Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ဝက္သက္ေပါက္တာကို ေငြက်ပ္ ၁၄ သိန္းကုန္ၿပီးကုသလိုက္ရတဲ့ ပုဂၢလိကေဆးရံုတစ္ခု အေၾကာင္း ဖြင့္ဟလိုက္တဲ့ အလွမယ္ ထားထက္ထက္


2013 ခုႏွစ္ရဲ႕ Miss Grand Myanmar အလွမယ္ ထားထက္ထက္က ဝက္သက္ေပါက္တာကို ေငြက်ပ္ ၁၄ သိန္းကုန္ၿပီးကုသလိုက္ရတဲ့ ပုဂၢလိကေဆးရံုတစ္ခု အေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

"ညဘက္ထဲက ေနမေကာင္းျဖစ္ခ်င္သလိုျဖစ္ေနလို႔ဆိုၿပီး ေဆးႀကိဳေသာက္ၿပီး အိပ္ခဲ့ေပမယ့္ ေနာက္ေန႔မနက္မွာ ေတာ္ေတာ္ေလး ေနမေကာင္းျဖစ္လို႔ အလုပ္ေတာင္သြားေနရင္း မလုပ္ႏိုင္ေတာ့လို႔ကားေပၚမွာပဲ အိပ္ေနရတယ္။ တေနကုန္လဲ ေဆးေသာက္ၿပီးနားေနေပမယ့္ အေျခအေနက မသက္သာပဲ ေတာ္ေတာ္ေလးဆိုး မထႏိုင္ျဖစ္လာတာနဲ႔ ေဆးခန္းသြားမွျဖစ္ေတာ့မယ္ဆိုၿပီး ကိုယ္ရွိေနတဲ့ေနရာနဲ႔ အနီးဆံုးေဆးရံုကိုပဲ အျမန္ေရာက္ခ်င္ေနတာနဲ႔ လူကလဲ ဘယ္လိုမွေတာင့္မခံႏိုင္ေတာ့တာနဲ႔ ေရႊဂံုတိုင္ေဆးရံုကို ၈ နာရီဝန္းက်င္ေလာက္မွာ ေရာက္ခဲ့တယ္။

“Nurse မေလးေတြ ဆရာဝန္မေလးေတြ လာေမးၾကတယ္။ အဖ်ားတိုင္းတယ္။ အဖ်ားက ၁၀၄…… အဖ်ားေတာ္ေတာ္တက္ေနတယ္တဲ့ ဘာေဆးေသာက္ထားလဲေတြ ဘာေတြေမးၾကတယ္။ ၿပီးေတာ့ ေဆးရံုတက္ခ်င္လားတဲ့ ကိုယ္ကလဲ စလာကတည္းက တရက္ေလာက္ေတာ့ တက္ဖို႔လိုအပ္တယ္ထင္တယ္ ေဆးခ်ိတ္ရမယ္ထင္တယ္ဆိုၿပီး လာေတာ့ တက္မယ္လို႔……ဘယ္ဆရာဝန္နဲ႔ျပမလဲတဲ့? ရတယ္ ဘယ္ဆရာဝန္ျဖစ္ျဖစ္ေပါ့…..

ဒါနဲ႔ ဆရာဝန္လာတာေတာ့ ခဏေစာင့္ေပးေနာ္တဲ့….. အင္းေပါ့ဆိုၿပီး ေစာင့္တာ ေတာ္ေတာ္ၾကာလာေတာ့ ညီမေလးကို မလာေသးဘူးလား ေခၚပါဦး လူကဘယ္လိုမွမခံႏိုင္ေတာ့ဘူး အရမ္းအိပ္ေပ်ာ္ခ်င္ေနၿပီ အိပ္လို႔ကမရဘူးဆိုၿပီး ကေယာင္ကတန္းေတြလဲျဖစ္လာၿပီလို႔…..သြားေခၚေတာ့ လာေတာ့မွာပါ ခဏပဲေနာ္ဆိုၿပီး ထပ္ေစာင့္ရတယ္။ (ေစာင့္ေနရစဥ္အတြင္းမွာ အဖ်ားတိုင္းတာ ေသြးေပါင္ခ်ိန္တာကလြဲလို႔ ဘာမွမလုပ္ေပး အဖ်ားၾကေအာင္လဲ မလုပ္ေပး) ေစာင့္ရင္း ေစာင့္ရင္း ၉:၃၀ သြားတယ္။”

