Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ပိုးျဖဴသန္႔ ရဲ့ နာက်င္နာက်ည္းရင္းနဲ႔ ေရးတဲ့စာ


▪️နာက်င္နာက်ည္းရင္းနဲ႔ ေရးတဲ့စာ▪️

တခါတေလဆိုေလ ကိုယ့္ႏိုင္ငံၾကီးကို သိပ္အားမရတာဘဲ.. ျပည္သူကတဖက္၊ ငါတို႔ကသတ္သတ္ဆိုတဲ့ အခြင့္ထူးခံ၊ ေရေပၚဆီ လူ႔မလိုင္ေတြပဲ ပိုက္ဆံနဲ႔ခင္းၿပီး ပညာေတြ ပိုသင္ခြင့္ရ၊ ပိုအျမင္က်ယ္ရနဲ႔ ပိုခ်မ္းသာသထက္ ခ်မ္းသာ၊ လူရာဝင္သထက္ ဝင္လာတာ.. လူအမ်ားစုက ခံခဲ့ရတဲ့နာက်ည္းစရာ သမိုင္းကို ေမ့ကုန္ၾကတာ..

ပိုင္ျဖိဳးသုနဲ႔ ဏၾကီးမဂၤလာေဆာင္ကို လာတက္တဲ့ ဂ်ိဳကုပ္ဖင္တြန္႔နား လူေတြဝိုင္းေနတာပဲ ၾကည့္ပါလား.. မို႔မို႔ျမင့္ေအာင္ၾကီးဆိုလည္း ခင္ညႊန္႔အနားမယ္ ျဖီးေနတာမွ မို႔ မယံုႏိုင္ဘူးဘဲ.. သူတို႔မဂၤလာေဆာင္ သူတို႔ႀကိဳက္တဲ့သူ ဖိတ္လို႔ရတာ သူတို႔ပါဆင္နယ္ဆိုရင္ ျပည္ဖ်က္ခဲ့တဲ့ ခင္ညႊန္႔ကို ဖားယားပြတ္သပ္ နီးစပ္ေအာက္က်ိဳ႕တဲ့အသိုင္းအဝိုင္းဆို အလိုလိုကို ဖယ္က်ဥ္ခ်င္တာလည္း ကိုယ္ေတြရဲ႕ ေရြးခ်ယ္ခြင့္ပဲ.. ဏၾကီးအေဖက စစ္တပ္အသိုင္းအဝိုင္းကမို႔၊ သတို႔သမီးအေမက ခင္ညႊန္႔ေခတ္က မိခင္နဲ႔ကေလးအသင္းကမို႔ အေတာ္ရင္းႏွီးခဲ့တာဆိုလည္း ခင္ညႊန္႔ကို ဖိတ္တာဆိုလည္း တိုင္းျပည္အေပၚ ဒီေလာက္ယုတ္ခဲ့သူကို လူထူထူၾကား အေရးတယူလုပ္ဖိတ္တာဟာ ကိုယ္ကေတာ့ ျပည္သူကို ဖင္လွန္ျပသူေတြလို႔ပဲ ေတြးတယ္..

အဆိုးဆံုးက အဲ့ဒီ ျပည္သူအေပၚယုတ္ခဲ့တဲ့ မ်ိဳးဆက္ကလူေတြကို idol ပါ အမည္တပ္ ကိုးကြယ္အားက်ပစ္လိုက္တဲ့အထိကို အမ်ားစုက ဆုတ္ယုတ္လာတာ.. သိသာတဲ့နမူနာဆို ဟိုဗ်ဴးတီးဘေလာ့ဂါပဲၾကည့္.. သူခ်မ္းသာတာ သူ႔အေဖဂ်ီအီးတပ္မွာ မလုပ္ခဲ့ရင္ ခုလိုပဲ ခ်မ္းသာသံုးျဖဳန္းေနႏိုင္ဦးမွာလား.. ရိွသမွ်စစ္တပ္ကလူကေတာ့ မ်ိဳးရိုးစဥ္ဆက္၊ မိန္းမဘက္က အေမြရမခ်မ္းသာႏိုင္တာေလးလည္း သတိရေစခ်င္တာပဲ.. ခုက် မိန္းကေလးေတြက ကိုယ့္အားကိုယ္ကိုးဖို႔ထက္ သူ႔လိုဘဝေလး လိုခ်င္လိုက္တာရယ္ဆိုတာ စစ္ဖိနပ္ကို မနာတတ္လို႔သာ.. ဒါက ကုသိုလ္ကံဆိုတာထက္ ကိုယ္သံုးျဖဳန္းရဖို႔ အေဖအဖိုး ငရဲေဇာက္ထိုးက်မယ့္ကံအရင္းျပဳၿပီး ရလာတဲ့ အပူစာေတြ.. ဟိုေမ်ာက္ရဲ႕ MTV ရိုက္ခကုန္က်စရိတ္ေတြဆိုလည္း ကိုယ္ေတြရဲ႕ အခြန္ေငြေတြ၊ ကိုယ့္သားသမီး ဖတ္စာအုပ္ဖိုးေတြ.. ကိုယ့္အိမ္ေရွ႕က ေျမာင္းဆယ္ဖို႔၊ မီးမရေသးတဲ့ဆီေတြမွာ လွ်ပ္စစ္သြယ္ဖို႔ ျပည္သူအတြက္မသံုးလိုက္ရဘဲ မင္းသမီးေတြနဲ႔ ပလူးျပဖို႔၊ ဂူခ်ီအိတ္ဝယ္ဖို႔ ျဖစ္ကုန္ရတဲ့ ျပည္သူ႔ဘ႑ာေတြ.. ဒါသည္ပင္လွ်င္ စစ္အစိုးရနဲ႔ သူ႔အဆြယ္အပြားေတြရဲ႕ ေအာင္ျမင္ျခင္းပဲ..

