Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

အ၀င္းနဲ့ သူ့ကိုခ်စ္တဲ့ မိန္းမမ်ားအေၾကာင္း......


တီဗြီမွာ အဝင္းရဲ႕စကားေျပာအစီအစဥ္လႊင့္တဲ့အခ်ိန္ဟာ မိန္းမနဲ႔ကိုယ္နဲ႔ၾကား သေဘာထားကြဲလြဲရခ်ိန္ပဲ...

ကိုယ့္မိန္းမဟာ ေနရာတကာတိုင္းမွာ ကိုယ့္သေဘာကိုယ့္ဆႏၵေတြကိုသာ ဦးစားေပးလိုက္ေလ်ာတတ္ေပမယ့္ အဝင္းရဲ႕စကားေျပာအစီအစဥ္လာရင္ေတာ့ ကိုယ့္ကိုသူ႔ေယာက္်ားမွန္း ေမ့သြားပံုရတယ္...

အဲ့အခ်ိန္မွာ ကိုယ္ ဘာေျပာေျပာ သူ နားမေထာင္ေတာ့ဘူး...အဝင္းေျပာသမွ် မပီကလာပီကလာေလးေတြကိုပဲ ႀကီးက်ယ္ဝတၳဳခ်စ္ဟန္ျပဳလို႔ေငးေနေတာ္မူေလသတည္းေပါ့...

ကိုယ့္မိန္းမျဖစ္ေနပံုေတြကို ေဘးကေနဗြီဒီယို႐ိုက္ၿပီး ဖြဘုတ္ေပၚတင္ေပးလိုက္ရင္ ဆယ္လီမမျဖစ္သြားႏိုင္ေလာက္တယ္...အမူအယာမ်ဳိးစံု ပံုစံမ်ဳိးစံုနဲ႔ အသံမ်ဳိးစံုထြက္လို႔ အားမလိုအားမျဖစ္ေနပံုေတြဟာ တကယ့္ကိုရယ္ခ်င္စရာ...(ဒီလိုေျပာလိုက္လို႔ ဖြဘုတ္ဟာရယ္စရာေတြပဲ ဆယ္လီျဖစ္တာလို႔ ထင္မသြားနဲ႔အံုး...အေဖာ္အခြ်တ္ေတြလည္း ဆယ္လီျဖစ္တယ္...ဤကား စကားခ်ပ္...😄😄😄)

အဝင္းကိုေငးၾကည့္ရင္းျဖစ္ပ်က္ေနတဲ့ သူ႔ရဲ႕ျဖစ္အင္အဖံုဖံုကို ကိုယ္မွတ္တမ္းတင္ထားတဲ့ဗြီဒီယိုဖိုင္ကို သူ႔ကိုျပန္ျပလိုက္ေတာ့ သူ႔႐ုပ္သူၾကည့္ၿပီးျပံဳးတယ္...ၿပီးေတာ့ ကိုယ့္ဘက္ကိုလွည့္ၿပီး မ်က္ေစာင္းထိုးကာ " အဲ့အမူအယာေတြအားလံုးဟာ ခ်စ္လို႔ျဖစ္ေနတဲ့အမူအယာေတြပဲေလ...ဘာျဖစ္လဲ ခ်စ္လို႔ျဖစ္တာပဲ..."လို႔ ရန္ေတြ႕သလိုျပန္ေျပာတယ္...

ကိုယ္ကေတာ္ရံုဆို သဝန္မတိုတတ္ပါဘူး...ဒါေပမဲ့ ကိုယ့္မိန္းမကေတာ့ ေတာ္ေတာ္လြန္တယ္...ပိုလြန္တာက ေဘာပြဲေတြလာတတ္တဲ့အခ်ိန္မ်ဳိးမွာမွ အခ်ိန္ကိုက္လႊင့္တတ္တဲ့ အဝင္းရဲ႕စကားေျပာအစီအစဥ္က ပိုလြန္တာ...

