Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

(၇) ရက္ သားသမီးမ်ားအတြက္ ဇန္န၀ါရီ တစ္လစာ ေဆာင္ရန္၊ေရွာင္ရန္ ေဟာစာတမ္းၾကီး လာပါျပီ


2019 ႏွစ္အတြက္ မိမိကံၾကမၼာ အဆိုးအေကာင္းကို ဆရာမင္းသုခထံ ဖုန္းျဖင့္ တိုက္႐ိုက္ ဆက္သြယ္ေမးျမန္းႏိုင္သည္။ ခုႏွစ္ရက္ သားသမီးမ်ား အားလံုး 2019 ႏွစ္သစ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး လိုအင္ဆႏၵ တစ္လံုးတစ္ဝ ျပည့္စံုၾကပါေစ ကံဇာတာ အညံ့မ်ားလည္း ပေျပာက္ၿပီး ကံပြင့္ စန္းပြင့္ ေမတၱာေရး အခ်စ္ေရးမ်ား အဆင္ေျပၾကပါေစ။

တနဂၤေႏြသားသမီးမ်ားအတြက္
ဒီလထဲတြင္ ႀကံဳေတြ႕ေနရေသာ ျပသနာမ်ားအား ခ်ဳပ္ကိုင္ အႏိုင္ယူစြမ္း ႐ွိေသာကာလ ျဖစ္သည္။ မိမိလုပ္ေဆာင္သမ်ွကို အမိ်ဳးသမီးတစ္ဦးမွ လိုက္လံ ကူညီတက္သည္ ။ စီးပြားေရး၊ အလုပ္အကုိင္ႏွင့္ ပတ္ သက္ၿပီး လူမ်ိဳးျခား၊ ႏိုင္ငံျခားႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ အထည္အလိပ္ႏွင့္ပတ္သက္ေသာ လုပ္ငန္း၊ ဟိုတယ္ႏွင့္ခရီးသြား လုပ္ငန္း၊ ျပည္ပႏွင့္ပတ္သက္ေသာ လုပ္ငန္းမ်ား အဆင္ေျပေအာင္ျမင္ကိန္း ရွိပါသည္။ေငြေရး၊ ေၾကးေရး ကံမေကာင္းေသးပါ။

ေငြအထြက္မ်ားျခင္း၊ ရစရာရွိတာမရျခင္း၊ ေပးစရာရွိတာ မေပးျဖစ္ေသး ျခင္း၊ အေႂကြးတင္ျခင္းမ်ား ႀကံဳရကိန္း ရွိပါသည္။ အလုပ္အကိုင္ေျပာင္းေရႊ႕ခ်င္ စိတ္မ်ားျဖစ္ေနတတ္ပါသည္။ အလုပ္အကိုင္ေျပာင္းလိုလွ်င္ ဤလကုန္ (2) ရက္ေန႔ေက်ာ္မွ ေျပာင္းပါေလ။

ငယ္ရြယ္သူမ်ား ခ်စ္သူႏွင့္အဆင္မေျပျဖစ္ရတတ္သည္။ တနဂၤေႏြ၊ တနလၤာ၊ ေသာၾကာသား ခ်စ္သူရွိလွ်င္ အဆင္မေျပ ပ်က္သြားတတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဖက္ႏွင့္ ပတ္သတ္ၿပီး စိတ္အေႏွာင့္အ ယွက္ျဖစ္ရ၊ စကားမ်ားရတတ္ပါသည္။အလုပ္အကိုင္မ်ား အစဥ္ေျပမလိုလိုႏွင့္ အဆင္မေျပဘဲ ရွိေနတတ္ပါ သည္။

အင္တာဗ်ဴးကိိစၥ၊ သင္တန္းကိစၥမ်ား စီစဥ္ၿပီး လုပ္ျဖစ္ရန္ ႀကံၾကာေန တတ္ပါသည္။ယၾတာ အေနႏွင့္ တနဂၤေႏြေန႔ အိမ္ဘုရားစဥ္တြင္ ပန္းအဝါ (15)ပြင့္ ဖေယာင္းတိုင္-အဝါေယာင္ (15) တိုင္ အေမႊးတိုင္ (15) တိုင္ အသီး (15) လံုးကို ကပ္လွဴ ထြန္းညိွပူေဇာ္ ေပးလိုက္ပါ။ ေရာင္းလိုေသာ ပစၥည္းမ်ားရွိလွ်င္ အုန္းၫြန္႔ (၁၂) ညႊန္႔ႏွင့္ ရိုက္ၿပီး ဆုေတာင္းပါ။

