Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစမည့္ သဘာဝေဆးနည္း

ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစမည့္ သဘာဝေဆးနည္း
အိပ္ေပ်ာ္ေစမည့္ သဘာဝေဆးနည္း။ အခုတေလာ ႏိုင္ငံတကာ က်န္းမာေရးစာမ်က္ႏွာမ်ားမွာ လူႀကိဳက္မ်ားေနတဲ့ သဘာဝအိပ္ေဆးနည္းတစ္ခုကို ျပန္လည္ေရးသားမွ်ေဝေပးခ်င္ပါတယ္။

ေဆးနည္း

(၁) မမာလြန္း မေပ်ာ့လြန္းသည့္ အေနေတာ္ ငွက္ေပ်ာသီးမွည့္တစ္လုံးကို အခြံမခြါပဲ ေဆးစင္ေအာင္ေဆးၿပီး အရင္းပိုင္းနဲ႔ အဖ်ားပိုင္းကို ျဖတ္လိုက္ပါ။
(၂) အိုးထဲကိုထည့္ၿပီး ငွက္ေပ်ာသီးျမဳပ္႐ုံ ေရထည့္ပါ။
(၃) သစ္ဂ်ပိုးေခါက္မႈန႔္ လက္ဖက္ရည္ဇြန္း ၁ဇြန္းခန႔္ ထည့္ပါ။
(၄) ပြတ္ပြတ္ဆူေအာင္ ၁၀ မိနစ္ခန႔္ ျပဳတ္ပါ။ ၿပီးလွ်င္ အေအးခံထားပါ။
(၅) အိပ္ယာမဝင္ခင္မွာ ၎ငွက္ေပ်ာသီးျပဳတ္ရည္ကို တစ္ခြက္ေသာက္ပါ။ ငွက္ေပ်ာသီးကိုလည္း စားလိုပါက စားႏိုင္ပါတယ္။

ငွက္ေပ်ာသီးအခြံမွာ ပါဝင္ထားတဲ့ ကာလ္စီယမ္ဓါတ္၊ မဂၢနီစီယမ္ဓါတ္တို႔ဟာ နာက်င္ကိုက္ခဲျခင္း၊ အေၾကာတက္ျခင္း၊ ေယာင္ရမ္းျခင္းတို႔ကို ေျပေပ်ာက္ေစႏိုင္ၿပီး သစ္ေခါက္မႈန႔္ကေတာ့ ႏွလုံးကို အားေကာင္းေစတာေၾကာင့္ စိတ္ကို တည္ၿငိမ္ေစႏိုင္ကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္။ တိုးတက္ေျပာင္းလဲလာတဲ့ ပတ္ဝန္းက်င္၊ အစားအေသာက္၊ ရာသီဥတု၊ အသုံးအေဆာင္မ်ားေၾကာင့္ ယခုဆိုလွ်င္ ကမာၻေပၚမွာ အိပ္မေပ်ာ္တဲ့လူေပါင္း သန္းနဲ႔ခ်ီၿပီး ရွိလာေနၿပီျဖစ္ပါတယ္။

အိပ္ေဆးမ်ားလည္း ထုတ္သမွ် ေရာင္းမေလာက္ေအာင္ ျဖစ္လာၾကကာ တရားဥပေဒ မခိုင္မာသည့္ အခ်ိဳ႕ႏိုင္ငံမ်ားမွာ ဆရာဝန္လက္မွတ္မပါပဲ အိပ္ေဆးကို ထုတ္လုပ္၊ ေရာင္းခ်ေနၾကၿပီး ေဆးအတုမ်ား ေပါမ်ားလာကာ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ က်န္းမာေရးထိခိုက္မႈမ်ား တစတစ တိုးလာေနၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ေဆးကို ဝယ္ေသာက္ေတာ့မယ္ဆိုရင္ ဆရာဝန္က လူနာရဲ႕ ခံႏိုင္ရည္အားကို ေသခ်ာစစ္ေဆးၿပီး သင့္ေတာ္သည့္ အိပ္ေဆးအမ်ိဳးအစားကို ၫြန္ေပးမွသာ ေသာက္သင့္ေၾကာင္း အႀကံျပဳခ်င္ပါတယ္။