ကမာၻႀကီးကို ေျပာင္းလဲခ်င္တဲ့စိတ္ရွိရင္ အိမ္ေထာင္မက်ခင္ေျပာင္းလဲပါ...အိမ္ေထာင္က်ၿပီးတဲ့အခါ တီဗြီခ်န္နယ္တစ္ခုကိုေတာင္ ေျပာင္းလဲခြင့္မရွိဘူးဆိုတဲ့စကားကို အခုေတာ့ ကိုယ္လက္ခံလိုက္ပါၿပီ...ရီမုတ္ကြန္ထ႐ိုးကို မိန္းမနဲ႔ၿပိဳင္ၿပီး မလုႏိုင္မယ့္အတူတူေတာ့ ကိုယ္ပါ အဝင္းကိုထိုင္ၾကည့္ေနလိုက္ရေတာ့တာေပါ့...

ကိုယ္စူးစမ္းမိတဲ့အခ်က္က အဝင္းဟာ ဘာေၾကာင့္မိန္းမတကာရဲ႕ခ်စ္ခင္ၾကင္နာမႈကိုခံေနရတာလဲဆိုတာပါ...ဘာေၾကာင့္မိန္းမေတြဟာ အဝင္းကိုေတြ႕ရင္သည္းသည္းလႈပ္ျဖစ္ေနၾကရတာလဲ...ကိုယ့္မိန္းမကေျပာေသးတယ္...အဝင္းကိုမခ်စ္တဲ့မိန္းမဆိုတာ အဝင္းကိုေသေသခ်ာခ်ာထိုင္မၾကည့္ဖူးလို႔တဲ့...အဝင္းကိုထိုင္ၾကည့္ဖူးတဲ့အခါ မိန္းမတိုင္းဟာ ဘယ္လိုမွထိန္းထားမႏိုင္ဘဲ ခ်စ္မိသြားၾကရတယ္တဲ့...

ဟုတ္ေတာ့လည္းဟုတ္တယ္...အရင္ကဆို ကိုယ့္အေမနဲ႔ကိုယ့္မိန္းမဟာ သိပ္မတည့္ၾကဘူး...အခုေတာ့ အဝင္းရဲ႕တီဗြီအစီအစဥ္လာတဲ့အခ်ိန္မွာ သမီးေယာကၡမေတြခ်စ္ၾကည္ေနတာမ်ား ေဘးကျမင္ရသူေတြေတာင္ အသည္းယားေလာက္တယ္...

အဝင္းကို ေသေသခ်ာခ်ာေစ့ေစ့စပ္စပ္ၾကည့္မိတဲ့အခါ အဝင္းဆီမွာ ထူးျခားတာႏွစ္ခုေတြ႕ရတယ္...အဲ့တာေတြက ႐ိုးသားမႈနဲ႔ယဥ္ေက်းမႈပဲ....

အဝင္းရဲ႕စကားေျပာပံု ေနပံုထိုင္ပံု အလုပ္လုပ္ပံုေတြအားလံုးဟာ ႐ိုးသားေနတယ္...အဝင္းဟာ စကားေျပာရင္လည္း အ႐ိုးခံေျပာတတ္တယ္...လွည့္ပတ္ေကာက္က်စ္တဲ့သေဘာမ်ဳိးမပါဘူးဆိုတာ အထင္းသားသိေနရတယ္...ျမန္မာျပည္ကဆယ္လီေတြလို အထွာကိုင္လိုက္မယ္ဆိုတဲ့ စိတ္မ်ဳိးလည္းရွိပံုမရဘူး...ေနပံုထိုင္ပံုကလည္း ႐ိုး႐ိုးရွင္းရွင္းပဲ...အလုပ္လုပ္ပံုကလည္း ႐ိုးသားတဲ့ပံုပဲ...

႐ိုးသားမႈဟာ ေခတ္တိုင္းမွာ လူႀကိဳက္မ်ားတာပဲမဟုတ္လား...႐ိုးသားမႈရွိတဲ့သူေတြဟာ ေအာင္ျမင္ၾကရတာပဲေလ...႐ိုးသားမႈကိုအေျခခံထားရင္ ေနရာတကာတိုင္းမွာ သူတပါးထက္ႏွာတဖ်ားသာရတာပဲ...အဲ့တာေတြေၾကာင့္ အဝင္းေအာင္ျမင္ေနတာျဖစ္မယ္လို႔ ေတြးမိတယ္...