တနလၤာသားသမီးမ်ားအတြက္

ေမ်ွာ္လင့္ခ်က္မ်ား ပီးျပည့္စံုမည့္ ကာလျဖစ္သည္။ မိမိျဖစ္ခ်င္ေသာ အရာမွန္သမ်ွ ယခု ကာလအတြင္းထူးျခားတိုက္ဆိုင္စြာ ျပည့္ဝတက္သည္။ လုပ္ေဆာင္မႈတိုင္း၌ စိတ္ပါလက္ပါ ႐ွိပါေစ။ အေဆာက္အဦးႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ တိုက္တာ ေဆာက္လုပ္ျခင္း၊ အိမ္သစ္ ေဆာက္လုပ္ျခင္း၊ ဟုိတယ္ႏွင့္ ခရီးသြားလုပ္ငန္း၊ ေျမယာႏွင့္ပတ္ သက္ေသာလုပ္ငန္း၊ ပြဲစား လုပ္ငန္း၊ ပြဲရံု လုပ္ငန္း၊ ေအာင္ျမင္ကိန္း ရွိပါသည္။ၿပီးခဲ့သည့္ လမ်ား မရခဲ့ေသာ ရစရာရွိ ေသာေငြမ်ား ဆံုးရႈံးသြားေသာ ေငြမ်ားႏွင့္ ေရႊမ်ားျပန္လည္ရရွိကိန္း ရွိသည္။

မထင္မွတ္ဘဲ ဘုရားဖူးခရီး၊ ရပ္ေ၀းခရီးသြားရကိန္းလည္း ရွိပါသည္။ ရပ္ေ၀းမွ ေဆြမ်ိဳးသား ခ်င္း မ်ားႏွင့္လည္းေတြ႕ရကိန္းရွိပါ သည္။ စက္ပစၥည္းႏွင့္ပတ္သက္လို႔ ေငြေၾကးကုန္က်မ်ားရတတ္ပါသည္။ ေငြအထြက္ မ်ားတတ္ပါသည္။ ေငြေပ်ာက္ကိန္း ရွိသည္။

က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အကၡရာအမည္ႏွင့္ စေသာသူ မ်ားကို ေငြေရးေၾကးေရး ကိစၥ သတိထားပါ။ အာမခံႏွင့္ ေငြမခ်းပါႏွင့္။ အိမ္ေထာင္ရွင္မမ်ား အိမ္ေထာင္ေရး အဆင္ေျပၿပီး အိမ္ေထာင္ရွင္ အမ်ိဳးသားမ်ား စန္းပြင့္ကိန္းရွိေသာ ကာလျဖစ္ပါသည္။ ခ်စ္သူ၊ သမီးရည္းစားမ်ား ခ်စ္သူႏွင့္အဆင္မေျပျဖစ္တတ္သည္။ တနလၤာ၊ ေသာၾကာ သားသမီးမ်ားႏွင့္ ခ်စ္သူျဖစ္လွ်င္ အဆင္မေျပျဖစ္ၿပီး ျပတ္သြားတတ္ပါသည္။

ပညာေရး ကံေကာင္းပါသည္။ သင္တန္းတတ္ရန္ စိတ္ကူးရွိသူမ်ား သင္တန္းတတ္ျဖစ္တတ္သည္။ အင္တာဗ်ဴး ေျဖမည့္သူမ်ား ေအာင္ျမင္ ကိန္းရွိသည္။ တစ္ခါတစ္ရံ အိမ္မွာမေနလိုစိတ္၊ ခရီးထြက္ခ်င္စိတ္မ်ား ျဖစ္ေနတတ္သည္။ယၾတာအေနႏွင့္ မိမိ၏ ေမြးနံၿဂိဳလ္ေဒါင့္ ဘုရားမွာ ကြမ္းရြက္ (5) ရြက္, ဖေယာင္းတိုင္ အျဖဴေရာင္ (5) တိုင္, ပန္းအျဖဴေရာင္ (5) ပြင့္ကို ကပ္လွဴ ပူေဇာ္ေပးပါ။

အဂၤါသားသမီးမ်ားအတြက္

ဘာပဲလုပ္လုပ္ အပင္ပန္းခံ ရသေလာက္ အက်ိဳးမေပးတက္တဲ့ ကာလျဖစ္သည္။ စိတ္ရႈပ္စရာ၊ စိတ္ပ်က္စရာ၊ စိတ္ဓာတ္က်စရာကိစၥမ်ားႀကံဳတတ္သည္။ သူတစ္ပါး အထင္လႊဲျခင္း၊ မေကာင္းေျပာခ်င္းမ်ား ခံရကိန္းရွိသည္။ ခ်စ္ခင္သူမ်ားႏွင့္မထင္မွတ္သာ အေၾကာင္းအရာမ်ားေၾကာင့္ လမ္းခြဲရကိန္းရွိပါသည္။တနလၤာ၊ အဂၤါ၊ ဗုဒၶဟူး ခ်စ္သူရွိက မထင္မွတ္ဘဲ အဆင္မေျပျခင္း၊ ပ်က္သြားျခင္းမ်ား ႀကံဳရတတ္ပါသည္။

ခ်စ္သူ မရွိသူမ်ားကေတာ့ အခ်စ္သစ္ေတြ႕မည္၊။ မိမိထက္ငယ္ရြယ္သူမ်ားႏွင့္အဆင္ေျပတတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား၊ အိမ္ေထာင္ေရး အဆင္မေျပျဖစ္တတ္သည္။ ဆန္းပြင့္ျခင္းတို႔ ႀကံဳရကိန္းရွိသည္။

