Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ေပါင္ၿမဳိ႕နယ္ ဆင္အုိင္ေတာင္အတြင္းမွ က်ဳိက္ထီးရုိးပုံစံတူ ေစတီေတာ္ ေတြ႕ရွိ


မြန္ၿပည္နယ္၊ေပါင္ၿမဳိ႕နယ္ ဆင္အုိင္ေတာင္အတြင္းမွ က်ဳိက္ထီးရုိးပုံစံတူ ေစတီေတာ္ တစ္ဆူကုိ ေတြ႕ရွိခဲ့ေႀကာင္း ဆရာေတာ္အရွင္ စႏၵိမာက ၿမြတ္ႀကားသည္။

အဆုိပါ ေစတီေတာ္ကုိ ၿပီးခဲ့သည့္ ႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔က ေတြ႕ရွိခဲ့ေႀကာင္း၊ေစတီေတာ္မွာ က်ဳိက္ထီးရုိး ပုံစံကဲ့သုိ႔ ေက်ာက္တုံးႀကီးေပၚတြင္ တည္ထားကုိးကြယ္ထားၿပီး ေစတီေတာ္ရဲ႕လက္ရာမွာ အခုေခတ္ တည္ထားကုိးကြယ္ထားသည့္ လက္ရာပုံစံၿဖစ္ေႀကာင္း သိရသည္။

''ဦးဇင္းက ခု ေတာထဲ ေရာက္တာ ၉ ရက္ရွိျပီး ရြက္ဖ်င္းတဲ ေလးနဲ႕ပဲ သီတင္းသုံးေနတာ၊အဲ ေစတီေတာ္ေလးကုိ အရင္တုန္းကေတာ့ ထင္းခုတ္တဲ့ ေဒသခံေတြ ေတြ႔ရင္ ေတြ႔ႀကမွာ ဒါေပမဲ့ ဘယ္သူမွ စိတ္မဝင္းစားႀကဘူး။ဦးဇင္းေနတဲ့ ေနရာကေန ေန႔တုိင္းၿမင္ေတြ႔ရတာေတာ့ အဲဒါနဲဲ လမ္းၿပတစ္ေယာက္ေခၚျပီး သြားတာ၊ ၄၅ မိနစ္ေလာက္ သြားရေသးတယ္။ ဘုရား တည္ထားတဲ့ လက္ရာေတြက ခု ေခတ္လက္ရာပုံစံပါပဲ ဒါေပမဲ့ နည္းနည္းဆန္းတယ္ ''ဟု ဆရာေတာ္အရွင္ စႏၵိမာက ၿမြတ္ႀကားသည္။



လက္ရွိတြင္ အဆုိပါ ေစတီေတာ္ကုိ ေက်ာက္လႊတ္ေစတီေတာ္ဟု (ယာယီ)ဘြဲ႕နာမည္ ေပးထားေႀကာင္း ႏွင့္ ထုိ ေစတီေတာ္သုိ႔ ေပါင္ၿမဳိ႕နယ္ ကဒါရပ္ကြက္ ဝါးေက်ာင္းလမ္းမွ အခ်ိန္ သုံးနာရီခန္႔ လာ ရေႀကာင္း ဆရာေတာ္မွ ဆက္လက္ၿမြတ္ႀကားသည္။
''အမ်ားက ဝုိင္းေမးတာမ်ားေတာ့ ဘုရားဘြဲ႕နာမည္ကုိ ခု ေလာေလာဆယ္ ေက်ာက္လႊတ္ေစတီေတာ္လုိ႕ ေပးထားပါတယ္။လြတ္လပ္ေရးေန႔ က်မွ မြန္ဘာသာနဲ႕ ျပန္ျပီးအတည္ၿပဳမယ္၊ေက်ာက္တုံးႀကီးက အၿမင့္ေပ ဘယ္ေလာက္ရွိလဲ ဆုိတာ ဦးဇင္းေတာ့မတုိင္းတာရေသးဘူး။ဒါေပမဲ့ က်ဳိက္ထီးရုိး ေက်ာက္တုံးႀကီးထက္ ႀကီးတယ္။ဒါကုိ ဘယ္သူတည္ထားခဲ့တာလဲ ဆုိတာလည္း စုံးစမ္းေနပါတယ္''ဟု ဆရာေတာ္အရွင္ စႏၵိမာက ၿမြတ္ႀကားသည္။
လက္ရွိ ေတြ႕ရွိရသည့္ က်ဳိက္ထီးရုိးပုံစံတူ ေစတီေတာ္ ကုိ လာမည့္ ဇန္နဝါရီလ ၄ ရက္ေန႔ (လြတ္လပ္ေရးေန႕တြင္ ေဒသခံမ်ား၊ရပ္နီး၊ရပ္ေဝးမွ ေစတနာရွင္ၿပည္သူမ်ားႏွင့္ ပူးေပါင္းၿခံဳံႏြယ္ပိတ္ေပါင္း ရွင္းလင္းၿခင္း၊သန္႕ရွင္းေရးမ်ားၿပဳလုပ္ၿခင္းမ်ားၿပဳလုပ္
ေဆာင္ရြက္သြား မည္ၿဖစ္ျပီး ေနာက္ပုိင္းတြင္ေရရွည္တံတည္ေရးအတြက္ ထိန္းသိမ္းေစာင့္ေရွာက္သြားမည္ၿဖစ္ေႀကာင္း ဆရာေတာ္မွ ၿမြတ္ႀကားသည္။