“အေရးေပၚအေနနဲ႔လာတဲ့လူနာက ဆရာဝန္ကို ၁ နာရီခြဲေလာက္အရင္ဆံုးခံစားေနရၿပီးေစာင့္လိုက္ရတယ္။ အားကစားသမားျဖစ္ေနလို႔သာေတာ္ေသးတယ္။ ေတာ္ရံုခံႏိုင္ရည္ရွိသူမဟုတ္ရင္ ေသသြားႏိုင္တယ္။ ေသရင္ဘယ္လိုလုပ္မလဲဆိုေတာ့လဲ ေသလဲေသေပါ့ေနာ္။ ၁ နာရီခြဲေလာက္ေစာင့္ၿပီးေတာ့မွ ဆရာဝန္ေရာက္လာၿပီဆိုၿပီး လာစမ္းတယ္။ အဲ့ဒီမွာ ေသြးစစ္ ECG ႐ိုက္ ဓာတ္မွန္႐ိုက္ ပုလင္းခ်ိတ္ အစာအိမ္ၾကည့္ အကုန္စစ္ရတယ္။ ဆရာဝန္စမ္းသပ္ခနဲ႔ အေရးအေပၚအတြက္ဆိုၿပီး ၆၃,၀၀၀ ေပးရတယ္။”
 သစၥာရွင္ အကိုက္အခဲေပ်ာက္ေဆး

“ေဆးရံုတက္တဲ့ရက္မွာလဲ ေခါင္းကအရမ္းကိုက္ညဘက္ဆို တညလံုးအိပ္မရတာ ေန႔တိုင္းပိုင္း မနက္ပိုင္းေလး ခဏေလးအိပ္ေပ်ာ္ၿပီဆို တစ္ေယာက္က ဝုန္းဆိုဝင္လာၿပီး ေသြးေပါင္ခ်ိန္မယ္ဆို ခ်ိန္သြားတယ္။ ၿပီးတာနဲ႔ျပန္အိပ္ေတာ့ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ၾကာေတာ့ ေနာက္တစ္ေယာက္ထပ္ေရာက္လာတယ္ အဖ်ားတိုင္းမယ္ဆိုၿပီးတိုင္းသြားတယ္။ ၿပီးၿပီေပါ့ ေနာက္ထပ္ ၁၀ မိနစ္ေလာက္ေနေနာက္တစ္ေယာက္ထပ္ေရာက္လာျပန္ေရာ ေဆးထားမလို႔ပါဆိုၿပီး ေဟာ ၿပီးေတာ့ ေနာက္ထပ္ ၁၀ မိနစ္ေလာက္ေနေတာ့ ပုလင္းခ်ိတ္တာၾကည့္မယ္ဆိုၿပီးေရာက္လာတယ္။

ပုလင္းကိုလဲ ဘယ္ခ်ိန္ကခ်ိတ္သြားလဲကိုယ္ေတြကိုျပန္ေမးတယ္။ အရမ္းမၾကာေသးဘူးေျပာေတာ့ ေအာ္ AM နဲ႔ PM မွားေရးသြားတယ္နဲ႔တူတယ္တဲ့ ေဆးထိုးတဲ့အခါ မွာထိုးရင္ဘယ္လိုလုပ္မလဲ အဲ့လိုနဲ႔ လာတဲ့ လူလဲကုန္သြားေရာ ဆရာဝန္ႀကီးလာပါမယ္ဆို ေအာ္ၿပီး တံခါးေတြ ဖြင့္ထားပါေရာ…. အိပ္မရေတာ့ျပန္ေကာ….. ဆရာဝန္ျပန္သြားေတာ့ သန္႔ရွင္းေရးၾကမ္းတိုက္တာတစ္ေယာက္ဝင္တယ္။ အိမ္သာထဲတိုက္ဖို႔တစ္ေယာက္ဝင္တယ္။”

“အမွိုက္ပံုးသိမ္းဖို႔တခါဝင္တယ္။အမွိဳက္ပံုးေတာင္ အစိုနဲ႔အေျခာက္ေနရာမွားထားတယ္။ ေျပာခ်င္တာက တခ်ိဳ႕ဟာေတြ တစ္ေယာက္ထဲလုပ္လိုက္လို႔မရဘူးလား??? ဟုတ္ပါၿပီ လူေတြကိုအလုပ္ေပး ပိုက္ဆံေပးခ်င္တာဆိုလဲ ေသြးေပါင္တိုင္းတဲ့သူနဲ႔ အဖ်ားတိုင္းတဲ့သူ တခါထဲလာဝင္လာလိုက္ၾကလဲ ရတယ္ေလ အခုဟာက တံခါးလဲေသခ်ာမေခါက္ ညင္သာစြာလဲမဝင္ ဝုန္းကနည္း ဝုန္းကနည္းနဲ႔ လူနာမေျပာနဲ႔ လူနာေစာင့္ေတြပါလန္႔ လန္႔သြားတယ္…..