တကယ္က သူတို႔ေအာင္ျမင္မႈ၊ ေက်ာ္ၾကားမႈဆိုတာက ကိုယ္ေတြအခြန္ေငြေတြကို ဂုတ္ေသြးစုပ္ခ်နင္း ရလာတာေတြ မျမင္တတ္ႏိုင္တာ ဝမ္းနည္းစရာၾကီး.. အေဖက ေရခဲေခ်ာင္းေရာင္းရာကေန မင္းသမီးျဖစ္ခ်င္လို႔ ရုန္းကန္ရသူနဲ႔ ဂ်ီအီးတပ္ကလူရဲ႕သမီးျဖစ္ခ်င္တာနဲ႔ ရင္ဆိုင္ရတဲ့အခက္အခဲခ်င္း ပမာဏ တူမယ္ထင္သလား.. ေထာက္လွမ္းေရးက ဗုိလ္မႈးၾကီးသားက ဒါရိုက္တာျဖစ္ဖို႔၊ ရုပ္ရွင္ရိုက္ဖို႔ ရုန္းကန္ရတာနဲ လယ္သမားသားသမီးက cinematology သင္ခ်င္တာ ျဖစ္ႏို္င္ေခ်အတူတူပဲရယ္လို႔ ျငင္းရဲရဲ႕လား.. ျပည္သူအမ်ားစုမရတဲ့အခြင့္အေရးေတြ ဖင္ခုထိုင္ထားၾကသူေတြကို ျမင္တိုင္း အားက်ခ်ီးက်ဴးဖို႔ထက္ ဒင္းတို႔ထက္ ကိုယ္ရည္ကိုယ္ေသြးရိွတဲ့ သာမန္အရပ္သူအရပ္သား လူငယ္ေလးေတြကို ေျမေတာင္ေျမွာက္ေပးခြင့္ရရင္လို႔ အျမဲေတြးမိရတယ္.. ခုက် အရင္က ဘာလုပ္လုပ္၊ ဒီပိုက္ဆံအာဏာလုပ္ပိုင္ခြင့္ေတြ ဘယ္လိုလာလာ ကိုယ္ေတြ တိုင္းျပည္က ပိုက္ဆံနဲ႔ ေက်ာ္ၾကားမွဳကိုပဲ တန္ဖိုးထားတဲ့အခ်ိန္ကိုပဲ ေရာက္သြားတာလား..