ပညာေရးကံ ေကာင္းပါသည္။ သင္တန္းကိစၥ၊ အင္တာဗ်ဴးကိစၥမ်ား အဆင္ေျပ ေအာင္ျမင္ကိန္း ရွိပါသည္။ ေငြေရး၊ ေၾကးေရးကံ မေကာင္းပါ။ အေၾကြးတင္ျခင္း၊ အေၾကြးေပးစရာရွိျခင္းမ်ား ႀကံဳရတတ္ပါသည္။ ေငြေရးေၾကးေရးႏွင့္ ကိစၥႏွင့္ပတ္သက္ၿပီး ေသာကေရာက္ကိန္း ရွိပါသည္။ အလုပ္အကိုင္မ်ားလည္း အဆင္ေျပမလိုလိုႏွင့္အဆင္မ ေျပျဖစ္တတ္သည္။

ႏိုင္ငံျခားလုပ္ငန္း၊ လူမ်ိဳးျခားႏွင့္ ပတ္သက္ေသာလုပ္ငန္း၊ အစိုးရႏွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ား ေအာင္ျမင္ကိန္း ရွိပါသည္။ ေငြေၾကးႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ စက္ပစၥည္းႏွင့္ ပတ္သက္ေသာ လုပ္ငန္းလုပ္သူမ်ား ေငြေၾကး ကံေကာင္းမႈ အားနည္း တတ္ပါသည္။ယၾတာကေတာ့ ဒီလအတြင္း ေငြေရးေၾကးေရး ကံေကာင္းေစရန္ ဘုရား တစ္ဆူဆူရဲ႕ တနဂၤေႏြေထာင့္မွာ သေဘၤာသီး (1) လံုး လွဴေပးပါ။ အိမ္ဘုရားမွာ သေျပပန္းလွဴေပးပါ။

ဗုဒၶဟူးသားသမီးမ်ားအတြက္

ရည္ရြယ္ခ်က္ ရည္မွန္းခ်က္မ်ား ထင္ထင္႐ွား႐ွား ေအာင္ျမင္မည့္ ကာလျဖစ္သည္။ ေငြေၾကးကုန္က်မ်ားျခင္း၊ အေဖ၊ အေမ က်န္းမာေရးညံ့ျခင္းမ်ား ႀကံဳရတတ္ပါသည္။ ခ်စ္ခင္ေသာ သူမ်ားႏွင့္လည္း လမ္းခြဲရ တတ္ပါသည္။ ခ်စ္သူ အသစ္ေတြ႕လုိ႔ စိတ္ခံစားရကိန္း ရွိပါတယ္။ အခ်စ္ေရး ေငြေၾကး ဒီလ ထဲကံေကာင္းေသးပါ။အ၀င္နဲ႕ အထြက္ ေငြေၾကး အထြက္မ်ားရတတ္ပါတယ္။ ေခ်းထားေသာေငြမ်ား ျပန္မရျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး ေငြကုန္ေၾကးက်မ်ားျခင္းမ်ား ႀကံဳရတတ္ပါသည္။ တနလၤာ၊ ၾကာသပေတး သားသမီး မ်ားကို ေငြမေခ်းပါနဲ႕ ။

အိမ္ကိစၥ၊ အေဆာက္အဦးကိစၥမ်ား၊ ဆိုင္ခန္းကိစၥမ်ား အဆင္ေျပေအာင္ျမင္မည္။ ဆန္၊ ဆီ၊ ဆား၊ ေဆး၊ စက္ပစၥည္း၊ စပ္တူရွယ္ယာလုပ္ငန္းမ်ား အဆင္ေျပေအာင္ျမင္ကိန္းရွိေသာ ကာလျဖစ္ပါသည္။

ဒီလအတြင္း အခ်စ္ေရး ကံမေကာင္းပါ။ မိန္းမတစ္ေယာက္ကုိ အေၾကာင္းျပဳၿပီး ခ်စ္သူႏွင့္ အဆင္မေျပျဖစ္ကာ လမ္းခြဲရကိန္း ႀကံဳရတတ္ပါသည္။ တစ္ခါတစ္ရံ စိတ္အားငယ္သလို ျဖစ္ေနတတ္သည္။ အိမ္ေထာင္ရွိသူမ်ား သား၊သမီးရကိန္း ရွိပါသည္။ ပညာေရးကံ မေကာင္းပါ၊ သင္တန္းတတ္ရန္ ကိစၥမ်ားပ်က္သြားကိန္းရွိသည္။ယၾတာကေတာ့ မိမိထက္ (၃) ႏွစ္ အသက္ႀကီးေသာ တစ္ဦးကို အက်ႌ အျဖဴေရာင္အသစ္ (1) ထည္လွဴေပးလိုက္ပါ။ အိမ္ဘုရားမွာ ႏွင္းဆီပန္း အနီေရာင္ (၁၇) ပြင့္ လွဴေပးလိုက္ပါ။