အဲ့ဒါေန႔တိုင္းပဲ ေဆးရံုကို တစ္ပတ္တိတိတက္ခဲ့တဲ့ေန႔တိုင္းပဲ လူနာကေန႔တိုင္းအဖ်ားကမက် အိပ္မရ ေခါင္းေတြကိုက္ စိတ္ေတြညစ္လာလို႔ ေသခ်င္ေနၿပီ အရမ္းပင္ပန္းေနၿပီ တကယ္မခံစားႏိုင္ေတာ့ဘူးဆိုၿပီး ညညေတြဆို အသက္ရွဴရင္းလြတ္လြတ္သြားတာ ခဏ ခဏ….. ပင္ပန္းတာကလဲ အဖ်ားကမက်တဲ့အထဲ ဝမ္းကတစ္ေန႔ကို ၁၈ ခါေလာက္ေန႔တိုင္းတစ္ပတ္လံုးသြားေနတာ…. ၂ ရက္ေလာက္သြားၿပီးခ်ိန္မွာ လူကေမ်ာ့ေနၿပီ မခံႏိုင္ေတာ့ဘူး

ဘာမွလဲစားမဝင္ေတာ့ ပုလင္းခ်ိတ္နဲ႔သာဆက္ေနရတာ…ဝမ္းပိတ္ေဆးဘာလို႔ မတိုက္တာလဲေမးခိုင္းေတာ့ အထဲမွရွိတဲ့ပိုးေတြကုန္သြားေအာင္မတိုက္တာပါတဲ့ ဝမ္းပိတ္ေဆးတိုက္လိုက္ရင္ အထဲမွာပိုးေတြက်န္မွာစိုးလို႔ဆိုၿပီး မတိုက္တာပါတဲ့….ဒါနဲ႔ဝမ္းပိုးနဲ႔ ေသြးပိုးေတြစစ္မယ္ဆိုၿပီး ပိုးေမြးထားရမယ္ စစ္မယ္ဆိုၿပီး စစ္တယ္။”

“မ်က္ႏွာမွာ အနီစက္ေတြထြက္လာေတာ့ ေသြးလြန္တုတ္ေကြးျဖစ္မွာစိုးလို႔ဆိုထပ္စစ္တယ္။ေသြးေျဖထြက္လာေတာ့ ေသြးလြန္းတုတ္ေကြးလဲမဟုတ္ ၊ တိုက္ဖြိဳက္လဲမဟုတ္ ႐ိုး႐ိုး infection ဝင္တာ Virus ဝင္တာပါတဲ့ ဘာမွမျဖစ္ဘူးဆိုလို႔ အဖ်ားခဏက်တုန္းေနေကာင္းၿပီထင္ၿပီး ဝမ္းသာေနတာ ညေနပိုင္းက်ေတာ့အဖ်ားက ျပန္တက္ျပန္ေရာ….. ညဘက္လဲမက် ေနာက္ရက္ေတြလဲမက် အနီစက္ေတြက ပိုပိုအရမ္းမ်ားလာတယ္။

ဘာျဖစ္လဲဇေဝဇဝါေတြျဖစ္ေနတုန္းပဲ……ေသြးထပ္စစ္ရမယ္ဆိုၿပီး စစ္ရျပန္ေရာ ေဆးရံုးတက္ေနစဥ္တပတ္အတြင္းနဲ႔ စစတက္တဲ့ရက္ပါ အပါအဝင္ဆို ၈ ရက္တခါ ၊ ၉ ရက္တခါ ၊ ၁၀ ရက္တခါ ၊ ၁၁ ရက္တခါ ၊ ၁၃ ရက္တခါ ၊ ၁၅ ရက္တခါ ေဆးကို ၆ ခါစစ္ရတယ္……

