Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

မႏၱေလးက ၈ ႏွစ္အရြယ္ မိန္းကေလးကို ႐ိုက္ႏွက္ျပီး အဓမၼက်င့္ကာ ၿခံဳထဲၿပစ္ထားခဲ့သူကုိ အထူးအဖြဲ႔ ဖြဲ႔စည္းျပီး ရွာေဖြေန

 

cctv ရုပ္သံ။ မႏၱေလးက ၈ ႏွစ္အရြယ္ မိန္းကေလးကို ႐ိုက္ႏွက္ျပီး အဓမၼက်င့္ကာ ၿခံဳထဲၿပစ္ထားခဲ့သူကုိ အထူးအဖြဲ႔ ဖြဲ႔စည္းျပီး ရွာေဖြေန…!
December 19, 2018 Kay Kay NEWS Comments Off on cctv ရုပ္သံ။ မႏၱေလးက ၈ ႏွစ္အရြယ္ မိန္းကေလးကို ႐ိုက္ႏွက္ျပီး အဓမၼက်င့္ကာ ၿခံဳထဲၿပစ္ထားခဲ့သူကုိ အထူးအဖြဲ႔ ဖြဲ႔စည္းျပီး ရွာေဖြေန…!

မႏၲေလးက အသက္ ၈ ႏွစ္အရြယ္ ကေလးမေလးကို ျဖားေယာင္းေသြးေဆာင္ မုဒိမ္းက်င့္ၿပီး ေတာစပ္ထဲမွာ ျပစ္ထားခဲ့တဲ့သူကို ရဲတပ္ဖြဲ႕ က အပူတျပင္းရွာေဖြေနတယ္လို႔ သိရပါတယ္။

အခင္းျဖစ္ၿပီး ေနာက္ရက္မွာ ရဲတပ္ဖြဲ႕ စုံစမ္းရာတြင္ မႏၲေလးၿမိဳ႕ ၄၇x၄၈လမ္းၾကား တပင္ေရႊထီးလမ္းနွင့္ မကၡရာလမ္းၾကားတြင္ လူတဦးေခၚေဆာင္သြားျခင္းကုိcctv မွတ္တမ္းမ်ား အရေဖာ္ထုပ္ထားနုိင္ေၾကာင္း ရဲတပ္ဖြဲ႕ ထံမွ သိရသည္။
ယေန႔ လူမႈကြန္ယက္မွာ ထိုအမ်ဳိးသားမွ မိန္းကေလးကို ဆိုင္ကယ္ျဖင့္ တင္ေခၚသြားပံုကို ရွင္လင္းစြာ ေတြ႕ရၿပီျဖစ္ပါတယ္။
ယခုလို ရွင္းလင္းတဲ့ပံုေတြ ရၿပီးေနာက္ တရားခံမိရန္ အရမ္းနီးစပ္ေနျပီလို႔လည္း သိရပါတယ္။

ထိုသူရဲ႕ပံုဟာ အသားမည္း၊ မ်က္လံုးျပဴး၊ ဝက္ျခံရွိ၊ နဖူးမွဲ႕ရွိ၊ ညာဘက္ပါး မွဲ႕ရွိ၊ ဘယ္ဘက္ပါးမွဲ႕ရွိ၊ ကြမ္းစား၊ ဆံပင္ကိုလည္း အဝါေရာင္ေဆးဆိုထားတာေတြ႕ရတယ္လို႔ သိရပါတယ္။

