Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 9, 2019

အာဟာရဓာတ္ျပည့္ဝတဲ့ ပန္းေဂၚဖီစိမ္း အမဲသားေၾကာ္


 အာဟာရဓာတ္ျပည့္စံုၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ဟင္းလ်ာတစ္ခြက္ကို မိနစ္ ၃၀ အတြင္း ခ်က္ျပဳတ္ျပင္ဆင္ခ်င္ပါသလား။

အဲ့ဒါဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ ပန္းေဂၚဖီစိမ္း အမဲသားေၾကာ္ကို ခ်က္ျပဳတ္ျပင္ဆင္ၾကည့္လိုက္ပါ။





ပါဝင္ပစၥည္းမ်ား

    ပါးပါးလွီးထားေသာ အမဲသား ၁ ေပါင္ခြဲ
    ဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
    ႏုတ္ႏုတ္စဥ္းထားေသာ ဂ်င္း လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
    ခ႐ုဆီ ႏွင့္ အမဲျပဳတ္ရည္ (သို႔) ႐ိုး႐ိုးေရ စားပြဲတင္ဇြန္း ၄ ဇြန္းစီ
    သၾကားႏွင့္ ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစီ

    ပန္းေဂၚဖီစိမ္း ၁၄၄ ဂရမ္ (အေနေတာ္ လွီးျဖတ္ထားပါ)
    ဆားႏွင့္ င႐ုတ္ေကာင္းမႈန္႔ အနည္းငယ္

ျပဳလုပ္နည္းအဆင့္ဆင့္

၁။ ဒယ္အိုးကို အပူေပးၿပီးေနာက္ ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္လိုက္ပါ။ ပန္းေဂၚဖီတံုးမ်ားကို ဒယ္အိုးထဲထည့္ၿပီး ၄ မိနစ္ခန္႔ (ႏူးညံ့ေပ်ာ့ေပ်ာင္းလာသည္အထိ) ေၾကာ္ေပးလိုက္ပါ။

၂။ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းတို႔ထပ္ထည့္ၿပီး စကၠန္႔ (၃၀) ခန္႔ ထပ္ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ပန္းေဂၚဖီေၾကာ္ကို ပန္းကန္ျပားထဲသို႔ ေျပာင္းထည့္ၿပီး သပ္သပ္ဖယ္ထားလိုက္ပါ။

၃။ ဒယ္အိုးကို သန္႔စင္ၿပီးတဲ့ေနာက္မွာ က်န္႐ွိေနတဲ့ ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ၿပီး ဆီပူလာေအာင္ေစာင့္ပါ။

၄။ အမဲသားတံုးမ်ားကို ဆား၊ င႐ုတ္ေကာင္းတို႔နဲ႔ သမေအာင္ နယ္ၿပီးေနာက္ ဒယ္အိုးထဲ ထည့္ေၾကာ္ေပးလိုက္ပါ။ တစ္ခါေၾကာ္ရင္ ၃ မိနစ္၊ ၄ မိနစ္ခန္႔ ေၾကာ္ၿပီး ႏွစ္ျခမ္းစလံုးေၾကာ္ေပးရပါမယ္။

၅။ အမဲသားတံုးမ်ား အညိဳေရာင္ေျပာင္းသြားၿပီး ေကာင္းစြာ က်က္သြားပါက ပန္းေဂၚဖီေၾကာ္ထပ္ေပါင္းထည့္ၿပီး ၂ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။

၆။ ပန္းကန္လံုးတစ္လံုးထဲတြင္ ခ႐ုဆီ၊ အမဲျပဳတ္ရည္ (သို႔မဟုတ္ ေရ)၊ သၾကား၊ ႏွမ္းဆီနဲ႔ ပဲငံျပာရည္တို႔ကို သမေအာင္ ေရာေမႊေလာက္ပါ။ အျခားပန္ကန္လံုးတစ္လံုးထဲတြင္ ဆန္မႈန္႔ကို ေရခဲေရ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ေဖ်ာ္ထားလိုက္ပါ။