လိုတာထပ္မ်ားေနတာပဲ…..အနီစက္ေတြ တျပင္လံုးျဖစ္လာၿပီး ေျခေထာက္ေတြနားေရာက္ခါနီးမွ ဝက္သက္ျဖစ္တာျဖစ္မယ္ဆိုၿပီး အေျဖထြက္လာေတာ့တယ္။ ဒီၾကားထဲမွာ ဆရာမတစ္ေယာက္က ႀကီးမွဝက္သက္ေပါက္တယ္ ဟုတ္လားဆိုၿပီး ရီေနလို႔ ႀကီးရင္ဝက္သက္မေပါက္ဘူးလားလို႔ေမးေတာ့ ေပါက္ၾကပါတယ္တဲ့….ငယ္ငယ္တုန္းက ကာကြယ္ေဆးထိုးထားလဲ ေပါက္ခ်င္ရင္ အခန္႔မသင့္ရင္ေပါက္ၾကတာပါပဲတဲ့…. အဲ့ဒါဆိုဘာလို႔ေလွာင္စရာလိုလုပ္ၿပီး ရီတာလဲ??? ဝက္သက္ေပါက္တာ ရွက္စရာမ်ားျဖစ္ေနလို႔လား ဘယ္သူမွလဲ မေပါက္ခ်င္ပါဘူး

“ေနာက္ေတာ့မွ ေျခဖဝါးထိေရာက္ၿပီးရင္ေပ်ာက္တယ္ အဖ်ားလဲက်တယ္ဆိုတာနဲ႔ေနာက္ေန႔ဆင္းေတာ့မယ္ေျပာလိုက္ေတာ့ တရက္ေလာက္ေနပါဦးတဲ့ ဆင္းခ်င္ေနၿပီလို႔ေျပာေတာ့မွေသြးအေျဖေစာင့္ၿပီးမွဆင္းလိုက္ပါတဲ့ဆိုလို႔ မနက္ ၅ နာရီေလာက္ကလာေဖာက္ထားတဲ့ ေသြးအေျဖကို ၁၁:၀၀ နာရီေလာက္မွာရေတာ့မွ ဝက္သက္ျဖစ္တာ ေသခ်ာပါတယ္တဲ့…. ေဆးရံုကေနလဲဒီေန႔ဆင္းပါၿပီ&သူ႔ဟာသူေပါက္လာတာကို ”

“စၿပီးေရာက္တဲ့ေန႔ကတည္းက ရလိုက္တဲ့ေနာင္တက ခုခ်ိန္ထိပါပဲ….ရက္ခ်ိန္းေတာင္ျပန္သြားမျပေတာ့ဘူး။ဒါဆိုဘာလို႔အဲ့မွာတက္ခဲ့ေသးလဲဆိုေတာ့ မတတ္ႏိုင္ေတာ့လို႔ လူကအရမ္းပင္ပန္းၿပီးေနရာမေရႊ႕ႏိုင္ေတာ့လို႔ပါ။ မိတ္ေဆြတစ္ေယာက္ေျပာတာ ၾကားဖူးတယ္ ေရႊဂံုတိုင္ကနာမည္ပ်က္ေနၿပီ ပိုက္ဆံလဲမလိုအပ္ပဲသဲ့ယူေနတာ ေရာဂါတျခား ကုတာတျခားေတြ ၊ service လဲမေကာင္းဘူး ၊ ေပါ့ဆတယ္ ၊ စြဲကုၿပီး ရိတ္တယ္ေတြေျပာတုန္းက မယံုခဲ့ဘူး

အေဖတုန္းကတည္းက ျပေနတာတစ္ေၾကာင္း ကိုယ္ေနမေကာင္းတဲ့အခ်ိန္မွာက အနီးဆံုးကိုအျမန္ဆံုးေရာက္ခ်င္ေနတာကတစ္ေၾကာင္း အဲ့ေလာက္လဲဆိုးမယ္မထင္မွတ္ထားတာကတစ္ေၾကာင္းေၾကာင့္ သြားျဖစ္ခဲ့တာ….ေနာက္ဆိုရင္ေတာ့ လံုးဝ လံုးဝ မသြားေတာ့ပါဘူး အဲ့ေဆးရံုသြားမယ့္အစား တျခားေဆးရံုးႀကီးေတြမွာ ကားဆူညံသံမၾကား ေအးေဆးသက္သာနဲ႔ ဒီကုန္က်စရိတ္ေလာက္ဆို ဘန္ေကာက္ေလာက္မွာပဲသြားကုပါေတာ့မယ္..”

