Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 27, 2018

မိန္းကေလးမ်ား လံုး၀လံုး၀ သတိထားၾကဖို႔။ (တကယ့္အျဖစ္အပ်က္ေလးပါ)

ဒီအျဖစ္အပ်က္ေလးကတကယ့္အျဖစ္အပ်က္ေလးပါ.
သူငယ္ခ်င္းေတြအားလံုးသင္ခန္းစာယူသင့္တယ္ထင္လို ့မွ်ေ၀ေပးတာပါ ေက်ာင္းသင္ခန္းစာဆိုတာ ကိုယ္တိုင္က အခ်ိန္အကုန္ခံျပီး ေလ့လာသင္ယူက်က္မွတ္ရပါတယ္.

ဘ၀နဲ ့ပက္သက္တဲ ့သင္ခန္းစာကိုေတာ့ မိမိပတ္၀န္းက်င္မွာ ေတြ ့ေန ျမင္ေနရတဲ ့အျဖစ္အပ်က္ကိုၾကည့္ျပီး ကိုယ္တိုင္က အဲ ့ဒီလိုအမွားမ်ိဳးမျဖစ္ေအာင္ သတိနဲ ့ဆင္ျခင္နိဳင္ရင္ေတာ့..ကိုယ့္ဘ၀အတြက္ အရင္းအႏွီး စိုက္ထုတ္စရာမလိုပဲနဲ ့အလကားရတဲ ့အျမတ္ေပါ့ေနာ္…

ဒီေခတ္ၾကီးထဲမွာအလကားရတယ္ဆိုတာ ခပ္ရွားရွားရယ္..မႏွစ္ထိုင္းနိဳင္ငံမွာနာမည္ၾကီးခဲ့တဲ ့ျဖစ္ရပ္မွန္ေလးပါ

ေကာင္မေလးကတကၠသိုလ္ေက်ာင္းသူတစ္ဦးပါ နယ္ကေနလာျပီးဘန္ေကာက္ ျမိဳ ့ေပၚမွာေက်ာင္းလာတက္ရင္းနဲ ့Online ေပၚမွာ အေမရိကန္နိဳင္ငံသားတစ္ေယာက္နဲ ့ခ်စ္သူျဖစ္ခဲ့ပါတယ္..ေနာက္ေတာ့ခ်စ္သူအေမရိကန္ိန္င္ငံသားက
ဘန္ေကာက္ကိုအလည္ေရာက္လာပါတယ္..အတူသြားအတူအတူတူေနျပီးသိပ္မၾကာခင္မွာဘဲ ဗီဇာသက္တန္းကုန္ေတာ့အေမရိကားကိုျပန္ရေတာ့မွာမို ့ေကာင္မေလးက မျပန္ခင္သူမကို တရားရုံုးမွာ ဇနီးမယားအျဖစ္လက္မွတ္ထိုးသြားပါလို ့ေတာင္းဆိုေတာ့ ေကာင္ေလးက သူလက္မွတ္ မထိုးေပးနိဳင္ပါဘူးတဲ ့သူ ့မွာဇနီးရွိပါတယ္ လို ့ေျပာေတာ့ေကာင္မေလးက နင္ငါ့ကိုတရားရံုးမွာ လက္မွတ္မထိုးေပးဘူးဆိုရင္ အခုခ်က္ခ်င္းရဲ ကိုေၾကာင္းၾကားျပီး ငါ့ကိုမတရားေစာ္ကားပါတယ္ဆိုျပီး တိုင္မယ္ေျပာေတာ့ အဲ ့ဒီနိ္ဳင္ငံျခားသားလဲ ေၾကာက္လို ့ႏွူတ္ပိတ္တဲ ့အေနနဲ ့သတ္ပစ္လိုက္ပါတယ္..