၇။ အမဲသားေၾကာ္ေပၚသို႔ ခ႐ုဆီ အေရာအေႏွာမ်ား ေလာင္းထည့္ၿပီး စကၠန္႔ ၃၀ ခန္႔ ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ဆန္မႈန္႔ရည္ထပ္ထည့္ၿပီး ၁ မိနစ္ခန္႔ ထပ္တည္ေပးလိုက္ပါ။

၈။ ဆန္မႈန္႔ရည္မ်ား ပ်စ္သြားပါက မီးဖိုေပၚကခ်ၿပီး ပန္းကန္ထဲေျပာင္းထည့္ကာ ထမင္းနဲ႔ အရသာ႐ွိ႐ွိ စားသံုးႏိုင္ပါၿပီ။

myfoodmyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

အာဟာရဓာတ်ပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းလျာတစ်ခွက်ကို မိနစ် ၃၀ အတွင်း ချက်ပြုတ်ပြင်ဆင်ချင်ပါသလား။

အဲ့ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ပန်းဂေါ်ဖီစိမ်း အမဲသားကြော်ကို ချက်ပြုတ်ပြင်ဆင်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

    ပါးပါးလှီးထားသော အမဲသား ၁ ပေါင်ခွဲ
    ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    နုတ်နုတ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ခရုဆီ နှင့် အမဲပြုတ်ရည် (သို့) ရိုးရိုးရေ စားပွဲတင်ဇွန်း ၄ ဇွန်းစီ
    သကြားနှင့် ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

    ပန်းဂေါ်ဖီစိမ်း ၁၄၄ ဂရမ် (အနေတော် လှီးဖြတ်ထားပါ)
    ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ပန်းဂေါ်ဖီတုံးများကို ဒယ်အိုးထဲထည့်ပြီး ၄ မိနစ်ခန့် (နူးညံ့ပျော့ပျောင်းလာသည်အထိ) ကြော်ပေးလိုက်ပါ။

၂။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထပ်ထည့်ပြီး စက္ကန့် (၃၀) ခန့် ထပ်ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီကြော်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပြီး သပ်သပ်ဖယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာ ကျန်ရှိနေတဲ့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ဆီပူလာအောင်စောင့်ပါ။

၄။ အမဲသားတုံးများကို ဆား၊ ငရုတ်ကောင်းတို့နဲ့ သမအောင် နယ်ပြီးနောက် ဒယ်အိုးထဲ ထည့်ကြော်ပေးလိုက်ပါ။ တစ်ခါကြော်ရင် ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပြီး နှစ်ခြမ်းစလုံးကြော်ပေးရပါမယ်။

၅။ အမဲသားတုံးများ အညိုရောင်ပြောင်းသွားပြီး ကောင်းစွာ ကျက်သွားပါက ပန်းဂေါ်ဖီကြော်ထပ်ပေါင်းထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ပန်းကန်လုံးတစ်လုံးထဲတွင် ခရုဆီ၊ အမဲပြုတ်ရည် (သို့မဟုတ် ရေ)၊ သကြား၊ နှမ်းဆီနဲ့ ပဲငံပြာရည်တို့ကို သမအောင် ရောမွှေလောက်ပါ။ အခြားပန်ကန်လုံးတစ်လုံးထဲတွင် ဆန်မှုန့်ကို ရေခဲရေ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဖျော်ထားလိုက်ပါ။

၇။ အမဲသားကြော်ပေါ်သို့ ခရုဆီ အရောအနှောများ လောင်းထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဆန်မှုန့်ရည်ထပ်ထည့်ပြီး ၁ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

၈။ ဆန်မှုန့်ရည်များ ပျစ်သွားပါက မီးဖိုပေါ်ကချပြီး ပန်းကန်ထဲပြောင်းထည့်ကာ ထမင်းနဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။
myfoodmyanmar

No comments:

Post a Comment