အခင္းျဖစ္ပြားပံု

ဒီဇင္ဘာ ၁၄ ရက္ေန႔က ၈ ႏွစ္အရြယ္ သမီးေလးဟာ က်န္းမာေရးေၾကာင့္ ေက်ာင္းမသြားပဲ အိမ္မွာ ေနစဥ္ အိမ္ကေန စက္ဘီးစီးၿပီး မုန္႔ဝယ္ထြက္သြားရာကေန ေပ်ာက္ဆံုးသြားပါတယ္
အဆိုပါ မႏၱေလးၿမိဳ ႔ ျပည္ႀကီးတံခြန္ၿမိဳ ႔နယ္ စက္မႈဇုန္(၂)တြင္ ေပ်ာက္ဆံုးသြားသည့္ အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးငယ္အား ေပ်ာက္ဆံုးသြားသည့္ ေနရာကေန မိုင္ ၃၀ ေလာက္ေဝးကြာတဲ့
မႏၱေလး – ျပင္ဦးလြင္ ကားလမ္းေဘး ၿခံဳပုပ္ထဲတြင္ အဓမၼျပဳက်င့္ ခံထားရတဲ႔ လကၡဏာမ်ားျဖင့္ ေနာက္ရက္နံနက္တြင္ ျပန္လည္ေတြ႔ရွိခ့ဲတယ္လို႔ သိရပါတယ္

ကေလးကိုေတာ့ ျပင္စာခ်ဳံဖုတ္အတြင္းမွ ေတာထဲသြား လူတေယာက္မွ ေတြ႕႐ွိျပီး ျပင္စာရဲစခန္းသို႔ အေၾကာင္ၾကားရာ ကေလးကို ျပင္စာရဲမ်ား သံုးေတာင္ရြာ အုပ္ခ်ဳပ္ေရးမွဴး တိုမွ့ သြားေရာက္ ကယ္တင္ခဲ့ၿပီး သံုးေတာင္လူမႈေရး အသင္းကားျဖင္႔ ျပင္ဦးလြင္ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသ ခံယူေနပါတယ္လို႔ သိရပါတယ္။
ေပ်ာက္ဆံုးသြားရာ ဝန္းက်င္ကို စစ္ေဆးရာ CCTV မွာ လူလတ္ပိုင္းအရြယ္ တေယာက္က ဆိုင္ကယ္နဲ႔ ေစာင့္ကာ ဖ်ားေယာင္းေသြးေဆာင္ၿပီး ေခၚသြားတယ္ဆိုတာ ေတြ႕ျမင္ရပါတယ္။
ရဲတပ္ဖြဲ႕မွလည္း ထိုဆိုင္ကယ္နဲ႔ လူကို အပူတျပင္းရွာေဖြေနၾကပါတယ္။
ကေလးကိုေတြ႕ရွိတဲ့ေနရာမွာ အဓမၼက်ဴးလြန္ထားတဲ့ ေျခရာလက္ရာ မေတြ႕ရပဲ အျခားတေနရာရာမွာ က်ဴးလြန္ခဲ့ကာ အခုလို ျခံဳပုပ္ထဲလာျပစ္ထားတယ္လို႔ ထင္ရေၾကာင္း သိရပါတယ္။
ဓမၼိကလူမႈကူညီေရးအသင္း 09-256525735, ဥကၠဌ… 09-792055686,
ကေလးမိသားစု. 09-794712808

Unicode version
မန္တလေးက အသက် ၈ နှစ်အရွယ် ကလေးမလေးကို ဖြားယောင်းသွေးဆောင် မုဒိမ်းကျင့်ပြီး တောစပ်ထဲမှာ ပြစ်ထားခဲ့တဲ့သူကို ရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပြီး နောက်ရက်မှာ ရဲတပ်ဖွဲ့ စုံစမ်းရာတွင် မန္တလေးမြို့ ၄၇x၄၈လမ်းကြား တပင်ရွှေထီးလမ်းနှင့် မက္ခရာလမ်းကြားတွင် လူတဦးခေါ်ဆောင်သွားခြင်းကိုcctv မှတ်တမ်းများ အရဖော်ထုပ်ထားနိုင်ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့ လူမှုကွန်ယက်မှာ ထိုအမျိုးသားမှ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ခေါ်သွားပုံကို ရှင်လင်းစွာ တွေ့ရပြီဖြစ်ပါတယ်။
ယခုလို ရှင်းလင်းတဲ့ပုံတွေ ရပြီးနောက် တရားခံမိရန် အရမ်းနီးစပ်နေပြီလို့လည်း သိရပါတယ်။
ထိုသူရဲ့ပုံဟာ အသားမည်း၊ မျက်လုံးပြူး၊ ဝက်ခြံရှိ၊ နဖူးမှဲ့ရှိ၊ ညာဘက်ပါး မှဲ့ရှိ၊ ဘယ်ဘက်ပါးမှဲ့ရှိ၊ ကွမ်းစား၊ ဆံပင်ကိုလည်း အဝါရောင်ဆေးဆိုထားတာတွေ့ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပုံ
ဒီဇင်ဘာ ၁၄ ရက်နေ့က ၈ နှစ်အရွယ် သမီးလေးဟာ ကျန်းမာရေးကြောင့် ကျောင်းမသွားပဲ အိမ်မှာ နေစဉ် အိမ်ကနေ စက်ဘီးစီးပြီး မုန့်ဝယ်ထွက်သွားရာကနေ ပျောက်ဆုံးသွားပါတယ်