အဝင္းဆီမွာေတြ႕ရတဲ့ေနာက္ထူးျခားတာတစ္ခုက ယဥ္ေက်းမႈ...အဝင္းဟာ အေတာ္ယဥ္ေက်းတာပဲ...စကားေျပာပံု ေနပံုထိုင္ပံုေတြအားလံုးဟာ ယဥ္ယဥ္ေက်းေက်း အဆင့္ျမင့္ျမင့္ပံုစံေတြခ်ည္းပဲ...ဒီေနရာမွာ အဝင္းရဲ႕ယဥ္ေက်းမႈကို ကိုယ္က ျမန္မာ့ယဥ္ေက်းမႈလို႔မသတ္မွတ္ေပးႏိုင္ဘူး...ဟုတ္တယ္...အဝင္းရဲ႕ယဥ္ေက်းမႈဟာ ဂ်ပန္ယဥ္ေက်းမႈပါ...

အဝင္း ယဥ္ေက်းေနပံုက ျမန္မာလိုယဥ္ေက်းတာမွမဟုတ္ဘဲ...သူ ယဥ္ေက်းေနပံုက ဂ်ပန္လိုယဥ္ေက်းေနတာ...ျမန္မာျပည္မွာေမြးတဲ့ကေလးေတြ သူ႔ေလာက္အရြယ္မွာ ဘယ္သူမွသူ႔လိုမယဥ္ေက်းၾကဘူးေလ...အားလံုးဟာ တစ္ခုမဟုတ္တစ္ခုေတာ့ ရမ္းကားေနၾကတာခ်ည္းပဲ...

ေနာက္ၿပီး ျမန္မာကေလးေတြမွာေတြ႕ရေလ့မရွိတဲ့ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်မႈတစ္ခုကိုလည္း အဝင္းဆီမွာေတြ႕ေနရေသးတယ္...အဝင္းဟာ စကားေျပာတဲ့အခါတိုင္းမွာ တဖက္လူကိုဦးစားေပးၿပီး ေျပာတတ္တဲ့အက်င့္ေကာင္းေလးေတြေတြ႕ေနရတယ္...

တဖက္လူကိုဦးစားေပးေျပာဆိုတာ ေနရာေပးဆက္ဆံတာ တဖက္ကေျပာတဲ့စကားေတြကို ေလးေလးစားစားနားေထာင္ေပးတတ္တဲ့အက်င့္ေလးေတြဟာ အဝင္းရဲ႕ယဥ္ေက်းမႈေပါ့...ျမန္မာကေလးေတြမွာ ေတြ႕ရႏိုင္ဖို႔အေတာ္ခဲယဥ္းတဲ့အမူအက်င့္ေလးေတြျဖစ္တာေၾကာင့္ ဂ်ပန္ယဥ္ေက်းမႈျဖစ္လိမ့္မယ္လို႔သတ္မွတ္လိုက္တာ...

ကိုယ္က ကေလးေတြနဲ႔အလုပ္လုပ္ေနရတဲ့သူဆိုေတာ့ ကေလးေတြရဲ႕စိတ္ေနသေဘာထားနဲ႔အမူအက်င့္ေလးေတြကို အမ်ားအားျဖင့္အကဲခတ္မိတယ္...ျမန္မာကေလးေတြဟာ ဘာကိုမေက်မနပ္ျဖစ္ေနၾကမွန္းကိုမသိဘူး...စိတ္ဒဏ္ရာပဲရထားသလိုလို ေလာကဓံရဲ႕အထုအေထာင္းေတြကိုပဲခံထားရသလိုလိုပံုစံေတြနဲ႔ လူတကာကိုအရြဲ႕တိုက္ေနၾကတယ္...

အမ်ားအားျဖင့္ေတာ့ မိဘကိုအရြဲ႕တိုက္တာေပါ့...မိဘၿပီးရင္ေနာက္ထပ္အရြဲ႕တိုက္ရမယ့္သူက စာသင္တဲ့ဆရာကိုပဲ...မိဘကိုအရြဲ႕တိုက္လို႔ ေကာင္းက်ဳိးမရွိဘူး စာသင္တဲ့ဆရာကိုအရြဲ႕တိုက္လို႔ ေကာင္းက်ဳိးမရႏိုင္ဘူးဆိုတာေလာက္ကို ျမန္မာျပည္က ကေလးေတြ မေတြးတတ္ၾကဘူး...