လူႀကီးေတြမွာ အေရးစိုက္စရာမ်ားလို႔ ဒါကို သတိမထားမိေတာင္ လူငယ္ခ်င္း ျမင္ေနရတဲ့ ကိုယ္ေတြအဖို႔ ခံျပင္းစရာႀကီး.. ကိုယ္ေတြမွာ ႀကိဳးစားရတယ္ ရုန္းကန္ရတယ္.. ဒါေပမယ့္ ႏိုင္ငံျခားက တကၠသိုလ္ေတြမွာ ပညာသင္ႏိုင္တာ၊ အလုပ္ေကာင္းရိွ ေအာင္ျမင္ႏိုင္သူက ဘယ္ႏွစ္ေယာက္ရိွမလဲ.. သူတို႔က် ေမြးကတည္းက ေ႐ႊလင္ပန္းနဲ႔အခ်င္းေဆး မရုန္းမကန္ရဘဲ အေပၚလႊာအလိုလိုေရာက္.. သာမန္လူတန္းစား/ လူလတ္တန္းစားအမ်ားစုက မနာတမ္း မညွာတမ္းေျပာရရင္ အဖက္ဖက္က က်ဆံုးေနရတာ.. တစ္ရာမွာ/ တစ္ေထာင္မွာ ေတာ္တဲ့တေယာက္ကိုပဲ ၾကည့္ၿပီး ဗမာေတြ မညံ့ဘူးလုပ္ေနရတာ.. စနစ္သာမွန္ရင္ လူတန္းစားတဝက္ေလာက္က ဒီ့ထက္ပိုပညာသင္ခြင့္ရ လူေနမႈအဆင့္ ျမင့္ေနရမွာ..

ခုက် ေရခ်ယ္လ္ေတဇကို ဖင္ေပးေပါင္းေနတာေတြ newsfeed မွာ မျမင္ခ်င္လည္း ေတြ႔ေနတာပဲ.. အသံေလးက အသံေလးကနဲ႔ေတြ၊ ပန္းခ်ီကားေတြ.. အိုး ပရိတ္သတ္ကိုသာ ေခ်ခ်င္ခ်င္မယ္၊ သူေဌးသားသမီးေတြနဲ႔က် ခင္တယ္ေျပာႏိုင္ရင္ကိုပဲ ေခါင္းတလံုးပိုလာသလို ထင္ေနတဲ့ ဖင္ျမင့္သူလူတန္းစားေတြ.. ၿပီးေတာ့ ေတဇသားအႀကီးအငယ္၊ ဦးမိုးျမင့္သားအႀကီးအငယ္.. ေကာင္မေလးေတြက စင္ဒရဲလားအိပ္မက္ သိပ္မက္ခ်င္ၾကတယ္.. သူတို႔အေဖဘာလုပ္လုပ္၊ သူတို႔သားေတြက ေခ်ာတယ္၊ ပိုက္ဆံရိွတယ္၊ စတိုင္က်တယ္၊ ပိုက္ဆံရွာတတ္တယ္မွာ ဂိတ္ဆံုး.. တကယ္က ဒါ ကိုယ္ေတြတိုးတက္ႏိုင္တဲ့ အခြင့္အလမ္းေတြကို ညွစ္ထုတ္စားၿပီး နင္းတက္သြားတာေတြ.. ခုက မနာႏိုင္ဘဲ ေမ်ာက္ကိုဆိုလည္း ကိုကို ေတာ္ေကာက္ပါေတြ၊ အန္တီ့သမီးေလးနဲ႔ မိတ္ဆက္ေပးပါရေစေတြ ျဖစ္ေနတာ.. တခါတေလက် ကိုယ္ေတြမ်ိဳးဆက္၊ ကိုယ္ေတြႏိုင္ငံ ငါတို႔တသက္ နလန္ျပန္ထူပါ့မလားေတာင္ သံသယရိွတယ္..

ငါတို႔ နလန္ျပန္ထူဦးမွာလား၊ ၿပီးေတာ့ သူတို႔ ဝဋ္လည္ၾကဦးမွာလား.. ငါတို႔ မ်ိဳးဆက္ဘယ္ႏွစ္ခု ေတာင့္ခံႏိုင္မွာလဲ.. ပညာတတ္ဆိုတဲ့လူေတြထဲမွာကို ရင္ၾကားေစ့ေရးနဲ႔ ကိုယ့္အခြင့္အေရး မကြဲတာေတြ အမ်ားႀကီး.. ကိုယ္သေဘာထားၾကီးေၾကာင္း ျပခ်င္လြန္းလာရင္က် မေတာင္းပန္တဲ့ စစ္ရာဇဝတ္ေကာင္ ေထာက္ျပဳတ္လည္း ပင္နီၾကီးနဲ႔ ထိုင္ကန္ေတာ့ရတာပဲ.. ခြင့္လႊတ္တာဟာ ေအာက္က်ိဳ႕တာမဟုတ္မွန္းမွ နားမလည္ႏိုင္ရင္ေတာ့ နာက်ည္းရတာပဲ.. ရင္ၾကားေစ့ေရးဆိုတာ ဖင္ၾကားအေတ့ခံဖို႔မွ မဟုတ္ဘဲ.. ခြင့္လႊတ္ေပးဖို႔ဆိုတာ အရင္ဆံုး အျပစ္သားက အျပစ္ကို ဝန္ခံမွ ေရွ႕ဆက္ေလွ်ာက္လို႔ရမယ့္လမ္းမွာ ဘာလာလာသည္းခံဖို႔ဆို ကိုယ္စြမ္းကိုယ္စ ညံ့လြန္းရာသာ က်လိမ့္မယ္.. ခင္ညႊန္လို႔ စစ္ရာဇဝတ္ေကာင္နဲ႔ ရင္ၾကားေစ့ဖို႔ ကိုယ့္ဘက္ကလူေတြကို ေက်ာခိုင္းပစ္တာ တန္ရဲ႕လား..