ၾကာသပေတးသားသမီးမ်ားအတြက္

လက္႐ွိ လုပ္ေနေသာ လုပ္ငန္းအား မိတ္ေဆြ သူငယ္ခ်င္း တစ္ဦးေၾကာင့္ ေႏွာင္ေႏွးၿပီး လႊဲေခ်ာ္တက္ေသာ့ကာလျဖစ္သည္။ ေျခ၊ လက္ထိမိခိုက္မိ ျဖတ္တတ္သျဖင့္ ဂရုစိုက္ေပးပါ ။ စိတ္ထိခိုက္ျခင္း၊ စိတ္ဓာတ္က်ျခင္းမ်ား တစ္ခါတစ္ရံ ျဖစ္ေပၚတတ္ပါသည္။ခ်စ္သူႏွင့္ စကားေျပာ အဆင္မေျပ ျဖစ္တတ္သည္။ မထင္မွတ္ဘဲ ခရီးတစ္ခု သြားရတတ္သည္။ ခရီးသြားၿပီး ျပန္လာလွ်င္ ညံ့ေနေသာကံမ်ား ေကာင္း သြားတတ္ပါသည္။ ေျမကိစၥ၊ ဖုန္းကိစၥ၊ အေမြကိစၥ၊ ေငြေရးေၾကးေရးႏွင့္ ပတ္သက္ၿပီး စိတ္ေသာက ေရာက္ရတတ္ပါသည္။

က်န္းမာေရးႏွင့္ ပတ္သက္ၿပီး ေငြအထြက္မ်ားျခင္း၊ ေငြေၾကးေပး စရာရွိသည္ကို မေပးႏိုင္ျခင္းမ်ား ႀကံဳရတတ္ပါသည္။ ကား၊ ကြန္ပ်ဴတာ၊ ကင္မရာမ်ား ၀င္ကိန္း၊ အဆင္ေျပကိန္း ရွိသည္။ အလွျပင္ လုပ္ငန္း၊ အႏုပညာလုပ္ငန္း၊ လူထုႏွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ား အဆင္ေျပ ေအာင္ျမင္ကိန္း ရွိပါသည္။စပ္တူရွယ္ယာ လုပ္ငန္း၊ ဟိုတယ္ႏွင့္ ခရီးသြား လုပ္ငန္းမ်ား အလုပ္ျဖစ္ၿပီး ေငြမက်န္ျခင္း၊ ေငြစုမရျခင္း မ်ားႀကံဳရတတ္ပါသည္။

စီးပြားေရး လုပ္ငန္း လုပ္သူမ်ား ေငြေရးေၾကးေရး စကားေျပာရတတ္သည္။ အိမ္ေထာင္ရွိသူမ်ား ဆန္းပြင့္ကိန္းရွိသည္။ ပညာေရးကံမေကာင္းပါ။ သင္တန္းတတ္ရန္ကိစၥမ်ား ပ်က္သြားတတ္ပါသည္။ယၾတာကေတာ့ အိမ္ဘုရားမွာ ပန္းအျဖဴေရာင္ (19) ပြင့္ ဆီမီးခြက္ (19) ခြက္,အေမႊးတိုင္ (19) တိုင္ ကပ္လွဴထြန္းညိွ ပူေဇာ္ေပး လိုက္ပါ။

ေသာၾကာသားသမီးမ်ားအတြက္
အလြန္ေကာင္းတဲ့ သတင္းတစ္ခု ၾကားရတက္ပါသည္ လူခ်စ္လူခင္ မ်ားမဲ့ကာလ ျဖစ္မည္။ စက္ပစၥည္းႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ စပ္တူရွယ္ယာလုပ္ငန္း၊ ေဆာက္လုပ္ေရး လုပ္ငန္း၊ ျပည္ပ ရင္းႏွီးမႈလုပ္ငန္းမ်ား အဆင္ေျပေအာင္ျမင္ ကိန္းရွိပါသည္။ ရပ္ေ၀းမွ စပ္တူရွယ္ယာ လုပ္ငန္းမ်ားလည္း ေပၚတတ္ပါသည္။

ပြဲရံုပြဲစား လုပ္ငန္း၊ ေျမယာႏွင့္ပတ္ သက္ေသာ လုပ္ငန္း၊ ပရိေဘာဂႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ ပဲမ်ိဳးစံု ေရာင္း၀ယ္ေရး စေသာ ၾကာသပေတးနံ လုပ္ငန္းမ်ားလည္း အဆင္ေျပ ေအာင္ျမင္တတ္ေသာ ကာလ ျဖစ္ပါသည္။ ေငြေၾကး အ၀င္နည္း၊ အထြက္ၾကမ္း ျဖစ္ေနတတ္ပါသည္။ မထင္မွတ္ဘဲ ခရီးသြားရတတ္ပါသည္။ ေကာင္းေသာခရီး ျဖစ္တတ္ပါသည္။

အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဖက္ႏွင့္ ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္သည္။ အိမ္ေထာင္ဖက္သည္ အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္း/ အိမ္က ထြက္သြားျခင္း စန္းပြင့္ျခင္း တို႔ျဖစ္ ၍ စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါသည္။ရပ္ေ၀း မွမိတ္ေဆြ ဆရာသမား ၊ အဂၤါ၊ စေနသ ားသမီးမ်ား အကူအညီ ရတတ္ပါသည္။ ငယ္ရြယ္သူမ်ားခ်စ္သူႏွင့္ အဆင္မေျပျဖစ္ကိန္း ရွိသည္။

တစ္ခါတစ္ေလ စိတ္ထိခိုက္သလို စိုးရိမ္သလို စိတ္ေသာက ျဖစ္ေနတတ္ပါသည္။ပညာေရး ကိစၥ၊ အထူးေကာင္းပါသည္။ သင္တန္း ကိစၥမ်ားလည္း အဆင္ေျပ ေအာင္ျမင္ၿပီး သင္တန္းတတ္ရန္ ရည္ရြယ္ထားသာမ်ား သင္တန္း တတ္ျဖစ္လိမ့္မည္။ ဒီကာလအတြင္း စိတ္ညစ္၊ စိတ္ရႈပ္လွ်င္ ဘုရားဖူးခရီး ထြက္လိုက္ပါ။ယၾတာကေတာ့ တနလၤာၿဂိဳလ္ေဒါင့္ ဘုရားတြင္ ကံ့ေကာ္ၫြန္႔ (21) ၫြန္႔, ဖေယာင္းတိုင္ (21) တိုင္ ခ်ိဳခ်ဥ္(သၾကားလံုး) (21) လံုး လွဴေပးလိုက္ပါ။

စေနသားသမီးမ်ားအတြက္

မထင္မွတ္ထားေသာ လုပ္ငန္း ေနရာ အေျပာင္းအလဲမ်ား ေျပာင္းေရြ႕ လုပ္ကိုင္ရမည့္ ကာလျဖစ္သည္၊၊ အလုပ္အကိုင္ တိုးတတ္မႈ အားေကာင္းတတ္ပါသည္။ ေငြကုန္ေၾကးက် မ်ားေနတတ္သည္။ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္း၊ ဘာသာျပန္လုပ္ငန္း၊ လူထုႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ အႏုပညာ လုပ္ငန္းမ်ား အဆင္ေျပ ေအာင္ျမင္ကိန္း ရွိေသာ ကာလျဖစ္ပါသည္။

မိတ္ရင္း၊ ေဆြရင္း၊ဆရာသမားလို ပုဂၢိဳလ္မ်ိဳးႏွင့္ အဆင္မေျပ ျဖစ္ကိန္းရွိသည္။ ေျခ၊ လက္ ထိခိုက္ဒဏ္ရာရျခင္း၊ က်န္းမာေရး ည့ံ၍ ေဆးရံု၊ ေဆးခန္းျပရျခင္းမ်ား ႀကံဳရတတ္ပါသည္။ အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ား အိမ္ေထာင္ ဖက္ဆန္းပြင့္ျခင္း၊ အိမ္ေထာင္ဖက္ႏွင့္ အဆင္မေျပ ျဖစ္ျခင္းမ်ား ႀကံဳရတတ္သည္။

အိမ္ေထာင္ရွင္ အမ်ိဳးသားမ်ား စန္းပြင့္ကိန္း ရွိပါသည္။ ရည္စားရွိသူမ်ား အခ်စ္ေရး အဆင္မေျပ ျဖစ္တတ္သည္။ တနဂၤေႏြ၊ ၾကာသပေတး သားသမီးႏွင့္ ဇာတ္လမ္းျဖစ္လွ်င္ ျပတ္သြားတတ္ပါသည္။ အလုပ္အကိုင္ အဆင္ေျပမလိုလိုႏွင့္ မေျပဘဲ လြဲလြဲေနတတ္ပါသည္။ ၀င္စရာရွိေသာ ေငြမ်ားလည္း မ၀င္ျခင္း၊ ရစရာရွိေသာ လုပ္ငန္းမ်ား လည္း မေအာင္ျမင္ေသးျခင္းမ်ား ႀကံဳရတတ္သည္။စေန၊ တနဂၤေႏြသား ခ်စ္သူ အိမ္ေထာင္ဖက္ျဖစ္လွ်င္ ေဖာက္ျပန္၍ ကြဲသြားတတ္ေသာကာလျဖစ္ပါသည္။ ပညာ ေရးကံမေကာင္းပါ။

သင္တန္းမ်ား တိုးလို႔တန္းလန္း ျဖစ္ေနတတ္သည္။ စိတ္ညစ္လွ်င္ ရပ္ေ၀းခရီးထြက္ျခင္း၊ ဘုရားဖူး ထြက္ျခင္း၊ ညအိပ္ညေနခရီးမ်ား ထြက္လိုက္ပါ။ ခရီးမွာျပန္လာလွ်င္ ညံ့ေနေသာကံမ်ားေကာင္းသြား လိမ့္မည္။