ကိုယ့္ဘဝကိုအနာခံၿပီး ေခါင္းမာ အေၾကာတင္း အရြဲ႕တိုက္တဲ့အမူအက်င့္ေတြနဲ႔ ႀကီးျပင္းလာၾကတဲ့ကေလးေတြ ကိုယ္တို႔ႏိုင္ငံမွာအမ်ားႀကီးပဲ...ဖုန္းမဝယ္ေပးရင္ ေက်ာင္းမတက္ဘူးဆိုတာေတြ ဆိုင္ကယ္မဝယ္ေပးရင္ စာေမးပြဲမေျဖေတာ့ဘူးဆိုတဲ့ကေလးေတြပဲ ကိုယ္တို႔ႏိုင္ငံမွာရွိတယ္...

လူအခ်င္းခ်င္းေလးစားရမယ္တို႔ စကားေျပာတဲ့အခါ တဖက္လူကိုဦးစားေပးေျပာရမယ္တို႔ တဖက္ကေျပာလာတဲ့အခါမွာလည္း ေလးေလးစားစားနားေထာင္ေပးရမယ္ဆိုတာေတြကို နားလည္သေဘာေပါက္တဲ့ကေလးေတြ ကိုယ္တို႔ႏိုင္ငံမွာ မရွိေတာ့ဘူးလို႔ေတာင္ထင္မိတယ္...

အဲ့ဒီ့ေတာ့ အဝင္းကိုၾကည့္ေနရင္း ဒီကေလး ဘာေၾကာင့္ဒီေလာက္လူႀကိဳက္မ်ားရသလဲဆိုတဲ့အခ်က္ကို ကိုယ္မအံ့ၾသေတာ့ဘူး...

ျမန္မာလူမ်ဳိးက ယဥ္ေက်းမႈငတ္ေနတာ...မယဥ္ေက်းတဲ့သူေတြနဲ႔ခ်ည္း တစ္သက္လံုးအတူတူေနလာရေတာ့ ျမန္မာလူမ်ဳိးေတြဟာ ယဥ္ေက်းတဲ့သူေတြကိုေတြ႕ဖူးၾကတဲ့အခါ အလြန္အမင္းသေဘာက်သြားၾကတာ...အဲ့လိုနဲ႔ အဝင္းတစ္ေယာက္ အရမ္းကိုေအာင္ျမင္သြားရတာေပါ့...

တီဗြီကိုေငးၾကည့္ရင္း အေတြးနယ္ခ်ဲ႕ေနမိတဲ့ကိုယ့္ကို မိန္းမကလွည့္ၾကည့္ၿပီး သူ႔တီဗြီကိုပိတ္ခ်ပစ္လိုက္တယ္...ဘာျဖစ္လို႔ပိတ္တာလဲလို႔ေမးလိုက္ေတာ့ "အဝင္းကို သူပဲခ်စ္မယ္ ကိုယ္မခ်စ္ရဘူးတဲ့..."
ျပည္စိုး
🍀
..............
တီဗွီမှာ အဝင်းရဲ့စကားပြောအစီအစဉ်လွှင့်တဲ့အချိန်ဟာ မိန်းမနဲ့ကိုယ်နဲ့ကြား သဘောထားကွဲလွဲရချိန်ပဲ...



ကိုယ့်မိန်းမဟာ နေရာတကာတိုင်းမှာ ကိုယ့်သဘောကိုယ့်ဆန္ဒတွေကိုသာ ဦးစားပေးလိုက်လျောတတ်ပေမယ့် အဝင်းရဲ့စကားပြောအစီအစဉ်လာရင်တော့ ကိုယ့်ကိုသူ့ယောက်ျားမှန်း မေ့သွားပုံရတယ်...



အဲ့အချိန်မှာ ကိုယ် ဘာပြောပြော သူ နားမထောင်တော့ဘူး...အဝင်းပြောသမျှ မပီကလာပီကလာလေးတွေကိုပဲ ကြီးကျယ်ဝတ္ထုချစ်ဟန်ပြုလို့ငေးနေတော်မူလေသတည်းပေါ့...



