Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

မိသားစု ထမင္း၀ိုင္းေလးရဲ႕ အဓိပၸာယ္

မိသားစု ထမင္း၀ိုင္းေလး

ထမင္း၀ုိင္းလို ့ေခါင္းစီးေလး ေတြ႔လိုက္တာနဲ႔ လူတိုင္း လူတိုင္း မိမိတို႔ရဲ႕ မိသားစုထမင္း၀ိုင္းေလးကို ေျပးျမင္မိၾကမွာပါ။ တစ္ခ်ိန္ထဲမွာပဲ တမ္းတ လြမ္းဆြတ္မႈ​ေတြ နဲ႔ တစ္ခဏတာ တန္ဆာဆင္သြားပါလိမ့္မည္။

မတူကဲြျပားျခင္းေတြ ဘယ္ေလာက္ရွိေနေန အားလုံး တူေနတဲ့ အခ်က္ကေတာ့ မိသားစု ထမင္း၀ိုင္းေလးကို တမ္းတေနၾကျခင္းပါပဲ။ အဲဒီ ထမင္း၀ိုင္းေလးထဲက ေရာ့သြားတဲ့သူေတြဟာ မိသားစုနဲ႔ ခဲြသြားၾကတဲ့သူေတြပါ။

တစ္ခ်ိဳ႕က မိသားစုနဲ ့ေသကဲြတစ္ခ်ိဳ႕ကေတာ့ ရွင္ကဲြေပါ့။ကြပ္လပ္ျဖစ္သြားတဲ့ ထမင္း၀ိုင္းေလးထဲမွာ၀မ္းနည္း လြမ္းဆြတ္မႈေတြက ဘ၀ဆုံးတိုင္ထိျဖစ္တည္ သြားေတာ့မွာပါ။ ထမင္း၀ိုင္းထဲမွာရွိတဲ့ ပန္းကန္ခ်ပ္ေလးေတြကို လိုသလို အစားထိုးလို ့ရနိုင္ေပမယ့္ ကြယ္လပ္ျဖစ္သြားတဲ့ မိသားစုဘ၀ေလးေတြကိုေတာ့ ဘယ္အရာကမွ အစားထိုးလို ့မရနိုင္ေတာ့ပါဘူး။

ဒီ ထမင္း၀ိုင္းေလးဟာ ….. လြတ္လပ္ျခင္းေတြနဲ႔ ျပည့္နွပ္ေနတဲ့ ေနရာေႏြးေထြးမႈ​ေတြ ရရွိတဲ့ ေနရာ မ်က္ရည္ေတြကို အဆုံးသတ္ေပးတဲ့ေနရာ ေပ်ာ္ရႊင္မႈေတြနဲ ့ဆင္ျမန္းထားတဲ့ေနရာ ရိုးသားပြင့္လင္းမႈေတြ စတင္ရာေနရာစတဲ့ အင္မတန္ ခ်စ္ဖို႔ေကာင္းတဲ့ ဂုဏ္ျဒပ္ေတြနဲ ့ ဖဲြ႔တည္ထားတဲ့ ေနရာေလးပါ။

တနည္းအားျဖင့္ ၿငိမ္းခ်မ္းေရးရဲ႕ျပယုတ္လည္း ျဖစ္ပါတယ္။ အေၾကာင္းမ်ိဳးမ်ိဳးနဲ ့မိသားစုေတြနဲ ့ေ၀းကြာေနရတဲ့ သူမ်ားဟာ တိုင္းျပည္ႀကီး မၿငိမ္​းခ်မ္းသ၍ သူတို႔ရဲ႕မိသားစု ထမင္း၀ိုင္းေလးနဲ ့ဆုံခြင့္ ရၾကဦးမည္ မဟုတ္ပါ။

သူတို႔အတြက္ေတာ့ ၿငိမ္​းခ်မ္းေရး ထမင္း၀ိုင္းေလးဟာ ကုန္ဆုံးသြားတဲ့ နာက်ည္းစရာ အခ်ိန္အားလုံးရဲ႕ တစ္ခုတည္းေသာ စိတ္ေျဖရာေလးပါ။ဒါေၾကာင့္ မိသားစု လက္ဆုံတဲ့ ထမင္း၀ိုင္းေလးကို အျမန္ဆုံး ျပန္လည္ဖန္တီးခြင့္ ရၾကပါေစလို ့ဆုေတာင္းေပးပါတယ္။ ၿငိမ္​းခ်မ္းေရး ထမင္း၀ိုင္းေလးနဲ႔အတူ ဘ၀ကို ေလွ်ာက္လွမ္းခြင့္ ရၾကပါေစ။