“ကုန္က်စရိတ္ကေတာ့ အားလံုးေပါင္း ၁,၃၈၃,၈၈၅ ပါ။ ဟိုဟာဒီဟာေတြနဲ႔ဆို ၁၄ သိန္းပါပဲ….အဖ်ားတက္ၿပီး ဝက္သက္ေလးျဖစ္တာ ၁၄ သိန္းေတာင္ေပးရတာပါပဲ…အဓိကေျပာခ်င္တာက ဘယ္သူ႔ဘယ္သူကိုမွေစာ္ကားလိုျခင္း ၊ တိုက္ခိုက္လိုျခင္း ၊ နစ္နာေစလိုျခင္း လံုးဝမရွိပါ။

ကိုယ္ေပးရတဲ့ေစ်းနဲ႔ အဆင္ေျပလိုက္တာ တန္လိုက္တာလို႔ မခံစားရပဲ စိတ္ညစ္မႈနဲ႔ စိတ္ပင္ပန္းမႈ မတန္လိုက္တာဆိုၿပီး ခံစားရလို႔ ေဆးရံုရဲ႕ အခုလိုလုပ္ထားတဲ့ စနစ္အေပၚမွာလဲ လံုးဝမႀကိဳက္လို႔ လူနာတစ္ေယာက္အေနနဲ႔ ေတာ္ေတာ္ခက္ခဲပင္ပန္းခဲ့ရပါတယ္ဆိုတာကို ေရးသားလိုက္ပါတယ္။”
လုိ႔ သူမအေကာင့္ကေနျပီးေတာ့ ဒီဇင္ဘာလ ၁၈ ရက္ေန႔ညမွာေရးသားေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

unicode
2013 ခုနှစ်ရဲ့ Miss Grand Myanmar အလှမယ် ထားထက်ထက်က ဝက်သက်ပေါက်တာကို ငွေကျပ် ၁၄ သိန်းကုန်ပြီးကုသလိုက်ရတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု အကြောင်း ဖွင့်ဟလိုက်ပါတယ်။