ကိုယ့်မိန်းမဖြစ်နေပုံတွေကို ဘေးကနေဗွီဒီယိုရိုက်ပြီး ဖွဘုတ်ပေါ်တင်ပေးလိုက်ရင် ဆယ်လီမမဖြစ်သွားနိုင်လောက်တယ်...အမူအယာမျိုးစုံ ပုံစံမျိုးစုံနဲ့ အသံမျိုးစုံထွက်လို့ အားမလိုအားမဖြစ်နေပုံတွေဟာ တကယ့်ကိုရယ်ချင်စရာ...(ဒီလိုပြောလိုက်လို့ ဖွဘုတ်ဟာရယ်စရာတွေပဲ ဆယ်လီဖြစ်တာလို့ ထင်မသွားနဲ့အုံး...အဖော်အချွတ်တွေလည်း ဆယ်လီဖြစ်တယ်...ဤကား စကားချပ်...😄😄😄)



အဝင်းကိုငေးကြည့်ရင်းဖြစ်ပျက်နေတဲ့ သူ့ရဲ့ဖြစ်အင်အဖုံဖုံကို ကိုယ်မှတ်တမ်းတင်ထားတဲ့ဗွီဒီယိုဖိုင်ကို သူ့ကိုပြန်ပြလိုက်တော့ သူ့ရုပ်သူကြည့်ပြီးပြုံးတယ်...ပြီးတော့ ကိုယ့်ဘက်ကိုလှည့်ပြီး မျက်စောင်းထိုးကာ " အဲ့အမူအယာတွေအားလုံးဟာ ချစ်လို့ဖြစ်နေတဲ့အမူအယာတွေပဲလေ...ဘာဖြစ်လဲ ချစ်လို့ဖြစ်တာပဲ..."လို့ ရန်တွေ့သလိုပြန်ပြောတယ်...



ကိုယ်ကတော်ရုံဆို သဝန်မတိုတတ်ပါဘူး...ဒါပေမဲ့ ကိုယ့်မိန်းမကတော့ တော်တော်လွန်တယ်...ပိုလွန်တာက ဘောပွဲတွေလာတတ်တဲ့အချိန်မျိုးမှာမှ အချိန်ကိုက်လွှင့်တတ်တဲ့ အဝင်းရဲ့စကားပြောအစီအစဉ်က ပိုလွန်တာ...



ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့စိတ်ရှိရင် အိမ်ထောင်မကျခင်ပြောင်းလဲပါ...အိမ်ထောင်ကျပြီးတဲ့အခါ တီဗွီချန်နယ်တစ်ခုကိုတောင် ပြောင်းလဲခွင့်မရှိဘူးဆိုတဲ့စကားကို အခုတော့ ကိုယ်လက်ခံလိုက်ပါပြီ...ရီမုတ်ကွန်ထရိုးကို မိန်းမနဲ့ပြိုင်ပြီး မလုနိုင်မယ့်အတူတူတော့ ကိုယ်ပါ အဝင်းကိုထိုင်ကြည့်နေလိုက်ရတော့တာပေါ့...



ကိုယ်စူးစမ်းမိတဲ့အချက်က အဝင်းဟာ ဘာကြောင့်မိန်းမတကာရဲ့ချစ်ခင်ကြင်နာမှုကိုခံနေရတာလဲဆိုတာပါ...ဘာကြောင့်မိန်းမတွေဟာ အဝင်းကိုတွေ့ရင်သည်းသည်းလှုပ်ဖြစ်နေကြရတာလဲ...ကိုယ့်မိန်းမကပြောသေးတယ်...အဝင်းကိုမချစ်တဲ့မိန်းမဆိုတာ အဝင်းကိုသေသေချာချာထိုင်မကြည့်ဖူးလို့တဲ့...အဝင်းကိုထိုင်ကြည့်ဖူးတဲ့အခါ မိန်းမတိုင်းဟာ ဘယ်လိုမှထိန်းထားမနိုင်ဘဲ ချစ်မိသွားကြရတယ်တဲ့...



ဟုတ်တော့လည်းဟုတ်တယ်...အရင်ကဆို ကိုယ့်အမေနဲ့ကိုယ့်မိန်းမဟာ သိပ်မတည့်ကြဘူး...အခုတော့ အဝင်းရဲ့တီဗွီအစီအစဉ်လာတဲ့အချိန်မှာ သမီးယောက္ခမတွေချစ်ကြည်နေတာများ ဘေးကမြင်ရသူတွေတောင် အသည်းယားလောက်တယ်...



