Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

စစ္ေထာက္လွမ္းေရးအဖြဲ႔ရဲ႕ ညႊန္ၾကားေရး မွဴးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ဦးခင္ညြန္႔တက္ေရာက္ခဲ့တာေၾကာင့္ ပရိတ္သတ္ပိုမိုစိတ္၀င္စားခဲ့ၾကတဲ့ ပိုင္ျဖိဳးသုရဲ့မဂၤလာပဲြ

စစ္ေထာက္လွမ္းေရးအဖြဲ႔ရဲ႕ ညႊန္ၾကားေရး မွဴးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ဦးခင္ညြန္႔တက္ေရာက္ခဲ့တာေၾကာင့္ ပရိတ္သတ္ပိုမိုစိတ္၀င္စားခဲ့ၾကတဲ့ ပိုင္ျဖိဳးသုရဲ့မဂၤလာပဲြ 
ဒီရက္ပိုင္းအတြင္း လူမွဳကြယ္ယက္မွာ ေ၀ဖန္ေျပာဆိုမွဳအမ်ားဆံုးၾကားရတာကေတာ့ သက္ၾကီးစာေပပညာရွင္မ်ားကန္ေတာ့ပြဲမွာစစ္ေထာက္လွမ္းေရးအၾကီးအကဲေဟာင္းဦးခင္ညြန့္ပါ၀င္ခဲ့ျပီး ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္ဦးျဖိဳးမင္းသိန္း ကထိုပြဲကိုတက္ေရာက္ျပီး ကန္ေတာ့ခဲ့ျခင္းျဖစ္ပါတယ္။ 
အဲဒီဂယက္အရွိန္မေသခင္မွာပဲ ဗိုလ္ခ်ဳပ္ၾကီးေဟာင္းဦးခင္ညြန့္ကို နာမည္ေက်ာ္ဇတ္ကားမီမွာသရုပ္ေဆာင္ခဲ့တဲ့ မင္းသမီးပိုင္ျဖိဳးသုရဲ့မဂၤလာပြဲမွာ ထပ္မံေတြ့ရျပန္ပါတယ္္။ မီ ဇတ္ကားဟာ အရည္အေသြးရွိတဲ့ဇတ္ကားတကားျဖစ္တာေၾကာင့္ ေအာင္ျမင္မွဳရရွိခဲ့သလို ာ ေဆးလိပ္ေသာက္တဲ့ ဇတ္၀င္ခန္းတခ်ိဳ့အတြက္ ပရိတ္သတ္အခ်ိဳ့ကေ၀ဖန္ကန့္မွဳအခ်ိဳ့လည္းရွိခဲ့ပါတယ္။ နာမည္ေက်ာ္ မီဇတ္ကားရဲ့ဒါရိုက္တာ နဲ့ မီဇတ္ကားရဲ့မင္းသမီးမဂၤလာပြဲကို တခ်ိန္က ၾသဇာအလြန္ၾကီးခဲ့တဲ့စစ္ေထာက္လွမ္းေရးညႊန္ၾကားေရးမွဳးေဟာင္းဗိုလ္ခ်ဳပ္ၾကီးခင္ညြန့္တက္ေရာက္ခ်ီးျမွင့္မွဳဟာ လူအမ်ားရဲ့စိတ္၀င္စားမွဳကိုပိုမိုေစခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ၾကီးခင္ၫြန္႔ ရဲ့ဇနီးအမ်ိဳးသမီးေရးရာ ဥကၠဌ ျဖစ္ခဲ့စဥ္ကပိုင္ျဖိဳးသုမိခင္ ကလက္ေထာက္ျဖစ္ခဲ့သလို ဒါရိုက္တာဏၾကီးရဲ့ဖခင္ကလည္း ဒုဗိုလ္မွဴးၾကီးဦးတင္ဦး(ျငိမ္း)ျဖစ္တာေၾကာင့္ လူမွဳေရးအရ ခင္မင္မွဳ ဆက္စပ္မွဳေတြရွိခဲ့ၾကတယ္လို့သိရပါတယ္။
ဒါကေတာ့ရန္ကုန္ တုိင္း၀န္ၾကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းမွ စာေရးဆရာမ်ားကန္ေတာ့ပြဲတြင္ ပါ၀င္ေသာ ေထာက္လွမ္းေရးအၾကီးအကဲေဟာင္းဦးခင္ညြန့္ကို ကန္ေတာ့ျခင္းအျပီး ေနာက္ထပ္ 
ပရိတ္သတ္စိတ္၀င္စားေျပာဆိုေနၾကတဲ့ အေၾကာင္းအရာတစ္ခုပဲျဖစ္ပါတယ္။



စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေး မှူးဟောင်း ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်တက်ရောက်ခဲ့တာကြောင့် ပရိတ်သတ်ပိုမိုစိတ်ဝင်စားခဲ့ကြတဲ့ ပိုင်ဖြိုးသုရဲ့မင်္ဂလာပွဲ

ဒီရက်ပိုင်းအတွင်း လူမှုကွယ်ယက်မှာ ဝေဖန်ပြောဆိုမှုအများဆုံးကြားရတာကတော့ သက်ကြီးစာပေပညာရှင်များကန်တော့ပွဲမှာစစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်ပါ၀င်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကထိုပွဲကိုတက်ရောက်ပြီး ကန်တော့ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီဂယက်အရှိန်မသေခင်မှာပဲ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကို နာမည်ကျော်ဇတ်ကားမီမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသုရဲ့မင်္ဂလာပွဲမှာ ထပ်မံတွေ့ရပြန်ပါတယ််။ မီ ဇတ်ကားဟာ အရည်အသွေးရှိတဲ့ဇတ်ကားတကားဖြစ်တာကြောင့် အောင်မြင်မှုရရှိခဲ့သလို ာ ဆေးလိပ်သောက်တဲ့ ဇတ်ဝင်ခန်းတချို့အတွက် ပရိတ်သတ်အချို့ကဝေဖန်ကန့်မှုအချို့လည်းရှိခဲ့ပါတယ်။ နာမည်ကျော် မီဇတ်ကားရဲ့ဒါရိုက်တာ နဲ့ မီဇတ်ကားရဲ့မင်းသမီးမင်္ဂလာပွဲကို တချိန်က သြဇာအလွန်ကြီးခဲ့တဲ့စစ်ထောက်လှမ်းရေးညွှန်ကြားရေးမှုးဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်တက်ရောက်ချီးမြှင့်မှုဟာ လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုစေခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့ဇနီးအမျိုးသမီးရေးရာ ဥက္ကဌ ဖြစ်ခဲ့စဉ်ကပိုင်ဖြိုးသုမိခင် ကလက်ထောက်ဖြစ်ခဲ့သလို ဒါရိုက်တာဏကြီးရဲ့ဖခင်ကလည်း ဒုဗိုလ်မှူးကြီးဦးတင်ဦး(ငြိမ်း)ဖြစ်တာကြောင့် လူမှုရေးအရ ခင်မင်မှု ဆက်စပ်မှုတွေရှိခဲ့ကြတယ်လို့သိရပါတယ်။

ဒါကတော့ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ စာရေးဆရာများကန်တော့ပွဲတွင် ပါ၀င်သော ထောက်လှမ်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်ကို ကန်တော့ခြင်းအပြီး နောက်ထပ်

ပရိတ်သတ်စိတ်ဝင်စားပြောဆိုနေကြတဲ့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။


No comments:

Post a Comment