Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 14, 2019

မြန်မာပြည်က ဆေးခန်းတွေရဲ့တာဝန်ယူမှုတာဝန်ခံဘယ်မှာလဲ.......


ကိုယ့်အမေ နေမကောင်းလို့ ရွှေဂုံတိုင်က အထူးကုစင်တာကြီးတစ်ခုမှာ သွားပြတာ
တစ်ခါဆေးစစ် ၆ သောင်း ၇သောင်းပေးရတယ်။

နောက်ဆုံး result ထုတ်ပေးတော့ ''သွေးလေးဘက်နာ"တဲ့။
အမေ့မှာ ရောဂါနာမည်ကြားရုံနဲ့တင် စိတ်ဓာတ်ပါကျတယ်။
ဆေးခန်းကလည်း တစ်လ တစ်ခါပြရတာ
ပြတိုင်း သွေးစစ်ခိုင်း, ဆေးစစ်ခိုင်း။

ပြီးတော့ ရန်ကုန်မှာ အတော်ဆုံး သွေးလေးဘက်နာကု ဆရာဝန်မကြီးက အချိန် ၃ မိနစ်တိတိပေးပြီး သူပြောချင်တာတွေပြောပြီး
ဆေးစာအုပ်ထဲမှာ ရေးချင်တာရေး ရပြီဆိုတာကြီးပဲ။ ဆေးပေးရင် တခါသောက် ၁၀ လုံး ၁၅ လုံးလောက်သောက်ခိုင်းတယ်။ ပဲကြီးလှော်စားရသလိုပဲ။

၆ လလောက်ကုတာ မသက်သာတာနဲ့ ထိုင်းက Thongburi ဆေးရုံမှာ သွားပြတာ အခု ၁ လ အတွင်းမှာ result ထွက်လာပြီ။ ဘာရောဂါမှမရှိ။ သာမန် အသက်ကြီးလာလို့ အရိုးပွ အဆစ်အမြစ်နာတာတဲ့။

ကဲ... ဘယ်မှာလဲ တာဝန်ယူမှု တာဝန်ခံမှု။ လွဲမှားတဲ့ကုသချက်တွေနဲ့ ဆေးရောင်းစားရတာ ပျော်ရဲ့လား။ ဘာမှန်းမသိတဲ့ ဆေးတွေစားရင်း မလိုလားအပ်တဲ့ side effect တွေရရင် ဘယ်သူတာဝန်ယူပေးမလဲ။

ShameonyouSSC!



No comments:

Post a Comment