"ညဘက်ထဲက နေမကောင်းဖြစ်ချင်သလိုဖြစ်နေလို့ဆိုပြီး ဆေးကြိုသောက်ပြီး အိပ်ခဲ့ပေမယ့် နောက်နေ့မနက်မှာ တော်တော်လေး နေမကောင်းဖြစ်လို့ အလုပ်တောင်သွားနေရင်း မလုပ်နိုင်တော့လို့ကားပေါ်မှာပဲ အိပ်နေရတယ်။ တနေကုန်လဲ ဆေးသောက်ပြီးနားနေပေမယ့် အခြေအနေက မသက်သာပဲ တော်တော်လေးဆိုး မထနိုင်ဖြစ်လာတာနဲ့ ဆေးခန်းသွားမှဖြစ်တော့မယ်ဆိုပြီး ကိုယ်ရှိနေတဲ့နေရာနဲ့ အနီးဆုံးဆေးရုံကိုပဲ အမြန်ရောက်ချင်နေတာနဲ့ လူကလဲ ဘယ်လိုမှတောင့်မခံနိုင်တော့တာနဲ့ ရွှေဂုံတိုင်ဆေးရုံကို ၈ နာရီဝန်းကျင်လောက်မှာ ရောက်ခဲ့တယ်။
“Nurse မလေးတွေ ဆရာဝန်မလေးတွေ လာမေးကြတယ်။ အဖျားတိုင်းတယ်။ အဖျားက ၁၀၄…… အဖျားတော်တော်တက်နေတယ်တဲ့ ဘာဆေးသောက်ထားလဲတွေ ဘာတွေမေးကြတယ်။ ပြီးတော့ ဆေးရုံတက်ချင်လားတဲ့ ကိုယ်ကလဲ စလာကတည်းက တရက်လောက်တော့ တက်ဖို့လိုအပ်တယ်ထင်တယ် ဆေးချိတ်ရမယ်ထင်တယ်ဆိုပြီး လာတော့ တက်မယ်လို့……ဘယ်ဆရာဝန်နဲ့ပြမလဲတဲ့? ရတယ် ဘယ်ဆရာဝန်ဖြစ်ဖြစ်ပေါ့…..
ဒါနဲ့ ဆရာဝန်လာတာတော့ ခဏစောင့်ပေးနော်တဲ့….. အင်းပေါ့ဆိုပြီး စောင့်တာ တော်တော်ကြာလာတော့ ညီမလေးကို မလာသေးဘူးလား ခေါ်ပါဦး လူကဘယ်လိုမှမခံနိုင်တော့ဘူး အရမ်းအိပ်ပျော်ချင်နေပြီ အိပ်လို့ကမရဘူးဆိုပြီး ကယောင်ကတန်းတွေလဲဖြစ်လာပြီလို့…..သွားခေါ်တော့ လာတော့မှာပါ ခဏပဲနော်ဆိုပြီး ထပ်စောင့်ရတယ်။ (စောင့်နေရစဉ်အတွင်းမှာ အဖျားတိုင်းတာ သွေးပေါင်ချိန်တာကလွဲလို့ ဘာမှမလုပ်ပေး အဖျားကြအောင်လဲ မလုပ်ပေး) စောင့်ရင်း စောင့်ရင်း ၉:၃၀ သွားတယ်။”
“အရေးပေါ်အနေနဲ့လာတဲ့လူနာက ဆရာဝန်ကို ၁ နာရီခွဲလောက်အရင်ဆုံးခံစားနေရပြီးစောင့်လိုက်ရတယ်။ အားကစားသမားဖြစ်နေလို့သာတော်သေးတယ်။ တော်ရုံခံနိုင်ရည်ရှိသူမဟုတ်ရင် သေသွားနိုင်တယ်။ သေရင်ဘယ်လိုလုပ်မလဲဆိုတော့လဲ သေလဲသေပေါ့နော်။ ၁ နာရီခွဲလောက်စောင့်ပြီးတော့မှ ဆရာဝန်ရောက်လာပြီဆိုပြီး လာစမ်းတယ်။ အဲ့ဒီမှာ သွေးစစ် ECG ရိုက် ဓာတ်မှန်ရိုက် ပုလင်းချိတ် အစာအိမ်ကြည့် အကုန်စစ်ရတယ်။ ဆရာဝန်စမ်းသပ်ခနဲ့ အရေးအပေါ်အတွက်ဆိုပြီး ၆၃,၀၀၀ ပေးရတယ်။”
“ဆေးရုံတက်တဲ့ရက်မှာလဲ ခေါင်းကအရမ်းကိုက်ညဘက်ဆို တညလုံးအိပ်မရတာ နေ့တိုင်းပိုင်း မနက်ပိုင်းလေး ခဏလေးအိပ်ပျော်ပြီဆို တစ်ယောက်က ဝုန်းဆိုဝင်လာပြီး သွေးပေါင်ချိန်မယ်ဆို ချိန်သွားတယ်။ ပြီးတာနဲ့ပြန်အိပ်တော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာတော့ နောက်တစ်ယောက်ထပ်ရောက်လာတယ် အဖျားတိုင်းမယ်ဆိုပြီးတိုင်းသွားတယ်။ ပြီးပြီပေါ့ နောက်ထပ် ၁၀ မိနစ်လောက်နေနောက်တစ်ယောက်ထပ်ရောက်လာပြန်ရော ဆေးထားမလို့ပါဆိုပြီး ဟော ပြီးတော့ နောက်ထပ် ၁၀ မိနစ်လောက်နေတော့ ပုလင်းချိတ်တာကြည့်မယ်ဆိုပြီးရောက်လာတယ်။
ပုလင်းကိုလဲ ဘယ်ချိန်ကချိတ်သွားလဲကိုယ်တွေကိုပြန်မေးတယ်။ အရမ်းမကြာသေးဘူးပြောတော့ အော် AM နဲ့ PM မှားရေးသွားတယ်နဲ့တူတယ်တဲ့ ဆေးထိုးတဲ့အခါ မှာထိုးရင်ဘယ်လိုလုပ်မလဲ အဲ့လိုနဲ့ လာတဲ့ လူလဲကုန်သွားရော ဆရာဝန်ကြီးလာပါမယ်ဆို အော်ပြီး တံခါးတွေ ဖွင့်ထားပါရော…. အိပ်မရတော့ပြန်ကော….. ဆရာဝန်ပြန်သွားတော့ သန့်ရှင်းရေးကြမ်းတိုက်တာတစ်ယောက်ဝင်တယ်။ အိမ်သာထဲတိုက်ဖို့တစ်ယောက်ဝင်တယ်။”
“အမှိုက်ပုံးသိမ်းဖို့တခါဝင်တယ်။အမှိုက်ပုံးတောင် အစိုနဲ့အခြောက်နေရာမှားထားတယ်။ ပြောချင်တာက တချို့ဟာတွေ တစ်ယောက်ထဲလုပ်လိုက်လို့မရဘူးလား??? ဟုတ်ပါပြီ လူတွေကိုအလုပ်ပေး ပိုက်ဆံပေးချင်တာဆိုလဲ သွေးပေါင်တိုင်းတဲ့သူနဲ့ အဖျားတိုင်းတဲ့သူ တခါထဲလာဝင်လာလိုက်ကြလဲ ရတယ်လေ အခုဟာက တံခါးလဲသေချာမခေါက် ညင်သာစွာလဲမဝင် ဝုန်းကနည်း ဝုန်းကနည်းနဲ့ လူနာမပြောနဲ့ လူနာစောင့်တွေပါလန့် လန့်သွားတယ်…..
အဲ့ဒါနေ့တိုင်းပဲ ဆေးရုံကို တစ်ပတ်တိတိတက်ခဲ့တဲ့နေ့တိုင်းပဲ လူနာကနေ့တိုင်းအဖျားကမကျ အိပ်မရ ခေါင်းတွေကိုက် စိတ်တွေညစ်လာလို့ သေချင်နေပြီ အရမ်းပင်ပန်းနေပြီ တကယ်မခံစားနိုင်တော့ဘူးဆိုပြီး ညညတွေဆို အသက်ရှူရင်းလွတ်လွတ်သွားတာ ခဏ ခဏ….. ပင်ပန်းတာကလဲ အဖျားကမကျတဲ့အထဲ ဝမ်းကတစ်နေ့ကို ၁၈ ခါလောက်နေ့တိုင်းတစ်ပတ်လုံးသွားနေတာ…. ၂ ရက်လောက်သွားပြီးချိန်မှာ လူကမျော့နေပြီ မခံနိုင်တော့ဘူး