ရတနာပံု ေန႔စဥ္သတင္းစာ

...............................
ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ

ကျိုက်ထီးရိုးပုံစံတူ စေတီတော် တွေ့ရှိ



မွန်ပြည်နယ်၊ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တစ်ဆူကို တွေ့ရှိခဲ့ကြောင်း ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။



အဆိုပါ စေတီတော်ကို ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရှိခဲ့ကြောင်း၊စေတီတော်မှာ ကျိုက်ထီးရိုး ပုံစံကဲ့သို့ ကျောက်တုံးကြီးပေါ်တွင် တည်ထားကိုးကွယ်ထားပြီး စေတီတော်ရဲ့လက်ရာမှာ အခုခေတ် တည်ထားကိုးကွယ်ထားသည့် လက်ရာပုံစံဖြစ်ကြောင်း သိရသည်။



''ဦးဇင်းက ခု တောထဲ ရောက်တာ ၉ ရက်ရှိပြီး ရွက်ဖျင်းတဲ လေးနဲ့ပဲ သီတင်းသုံးနေတာ၊အဲ စေတီတော်လေးကို အရင်တုန်းကတော့ ထင်းခုတ်တဲ့ ဒေသခံတွေ တွေ့ရင် တွေ့ကြမှာ ဒါပေမဲ့ ဘယ်သူမှ စိတ်မဝင်းစားကြဘူး။ဦးဇင်းနေတဲ့ နေရာကနေ နေ့တိုင်းမြင်တွေ့ရတာတော့ အဲဒါနဲဲ လမ်းပြတစ်ယောက်ခေါ်ပြီး သွားတာ၊ ၄၅ မိနစ်လောက် သွားရသေးတယ်။ ဘုရား တည်ထားတဲ့ လက်ရာတွေက ခု ခေတ်လက်ရာပုံစံပါပဲ ဒါပေမဲ့ နည်းနည်းဆန်းတယ် ''ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။



လက်ရှိတွင် အဆိုပါ စေတီတော်ကို ကျောက်လွှတ်စေတီတော်ဟု (ယာယီ)ဘွဲ့နာမည် ပေးထားကြောင်း နှင့် ထို စေတီတော်သို့ ပေါင်မြို့နယ် ကဒါရပ်ကွက် ဝါးကျောင်းလမ်းမှ အချိန် သုံးနာရီခန့် လာ ရကြောင်း ဆရာတော်မှ ဆက်လက်မြွတ်ကြားသည်။

''အများက ဝိုင်းမေးတာများတော့ ဘုရားဘွဲ့နာမည်ကို ခု လောလောဆယ် ကျောက်လွှတ်စေတီတော်လို့ ပေးထားပါတယ်။လွတ်လပ်ရေးနေ့ ကျမှ မွန်ဘာသာနဲ့ ပြန်ပြီးအတည်ပြုမယ်၊ကျောက်တုံးကြီးက အမြင့်ပေ ဘယ်လောက်ရှိလဲ ဆိုတာ ဦးဇင်းတော့မတိုင်းတာရသေးဘူး။ဒါပေမဲ့ ကျိုက်ထီးရိုး ကျောက်တုံးကြီးထက် ကြီးတယ်။ဒါကို ဘယ်သူတည်ထားခဲ့တာလဲ ဆိုတာလည်း စုံးစမ်းနေပါတယ်''ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။

လက်ရှိ တွေ့ရှိရသည့် ကျိုက်ထီးရိုးပုံစံတူ စေတီတော် ကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့တွင် ဒေသခံများ၊ရပ်နီး၊ရပ်ဝေးမှ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းခြုံံနွယ်ပိတ်ပေါင်း ရှင်းလင်းခြင်း၊သန့်ရှင်းရေးများပြုလုပ်ခြင်းများပြုလုပ်

ဆောင်ရွက်သွား မည်ဖြစ်ပြီး နောက်ပိုင်းတွင်ရေရှည်တံတည်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဆရာတော်မှ မြွတ်ကြားသည်။
ရတနာပုံ နေ့စဉ်သတင်းစာ

No comments:

Post a Comment