ThatHtarKhin

=======================

Unicode

ထမင်းဝိုင်းလို ့ခေါင်းစီးလေး တွေ့လိုက်တာနဲ့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ မိသားစုထမင်းဝိုင်းလေးကို ပြေးမြင်မိကြမှာပါ။ တစ်ချိန်ထဲမှာပဲ တမ်းတ လွမ်းဆွတ်မှု​တွေ နဲ့ တစ်ခဏတာ တန်ဆာဆင်သွားပါလိမ့်မည်။

မတူကွဲပြားခြင်းတွေ ဘယ်လောက်ရှိနေနေ အားလုံး တူနေတဲ့ အချက်ကတော့ မိသားစု ထမင်းဝိုင်းလေးကို တမ်းတနေကြခြင်းပါပဲ။ အဲဒီ ထမင်းဝိုင်းလေးထဲက ရော့သွားတဲ့သူတွေဟာ မိသားစုနဲ့ ခွဲသွားကြတဲ့သူတွေပါ။

တစ်ချို့က မိသားစုနဲ ့သေကွဲတစ်ချို့ကတော့ ရှင်ကွဲပေါ့။ကွပ်လပ်ဖြစ်သွားတဲ့ ထမင်းဝိုင်းလေးထဲမှာဝမ်းနည်း လွမ်းဆွတ်မှုတွေက ဘဝဆုံးတိုင်ထိဖြစ်တည် သွားတော့မှာပါ။ ထမင်းဝိုင်းထဲမှာရှိတဲ့ ပန်းကန်ချပ်လေးတွေကို လိုသလို အစားထိုးလို ့ရနိုင်ပေမယ့် ကွယ်လပ်ဖြစ်သွားတဲ့ မိသားစုဘဝလေးတွေကိုတော့ ဘယ်အရာကမှ အစားထိုးလို ့မရနိုင်တော့ပါဘူး။

ဒီ ထမင်းဝိုင်းလေးဟာ ….. လွတ်လပ်ခြင်းတွေနဲ့ ပြည့်နှပ်နေတဲ့ နေရာနွေးထွေးမှု​တွေ ရရှိတဲ့ နေရာ မျက်ရည်တွေကို အဆုံးသတ်ပေးတဲ့နေရာ ပျော်ရွှင်မှုတွေနဲ ့ဆင်မြန်းထားတဲ့နေရာ ရိုးသားပွင့်လင်းမှုတွေ စတင်ရာနေရာစတဲ့ အင်မတန် ချစ်ဖို့ကောင်းတဲ့ ဂုဏ်ဒြပ်တွေနဲ ့ ဖွဲ့တည်ထားတဲ့ နေရာလေးပါ။

တနည်းအားဖြင့် ငြိမ်းချမ်းရေးရဲ့ပြယုတ်လည်း ဖြစ်ပါတယ်။ အကြောင်းမျိုးမျိုးနဲ ့မိသားစုတွေနဲ ့ဝေးကွာနေရတဲ့ သူများဟာ တိုင်းပြည်ကြီး မငြိမ်​းချမ်းသ၍ သူတို့ရဲ့မိသားစု ထမင်းဝိုင်းလေးနဲ ့ဆုံခွင့် ရကြဦးမည် မဟုတ်ပါ။

သူတို့အတွက်တော့ ငြိမ်​းချမ်းရေး ထမင်းဝိုင်းလေးဟာ ကုန်ဆုံးသွားတဲ့ နာကျည်းစရာ အချိန်အားလုံးရဲ့ တစ်ခုတည်းသော စိတ်ဖြေရာလေးပါ။ဒါကြောင့် မိသားစု လက်ဆုံတဲ့ ထမင်းဝိုင်းလေးကို အမြန်ဆုံး ပြန်လည်ဖန်တီးခွင့် ရကြပါစေလို ့ဆုတောင်းပေးပါတယ်။ ငြိမ်​းချမ်းရေး ထမင်းဝိုင်းလေးနဲ့အတူ ဘဝကို လျှောက်လှမ်းခွင့် ရကြပါစေ။

ThatHtarKhin

No comments:

Post a Comment