ဒီအတိုင္းသာသြား.. အာဏာရွင္အသိုင္းအဝိုင္းက သားသမီးေတြသာ ပညာသင္ခြင့္ပိုရေတာ့ စာပိုတတ္ ပိုအျမင္က်ယ္ သူတို႔မ်ိဳးဆက္ပဲ ပိုခ်မ္းသာ ေျခကုတ္ယူ ေငြအားကိုးနဲ႔ အတိတ္ကအရိပ္ေတြ သမိုင္းအျဖစ္ဆိုးေတြ ဖြက္ထား.. အဖိုးအဖြားေတြ မတရား ယုတ္မာဖ်ံက်ခဲ့သမွ် စည္းစိမ္ဥစၥာအရင္းျပဳရင္း သူတို႕သားေျမးေတြကပဲ တရားတဲ့ဥပေဒေဘာင္ထဲကေန ေျခကုတ္ယူၿပီး လႊမ္းမိုးကုန္မွာ.. ခံခဲ့ရသူေတြအတြက္က ဘယ္မွာလဲ တရားမွ်တမႈ.. မ်ိဳးရိုးစဥ္ဆက္ဆုတ္ယုတ္ရတာပဲ.. ဦးကိုနီ လူျမင္ကြင္းမွာ ေသနတ္နဲ႔ နားထင္ေတ႔အပစ္ခံရတယ္.. ေသာက္က်ိဳးနည္း ရံုးခ်ိန္းေတြ ဘယ္မွာလဲ တရားမွ်တမႈ.. ခုလို နယူူးရီးယား ေအာင္ရဲေထြး အႏိုင္က်င့္ခံရၿပီး ေသတယ္.. ဘယ္မလဲ တရားခံေတြ အေရးယူခံရမႈ.. လာဘ္ထိုးၿပီး ေထာင္ထဲကေနေတာင္ လြတ္လာေသးတယ္..

လက္နက္ကိုင္ေတာ္လွန္လို႔ အလုပ္ျဖစ္တယ္လည္း ကိုယ္က မယံုေလေတာ့ သူတို႔ခ်ထားတဲ့ ေဘာင္ေတြထဲကေန ကိုယ္ေတြ ဘယ္ေလာက္ေတာ္လွန္ ရုန္းထြက္ႏိုင္မွာလဲ.. သူတို႔က ေငြေတြ အာဏာေတြ သံုးၿပီး ကိုယ့္တက္လမ္းကို ခ်ိဳး ကိုယ့္ဘဝကို အျမစ္ကလွန္ႏႈတ္မပစ္ဖို႔ေတာင္ စိုး႐ြံ႕ေနရမွာႀကီး.. ဒီလိုမႏိုင္၍ ေအာင့္အီးသည္းခံေနရျခင္းအျဖစ္ေတြက နာက်င္စရာမက နာက်ည္းစရာပါ ေကာင္းတယ္.. အထူးသျဖင့္ လူယုတ္မာေတြကို ပလႅင္ေပၚ ေနရာေပး၊ လူလူသူသူ ပြတ္ပြတ္သပ္သပ္ ဆက္ဆံရင္းႏွီး အထင္ၾကီးေနတာကိုက် စစ္ရာဇဝတ္ေကာင္မွ မဟုတ္ဘူး၊ သူတို႔အရိပ္ေအာက္က သူတို႔သားေျမးထိပါ အထင္ၾကီး အားက်ေနရင္ အလိုလိုေနရင္းကို စက္ဆုပ္ရြံမုန္းရတာပဲ..