သူ ့စိတ္ထဲမွာဘယ္သူမွ မသိနိဳင္မျမင္နိဳင္ဘူးလို ့ထင္ျပီး အေလာင္းကို တစ္စစီ ေျခ လက္ ေတြ အကုန္ အပိုင္းပိုင္းျဖစ္ေအာင္ျဖတ္ျပီး အမွိူက္ထဲ ့တဲ ့ပလပ္စတစ္အိတ္အမဲထဲထည့္ျပီးျမစ္ထဲသြားေမွ်ာပါတယ္ ေရကက်ေနတာမို ့အေလာင္းက
မေျမာဘဲနဲ ့ဒီအတိုင္းက်န္ေနေနတာေပါ့ ေနာက္ေန ့အမွိုက္ေတြ လိုက္ေကာက္တဲ ့သူကအေလာင္းကိုေတြ ့ေတာ့ ရဲကိုအေၾကာင္းၾကားျပီးရဲကအမွူစ္ေတာ့ေကာင္မေလးေနခဲ့တဲ တိုက္ခန္းပိုင္ရွင္ကိုေမးတာ ေကာင္မေလးဆီကို နိဳင္ငံျခားသားတစ္ေယာက္အျမဲလာေၾကာင္း သက္ေသအေနနဲ ့ တိုက္ခန္းရဲ ့လူသြားတဲ ့စၾကၤန္တိုင္းမွာဗီြဒီယိုကင္မရာတပ္ထားေတာ့လူသတ္ရားခံကို လြယ္လြယ္နဲ ့ပဲ ျပန္ဖမ္းမိခဲ့ပါတယ္..

အဲ့ဒီနိဳင္ငံျခားသားဟာ အဲ့လိုမ်ိဳးဆိုဒ္ေတြမွာ နိုင္ငံေပါင္းစံုက အမ်ိဳးသမီးေတြနဲ ့ရင္းႏွီးေအာင္မိတ္ေဆြဖဲြ ့ခ်စ္ေရးဆိုျပီးအမ်ိဳးသမီးေတြကိုဖ်က္ဆီးေနတဲ ့ ကမာၻလွည့္ၾကာကူလီလူလိမ္တစ္ေယာက္ပါ..

ေနာက္ထပ္သတင္း.တစ္ခုက အလယ္တန္းေက်ာင္းသူေလးပါ..

ေက်ာင္းပိတ္ရက္မွာ သူငယ္ခ်င္းေတြနဲ ့ေလ့လာေရးခရီး၃ ရက္ေလာက္သြားခ်င္တယ္ဆိုျပီးမိဘေတြဆီမွာခြင့္ေတာင္းပါတယ္ မိဘေတြကလည္းေက်ာင္းေနဘက္သူငယ္ခ်င္းေတြနဲ ့သြားမယ္ထင္ျပီး ၾကည္ၾကည္ျဖဴျဖဴပဲ ခြင့္ေပးလိုက္ပါတယ္..ေနာက္၃ ရက္ေလာက္ၾကာေတာ့ သမီးျဖစ္တဲ ့သူအိမ္ကိုျပန္မေရာက္ေသးလို ့ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြဆီလိုက္ေမးတာ

သူငယ္ခ်င္းေတြအကုန္လံုးတစ္ေယာက္မွ ေလ့လာေရးခရီးမသြားရပါဘူးတဲ့…ဒါဆိုရင္ဘယ္သူနဲ ့သြားတယ္ဆိုတာသိၾကလားဘို ့ေမးေတာ့ တိတိက်က်ေတာ့မသိပါဘူး Online ေပၚက သူငယ္ခ်င္းေတြနဲ ့ပဲ ျဖစ္လိမ့္မယ္တဲ ့ Online ေပၚကသူငယ္ခ်င္းေတြ ဘယ္ျမိဳ ့ဘယ္ရြာကလဲဆိုတာ မိဘေတြေရာ ငယ္သူငယ္ခ်င္းေတြေရာ တစ္ေယာက္မွ မသိၾကပါဘူး အဲဒါနဲ ့မိဘေတြကTV ကေနတဆင့္ ဓါတ္ပံုနဲ ့တကြ လူေပ်ာက္ေၾကာ္ျငာ တင္ပါတယ္..သူတို ့ရဲ ့သမီးေလး Online ေပၚက ခင္တဲ ့သူငယ္ခ်င္းနဲ ့ေလ့လာေရးခရီး၃ ရက္သြားတာ ယခုအခ်ိန္ထိ အိမ္ျပန္မေရာက္ေသးေၾကာင္း..ေတြ ့ရွိက အေၾကာင္းၾကားပါရန္ ဆိုျပီး TV ကေနလႊင့္ေပးပါတယ္ ဒါေပမယ့္ ယခုအခ်ိန္ထိ ေကာင္မေလး အိမ္ျပန္မေရာက္ခဲ့ပါဘူး ေသလားရွင္လားေတာင္မသိခဲ့ရပါဘူး.