ယၾကာကေတာ့ ၾကာသပေတးၿဂိဳလ္ေဒါင့္ ဘုရားတြင္ အသီး (19) လံုး ရြက္လွ (19) ၫြန္႔ , ဖေယာင္းတိုင္ အနီေရာင္ (19) တိုင္ကို ထြန္းညိွပူေဇာ္ေပးပါ၊၊
...............................................
Unicode

2019 နှစ်အတွက် မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။ ခုနှစ်ရက် သားသမီးများ အားလုံး 2019 နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ ကံဇာတာ အညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။

တနင်္ဂနွေသားသမီးများအတွက်

ဒီလထဲတွင် ကြုံတွေ့နေရသော ပြသနာများအား ချုပ်ကိုင် အနိုင်ယူစွမ်း ရှိသောကာလ ဖြစ်သည်။ မိမိလုပ်ဆောင်သမျှကို အမျိုးသမီးတစ်ဦးမှ လိုက်လံ ကူညီတက်သည် ။ စီးပွားရေး၊ အလုပ်အကိုင်နှင့် ပတ် သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။

ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်း ရှိပါသည်။ အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2) ရက်နေ့ကျော်မှ ပြောင်းပါလေ။

ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစ်ရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲ ရှိနေတတ်ပါ သည်။

အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေ တတ်ပါသည်။ယတြာ အနေနှင့် တနင်္ဂနွေနေ့ အိမ်ဘုရားစဉ်တွင် ပန်းအဝါ (15)ပွင့် ဖယောင်းတိုင်-အဝါယောင် (15) တိုင် အမွှေးတိုင် (15) တိုင် အသီး (15) လုံးကို ကပ်လှူ ထွန်းညှိပူဇော် ပေးလိုက်ပါ။ ရောင်းလိုသော ပစ္စည်းများရှိလျှင် အုန်းညွန့် (၁၂) ညွှန့်နှင့် ရိုက်ပြီး ဆုတောင်းပါ။

တနင်္လာသားသမီးများအတွက်

မျှော်လင့်ချက်များ ပီးပြည့်စုံမည့် ကာလဖြစ်သည်။ မိမိဖြစ်ချင်သော အရာမှန်သမျှ ယခု ကာလအတွင်းထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။ လုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါ ရှိပါစေ။ အဆောက်အဦးနှင့် ပတ်သက်သော လုပ်ငန်း၊ တိုက်တာ ဆောက်လုပ်ခြင်း၊ အိမ်သစ် ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစား လုပ်ငန်း၊ ပွဲရုံ လုပ်ငန်း၊ အောင်မြင်ကိန်း ရှိပါသည်။ပြီးခဲ့သည့် လများ မရခဲ့သော ရစရာရှိ သောငွေများ ဆုံးရှုံးသွားသော ငွေများနှင့် ရွှေများပြန်လည်ရရှိကိန်း ရှိသည်။

မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ဝေးခရီးသွားရကိန်းလည်း ရှိပါသည်။ ရပ်ဝေးမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။ ငွေအထွက် များတတ်ပါသည်။ ငွေပျောက်ကိန်း ရှိသည်။

က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အက္ခရာအမည်နှင့် စသောသူ များကို ငွေရေးကြေးရေး ကိစ္စ သတိထားပါ။ အာမခံနှင့် ငွေမချးပါနှင့်။ အိမ်ထောင်ရှင်မများ အိမ်ထောင်ရေး အဆင်ပြေပြီး အိမ်ထောင်ရှင် အမျိုးသားများ စန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။ ချစ်သူ၊ သမီးရည်းစားများ ချစ်သူနှင့်အဆင်မပြေဖြစ်တတ်သည်။ တနင်္လာ၊ သောကြာ သားသမီးများနှင့် ချစ်သူဖြစ်လျှင် အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။

ပညာရေး ကံကောင်းပါသည်။ သင်တန်းတတ်ရန် စိတ်ကူးရှိသူများ သင်တန်းတတ်ဖြစ်တတ်သည်။ အင်တာဗျူး ဖြေမည့်သူများ အောင်မြင် ကိန်းရှိသည်။ တစ်ခါတစ်ရံ အိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။ယတြာအနေနှင့် မိမိ၏ မွေးနံဂြိုလ်ဒေါင့် ဘုရားမှာ ကွမ်းရွက် (5) ရွက်, ဖယောင်းတိုင် အဖြူရောင် (5) တိုင်, ပန်းအဖြူရောင် (5) ပွင့်ကို ကပ်လှူ ပူဇော်ပေးပါ။

