့္ စိတ္ခ်မ္းသာတဲ့သူဟာ အခက္အခဲေတြကို

ရင္ဆိုင္ေက်ာ္လႊားနိုင္တယ္။အခက္အခဲကို

ရင္ဆိုင္ေျဖရွင္းရတာကို သေဘာက်တယ္။
tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


ဖတ်ကြည့်လိုက်နော် အရမ်းကောင်းတယ်( ၁ ) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ။
ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မယ်။နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့ဘဝဖြစ်မယ်။

ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာလုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာ မယ်။စိတ်ချမ်းသာအောင်နေမယ်။မွေးနေ့မှာ Happy-Birthday လို့ပြောကြ တယ်။ပျော် လည်းပျော်ကြတယ်။နေ့တိုင်း အဲ့ဒီလိုပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။

နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။( ၂ ) ဒီနေ့ဟာ ငါတကယ်နေရတဲ့ နေ့ပဲ။ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။အတိတ်မှာမရှိဘူး။အနာဂတ်မှာလည်း မရှိဘူး။ယခု ပစ္စုပ္ပန်မှာပဲ ရှိတယ်။ငါ့ကိုငါ ကျေနပ်နေတယ်။ငါ့ဘဝကိုငါ ကျေနပ်နေတယ်။

ငါ့စိတ် ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

( ၃ ) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။

လူ့ဘဝမှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီး နေသွားမှ အားလုံးအဆင်ပြေမယ်။

ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။

ဘယ်သူ့ဆီကမှလည်း အကူအညီအယူဘူးဆိုပြီး နေလို့မဖြစ်ဘူး။

( ၄ ) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။

လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။

ငါနဲ့တွေ့ရတဲ့လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။

( ၅ ) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားမယ်။

တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးထဲမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။

ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့။

စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားမယ်။

( ၆ ) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူဖြစ်တယ်။

ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူဖြစ်တယ်။

ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။

ဘာမှထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။

သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါပြောပြနိုင်တယ်။

တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။

ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါဟာ အရေးပါတဲ့လူမဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ အရေးပါဆုံး ဖြစ်မလဲ။

ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုငါ သဘောထားရင်

ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ဘယ်လိုလုပ် စိတ်အားတတ်တော့မလဲ။

( ၇ ) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင်၊စိတ်ပါလက်ပါ၊ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။

မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။

အဲ့ဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

( ၈ ) ဒီလောကကြီးထဲက လူတွေဟာ ငါခင်သလို ငါ့ကိုမခင်ကြဘူးလို့ အပြစ်မတင်ဘူး။

သူတို့မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

( ၉ ) ငါဟာ ငါ့ရဲ့အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။

သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။

ငါ့စိတ်ကို ငါမထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။

ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင် နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

( ၁၀ ) ဘယ်လို သဘောထားရင် စိတ်ချမ်းသာမယ်။

ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။

ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲလေ့လာရမယ်။

စိတ်ချမ်းသာတဲ့သူကို လေ့လာမယ်။အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

( ၁၁ ) ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။

လဲချင်နေရင် စိတ်ဆင်းရဲနေမယ်။ ငါ့ဘဝကို ငါကျေနပ်တယ်။

ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာမယ်။

( ၁၂ ) ကိုယ့်ကို သူများချီးမွှမ်းတဲ့အခါ နှစ်သက်ပါတယ်။

ဒါပေမယ့် အဲ့ဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ချီးမွှမ်းတာခံရဖို့ မလုပ်ဘူး။

ကိုယ်စိတ်ဝင်စားတာ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာကို လုပ်မယ်။

ချီးမွှမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွှမ်းမှာလား၊ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

( ၁၃ ) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။

ဒီအလုပ် လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။

( ၁၄ ) “အပ္ပမာနေန သမ္ပာဒေထ” လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးခဲ့တာကို မမေ့ဘူး။

တို့ဘုရား မှာကြားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။

နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။

( ၁၅ ) ကိုယ့်စိတ်မှာ ဖြစ်တဲ့ခံစားမှုနဲ့ပက်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။

ငါ့စိတ်ကိုငါ စိတ်ချမ်းသာအောင် ထားနိုင်တယ်။

ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။

ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။

အဲ့ဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။စိတ်ချမ်းသာတဲ့သူ

မဖြစ်သေးဘူး။

ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။

အဲ့ဒီလို သဘောထားကို ပြတ်ပြတ်သားထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။

ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

စိတ်ချမ်းသာအောင် နေတတ်တဲ့သူတွေမှာရှိတဲ့ လက္ခဏာတွေဟာ ဘာတွေလဲ?

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ—

သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ အသိဉာဏ်တောက်ပြောင်တယ်။

ရွှင်လန်းတယ်။ ပင်ကိုဉာဏ်ရှိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။

မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။

စိတ်အားထက်သန်တယ်။ တတ်ကြွတယ်။ ခွင့်လွှတ်နိုင်တယ်။ ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။

ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။ ကြည်လန်းရွှင်ကြည်တယ်။

ကြင်နာတယ်။ ညှာတာတတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်။

အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။

စိတ်ရှည်တယ်။စောင့်ထိန်းနိုင်တယ်။ စိတ်ငြိမ်းချမ်းတယ်။ စိတ်စွမ်းအားကြီးတယ်။

အလုပ်များများလုပ်နိုင်တယ်။ ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို

ရင်ဆိုင်ကျော်လွှားနိုင်တယ်။အခက်အခဲကို

ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။
tameelay

No comments:

Post a Comment