ကဲ သူငယ္ခ်င္းတို ့ေရ..ဒီအျဖစ္အပ်က္ေလး၂ ခု ကိုၾကည့္ျပီးတို ့ေတြ သုံးသပ္ရေအာင္ေနာ္..

Online ေပၚမွာက လူေပါင္းစံု မို ့ လူ ေကာင္းလားလူလိမ္လားဆိုတာမသိနိဳင္ပါဘူး လူေကာင္းေတြရွိသလို ရုပ္ေလးဗန္းျပျပီး မဟုတ္တာ လုပ္ေနတဲ့လူလိမ္ေတြလဲ ရွိပါတယ္…

တစ္ခ်ိဳ ့က ခ်မ္းခ်မ္းကို ေ၀ဖန္အျပစ္တင္ၾကပါတယ္.အြန္လိုင္းေပၚက လူေတြကို မယံုၾကည္တာဟာ သေဘာထား ေသးသိမ္တာပဲတဲ့..

ေသခ်ာစဥ္းစားၾကည့္ရင္..မိန္းကေလးနဲ ့ေယာက်ၤားေလးယွဥ္လို ့မရဘူး..မိန္းကေလးဆိုတာ အစစအရာရာ သတိထားျပီးဆင္ျခင္ပါမွာ ေတာ္ရာက်ပါလိမ့္မယ္..

တစ္ကယ္လို ့ခ်မ္းခ်မ္းကို အြန္လိုင္းေပၚက သူငယ္ခ်င္းေတြအယံုအၾကည္မ၇ွိဘူး လို ့ေျပာလာရင္ လဲ စိတ္မဆိုးဘူး.

အင္း ငါ့အေၾကာင္း သူမသိေသးလို ့ ငါ့ကိုအယံုအၾကည္မရွိတာပဲ..သူမမွားပါဘူး.တစ္ေန ့ငါ့အေၾကာင္းသိရင္ေတာ့ ငါ့ကိုနားလည္ပါလိမ့္မယ္ဆိုျပီး ဒီလိုပဲ ခံယူထားတယ္..အေၾကာင္းမသိတဲ့ လူတစ္ေယာက္ကို လြယ္လြယ္ ေလးယံုၾကည့္လိုက္တာထက္ေသခ်ာေလ့လာျပီးမွ ယံုၾကည္သင့္ပါတယ္..ခ်မ္းခ်မ္း စာအုပ္တစ္အုပ္မွာဖတ္ခဲ့ဘူးပါတယ္

မိန္းကေလးတစ္ေယာက္ဟာမိမိရဲ ့တန္ဖိုးဘ၀သိကၡာနဲ ့ပက္သက္လာရင္အားမနာတတ္တာအေကာင္းဆံုးပါ တဲ ့.အရာရာကို အသိေလးနဲ ့စဥ္းစာဆင္ျခင္ျပီးခ်င့္ယံုပါလို ့ဆႏၵျပဳလွ်က္
Chan Chan
# Unicode Version ျဖင့္ ဖတ္ပါ #

ဒီအဖြစ်အပျက်လေးကတကယ့်အဖြစ်အပျက်လေးပါ.
သူငယ်ချင်းတွေအားလုံးသင်ခန်းစာယူသင့်တယ်ထင်လို့မျှဝေပေးတာပါ ကျောင်းသင်ခန်းစာဆိုတာ ကိုယ်တိုင်က အချိန်အကုန်ခံပြီး လေ့လာသင်ယူကျက်မှတ်ရပါတယ်.

ဘဝနဲ့ပက်သက်တဲ့သင်ခန်းစာကိုတော့ မိမိပတ်ဝန်းကျင်မှာ တွေ့နေ မြင်နေရတဲ့အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်တိုင်က အဲ့ဒီလိုအမှားမျိုးမဖြစ်အောင် သတိနဲ့ဆင်ခြင်နိုင်ရင်တော့..ကိုယ့်ဘဝအတွက် အရင်းအနှီး စိုက်ထုတ်စရာမလိုပဲနဲ့အလကားရတဲ့အမြတ်ပေါ့နော်…

ဒီခေတ်ကြီးထဲမှာအလကားရတယ်ဆိုတာ ခပ်ရှားရှားရယ်..မနှစ်ထိုင်းနိုင်ငံမှာနာမည်ကြီးခဲ့တဲ့ဖြစ်ရပ်မှန်လေးပါ