မကြယ္မဝွက္တမ္းေျပာရရင္ ကိုယ္က တရားတာကို လိုခ်င္တယ္.. သူေဌးက ေမြးလို႔ သူေဌးသားသမီး ခ်မ္းသာ အလြယ္တကူပညာတတ္တာကို မနာလိုမျဖစ္ဘဲ ေနႏိုင္ေပမယ့္ ကိုယ္ေတြရရမယ့္အခြင့္အလမ္းေတြ၊ ျပည္သူတေယာက္ခ်င္းစီရဲ႕ ရပိုင္ခြင့္ေတြကို မတရားညွစ္ယူသြားတဲ့ လူယုတ္မာသားသမီးေတြ ခ်မ္းသာပညာတတ္ၿပီး လူအမ်ားစုက ေအာက္ေျခဘဝမွာ နိမ့္ပါးေနတာကို မခံခ်င္ဘူး.. ဘဝမွာေလ မွ်တာတာကို မျမင္ရေတာင္ တရားတာကိုေတာ့ ျမင္သြားခ်င္ေသးတယ္..

ေရးသားသူ - ပိုးျဖဴသန္႔


............


▪️နာကျင်နာကျည်းရင်းနဲ့ ရေးတဲ့စာ▪️

တခါတလေဆိုလေ ကိုယ့်နိုင်ငံကြီးကို သိပ်အားမရတာဘဲ.. ပြည်သူကတဖက်၊ ငါတို့ကသတ်သတ်ဆိုတဲ့ အခွင့်ထူးခံ၊ ရေပေါ်ဆီ လူ့မလိုင်တွေပဲ ပိုက်ဆံနဲ့ခင်းပြီး ပညာတွေ ပိုသင်ခွင့်ရ၊ ပိုအမြင်ကျယ်ရနဲ့ ပိုချမ်းသာသထက် ချမ်းသာ၊ လူရာဝင်သထက် ဝင်လာတာ.. လူအများစုက ခံခဲ့ရတဲ့နာကျည်းစရာ သမိုင်းကို မေ့ကုန်ကြတာ..



ပိုင်ဖြိုးသုနဲ့ ဏကြီးမင်္ဂလာဆောင်ကို လာတက်တဲ့ ဂျိုကုပ်ဖင်တွန့်နား လူတွေဝိုင်းနေတာပဲ ကြည့်ပါလား.. မို့မို့မြင့်အောင်ကြီးဆိုလည်း ခင်ညွှန့်အနားမယ် ဖြီးနေတာမှ မို့ မယုံနိုင်ဘူးဘဲ.. သူတို့မင်္ဂလာဆောင် သူတို့ကြိုက်တဲ့သူ ဖိတ်လို့ရတာ သူတို့ပါဆင်နယ်ဆိုရင် ပြည်ဖျက်ခဲ့တဲ့ ခင်ညွှန့်ကို ဖားယားပွတ်သပ် နီးစပ်အောက်ကျို့တဲ့အသိုင်းအဝိုင်းဆို အလိုလိုကို ဖယ်ကျဉ်ချင်တာလည်း ကိုယ်တွေရဲ့ ရွေးချယ်ခွင့်ပဲ.. ဏကြီးအဖေက စစ်တပ်အသိုင်းအဝိုင်းကမို့၊ သတို့သမီးအမေက ခင်ညွှန့်ခေတ်က မိခင်နဲ့ကလေးအသင်းကမို့ အတော်ရင်းနှီးခဲ့တာဆိုလည်း ခင်ညွှန့်ကို ဖိတ်တာဆိုလည်း တိုင်းပြည်အပေါ် ဒီလောက်ယုတ်ခဲ့သူကို လူထူထူကြား အရေးတယူလုပ်ဖိတ်တာဟာ ကိုယ်ကတော့ ပြည်သူကို ဖင်လှန်ပြသူတွေလို့ပဲ တွေးတယ်..



