Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

အမည်းရောင် ဂျစ်ကားလေး


အမည်းရောင် ဂျစ်ကားလေး

ရမ္မက်ဇော..video ရိုက်နေစဉ်....
မို့မို့မြင့်အောင်ခေါ်လာတဲ့ လူငယ်တစ်ယောက်နဲ့တွေ့ခဲ့၊
သူနာမည်က မိုးအောင်ရင်
နောက်ပိုင်းမှာ lucky Seven ထုတ်လုပ်ရေးကြောင့်
သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ် ၊
အဲဒီတုန်းက.....မိုးအောင်ရင်ဟာ
7 Mile .တေးနုယဉ်လမ်းက
တိုက်အိမ်သေးသေးလေးကိုဌားနေတယ်
ဂျစ်ကားခတ်စုပ်စုပ်အမည်းရောင်လေးကိုစီးတယ်
အဖေအမေ နဲ့ညီမတစ်ယောက်ရှိတယ်
ပြီးတော့...ချစ်သူတစ်ယောက်သူ့မှာရှိတယ် ၊
မကြာခင်
ညီမလေးကနိုင်ငံခြားမှာကျောင်းသွားတက်တယ်
နောက်..အဖေဖြစ်သူ နိုင်ငံခြားထွက်သွားတယ်
နောက်..အမေဖြစ်သူလည်းနိုင်ငံခြားထွက်သွားတယ် ၊
အိမ်မှာ...ကိုသက်ဆိုတဲ့ လူယုံတစ်ယောက်
အိမ်ဖော်မလေး ဝေဝေ
ငါနဲ့အတူ မိုးအောင်ရင်....ကျန်နေခဲ့ကြ ၊
တစ်ယောက်ပဲအိပ်လို့ရတဲ့ ကုတင်ကျဉ်းကျဉ်းကနေ
သူ့အဖေနဲ့အမေအိပ်တဲ့ ကုတင်ကိုပြောင်းအိပ်တယ် ၊
သရုပ်ဆောင်ကြေးနဲ့ညီမလေးကို ထောက်ပံတယ်
ကားရိုက်မရှိရင် video အခွေကြည့်တယ် တစ်နေ့လုံး ၊
သူကအင်္ဂလိပ်စာကျွမ်းတယ်
မြန်မာစာညံ့တော့ ငါကအဆင်ပြေအောင် မြန်မာ
စကားလုံးရွေးပေးပြီး ဘာသာပြန်ကြတယ်
သူ့ သူငယ်ချင်းတွေနဲ့ ဘိုလိုပြောတာ
နားထောင်လို့ကောင်းတယ် ၊
နောက်တော့...လက်ရှိအိမ်ထက်ပိုကျယ်တဲ့
စူနီယမ်ပတ် ထဲကတိုက်အိမ်လေးကိုပြောင်းဖို့ဖြစ်လာ..
တစ်နှစ်စာ စာချုပ်ရတဲ့အတွက်
ပြောင်းဖို့အတွက်စားရိပ်မရှိလို့ ဂျစ်ကားအစုပ်လေးနဲ့
အခေါက်ခေါက်အခါခါ ပစ္စည်းတွေသယ်ခဲ့ကြရတယ် ၊
ဒီအိမ်လေးရဲ့ ဧည့်ခန်းဟာကျယ်လို့
သူသဘောကျတယ် ၊သူ့အဝတ်အစားထားတဲ့အခန်းကို
ငါ့အတွက်သီးသန့် နေဖို့ပေးတယ်
Video အခွေတွေဟာ တစ်ခန်းလုံးအပြည့်ပေါ့ ၊
ပါဂျဲရိုး ကားလေးကို ထုပ်လုပ်သူက ဝယ်ပေးတော့
အမည်းရောင်ဂျစ်ကားအစုပ်လေးဟာ..................၊
အိမ်လခတွေပေးလိုက်
ညီမဖြစ်သူကိုထောက်ပံလိုက်
အကြွေးပူတွေကို ဖြေရှင်းရင်းနဲ့......
သူငယ်ချင်းတွေကိုအိမ်ကိုဖိတ်ပြီးပျော်အောင်နေခဲ့သလို
ကားမောင်းရင်း ဆီဖိုးပြတ်ခဲ့တယ်
ရှုတင်ကထမင်းနဲ့ဟင်းကိုပြန်နွှေးပြီး ညစာအဖြစ်
စားခဲ့ကြတယ် ၊
သူ့အိမ်ကိုမင်းသားမင်းသမီးတွေအကုန်လာလည်တယ်
စားကြသောက်ကြ သီချင်းဆိုကြ အခွေကြည့်ကြပေါ့
ဘယ်သူ့ကိုယ်မှအကူအညီမတောင်းဘူး
ဘယ်သူ့ကိုယ်မှလည်း မနာလိုစိတ်မထားဘူး
ဘယ်မင်းသားနဲ့မှအဆငိမပြေတာ စိတ်ဆိုးတာ
တွဲမရိုက်ချင်တဲ့စိတ်မျိုးသူ့မှာမရှိဘူး
ဘဝဆိုတာကြီးကို ထည့်မတွက်ဘူး
ရောက်လာတဲ့မနက်ဖြန်ကို ပျော်အောင်နေတက်တယ်
ပေါ့ပေါ့ပါးပါးလွတ်လပ်သလိုနေတဲ့သူ့စရိုက်ဟာ
ရိုင်းသလိုလိုတော့ တစ်ခါတလေဖြစ်တက်တယ် ၊
သူ့ရဲ့မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာ....
မျက်မှန်တစ်လက်ကိုကြည့်ရင်း...ကျွန်တော်အရမ်း
ကြိုက်တယ် ကိုကျော် ၊လိုချင်လိုက်တာဗျာလို့....
ပြောခဲ့တဲ့စကားကို အခုထိနားထဲကမထွက်သေးဘူး ၊
ဒီမှာတင် အနားမှာရှိတဲ့ သင်ဉ္ဖာဝင့်ကျော်က နင့်ရဲ့
မွေးနေ့အတွက်အတွက်ဆိုပြီးဝယ်ပေးသွားခဲ့တယ် ၊
နန်းဆုရတီစိုး သင်ဉ္ဇာဝင့်ကျော်တို့ဟာသူ့ရဲ့မိန်းကလေး
သူငယ်ချင်းစစ်စစ်တွေ.....၊