အဝင်းကို သေသေချာချာစေ့စေ့စပ်စပ်ကြည့်မိတဲ့အခါ အဝင်းဆီမှာ ထူးခြားတာနှစ်ခုတွေ့ရတယ်...အဲ့တာတွေက ရိုးသားမှုနဲ့ယဉ်ကျေးမှုပဲ....



အဝင်းရဲ့စကားပြောပုံ နေပုံထိုင်ပုံ အလုပ်လုပ်ပုံတွေအားလုံးဟာ ရိုးသားနေတယ်...အဝင်းဟာ စကားပြောရင်လည်း အရိုးခံပြောတတ်တယ်...လှည့်ပတ်ကောက်ကျစ်တဲ့သဘောမျိုးမပါဘူးဆိုတာ အထင်းသားသိနေရတယ်...မြန်မာပြည်ကဆယ်လီတွေလို အထှာကိုင်လိုက်မယ်ဆိုတဲ့ စိတ်မျိုးလည်းရှိပုံမရဘူး...နေပုံထိုင်ပုံကလည်း ရိုးရိုးရှင်းရှင်းပဲ...အလုပ်လုပ်ပုံကလည်း ရိုးသားတဲ့ပုံပဲ...



ရိုးသားမှုဟာ ခေတ်တိုင်းမှာ လူကြိုက်များတာပဲမဟုတ်လား...ရိုးသားမှုရှိတဲ့သူတွေဟာ အောင်မြင်ကြရတာပဲလေ...ရိုးသားမှုကိုအခြေခံထားရင် နေရာတကာတိုင်းမှာ သူတပါးထက်နှာတဖျားသာရတာပဲ...အဲ့တာတွေကြောင့် အဝင်းအောင်မြင်နေတာဖြစ်မယ်လို့ တွေးမိတယ်...



အဝင်းဆီမှာတွေ့ရတဲ့နောက်ထူးခြားတာတစ်ခုက ယဉ်ကျေးမှု...အဝင်းဟာ အတော်ယဉ်ကျေးတာပဲ...စကားပြောပုံ နေပုံထိုင်ပုံတွေအားလုံးဟာ ယဉ်ယဉ်ကျေးကျေး အဆင့်မြင့်မြင့်ပုံစံတွေချည်းပဲ...ဒီနေရာမှာ အဝင်းရဲ့ယဉ်ကျေးမှုကို ကိုယ်က မြန်မာ့ယဉ်ကျေးမှုလို့မသတ်မှတ်ပေးနိုင်ဘူး...ဟုတ်တယ်...အဝင်းရဲ့ယဉ်ကျေးမှုဟာ ဂျပန်ယဉ်ကျေးမှုပါ...



အဝင်း ယဉ်ကျေးနေပုံက မြန်မာလိုယဉ်ကျေးတာမှမဟုတ်ဘဲ...သူ ယဉ်ကျေးနေပုံက ဂျပန်လိုယဉ်ကျေးနေတာ...မြန်မာပြည်မှာမွေးတဲ့ကလေးတွေ သူ့လောက်အရွယ်မှာ ဘယ်သူမှသူ့လိုမယဉ်ကျေးကြဘူးလေ...အားလုံးဟာ တစ်ခုမဟုတ်တစ်ခုတော့ ရမ်းကားနေကြတာချည်းပဲ...



နောက်ပြီး မြန်မာကလေးတွေမှာတွေ့ရလေ့မရှိတဲ့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမှုတစ်ခုကိုလည်း အဝင်းဆီမှာတွေ့နေရသေးတယ်...အဝင်းဟာ စကားပြောတဲ့အခါတိုင်းမှာ တဖက်လူကိုဦးစားပေးပြီး ပြောတတ်တဲ့အကျင့်ကောင်းလေးတွေတွေ့နေရတယ်...



တဖက်လူကိုဦးစားပေးပြောဆိုတာ နေရာပေးဆက်ဆံတာ တဖက်ကပြောတဲ့စကားတွေကို လေးလေးစားစားနားထောင်ပေးတတ်တဲ့အကျင့်လေးတွေဟာ အဝင်းရဲ့ယဉ်ကျေးမှုပေါ့...မြန်မာကလေးတွေမှာ တွေ့ရနိုင်ဖို့အတော်ခဲယဉ်းတဲ့အမူအကျင့်လေးတွေဖြစ်တာကြောင့် ဂျပန်ယဉ်ကျေးမှုဖြစ်လိမ့်မယ်လို့သတ်မှတ်လိုက်တာ...