အဆိုးဆုံးက အဲ့ဒီ ပြည်သူအပေါ်ယုတ်ခဲ့တဲ့ မျိုးဆက်ကလူတွေကို idol ပါ အမည်တပ် ကိုးကွယ်အားကျပစ်လိုက်တဲ့အထိကို အများစုက ဆုတ်ယုတ်လာတာ.. သိသာတဲ့နမူနာဆို ဟိုဗျူးတီးဘလော့ဂါပဲကြည့်.. သူချမ်းသာတာ သူ့အဖေဂျီအီးတပ်မှာ မလုပ်ခဲ့ရင် ခုလိုပဲ ချမ်းသာသုံးဖြုန်းနေနိုင်ဦးမှာလား.. ရှိသမျှစစ်တပ်ကလူကတော့ မျိုးရိုးစဉ်ဆက်၊ မိန်းမဘက်က အမွေရမချမ်းသာနိုင်တာလေးလည်း သတိရစေချင်တာပဲ.. ခုကျ မိန်းကလေးတွေက ကိုယ့်အားကိုယ်ကိုးဖို့ထက် သူ့လိုဘဝလေး လိုချင်လိုက်တာရယ်ဆိုတာ စစ်ဖိနပ်ကို မနာတတ်လို့သာ.. ဒါက ကုသိုလ်ကံဆိုတာထက် ကိုယ်သုံးဖြုန်းရဖို့ အဖေအဖိုး ငရဲဇောက်ထိုးကျမယ့်ကံအရင်းပြုပြီး ရလာတဲ့ အပူစာတွေ.. ဟိုမျောက်ရဲ့ MTV ရိုက်ခကုန်ကျစရိတ်တွေဆိုလည်း ကိုယ်တွေရဲ့ အခွန်ငွေတွေ၊ ကိုယ့်သားသမီး ဖတ်စာအုပ်ဖိုးတွေ.. ကိုယ့်အိမ်ရှေ့က မြောင်းဆယ်ဖို့၊ မီးမရသေးတဲ့ဆီတွေမှာ လျှပ်စစ်သွယ်ဖို့ ပြည်သူအတွက်မသုံးလိုက်ရဘဲ မင်းသမီးတွေနဲ့ ပလူးပြဖို့၊ ဂူချီအိတ်ဝယ်ဖို့ ဖြစ်ကုန်ရတဲ့ ပြည်သူ့ဘဏ္ဍာတွေ.. ဒါသည်ပင်လျှင် စစ်အစိုးရနဲ့ သူ့အဆွယ်အပွားတွေရဲ့ အောင်မြင်ခြင်းပဲ..



တကယ်က သူတို့အောင်မြင်မှု၊ ကျော်ကြားမှုဆိုတာက ကိုယ်တွေအခွန်ငွေတွေကို ဂုတ်သွေးစုပ်ချနင်း ရလာတာတွေ မမြင်တတ်နိုင်တာ ဝမ်းနည်းစရာကြီး.. အဖေက ရေခဲချောင်းရောင်းရာကနေ မင်းသမီးဖြစ်ချင်လို့ ရုန်းကန်ရသူနဲ့ ဂျီအီးတပ်ကလူရဲ့သမီးဖြစ်ချင်တာနဲ့ ရင်ဆိုင်ရတဲ့အခက်အခဲချင်း ပမာဏ တူမယ်ထင်သလား.. ထောက်လှမ်းရေးက ဗိုလ်မှုးကြီးသားက ဒါရိုက်တာဖြစ်ဖို့၊ ရုပ်ရှင်ရိုက်ဖို့ ရုန်းကန်ရတာနဲ လယ်သမားသားသမီးက cinematology သင်ချင်တာ ဖြစ်နို်င်ချေအတူတူပဲရယ်လို့ ငြင်းရဲရဲ့လား.. ပြည်သူအများစုမရတဲ့အခွင့်အရေးတွေ ဖင်ခုထိုင်ထားကြသူတွေကို မြင်တိုင်း အားကျချီးကျူးဖို့ထက် ဒင်းတို့ထက် ကိုယ်ရည်ကိုယ်သွေးရှိတဲ့ သာမန်အရပ်သူအရပ်သား လူငယ်လေးတွေကို မြေတောင်မြှောက်ပေးခွင့်ရရင်လို့ အမြဲတွေးမိရတယ်.. ခုကျ အရင်က ဘာလုပ်လုပ်၊ ဒီပိုက်ဆံအာဏာလုပ်ပိုင်ခွင့်တွေ ဘယ်လိုလာလာ ကိုယ်တွေ တိုင်းပြည်က ပိုက်ဆံနဲ့ ကျော်ကြားမှုကိုပဲ တန်ဖိုးထားတဲ့အချိန်ကိုပဲ ရောက်သွားတာလား..