ဘာမှလဲစားမဝင်တော့ ပုလင်းချိတ်နဲ့သာဆက်နေရတာ…ဝမ်းပိတ်ဆေးဘာလို့ မတိုက်တာလဲမေးခိုင်းတော့ အထဲမှရှိတဲ့ပိုးတွေကုန်သွားအောင်မတိုက်တာပါတဲ့ ဝမ်းပိတ်ဆေးတိုက်လိုက်ရင် အထဲမှာပိုးတွေကျန်မှာစိုးလို့ဆိုပြီး မတိုက်တာပါတဲ့….ဒါနဲ့ဝမ်းပိုးနဲ့ သွေးပိုးတွေစစ်မယ်ဆိုပြီး ပိုးမွေးထားရမယ် စစ်မယ်ဆိုပြီး စစ်တယ်။”
“မျက်နှာမှာ အနီစက်တွေထွက်လာတော့ သွေးလွန်တုတ်ကွေးဖြစ်မှာစိုးလို့ဆိုထပ်စစ်တယ်။သွေးဖြေထွက်လာတော့ သွေးလွန်းတုတ်ကွေးလဲမဟုတ် ၊ တိုက်ဖွိုက်လဲမဟုတ် ရိုးရိုး infection ဝင်တာ Virus ဝင်တာပါတဲ့ ဘာမှမဖြစ်ဘူးဆိုလို့ အဖျားခဏကျတုန်းနေကောင်းပြီထင်ပြီး ဝမ်းသာနေတာ ညနေပိုင်းကျတော့အဖျားက ပြန်တက်ပြန်ရော….. ညဘက်လဲမကျ နောက်ရက်တွေလဲမကျ အနီစက်တွေက ပိုပိုအရမ်းများလာတယ်။
ဘာဖြစ်လဲဇဝေဇဝါတွေဖြစ်နေတုန်းပဲ……သွေးထပ်စစ်ရမယ်ဆိုပြီး စစ်ရပြန်ရော ဆေးရုံးတက်နေစဉ်တပတ်အတွင်းနဲ့ စစတက်တဲ့ရက်ပါ အပါအဝင်ဆို ၈ ရက်တခါ ၊ ၉ ရက်တခါ ၊ ၁၀ ရက်တခါ ၊ ၁၁ ရက်တခါ ၊ ၁၃ ရက်တခါ ၊ ၁၅ ရက်တခါ ဆေးကို ၆ ခါစစ်ရတယ်……

လိုတာထပ်များနေတာပဲ…..အနီစက်တွေ တပြင်လုံးဖြစ်လာပြီး ခြေထောက်တွေနားရောက်ခါနီးမှ ဝက်သက်ဖြစ်တာဖြစ်မယ်ဆိုပြီး အဖြေထွက်လာတော့တယ်။ ဒီကြားထဲမှာ ဆရာမတစ်ယောက်က ကြီးမှဝက်သက်ပေါက်တယ် ဟုတ်လားဆိုပြီး ရီနေလို့ ကြီးရင်ဝက်သက်မပေါက်ဘူးလားလို့မေးတော့ ပေါက်ကြပါတယ်တဲ့….ငယ်ငယ်တုန်းက ကာကွယ်ဆေးထိုးထားလဲ ပေါက်ချင်ရင် အခန့်မသင့်ရင်ပေါက်ကြတာပါပဲတဲ့…. အဲ့ဒါဆိုဘာလို့လှောင်စရာလိုလုပ်ပြီး ရီတာလဲ??? ဝက်သက်ပေါက်တာ ရှက်စရာများဖြစ်နေလို့လား ဘယ်သူမှလဲ မပေါက်ချင်ပါဘူး
“နောက်တော့မှ ခြေဖဝါးထိရောက်ပြီးရင်ပျောက်တယ် အဖျားလဲကျတယ်ဆိုတာနဲ့နောက်နေ့ဆင်းတော့မယ်ပြောလိုက်တော့ တရက်လောက်နေပါဦးတဲ့ ဆင်းချင်နေပြီလို့ပြောတော့မှသွေးအဖြေစောင့်ပြီးမှဆင်းလိုက်ပါတဲ့ဆိုလို့ မနက် ၅ နာရီလောက်ကလာဖောက်ထားတဲ့ သွေးအဖြေကို ၁၁:၀၀ နာရီလောက်မှာရတော့မှ ဝက်သက်ဖြစ်တာ သေချာပါတယ်တဲ့…. ဆေးရုံကနေလဲဒီနေ့ဆင်းပါပြီ&သူ့ဟာသူပေါက်လာတာကို ”