အဆိုပါ မန္တလေးမြို ့ ပြည်ကြီးတံခွန်မြို ့နယ် စက်မှုဇုန်(၂)တွင် ပျောက်ဆုံးသွားသည့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်အား ပျောက်ဆုံးသွားသည့် နေရာကနေ မိုင် ၃၀ လောက်ဝေးကွာတဲ့
မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ခြုံပုပ်ထဲတွင် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ယနေ့နံနက်တွင် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်
ကလေးကိုတော့ ပြင်စာချုံဖုတ်အတွင်းမှ တောထဲသွား လူတယောက်မှ တွေ့ရှိပြီး ပြင်စာရဲစခန်းသို့ အကြောင်ကြားရာ ကလေးကို ပြင်စာရဲများ သုံးတောင်ရွာ အုပ်ချုပ်ရေးမှူး တိုမှ့ သွားရောက် ကယ်တင်ခဲ့ပြီး သုံးတောင်လူမှုရေး အသင်းကားဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ခံယူနေပါတယ်လို့ သိရပါတယ်။
ပျောက်ဆုံးသွားရာ ဝန်းကျင်ကို စစ်ဆေးရာ CCTV မှာ လူလတ်ပိုင်းအရွယ် တယောက်က ဆိုင်ကယ်နဲ့ စောင့်ကာ ဖျားယောင်းသွေးဆောင်ပြီး ခေါ်သွားတယ်ဆိုတာ တွေ့မြင်ရပါတယ်။
ရဲတပ်ဖွဲ့မှလည်း ထိုဆိုင်ကယ်နဲ့ လူကို အပူတပြင်းရှာဖွေနေကြပါတယ်။
ကလေးကိုတွေ့ရှိတဲ့နေရာမှာ အဓမ္မကျူးလွန်ထားတဲ့ ခြေရာလက်ရာ မတွေ့ရပဲ အခြားတနေရာရာမှာ ကျူးလွန်ခဲ့ကာ အခုလို ခြံုပုပ်ထဲလာပြစ်ထားတယ်လို့ ထင်ရကြောင်း သိရပါတယ်။

 ဓမ္မိကလူမှုကူညီရေးအသင်း 09-256525735, ဥက္ကဌ… 09-792055686,
ကလေးမိသားစု. 09-794712808
သတင္းစံုေပ်ာ္၀င္အိုးၾကီးမွာ ေဖာ္ျပထားတဲ့ သတင္းတစ္ခ်ိဳ႕ဟာ ကိုယ္ပိုင္မဟုတ္ပါ။ အင္တာနက္စာမ်က္ႏွာမ်ားေပၚမွာ ျပန္႔က်ဲေနတဲ့ သတင္း နဲ႔ ဓါတ္ပံုေတြကို လူအမ်ားၾကည့္ရႈႏိုင္ဖို႔ အခ်ိန္နဲ႔တေျပးညီ တင္ျပျခင္းသာျဖစ္ပါတယ္။
သတင္းစံုေပ်ာ္၀င္အိုးၾကီးက ေရးသားေဖာ္ျပတဲ့ သတင္းနဲ႔ဓါတ္ပံုေတြ မွတစ္ပါး အျခားသတင္းနဲ႔ဓါတ္ပံုမ်ားဟာ သက္ဆိုင္သူမ်ားရဲ႕ မူပိုင္သာျဖစ္ပါေၾကာင္း အသိေပးအပ္ပါတယ္။

No comments:

Post a Comment