လူကြီးတွေမှာ အရေးစိုက်စရာများလို့ ဒါကို သတိမထားမိတောင် လူငယ်ချင်း မြင်နေရတဲ့ ကိုယ်တွေအဖို့ ခံပြင်းစရာကြီး.. ကိုယ်တွေမှာ ကြိုးစားရတယ် ရုန်းကန်ရတယ်.. ဒါပေမယ့် နိုင်ငံခြားက တက္ကသိုလ်တွေမှာ ပညာသင်နိုင်တာ၊ အလုပ်ကောင်းရှိ အောင်မြင်နိုင်သူက ဘယ်နှစ်ယောက်ရှိမလဲ.. သူတို့ကျ မွေးကတည်းက ရွှေလင်ပန်းနဲ့အချင်းဆေး မရုန်းမကန်ရဘဲ အပေါ်လွှာအလိုလိုရောက်.. သာမန်လူတန်းစား/ လူလတ်တန်းစားအများစုက မနာတမ်း မညှာတမ်းပြောရရင် အဖက်ဖက်က ကျဆုံးနေရတာ.. တစ်ရာမှာ/ တစ်ထောင်မှာ တော်တဲ့တယောက်ကိုပဲ ကြည့်ပြီး ဗမာတွေ မညံ့ဘူးလုပ်နေရတာ.. စနစ်သာမှန်ရင် လူတန်းစားတဝက်လောက်က ဒီ့ထက်ပိုပညာသင်ခွင့်ရ လူနေမှုအဆင့် မြင့်နေရမှာ..



ခုကျ ရေချယ်လ်တေဇကို ဖင်ပေးပေါင်းနေတာတွေ newsfeed မှာ မမြင်ချင်လည်း တွေ့နေတာပဲ.. အသံလေးက အသံလေးကနဲ့တွေ၊ ပန်းချီကားတွေ.. အိုး ပရိတ်သတ်ကိုသာ ချေချင်ချင်မယ်၊ သူဌေးသားသမီးတွေနဲ့ကျ ခင်တယ်ပြောနိုင်ရင်ကိုပဲ ခေါင်းတလုံးပိုလာသလို ထင်နေတဲ့ ဖင်မြင့်သူလူတန်းစားတွေ.. ပြီးတော့ တေဇသားအကြီးအငယ်၊ ဦးမိုးမြင့်သားအကြီးအငယ်.. ကောင်မလေးတွေက စင်ဒရဲလားအိပ်မက် သိပ်မက်ချင်ကြတယ်.. သူတို့အဖေဘာလုပ်လုပ်၊ သူတို့သားတွေက ချောတယ်၊ ပိုက်ဆံရှိတယ်၊ စတိုင်ကျတယ်၊ ပိုက်ဆံရှာတတ်တယ်မှာ ဂိတ်ဆုံး.. တကယ်က ဒါ ကိုယ်တွေတိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေကို ညှစ်ထုတ်စားပြီး နင်းတက်သွားတာတွေ.. ခုက မနာနိုင်ဘဲ မျောက်ကိုဆိုလည်း ကိုကို တော်ကောက်ပါတွေ၊ အန်တီ့သမီးလေးနဲ့ မိတ်ဆက်ပေးပါရစေတွေ ဖြစ်နေတာ.. တခါတလေကျ ကိုယ်တွေမျိုးဆက်၊ ကိုယ်တွေနိုင်ငံ ငါတို့တသက် နလန်ပြန်ထူပါ့မလားတောင် သံသယရှိတယ်..



ငါတို့ နလန်ပြန်ထူဦးမှာလား၊ ပြီးတော့ သူတို့ ဝဋ်လည်ကြဦးမှာလား.. ငါတို့ မျိုးဆက်ဘယ်နှစ်ခု တောင့်ခံနိုင်မှာလဲ.. ပညာတတ်ဆိုတဲ့လူတွေထဲမှာကို ရင်ကြားစေ့ရေးနဲ့ ကိုယ့်အခွင့်အရေး မကွဲတာတွေ အများကြီး.. ကိုယ်သဘောထားကြီးကြောင်း ပြချင်လွန်းလာရင်ကျ မတောင်းပန်တဲ့ စစ်ရာဇဝတ်ကောင် ထောက်ပြုတ်လည်း ပင်နီကြီးနဲ့ ထိုင်ကန်တော့ရတာပဲ.. ခွင့်လွှတ်တာဟာ အောက်ကျို့တာမဟုတ်မှန်းမှ နားမလည်နိုင်ရင်တော့ နာကျည်းရတာပဲ.. ရင်ကြားစေ့ရေးဆိုတာ ဖင်ကြားအတေ့ခံဖို့မှ မဟုတ်ဘဲ.. ခွင့်လွှတ်ပေးဖို့ဆိုတာ အရင်ဆုံး အပြစ်သားက အပြစ်ကို ဝန်ခံမှ ရှေ့ဆက်လျှောက်လို့ရမယ့်လမ်းမှာ ဘာလာလာသည်းခံဖို့ဆို ကိုယ်စွမ်းကိုယ်စ ညံ့လွန်းရာသာ ကျလိမ့်မယ်.. ခင်ညွှန်လို့ စစ်ရာဇဝတ်ကောင်နဲ့ ရင်ကြားစေ့ဖို့ ကိုယ့်ဘက်ကလူတွေကို ကျောခိုင်းပစ်တာ တန်ရဲ့လား..