“စပြီးရောက်တဲ့နေ့ကတည်းက ရလိုက်တဲ့နောင်တက ခုချိန်ထိပါပဲ….ရက်ချိန်းတောင်ပြန်သွားမပြတော့ဘူး။ဒါဆိုဘာလို့အဲ့မှာတက်ခဲ့သေးလဲဆိုတော့ မတတ်နိုင်တော့လို့ လူကအရမ်းပင်ပန်းပြီးနေရာမရွှေ့နိုင်တော့လို့ပါ။ မိတ်ဆွေတစ်ယောက်ပြောတာ ကြားဖူးတယ် ရွှေဂုံတိုင်ကနာမည်ပျက်နေပြီ ပိုက်ဆံလဲမလိုအပ်ပဲသဲ့ယူနေတာ ရောဂါတခြား ကုတာတခြားတွေ ၊ service လဲမကောင်းဘူး ၊ ပေါ့ဆတယ် ၊ စွဲကုပြီး ရိတ်တယ်တွေပြောတုန်းက မယုံခဲ့ဘူး

အဖေတုန်းကတည်းက ပြနေတာတစ်ကြောင်း ကိုယ်နေမကောင်းတဲ့အချိန်မှာက အနီးဆုံးကိုအမြန်ဆုံးရောက်ချင်နေတာကတစ်ကြောင်း အဲ့လောက်လဲဆိုးမယ်မထင်မှတ်ထားတာကတစ်ကြောင်းကြောင့် သွားဖြစ်ခဲ့တာ….နောက်ဆိုရင်တော့ လုံးဝ လုံးဝ မသွားတော့ပါဘူး အဲ့ဆေးရုံသွားမယ့်အစား တခြားဆေးရုံးကြီးတွေမှာ ကားဆူညံသံမကြား အေးဆေးသက်သာနဲ့ ဒီကုန်ကျစရိတ်လောက်ဆို ဘန်ကောက်လောက်မှာပဲသွားကုပါတော့မယ်..”

“ကုန်ကျစရိတ်ကတော့ အားလုံးပေါင်း ၁,၃၈၃,၈၈၅ ပါ။ ဟိုဟာဒီဟာတွေနဲ့ဆို ၁၄ သိန်းပါပဲ….အဖျားတက်ပြီး ဝက်သက်လေးဖြစ်တာ ၁၄ သိန်းတောင်ပေးရတာပါပဲ…အဓိကပြောချင်တာက ဘယ်သူ့ဘယ်သူကိုမှစော်ကားလိုခြင်း ၊ တိုက်ခိုက်လိုခြင်း ၊ နစ်နာစေလိုခြင်း လုံးဝမရှိပါ။

ကိုယ်ပေးရတဲ့စျေးနဲ့ အဆင်ပြေလိုက်တာ တန်လိုက်တာလို့ မခံစားရပဲ စိတ်ညစ်မှုနဲ့ စိတ်ပင်ပန်းမှု မတန်လိုက်တာဆိုပြီး ခံစားရလို့ ဆေးရုံရဲ့ အခုလိုလုပ်ထားတဲ့ စနစ်အပေါ်မှာလဲ လုံးဝမကြိုက်လို့ လူနာတစ်ယောက်အနေနဲ့ တော်တော်ခက်ခဲပင်ပန်းခဲ့ရပါတယ်ဆိုတာကို ရေးသားလိုက်ပါတယ်။”

လို့ သူမအကောင့်ကနေပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ညမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။


 sai sai khan hlaing
ဆယ္လီေတြရဲ့ ဘာညာဘာညာ သတင္းမ်ား



No comments:

Post a Comment