ဆရာဝန္ျပဖို႔ အခက္အခဲ ရွိေနတယ္ဆိုရင္ေတာ့ ေဘးထြက္ဆိုးက်ိဳး မရွိတဲ့ သဘာဝေဆးနည္းမ်ားကိုသာ အသုံးျပဳဖို႔ တိုက္တြန္းလိုက္ပါတယ္။ လူသားအားလုံး က်န္းမာခ်မ္းသာၾကပါေစ။

ကိုးကား – How to fall Asleep Fast
 ေစာႏြဲ႕ေနဆိုင္ (ပူတာအို)
....................................
(Unicode)

နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် သဘာဝဆေးနည်း

အိပ်ပျော်စေမည့် သဘာဝဆေးနည်း။ အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ လူကြိုက်များနေတဲ့ သဘာဝအိပ်ဆေးနည်းတစ်ခုကို ပြန်လည်ရေးသားမျှဝေပေးချင်ပါတယ်။

ဆေးနည်း

(၁) မမာလွန်း မပျော့လွန်းသည့် အနေတော် ငှက်ပျောသီးမှည့်တစ်လုံးကို အခွံမခွါပဲ ဆေးစင်အောင်ဆေးပြီး အရင်းပိုင်းနဲ့ အဖျားပိုင်းကို ဖြတ်လိုက်ပါ။

(၂) အိုးထဲကိုထည့်ပြီး ငှက်ပျောသီးမြုပ်ရုံ ရေထည့်ပါ။

(၃) သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် ထည့်ပါ။

(၄) ပွတ်ပွတ်ဆူအောင် ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် အအေးခံထားပါ။

(၅) အိပ်ယာမဝင်ခင်မှာ ၎င်းငှက်ပျောသီးပြုတ်ရည်ကို တစ်ခွက်သောက်ပါ။ ငှက်ပျောသီးကိုလည်း စားလိုပါက စားနိုင်ပါတယ်။

ငှက်ပျောသီးအခွံမှာ ပါဝင်ထားတဲ့ ကာလ်စီယမ်ဓါတ်၊ မဂ္ဂနီစီယမ်ဓါတ်တို့ဟာ နာကျင်ကိုက်ခဲခြင်း၊ အကြောတက်ခြင်း၊ ယောင်ရမ်းခြင်းတို့ကို ပြေပျောက်စေနိုင်ပြီး သစ်ခေါက်မှုန့်ကတော့ နှလုံးကို အားကောင်းစေတာကြောင့် စိတ်ကို တည်ငြိမ်စေနိုင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရာသီဥတု၊ အသုံးအဆောင်များကြောင့် ယခုဆိုလျှင် ကမ္ဘာပေါ်မှာ အိပ်မပျော်တဲ့လူပေါင်း သန်းနဲ့ချီပြီး ရှိလာနေပြီဖြစ်ပါတယ်။

အိပ်ဆေးများလည်း ထုတ်သမျှ ရောင်းမလောက်အောင် ဖြစ်လာကြကာ တရားဥပဒေ မခိုင်မာသည့် အချို့နိုင်ငံများမှာ ဆရာဝန်လက်မှတ်မပါပဲ အိပ်ဆေးကို ထုတ်လုပ်၊ ရောင်းချနေကြပြီး ဆေးအတုများ ပေါများလာကာ ဘေးထွက်ဆိုးကျိုးကြောင့် ကျန်းမာရေးထိခိုက်မှုများ တစတစ တိုးလာနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် အိပ်ဆေးကို ဝယ်သောက်တော့မယ်ဆိုရင် ဆရာဝန်က လူနာရဲ့ ခံနိုင်ရည်အားကို သေချာစစ်ဆေးပြီး သင့်တော်သည့် အိပ်ဆေးအမျိုးအစားကို ညွန်ပေးမှသာ သောက်သင့်ကြောင်း အကြံပြုချင်ပါတယ်။

ဆရာဝန်ပြဖို့ အခက်အခဲ ရှိနေတယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုး မရှိတဲ့ သဘာဝဆေးနည်းများကိုသာ အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

ကိုးကား – How to fall Asleep Fast
 စောနွဲ့နေဆိုင် (ပူတာအို)

No comments:

Post a Comment