ဒီအတိုင်းသာသွား.. အာဏာရှင်အသိုင်းအဝိုင်းက သားသမီးတွေသာ ပညာသင်ခွင့်ပိုရတော့ စာပိုတတ် ပိုအမြင်ကျယ် သူတို့မျိုးဆက်ပဲ ပိုချမ်းသာ ခြေကုတ်ယူ ငွေအားကိုးနဲ့ အတိတ်ကအရိပ်တွေ သမိုင်းအဖြစ်ဆိုးတွေ ဖွက်ထား.. အဖိုးအဖွားတွေ မတရား ယုတ်မာဖျံကျခဲ့သမျှ စည်းစိမ်ဥစ္စာအရင်းပြုရင်း သူတို့သားမြေးတွေကပဲ တရားတဲ့ဥပဒေဘောင်ထဲကနေ ခြေကုတ်ယူပြီး လွှမ်းမိုးကုန်မှာ.. ခံခဲ့ရသူတွေအတွက်က ဘယ်မှာလဲ တရားမျှတမှု.. မျိုးရိုးစဉ်ဆက်ဆုတ်ယုတ်ရတာပဲ.. ဦးကိုနီ လူမြင်ကွင်းမှာ သေနတ်နဲ့ နားထင်တေ့အပစ်ခံရတယ်.. သောက်ကျိုးနည်း ရုံးချိန်းတွေ ဘယ်မှာလဲ တရားမျှတမှု.. ခုလို နယူူးရီးယား အောင်ရဲထွေး အနိုင်ကျင့်ခံရပြီး သေတယ်.. ဘယ်မလဲ တရားခံတွေ အရေးယူခံရမှု.. လာဘ်ထိုးပြီး ထောင်ထဲကနေတောင် လွတ်လာသေးတယ်..



လက်နက်ကိုင်တော်လှန်လို့ အလုပ်ဖြစ်တယ်လည်း ကိုယ်က မယုံလေတော့ သူတို့ချထားတဲ့ ဘောင်တွေထဲကနေ ကိုယ်တွေ ဘယ်လောက်တော်လှန် ရုန်းထွက်နိုင်မှာလဲ.. သူတို့က ငွေတွေ အာဏာတွေ သုံးပြီး ကိုယ့်တက်လမ်းကို ချိုး ကိုယ့်ဘဝကို အမြစ်ကလှန်နှုတ်မပစ်ဖို့တောင် စိုးရွံ့နေရမှာကြီး.. ဒီလိုမနိုင်၍ အောင့်အီးသည်းခံနေရခြင်းအဖြစ်တွေက နာကျင်စရာမက နာကျည်းစရာပါ ကောင်းတယ်.. အထူးသဖြင့် လူယုတ်မာတွေကို ပလ္လင်ပေါ် နေရာပေး၊ လူလူသူသူ ပွတ်ပွတ်သပ်သပ် ဆက်ဆံရင်းနှီး အထင်ကြီးနေတာကိုကျ စစ်ရာဇဝတ်ကောင်မှ မဟုတ်ဘူး၊ သူတို့အရိပ်အောက်က သူတို့သားမြေးထိပါ အထင်ကြီး အားကျနေရင် အလိုလိုနေရင်းကို စက်ဆုပ်ရွံမုန်းရတာပဲ..



မကွယ်မဝှက်တမ်းပြောရရင် ကိုယ်က တရားတာကို လိုချင်တယ်.. သူဌေးက မွေးလို့ သူဌေးသားသမီး ချမ်းသာ အလွယ်တကူပညာတတ်တာကို မနာလိုမဖြစ်ဘဲ နေနိုင်ပေမယ့် ကိုယ်တွေရရမယ့်အခွင့်အလမ်းတွေ၊ ပြည်သူတယောက်ချင်းစီရဲ့ ရပိုင်ခွင့်တွေကို မတရားညှစ်ယူသွားတဲ့ လူယုတ်မာသားသမီးတွေ ချမ်းသာပညာတတ်ပြီး လူအများစုက အောက်ခြေဘဝမှာ နိမ့်ပါးနေတာကို မခံချင်ဘူး.. ဘဝမှာလေ မျှတာတာကို မမြင်ရတောင် တရားတာကိုတော့ မြင်သွားချင်သေးတယ်..



ရေးသားသူ - ပိုးဖြူသန့်

No comments:

Post a Comment