မင်းရဲ့ဧည့်ခန်းကကျယ်ပြီး အဲယားကွန်းမရှိတော့
အဆင်မပြေဘူးလို့ပြောတဲ့ သူငယ်ချင်းတစ်ယောက်ကို
အေး..ငါလည်းပိုက်ဆံမရှိတော့ ဝယ်မတက်နိုင်ဘူး....
မင်းတို့အချင်းချင်းပိုက်ဆံစုပြီး ဝယ်တက်လိုက်ပေါ့
ငါအဆင်ပြေရင် ပိုက်ဆံပြန်ပေးမယ်လို့.. ...
ပြောခဲ့သူဟာ မိုးအောင်ရင်ပါ ၊
ကျွန်တော်...ချစ်သူနဲ့ပြတ်သွားပြီ....၊ဘာမှမဖြစ်သလို
ပြောရင်း အင်္ဂလိပ်သီချင်းတွေကို တစ်ရပ်ကွက်လုံး
ကြားအောင်ဖွင့်ပြီး အခန်းထဲကမထွက်ခဲ့တာ
မိုးအောင်ရင်ပါ ၊
ဇလွန်ရှိုးပွဲကအပြန် ကားတိုက်မှုဖြစ်တော့
ရှိုးပွဲကရလာတဲ့ပိုက်ဆံအပြင် သူထူးစံစီက ၄သိန်းခွဲ
ချေးပြီး အဆင်ပြေအောင်လုပ်ပေးခဲ့လို့ အပြန်ခရီးမှာ
ထမင်းငတ်ခဲ့တာ မိုးအောင်ရင်ပါ ၊
မျက်နှာပြုံးပြုံးလေးနဲ့
ကလေးလေးလို့နေတက်တဲ့.......မိုးအောင်ရင်
ရောက်တဲ့နေရာမှာ
ပျော်သလိုနေတက်တဲ့...............မိုးအောင်ရင်
မိသားစုကိုလွမ်းတက်တဲ့............မိုးအောင်ရင်
ဆေးလိပ်မျိုးစုံသောက်တဲ့............မိုးအောင်ရင်
အချုပ်ခန်းကလူတွေကို
ကျွန်တော်အကြိုက်ဆုံး ဒါရိုက်တာတစ်ယောက်..ပေါ့
လို့...ငါ့ကိုမိတ်ဆက်ပေးခဲ့တဲ့.......မိုးအောင်ရင်
ကိုယ်တိုင်သုံးစွဲတာပါလို့
ဝန်ခံခဲ့တဲ့............................မိုးအောင်ရင်
အမှားတွေမကင်းတဲ့...............မိုးအောင်ရင် ၊
အခုတော့ မင်းက အင်းစိန်မှာ
ငါက သင်္ကန်းကျွန်းမှာ
နောက် ၁၇နှစ်အထိ ငါအသက်ရှင်နေသေးရင်
ငါတို့ပြန်ဆုံကြမယ်
မင်းအရမ်းကြိုက်တဲ့ပြင်သစ်ဇာတ်ကားလေးကို
ငါတို့ပြန်ရိုက်ကြမယ်
အမည်းရောင် ဂျစ်ကားစုပ်စုပ်လေးကို
အ တူ တူ စီး ရင်း.............။။။။။
နေသူရိန်
............

moe aung yin
 Wai Lu Kyaw
 sai sai khan hlaing
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ

No comments:

Post a Comment