ကောင်မလေးကတက္ကသိုလ်ကျောင်းသူတစ်ဦးပါ နယ်ကနေလာပြီးဘန်ကောက် မြို့ပေါ်မှာကျောင်းလာတက်ရင်းနဲ့Online ပေါ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့ပါတယ်..နောက်တော့ချစ်သူအမေရိကနိန်င်ငံသားက
ဘန်ကောက်ကိုအလည်ရောက်လာပါတယ်..အတူသွားအတူအတူတူနေပြီးသိပ်မကြာခင်မှာဘဲ ဗီဇာသက်တန်းကုန်တော့အမေရိကားကိုပြန်ရတော့မှာမို့ကောင်မလေးက မပြန်ခင်သူမကို တရားရုံးမှာ ဇနီးမယားအဖြစ်လက်မှတ်ထိုးသွားပါလို့တောင်းဆိုတော့ ကောင်လေးက သူလက်မှတ် မထိုးပေးနိုင်ပါဘူးတဲ့သူ့မှာဇနီးရှိပါတယ် လို့ပြောတော့ကောင်မလေးက နင်ငါ့ကိုတရားရုံးမှာ လက်မှတ်မထိုးပေးဘူးဆိုရင် အခုချက်ချင်းရဲ ကိုကြောင်းကြားပြီး ငါ့ကိုမတရားစော်ကားပါတယ်ဆိုပြီး တိုင်မယ်ပြောတော့ အဲ့ဒီနိုင်ငံခြားသားလဲ ကြောက်လို့နှူတ်ပိတ်တဲ့အနေနဲ့သတ်ပစ်လိုက်ပါတယ်..

သူ့စိတ်ထဲမှာဘယ်သူမှ မသိနိုင်မမြင်နိုင်ဘူးလို့ထင်ပြီး အလောင်းကို တစ်စစီ ခြေ လက် တွေ အကုန် အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး အမှိူက်ထဲ့တဲ့ပလပ်စတစ်အိတ်အမဲထဲထည့်ပြီးမြစ်ထဲသွားမျှောပါတယ် ရေကကျနေတာမို့အလောင်းက
မမြောဘဲနဲ့ဒီအတိုင်းကျန်နေနေတာပေါ့ နောက်နေ့အမှိုက်တွေ လိုက်ကောက်တဲ့သူကအလောင်းကိုတွေ့တော့ ရဲကိုအကြောင်းကြားပြီးရဲကအမှူစ်တော့ကောင်မလေးနေခဲ့တဲ တိုက်ခန်းပိုင်ရှင်ကိုမေးတာ ကောင်မလေးဆီကို နိုင်ငံခြားသားတစ်ယောက်အမြဲလာကြောင်း သက်သေအနေနဲ့ တိုက်ခန်းရဲ့လူသွားတဲ့စြင်္ကန်တိုင်းမှာဗွီဒီယိုကင်မရာတပ်ထားတော့လူသတ်ရားခံကို လွယ်လွယ်နဲ့ပဲ ပြန်ဖမ်းမိခဲ့ပါတယ်..

အဲ့ဒီနိုင်ငံခြားသားဟာ အဲ့လိုမျိုးဆိုဒ်တွေမှာ နိုင်ငံပေါင်းစုံက အမျိုးသမီးတွေနဲ့ရင်းနှီးအောင်မိတ်ဆွေဖွဲ့ချစ်ရေးဆိုပြီးအမျိုးသမီးတွေကိုဖျက်ဆီးနေတဲ့ ကမ္ဘာလှည့်ကြာကူလီလူလိမ်တစ်ယောက်ပါ..

နောက်ထပ်သတင်း.တစ်ခုက အလယ်တန်းကျောင်းသူလေးပါ..

ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့လေ့လာရေးခရီး၃ ရက်လောက်သွားချင်တယ်ဆိုပြီးမိဘတွေဆီမှာခွင့်တောင်းပါတယ် မိဘတွေကလည်းကျောင်းနေဘက်သူငယ်ချင်းတွေနဲ့သွားမယ်ထင်ပြီး ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်..နောက်၃ ရက်လောက်ကြာတော့ သမီးဖြစ်တဲ့သူအိမ်ကိုပြန်မရောက်သေးလို့ ကျောင်းနေဘက်သူငယ်ချင်းတွေဆီလိုက်မေးတာ

သူငယ်ချင်းတွေအကုန်လုံးတစ်ယောက်မှ လေ့လာရေးခရီးမသွားရပါဘူးတဲ့…ဒါဆိုရင်ဘယ်သူနဲ့သွားတယ်ဆိုတာသိကြလားဘို့မေးတော့ တိတိကျကျတော့မသိပါဘူး Online ပေါ်က သူငယ်ချင်းတွေနဲ့ပဲ ဖြစ်လိမ့်မယ်တဲ့ Online ပေါ်ကသူငယ်ချင်းတွေ ဘယ်မြို့ဘယ်ရွာကလဲဆိုတာ မိဘတွေရော ငယ်သူငယ်ချင်းတွေရော တစ်ယောက်မှ မသိကြပါဘူး အဲဒါနဲ့မိဘတွေကTV ကနေတဆင့် ဓါတ်ပုံနဲ့တကွ လူပျောက်ကြော်ငြာ တင်ပါတယ်..သူတို့ရဲ့သမီးလေး Online ပေါ်က ခင်တဲ့သူငယ်ချင်းနဲ့လေ့လာရေးခရီး၃ ရက်သွားတာ ယခုအချိန်ထိ အိမ်ပြန်မရောက်သေးကြောင်း..တွေ့ရှိက အကြောင်းကြားပါရန် ဆိုပြီး TV ကနေလွှင့်ပေးပါတယ် ဒါပေမယ့် ယခုအချိန်ထိ ကောင်မလေး အိမ်ပြန်မရောက်ခဲ့ပါဘူး သေလားရှင်လားတောင်မသိခဲ့ရပါဘူး.

ကဲ သူငယ်ချင်းတို့ရေ..ဒီအဖြစ်အပျက်လေး၂ ခု ကိုကြည့်ပြီးတို့တွေ သုံးသပ်ရအောင်နော်..

Online ပေါ်မှာက လူပေါင်းစုံ မို့ လူ ကောင်းလားလူလိမ်လားဆိုတာမသိနိုင်ပါဘူး လူကောင်းတွေရှိသလို ရုပ်လေးဗန်းပြပြီး မဟုတ်တာ လုပ်နေတဲ့လူလိမ်တွေလဲ ရှိပါတယ်…

တစ်ချို့က ချမ်းချမ်းကို ဝေဖန်အပြစ်တင်ကြပါတယ်.အွန်လိုင်းပေါ်က လူတွေကို မယုံကြည်တာဟာ သဘောထား သေးသိမ်တာပဲတဲ့..

သေချာစဉ်းစားကြည့်ရင်..မိန်းကလေးနဲ့ယောင်္ကျားလေးယှဉ်လို့မရဘူး..မိန်းကလေးဆိုတာ အစစအရာရာ သတိထားပြီးဆင်ခြင်ပါမှာ တော်ရာကျပါလိမ့်မယ်..

တစ်ကယ်လို့ချမ်းချမ်းကို အွန်လိုင်းပေါ်က သူငယ်ချင်းတွေအယုံအကြည်မ၇ှိဘူး လို့ပြောလာရင် လဲ စိတ်မဆိုးဘူး.

အင်း ငါ့အကြောင်း သူမသိသေးလို့ ငါ့ကိုအယုံအကြည်မရှိတာပဲ..သူမမှားပါဘူး.တစ်နေ့ငါ့အကြောင်းသိရင်တော့ ငါ့ကိုနားလည်ပါလိမ့်မယ်ဆိုပြီး ဒီလိုပဲ ခံယူထားတယ်..အကြောင်းမသိတဲ့ လူတစ်ယောက်ကို လွယ်လွယ် လေးယုံကြည့်လိုက်တာထက်သေချာလေ့လာပြီးမှ ယုံကြည်သင့်ပါတယ်..ချမ်းချမ်း စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဘူးပါတယ်

မိန်းကလေးတစ်ယောက်ဟာမိမိရဲ့တန်ဖိုးဘဝသိက္ခာနဲ့ပက်သက်လာရင်အားမနာတတ်တာအကောင်းဆုံးပါ တဲ့.အရာရာကို အသိလေးနဲ့စဉ်းစာဆင်ခြင်ပြီးချင့်ယုံပါလို့ဆန္ဒပြုလျှက်
Chan Chan

No comments:

Post a Comment