Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ဘုရားဖူးသွားသောသစ်တုံးကြီးများ






ဘုရားဖူးသွားသောသစ်တုံးကြီးများ
သစ်တောဦးစီးဌာန နဲ့  စိမ်းလန်းစိုပြေ ကားလိုင်း ပေါင်းဘနာ ကဗာမှာ ပထမဆုံး အဖြစ် မောင်းသူမဲ့ ဖရားဖူးကား တီထွင်
..................
မောင်းသူမဲ့ ကား ဖမ်းစီးရမိ
================
ဘုတလင်မြို့နယ်တွင် တရားမ၀င် ပိတောက်သစ်ခွဲသားများ တင်ဆောင်ထားသော မော်တော်ယာဉ်အား ဖမ်းဆီးရမိ
=========================
=========================
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း တရားမ၀င် သစ်များ သယ်ဆောင်မှု မရှိစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်သိ ပြည်သူများ ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂၁)ရက်၊ နံနက်(၁၂)နာရီ၊ (၁၅)မိနစ်အချိန်တွင် တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ တရားမ၀င် ပိတောက်သစ်ခွဲသား(၃)တန်ကျော် တင်ဆောင်ထား သော မော်တော်ယာဉ်အား ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်ဇော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးရန်မျိုးအောင်နှင့် ၀န်ထမ်းများ၊ တာဝန်သိ ပြည်သူ(၃)ဦးတို့သည် ဒီဇင်ဘာလ(၂၁)ရက်၊ နံနက်(၁၂) နာရီ၊ (၁၅)မိနစ်အချိန်တွင် ဘုတလင်-ကနဲ-ကနီကားလမ်း၊ မိုင်တိုင်အမှတ်(၁/၀)၊ လွှဲတဲကျေးရွာအနီး၌ ယာဉ်၏ လေကာမှန်တွင် "စိမ်းလန်း စိုပြည် မြန်မာပြည်အနှံ အပန်းဖြေခရီးနှင့် ဘုရားဖူးပို့ဆောင်ရေး"စာတမ်းပါ ဖူဆိုယာဉ်အမျိုးအစား၊ ယာဉ်အမှတ် (YGN 8I/9851) မှန်လုံခရီးသည်တင် ယာဉ်အား စစ်ဆေးရာ ယာဉ်မောင်းသူ မတွေ့ရှိဘဲ ယာဉ်ပေါ်တွင် ထိုင်ခုံများကို ဖြုတ်၍ သယ်ဆောင်လာသော တရားမ၀င် ပိတောက်သစ်ခွဲသား(၅၀)ချောင်း (၃ ဒဿမ ၈၂၀၈) တန်အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားမ၀င် ပိတောက်သစ်ခွဲသားများ သယ်ဆောင်လာသူအား မြို့နယ်သစ်တောဦးစီးဌာနက သစ်တောဥပဒေပုဒ်မ ၄၂(က)အရ ဘုတလင်မြို့မရဲစခန်းတွင် (ပ)၁၉၃/၂၀၁၈ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘုတလင်မြို့နယ်တွင် တရားမ၀င်သစ်များ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် ဘုရားဖူး ယာဉ် အမည်ခံထားသော မော်တော်ယာဉ်များကို ဖမ်းဆီးရမိလေ့ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
Credit–ဘုတလင်
==========
AK-sh #လောကပါလ

No comments:

Post a Comment