အင်္ဂါသားသမီးများအတွက်

ဘာပဲလုပ်လုပ် အပင်ပန်းခံ ရသလောက် အကျိုးမပေးတက်တဲ့ ကာလဖြစ်သည်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။ သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူ မရှိသူများကတော့ အချစ်သစ်တွေ့မည်၊။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။ အိမ်ထောင်ရှိသူများ၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ ကြုံရကိန်းရှိသည်။

ပညာရေးကံ ကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေ အောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေးကံ မကောင်းပါ။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီး သောကရောက်ကိန်း ရှိပါသည်။ အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မ ပြေဖြစ်တတ်သည်။နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့် ပတ်သက်သောလုပ်ငန်း၊ အစိုးရနှင့် ပတ်သက်သော လုပ်ငန်းများ အောင်မြင်ကိန်း ရှိပါသည်။

ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်း၊ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်းလုပ်သူများ ငွေကြေး ကံကောင်းမှု အားနည်း တတ်ပါသည်။ယတြာကတော့ ဒီလအတွင်း ငွေရေးကြေးရေး ကံကောင်းစေရန် ဘုရား တစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ သင်္ဘောသီး (1) လုံး လှူပေးပါ။ အိမ်ဘုရားမှာ သပြေပန်းလှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ရည်ရွယ်ချက် ရည်မှန်းချက်များ ထင်ထင်ရှားရှား အောင်မြင်မည့် ကာလဖြစ်သည်။ ငွေကြေးကုန်ကျများခြင်း၊ အဖေ၊ အမေ ကျန်းမာရေးညံ့ခြင်းများ ကြုံရတတ်ပါသည်။ ချစ်ခင်သော သူများနှင့်လည်း လမ်းခွဲရ တတ်ပါသည်။ ချစ်သူ အသစ်တွေ့လို့ စိတ်ခံစားရကိန်း ရှိပါတယ်။ အချစ်ရေး ငွေကြေး ဒီလ ထဲကံကောင်းသေးပါ။အဝင်နဲ့ အထွက် ငွေကြေး အထွက်များရတတ်ပါတယ်။ ချေးထားသောငွေများ ပြန်မရခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေကုန်ကြေးကျများခြင်းများ ကြုံရတတ်ပါသည်။ တနင်္လာ၊ ကြာသပတေး သားသမီး များကို ငွေမချေးပါနဲ့ ။

အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေး ကံမကောင်းပါ။ မိန်းမတစ်ယောက်ကို အကြောင်းပြုပြီး ချစ်သူနှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲရကိန်း ကြုံရတတ်ပါသည်။ တစ်ခါတစ်ရံ စိတ်အားငယ်သလို ဖြစ်နေတတ်သည်။ အိမ်ထောင်ရှိသူများ သား၊သမီးရကိန်း ရှိပါသည်။ ပညာရေးကံ မကောင်းပါ၊ သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။ယတြာကတော့ မိမိထက် (၃) နှစ် အသက်ကြီးသော တစ်ဦးကို အင်္ကျီ အဖြူရောင်အသစ် (1) ထည်လှူပေးလိုက်ပါ။ အိမ်ဘုရားမှာ နှင်းဆီပန်း အနီရောင် (၁၇) ပွင့် လှူပေးလိုက်ပါ။

ကြာသပတေးသားသမီးများအတွက်

လက်ရှိ လုပ်နေသော လုပ်ငန်းအား မိတ်ဆွေ သူငယ်ချင်း တစ်ဦးကြောင့် နှောင်နှေးပြီး လွှဲချော်တက်သော့ကာလဖြစ်သည်။ ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ ။ စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါသည်။ချစ်သူနှင့် စကားပြော အဆင်မပြေ ဖြစ်တတ်သည်။ မထင်မှတ်ဘဲ ခရီးတစ်ခု သွားရတတ်သည်။ ခရီးသွားပြီး ပြန်လာလျှင် ညံ့နေသောကံများ ကောင်း သွားတတ်ပါသည်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး စိတ်သောက ရောက်ရတတ်ပါသည်။

ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ကင်မရာများ ဝင်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင် လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့် ပတ်သက်သော လုပ်ငန်းများ အဆင်ပြေ အောင်မြင်ကိန်း ရှိပါသည်။စပ်တူရှယ်ယာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ အလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။

စီးပွားရေး လုပ်ငန်း လုပ်သူများ ငွေရေးကြေးရေး စကားပြောရတတ်သည်။ အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။ သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။ယတြာကတော့ အိမ်ဘုရားမှာ ပန်းအဖြူရောင် (19) ပွင့် ဆီမီးခွက် (19) ခွက်,အမွှေးတိုင် (19) တိုင် ကပ်လှူထွန်းညှိ ပူဇော်ပေး လိုက်ပါ။

သောကြာသားသမီးများအတွက်

အလွန်ကောင်းတဲ့ သတင်းတစ်ခု ကြားရတက်ပါသည် လူချစ်လူခင် များမဲ့ကာလ ဖြစ်မည်။ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပြည်ပ ရင်းနှီးမှုလုပ်ငန်းများ အဆင်ပြေအောင်မြင် ကိန်းရှိပါသည်။ ရပ်ဝေးမှ စပ်တူရှယ်ယာ လုပ်ငန်းများလည်း ပေါ်တတ်ပါသည်။