ကိုယ်က ကလေးတွေနဲ့အလုပ်လုပ်နေရတဲ့သူဆိုတော့ ကလေးတွေရဲ့စိတ်နေသဘောထားနဲ့အမူအကျင့်လေးတွေကို အများအားဖြင့်အကဲခတ်မိတယ်...မြန်မာကလေးတွေဟာ ဘာကိုမကျေမနပ်ဖြစ်နေကြမှန်းကိုမသိဘူး...စိတ်ဒဏ်ရာပဲရထားသလိုလို လောကဓံရဲ့အထုအထောင်းတွေကိုပဲခံထားရသလိုလိုပုံစံတွေနဲ့ လူတကာကိုအရွဲ့တိုက်နေကြတယ်...



အများအားဖြင့်တော့ မိဘကိုအရွဲ့တိုက်တာပေါ့...မိဘပြီးရင်နောက်ထပ်အရွဲ့တိုက်ရမယ့်သူက စာသင်တဲ့ဆရာကိုပဲ...မိဘကိုအရွဲ့တိုက်လို့ ကောင်းကျိုးမရှိဘူး စာသင်တဲ့ဆရာကိုအရွဲ့တိုက်လို့ ကောင်းကျိုးမရနိုင်ဘူးဆိုတာလောက်ကို မြန်မာပြည်က ကလေးတွေ မတွေးတတ်ကြဘူး...



ကိုယ့်ဘဝကိုအနာခံပြီး ခေါင်းမာ အကြောတင်း အရွဲ့တိုက်တဲ့အမူအကျင့်တွေနဲ့ ကြီးပြင်းလာကြတဲ့ကလေးတွေ ကိုယ်တို့နိုင်ငံမှာအများကြီးပဲ...ဖုန်းမဝယ်ပေးရင် ကျောင်းမတက်ဘူးဆိုတာတွေ ဆိုင်ကယ်မဝယ်ပေးရင် စာမေးပွဲမဖြေတော့ဘူးဆိုတဲ့ကလေးတွေပဲ ကိုယ်တို့နိုင်ငံမှာရှိတယ်...



လူအချင်းချင်းလေးစားရမယ်တို့ စကားပြောတဲ့အခါ တဖက်လူကိုဦးစားပေးပြောရမယ်တို့ တဖက်ကပြောလာတဲ့အခါမှာလည်း လေးလေးစားစားနားထောင်ပေးရမယ်ဆိုတာတွေကို နားလည်သဘောပေါက်တဲ့ကလေးတွေ ကိုယ်တို့နိုင်ငံမှာ မရှိတော့ဘူးလို့တောင်ထင်မိတယ်...



အဲ့ဒီ့တော့ အဝင်းကိုကြည့်နေရင်း ဒီကလေး ဘာကြောင့်ဒီလောက်လူကြိုက်များရသလဲဆိုတဲ့အချက်ကို ကိုယ်မအံ့သြတော့ဘူး...



မြန်မာလူမျိုးက ယဉ်ကျေးမှုငတ်နေတာ...မယဉ်ကျေးတဲ့သူတွေနဲ့ချည်း တစ်သက်လုံးအတူတူနေလာရတော့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးတဲ့သူတွေကိုတွေ့ဖူးကြတဲ့အခါ အလွန်အမင်းသဘောကျသွားကြတာ...အဲ့လိုနဲ့ အဝင်းတစ်ယောက် အရမ်းကိုအောင်မြင်သွားရတာပေါ့...



တီဗွီကိုငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိတဲ့ကိုယ့်ကို မိန်းမကလှည့်ကြည့်ပြီး သူ့တီဗွီကိုပိတ်ချပစ်လိုက်တယ်...ဘာဖြစ်လို့ပိတ်တာလဲလို့မေးလိုက်တော့ "အဝင်းကို သူပဲချစ်မယ် ကိုယ်မချစ်ရဘူးတဲ့..."

ပြည်စိုး

No comments:

Post a Comment