Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 9, 2019

အစ္စရေးစစ်သား


အစ္စရေးနိုင်ငံရဲ့ လမ်းမကြီးတစ်ခုအထက်မှာ လမ်းကြုံလိုက်ရန်အတွက် စစ်သားတစ်ယောက်က ကားတစ်စီးကိုတားတယ် ကားကရပ်မပေးဘူး မတင်ဘူး

သူ့ကိုမတင်ခေါ်ရမလားဆိုပြီး ထိုစစ်သားက ကားကိုခဲနဲ့ထုတယ် ကားပိုင်ရှင်က စစ်ရုံးကိုသွားတိုင်တယ်

ထိုအခါ အစ္စရေးကာကွယ်ရေးဦးစီးချုပ် မိုရှေဒါယန်က စစ်တပ်ကရေးနေတဲ့သတင်းစာကော်လံတစ်ခုမှာ
ဒီလိုရေးလိုက်တယ် ....

"အမောင်စစ်သား မင်းနံမည်ကိုငါမသိဘူး မင်းရာထူးအဆင့်ကိုငါမသိဘူး မင်းကိုယ်ပိုင်နံပါတ်ကိုငါမသိဘူး ဒါပေမဲ့ ငါသိတာတစ်ခုကတော့ မင်းကစစ်သားတစ်ယောက်ပဲ ...

စစ်သားတစ်ယောက်ဖြစ်နေလျက် မင်းက ပြည်သူတစ်ဦးရဲ့ကားကို ခဲနဲ့ပေါက်ခဲ့တယ် ဒီအပြုအမူကို ငါတို့အစ္စရေးတပ်မတော်ကလက်မခံဘူး ....

ငါတို့တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုမင်းတန်ဖိုးထားရင် မင်းစစ်သားပီသရင် မင်းရှေ့ထွက်လာပြီးတာဝန်ယူပါ" လို့ သတင်းစာကနေကြေငြာတယ်

ထုတဲ့စစ်သားက စစ်ရုံးမှာလာဝန်ခံပြီး အဖမ်းခံတယ်။ သူ့လစာထဲကနေ ကွဲသွားတဲ့ကားမှန်ဖိုးပေးလျော်ပြီး ကားပိုင်ရှင်ကိုတောင်ပန်တယ်။
စစ်ရုံးရဲ့အရေးယူမှု ကိုခံယူတယ်။

Hlwan Wai Lwin

No comments:

Post a Comment