ပွဲရုံပွဲစား လုပ်ငန်း၊ မြေယာနှင့်ပတ် သက်သော လုပ်ငန်း၊ ပရိဘောဂနှင့် ပတ်သက်သော လုပ်ငန်း၊ ပဲမျိုးစုံ ရောင်းဝယ်ရေး စသော ကြာသပတေးနံ လုပ်ငန်းများလည်း အဆင်ပြေ အောင်မြင်တတ်သော ကာလ ဖြစ်ပါသည်။ ငွေကြေး အဝင်နည်း၊ အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။ မထင်မှတ်ဘဲ ခရီးသွားရတတ်ပါသည်။ ကောင်းသောခရီး ဖြစ်တတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ အိမ်ထောင်ဖက်သည် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း/ အိမ်က ထွက်သွားခြင်း စန်းပွင့်ခြင်း တို့ဖြစ် ၍ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။ရပ်ဝေး မှမိတ်ဆွေ ဆရာသမား ၊ အင်္ဂါ၊ စနေသ ားသမီးများ အကူအညီ ရတတ်ပါသည်။ ငယ်ရွယ်သူများချစ်သူနှင့် အဆင်မပြေဖြစ်ကိန်း ရှိသည်။

တစ်ခါတစ်လေ စိတ်ထိခိုက်သလို စိုးရိမ်သလို စိတ်သောက ဖြစ်နေတတ်ပါသည်။ပညာရေး ကိစ္စ၊ အထူးကောင်းပါသည်။ သင်တန်း ကိစ္စများလည်း အဆင်ပြေ အောင်မြင်ပြီး သင်တန်းတတ်ရန် ရည်ရွယ်ထားသာများ သင်တန်း တတ်ဖြစ်လိမ့်မည်။ ဒီကာလအတွင်း စိတ်ညစ်၊ စိတ်ရှုပ်လျှင် ဘုရားဖူးခရီး ထွက်လိုက်ပါ။ယတြာကတော့ တနင်္လာဂြိုလ်ဒေါင့် ဘုရားတွင် ကံ့ကော်ညွန့် (21) ညွန့်, ဖယောင်းတိုင် (21) တိုင် ချိုချဉ်(သကြားလုံး) (21) လုံး လှူပေးလိုက်ပါ။

စနေသားသမီးများအတွက်

မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့ လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊ အလုပ်အကိုင် တိုးတတ်မှု အားကောင်းတတ်ပါသည်။ ငွေကုန်ကြေးကျ များနေတတ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊ လူထုနှင့် ပတ်သက်သော လုပ်ငန်း၊ အနုပညာ လုပ်ငန်းများ အဆင်ပြေ အောင်မြင်ကိန်း ရှိသော ကာလဖြစ်ပါသည်။

မိတ်ရင်း၊ ဆွေရင်း၊ဆရာသမားလို ပုဂ္ဂိုလ်မျိုးနှင့် အဆင်မပြေ ဖြစ်ကိန်းရှိသည်။ ခြေ၊ လက် ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေး ညံ့၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင် ဖက်ဆန်းပွင့်ခြင်း၊ အိမ်ထောင်ဖက်နှင့် အဆင်မပြေ ဖြစ်ခြင်းများ ကြုံရတတ်သည်။

အိမ်ထောင်ရှင် အမျိုးသားများ စန်းပွင့်ကိန်း ရှိပါသည်။ ရည်စားရှိသူများ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ တနင်္ဂနွေ၊ ကြာသပတေး သားသမီးနှင့် ဇာတ်လမ်းဖြစ်လျှင် ပြတ်သွားတတ်ပါသည်။ အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲ လွဲလွဲနေတတ်ပါသည်။ ဝင်စရာရှိသော ငွေများလည်း မဝင်ခြင်း၊ ရစရာရှိသော လုပ်ငန်းများ လည်း မအောင်မြင်သေးခြင်းများ ကြုံရတတ်သည်။စနေ၊ တနင်္ဂနွေသား ချစ်သူ အိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ပညာ ရေးကံမကောင်းပါ။

သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်သည်။ စိတ်ညစ်လျှင် ရပ်ဝေးခရီးထွက်ခြင်း၊ ဘုရားဖူး ထွက်ခြင်း၊ ညအိပ်ညနေခရီးများ ထွက်လိုက်ပါ။ ခရီးမှာပြန်လာလျှင် ညံ့နေသောကံများကောင်းသွား လိမ့်မည်။

ယကြာကတော့ ကြာသပတေးဂြိုလ်ဒေါင့် ဘုရားတွင် အသီး (19) လုံး ရွက်လှ (19) ညွန့် , ဖယောင်းတိုင် အနီရောင် (19) တိုင်ကို ထွန်းညှိပူဇော်ပေးပါ၊၊

No comments:

Post a Comment